3rd OCT 2022 - Morning Daily News by Radio NUG


၂၀၂၂ အောက်တိုဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၂။ စစ်ကောင်စီအိပ်မပျော်လောက်အောင်အကြောက်ဆုံးက ဒရုန်းဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို

📌 ၃။ Project Skywalk ရဲ့ စက်တင်ဘာလကုန်အထိရရှိတဲ့ထောက်ပို့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၄၆၄၅၉၉.၂၀ ဒေါ်လာရရှိ

📌 ၄။ တစ်နိုင်ငံလုံးမှာ ဒရုန်းစစ်ဇုန် ဇုန်ဖွဲ့ထားတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးအသိပေး

📌 ၅။ Drone Project အတွက် Live အတွင်း သိန်းတစ်ထောင်ကျော် ရသွားခဲ့တယ်လို့ဆို

📌 ၆။ မသောက်မိသောမိုးခါးရေအင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ပြသရာ ထိုင်ခုံ ၄၀၀ ကုန်သွား၍ အပိုခုံထိုးပြပေးရ

📌 ၇။ စက်တင်ဘာလ () လတာအတွင်း ကရင်နီပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မှ တစ်ရာ ကျော်သေဆုံး

📌 ၈။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးချင်းတွင်းဌာနခွဲရုံး ရှေ့ပေါက်ကို ပိတ်ကာ ရုံးနောက်ပေါက်မှ Non CDM အရာရှိနဲ့ဝန်ထမ်းများ ရုံးခိုးတက်နေ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အောက်တိုဘာလ ရက်နေ့မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ ကိုကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


အထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်  အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင် များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ စစ်ကောင်စီအိပ်မပျော်လောက်အောင်အကြောက်ဆုံးက ဒရုန်းဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာဆို


စစ်ကောင်စီအိပ်မပျော်လောက်အောင်အကြောက်ဆုံးက ဒရုန်းဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာဆာဆာကပြောပါတယ်။ အောက်တိုဘာ ရက်ကျင်းပတဲ့ Drone Project အတွက် ရန်ပုံငွေရှာဖွေပွဲအခမ်းအနားမှာပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကဆိုပါတယ်။


"စစ်ကောင်စီအကြောက်ဆုံးက ဒရုန်းဖြစ်တယ်။သူတို့မအိပ်နိုင်တော့ဘူး။ပြောရမယ်ဆိုလို့ရှိရင် ကောင်းကောင်းအိပ်မပျော်တော့ဘူးဆိုတာ ကျနော်တို့လည်းသိတယ်။သူတို့ဟာသူတို့လည်းသိတယ်။အခုဆိုရင်တစ်နေရာကတစ်နေရာ ပြောင်းပြီးအိပ်နေရတယ်ဆိုတာလည်း ကျနော်တို့သိတယ်"လို့ဆိုပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်တာကာလအတွင်း စကစတပ်ဘက်က နှစ်သောင်းကျော်ကျဆုံးခဲ့ပြီး သေဆုံးသူများထဲမှာ ဒရုန်းစစ်ဆင်ရေးကြောင့် သေဆုံးသူများလည်းပါဝင်ပါတယ်။


========================


📌📌 ၃။ Project Skywalk ရဲ့ စက်တင်ဘာလကုန်အထိရရှိတဲ့ထောက်ပို့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၄၆၄၅၉၉.၂၀ ဒေါ်လာရရှိ


Project Skywalk ရဲ့ စက်တင်ဘာလကုန်အထိရရှိတဲ့ထောက်ပို့လှူဒါန်းငွေ အမေရိကန်ဒေါ်လာ ၄၆၄၅၉၉.၂၀ ဒေါ်လာရရှိတယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းရရှိရပါတယ်။ Project Skywalk ရဲ့ Campaign အစီအစဥ်ပြီးဆုံးသော်လည်း page စာမျက်နှာကနေ ဆက်လက်ထောက်ပို့လှူဒါန်းရငွေများကိုအောက်တိုဘာ၂ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနကအတည်ပြုပါတယ်။


ယခင် "Project Skywalk" စတင်ခဲ့တဲ့ သြဂုတ် ၃၀ ကနေ စက်တင်ဘာ ၁၅ ရက်နေ့အထိ  အမေရိကန်ဒေါ်လာ ( ၄၁၀,၅၆၀ ) ရရှိခဲ့ပြီမြေပြင်က Drone Squad ​တွေဆီကို ပို့ဆောင်ပေးခဲ့ပါတယ်။ Project Skywalk ကို စိတ်ပါဝင်စားပေမယ့် အခက်အခဲအမျိုးမျိုးကြောင့် အချိန်မီ မပါဝင်ဖြစ်လိုက်တဲ့သူတွေအနေနဲ့လည်း Project Skywalk ရဲ့ Facebook Page Messenger ကနေ ဆက်သွယ်ပြီး Skywalker ​တွေကို ဆက်လက်ထောက်ကူနိုင်တယ်လို့သတင်းရရှိပါတယ်။


လက်ရှိမှာ project skywalk နဲ့ချိတ်ဆက်လုပ်ဆောင်လျက်ရှိတဲ့ ဒရုန်းအဖွဲ့များမှာForce for Federal Democracy Falcon Wings People Force ABCD Butterfly Golden Eagle Mandalay PDF အပြင် တိုင်းနဲ့ပြည်နယ်အလိုက် တစ်ခြား Drone Team များလည်းပါဝင်ပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာနရဲ့ project skywalkဟာ မြန်မာနိုင်ငံတဝန်းမှာ ရှိနေတဲ့ ဒရုန်းအဖွဲ့တွေကို ချိတ်ဆက်ပြီး စနစ်ကျတဲ့ chain of command တစ်ခုအောက်မှာ အားလုံးပူးပေါင်းဆောင်ရွက်သွားဖို့ကိုလည်း ဒီပရော့ဂျက်က ဦးတည်ရည်ရွယ်ဆောင်ရွက်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၄။ တစ်နိုင်ငံလုံးမှာ ဒရုန်းစစ်ဇုန် ဇုန်ဖွဲ့ထားတယ်လို့ ကာကွယ်ရေးဒုဝန်ကြီးအသိပေး


တစ်နိုင်ငံလုံးမှာ ဒရုန်းစစ်ဇုန် ဇုန်ဖွဲ့ထားတယ်လို့ ကာကွယ်ရေးဒုဝန်ကြီး နိုင်ကောင်းရွတ်ကဆိုပါတယ်။ အောက်တိုဘာ ရက်ကျင်းပတဲ့ Drone Project အတွက် ရန်ပုံငွေရှာဖွေပွဲအခမ်းအနားမှာ ကာကွယ်ရေးဝန်ကြီးဌာန ဒုဝန်ကြီး နိုင်ကောင်းရွတ်ကပြောပါတယ်။


"အခုဆိုလို့ရှိရင် အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့က ကာကွယ်ရေးဝန်ကြီးဌာနနဲ့ ကျနော်ဦးဆောင်ပြီးတော့ တစ်နိုင်ငံလုံးမှာ ဒရုန်းစစ်ဇုန်၆ဇုန် ဖွဲ့ပါတယ်။ အဲဒီဖွဲ့တဲ့နေရာမှာဇုန် ကတော့ ချင်းပြည်နယ်နဲ့မကွေးတိုင်းဖြစ်တဲ့အတွက်ကြောင့် ဒီ PDF ဇိုလန်းကလည်း ဒီဇုန် မှာပါဝင်တဲ့အဖွဲ့တစ်ဖွဲ့ဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့ချိတ်ဆက်ပူးပေါင်းပြီးထောက်ပံ့ငွေလည်းပေးပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာကာကွယ်ရေးဝန်ကြီးဌာနဟာ ဒရုန်းတပ်ဖွဲ့များကိုလည်း အားစိုက်ဖွဲ့နေကာ လိုအပ်တဲ့ ထုတ်လုပ်တပ်ဆင်မှုများကို ပံပိုးလျက်ရှိပါတယ်။


========================


📌📌 ၅။ Drone Project အတွက် Live အတွင်း သိန်းတစ်ထောင်ကျော် ရသွားခဲ့တယ်လို့ဆို


Drone Project အတွက် Live အတွင်း သိန်းတစ်ထောင်ကျော် ရသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ ရက်နေ့မှာ ဒုဝန်ကြီး အိသဉ္ဇာမောင်က အတည်ပြုဆိုထားပါတယ်။


"Drone Project အတွက် Live အတွင်း သိန်းတစ်ထောင်ကျော် ရသွားပါပြီ။ ဆက်လက်ပြီး အားဖြည့်နိုင်ပါတယ်"လို့ဆိုပါတယ်။


အောက်တိုဘာ ရက်နေ့မှာ Drone Project အတွက် ရန်ပုံငွေရှာဖျော်ဖြေပွဲကို အွန်လိုင်းမှတဆင့်ကျင်းပခဲ့ပါတယ်။ အဆိုပါပွဲကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနဲ့ ကာကွယ်ရေး ဒုဝန်ကြီး နိုင်ကောင်းရွတ်၊ အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်စောင့်ရှောက်ရေးဝန်ကြီးဌာန ဒုဝန်ကြီး အိသဉ္ဇာမောင်တို့တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၆။ မသောက်မိသောမိုးခါးရေအင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ပြသရာ ထိုင်ခုံ ၄၀၀ ကုန်သွား၍ အပိုခုံထိုးပြပေးရ


မသောက်မိသောမိုးခါးရေအင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ပြသရာ ထိုင်ခုံ ၄၀၀ ကုန်သွား၍ အပိုခုံထိုးပြပေးရတယ်လို့သတင်းရရှိပါတယ်။ အောက်တိုဘာ၂ ရက်နေ့မှာ ဒါရိုက်တာကိူပေါက်ကအသိပေးဆိုပါတယ်။


ဒီနေ့ည မှာ အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ထိုင်ခုံ၄၀၀ ကုန်သွားလို့ အပိုခုံထိုးပြပေးရမယ်လို့ တာဝန်ရှိသူတွေကပြောလာတော့ ကျနော်ပျော်ရတယ်။အနုပညာသမားဆိုတော့ ပရိသတ်တွေနဲ့ပဲတွေ့ချင်တာပါ"လို့ဆိုပါတယ်။ ဇာတ်လမ်းဟာ CDM ဗိုလ်ကြီးတစ်ဦး၏အဖြစ်အပျက်တချို့ကို အခြေခံပြီး ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။


မသောက်မိသော မိုးခါးရေ မှရရှိမယ့်ဝင်ငွေများကိုသက်ဆိုင်ရာငွေစာရင်းစစ်ဆေးမှုများခံယူပြီးပြည်သူ့တော်လှန်ရေး၏ Drone တပ်များသို့ ၇၀%လှူဒါန်းပံ့ပိုးမည်ဖြစ်ပြီး ကျန်ရှိသော ၃၀% ကို အရေးပေါ်လိုအပ်ချက်များသို့ ကူညီပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၇။ စက်တင်ဘာလ () လတာအတွင်း ကရင်နီပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မှ တစ်ရာ ကျော်သေဆုံး


စက်တင်ဘာလ () လတာအတွင်း ကရင်နီပြည်နယ်မှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မှ တစ်ရာ ကျော်သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ () ရက်မှာစက်တင်ဘာလ () လတာ စစ်ရေးသတင်းကို KNDFကဖော်ပြပါတယ်။


"စက်တင်ဘာလ () လတာအတွင်း ကရင်နီပြည်နယ်၌ မိမိတို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ကရင်နီတပ်မတော် (KA) အခြားမဟာမိတ်ပြည်သူ့ကာကွယ်ရေးတပ်များ ပူးပေါင်း၍ အကြမ်းဖက်စစ်ကောင်စီ၏ တပ်ဖွဲ့များနှင့် တိုက်ပွဲပေါင်း (၅၇) ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။ထိတွေ့တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ မှ (၁၀၄)ဦး ကျော် သေဆုံးခဲ့သလို (၆၀) ဦးကျော် ဒဏ်ရာ ရရှိခဲ့တယ်"လို့ဆိုပါတယ်။


စကစတပ်တို့ထံမှ MA-1 ()လက် MA-2 ()လက် MA-3 ()လက် MG စက်သေနတ် လက် (၆၀) မမ အသီး၊ RPG အသီး ၊စွပ်ဗုံးနှင့် ခဲယမ်းများ အသုံးအဆောင်များကိုပါ သိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကား ()စီး ဖျက်ဆီးနိုင်ခဲ့ပါတယ်။


တစ်လအတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်ဘက်မှ လက်နက်ကြီးများ အလွန်အကျွံ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း ကြောင့် ဒေသခံများ၏ နေအိမ် (၁၀၀) ကျော်၊ ဘုရားကျောင်း () ကျောင်း ပျက်စီးခဲ့သလို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တစ်ဖက်သတ် လက်နက်ကြီး ပစ်ခတ်မှုများကြောင့် နေအိမ် ()လုံးကျော် ထိခိုက်ပျက်စီးခဲ့ရပါတယ်။


========================


📌📌 ၈။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးချင်းတွင်းဌာနခွဲရုံး ရှေ့ပေါက်ကို ပိတ်ကာ ရုံးနောက်ပေါက်မှ Non CDM အရာရှိနဲ့ဝန်ထမ်းများ ရုံးခိုးတက်နေ


မုံရွာမြို့အခြေစိုက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးချင်းတွင်းဌာနခွဲရုံး ရှေ့ပေါက်ကို ပိတ်ကာ ရုံးနောက်ပေါက်မှ Non CDM အရာရှိနဲ့ဝန်ထမ်းများ ရုံးခိုးတက်နေတယ်လို့ စုံစမ်းသတင်းရရှိပါတယ်။ အောက်တိုဘာလအတွင်းမှာ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဝန်ထမ်းတစ်ဦးက အတည်ပြုပါတယ်။


"အခြေအနေက တော်တော်ဆိုးနေတယ်။PDF တွေသတိပေးစာထုတ်တော့ကြောက်ကြတာလည်းပါတာပေါ့။မုံရွာက ရုံးဌာနအားလုံးplastic ပိုက်ကွန်အစိမ်း ပိတ်စတွေ ကာပြီး ရှေ့ကဝန်းတွေ အကုန်ခတ်ပြီးရုံးကိုပိတ်ထားတဲ့ပုံစံမျိုးလုပ်ထားတယ်။ရုံးမဖွင့်ဘူးပေါ့။အမှန်ကနောက်ပေါက် ခွေးတိုးပေါက်ကနေ ရုံးအတက်အဆင်းလုပ်နေကြတယ်"လို့ဆိုပါတယ်။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဌာနဟာ စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်တဲ့ စစ်ဘက်ဗိုလ်ကြီးအများဆုံးရှိရာ ဌာနတစ်ခုလည်းဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment