5th OCT 2022 - Evening Daily News by Radio NUG

၂၀၂၂ အောက်တိုဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို နွေဦးတော်လှန်ရေးနှင့်အတူ အုတ်မြစ်ချတည်ဆောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာဆန္ဒရှိတယ်လို့ နိုင်ငံတော် ယာယီသမ္မတဒူဝါလရှီးလပြောကြား

📌 ၂။ ကမ္ဘာ့ ဆရာများနေ့မှာ ဆရာ၊ဆရာမ အားလုံးကို ဂုဏ်ပြုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဆို

📌 ၃။ နေအိမ်ဆုံးရှုံးတဲ့လူတွေနဲ့ အိုးအိမ်ဖျက်ဆီးခံရလို့ ဆုံးရှုံးသူတွေကို အမျိုးသားညွတ်ရေးအစိုးရက အားလုံးတာဝန်ယူ တာဝန်ခံမယ်လို့ဆို

📌 ၄။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများစွာကို ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာပြောကြား

📌 ၅။ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာတွင် တပ်စွဲထားသောစကစတပ်များကို ယမန်နေ့ညက ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်

📌 ၆။ ကရင်ပြည်နယ်ကြားအင်းဆိပ်ကြီးအခြေစိုက် နည်းဗျူဟာကုန်းမှ လက်နက်ကြီး စက်လက်များဖြင့်  ရမ်းသန်းပစ်ခတ်မှုကြောင့်ယမန်နေ့ညက ဒေသခံရွာသားများ ရာနဲ့ချီထွက်ပြေးတိမ်းရှောင်

📌 ၇။ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး  ၁၁၂ ဦးသေဆုံးခဲ့

📌 ၈။ မမများနဲ့ပွဲကမယ် ပရော့ဂျက် သိန်းပေါင်း ၁၅၀၀၀ ပြည့်ဖို့ ၁၀% သာလိုတော့၍ ဝိုင်းဝန်းထောက်ပို့ကြရန် သရုပ်ဆောင်မင်းမော်ကွန်းတိုက်တွန်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို နွေဦးတော်လှန်ရေးနှင့်အတူ အုတ်မြစ်ချတည်ဆောက်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့မှာဆန္ဒရှိတယ်လို့ နိုင်ငံတော် ယာယီသမ္မတဒူဝါလရှီးလပြောကြား


အောက်တိုဘာလ () ရက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားမှာ  နိုင်ငံတော် ယာယီသမ္မတဒူဝါလရှီးလက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


 "ယနေ့မှာ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်နေ့ရက် တစ်ရက်ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ကိုယ်စား ဆရာ/ ဆရာမအားလုံးကို လေးစားဦးညွှတ်ကြောင်း ဦးစွာပြောကြားလိုပါတယ်။ လက်ရှိ မြန်မာ့နွေဦးတော်လှန်ရေးမှာ ဖက်ဒရယ်ဒီမိုကရေစီစနစ်သို့ ဦးတည်လျှောက်လှမ်းနေသည်ကို အားလုံးသိပြီးဖြစ်ပါတယ်။ ပညာရေးနယ်မှ ဆရာ/ဆရာမအားလုံးသည် ဖက်ဒရယ်ဒီမိုကရေစီပညာရေးအတွက် ပင်မမဏ္ဍိုင်များဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီပညာရေးစနစ်ကို နွေဦးတော်လှန်ရေးနှင့်အတူ အုတ်မြစ်ချတည်ဆောက်ဖို့ ကျွန်တော်တို့တွင် ဆန္ဒရှိပါတယ်"လို့ဆိုပါတယ်။

ဒါ့အပြင်အွန်လိုင်းပညာရေးပလက်ဖောင်းအား အသုံးပြုပြီး နေ့စဉ် လုံ့လစိုက်ထုတ် ကြိုးစားနေကြတဲ့ဆရာ၊ဆရာမများကိုတွေ့မြင်နေကြရပြီး အားလုံး၏ ကြိုးစားအားထုတ်မှုဖြင့် ယခုဆိုလျှင် မြေပြင် ပြည်သူ့ပညာရေးကျောင်းပေါင်း တစ်ထောင်ကျော်၊ အွန်လိုင်းကျောင်းပေါင်း (၆၀) ကျော်နှင့် တက္ကသိုလ်အသွင် သင်ကြား ပို့ချနိုင်သည့် အခြေအနေများအထိ ပေါ်ထွက်လာခဲ့ပြီ ဖြစ်တယ်လို့ ယာယီသမ္မတဒူဝါလရှီးလကထပ်လောင်းဆိုပါတယ်။


၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ရက် နေ့မှာကျရောက်သော   ကမ္ဘာ့ဆရာများနေ့ဟာ ၅၅ နှစ်မြောက်နေ့လည်းဖြစ်သလို CDM ဆရာ၊ ဆရာမနဲ့ ကျောင်းသား၊ကျောင်းသူများအားလုံး မော်ကွန်းဝင် တော်လှန်ပညာ သူရဲကောင်းများ အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရကဂုဏ်ပြုသတ်မှတ်လိုက်ပါတယ်လိုလည်းဖေါ်ပြထားပါတယ်။


========================


📌📌 ၂။ ကမ္ဘာ့ ဆရာများနေ့မှာ ဆရာ၊ဆရာမ အားလုံးကို ဂုဏ်ပြုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဆို


ကမ္ဘာ့ ဆရာများနေ့မှာ ဆရာ၊ဆရာမ အားလုံးကို ဂုဏ်ပြုအပ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ကအောက်တိုဘာ၅ရက် မနက်ပိုင်းလူမှုကွန်ရက်မှာ ရေးသား‌ ပြောဆိုထားပါတယ်။


"ကမ္ဘာ့ ဆရာများနေ့မှာ ဆရာ/ဆရာမ အားလုံးကို ဂုဏ်ပြုပါတယ်။ ကျန်းမာရွှင်လှမ်းကြပါစေ"လို့ဆိုပါတယ်။ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုမှာ ဆရာ၊ဆရာမ သိန်းနဲ့ချီပါဝင်ခဲ့ပါတယ်။


========================


📌📌 ၃။ နေအိမ်ဆုံးရှုံးတဲ့လူတွေနဲ့ အိုးအိမ်ဖျက်ဆီးခံရလို့ ဆုံးရှုံးသူတွေကို အမျိုးသားညွတ်ရေးအစိုးရက အားလုံးတာဝန်ယူ တာဝန်ခံမယ်လို့ဆို


အကြမ်းဖက် စစ်တပ်ကသိမ်းယူလို့ နေအိမ်ဆုံးရှုံးတဲ့လူတွေနဲ့ အိုးအိမ်ဖျက်ဆီးခံရလို့ ဆုံးရှုံးသူတွေကို အမျိုးသားညွတ်ရေးအစိုးရက အားလုံးတာဝန်ယူ တာဝန်ခံမယ်လို့  သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောက အောက်တိုဘာ၅ရက်နေ့မှာ Radio NUGကို ဖြေကြားခဲ့ပါတယ်။


(((((( ဦးကျော်ဇော-သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ )))))))


လက်ရှိမှာ အကြမ်းဖက် စစ်တပ်ဟာ စစ်ကိုင်း၊မကွေး၊ချင်းပြည်နယ်၊ကရင်နီဒေသနဲ့ စတဲ့နေရာများမှာ ပြည်သူလူထုရဲ့ နေအိမ်များကို ဖျက်ဆီးမီးရှို့ခဲ့တာဟာ ၃၆၀၀၀ ကျော်ရှိပြီ ဖြစ်ပါတယ်။ အလားတူ နေအိမ်များကိုချိတ်ပိတ်သိမ်းဆည်းရာမှာ ၂၀၂၂ ခုနှစ် စက်တင်ဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၈၀) ခုထက်မနည်းရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၄။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများစွာကို ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာပြောကြား


စစ်တပ်က တရားမဝင်အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်ကာလအတွင်းမြန်မာနိုင်ငံဟာ စီးပွားရေးအခက်အခဲများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများစွာကို ရင်ဆိုင်နေရတယ်လို့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ကုလသမဂ္ဂမှာပြောကြားခဲ့ပါတယ်။ အောက်တိုဘာ ရက်နေ့ (၇၇) ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ၏ ဒုတိယကော်မတီအစည်းအဝေး၊ အထွေထွေမူဝါဒရေးရာ မိန့်ခွန်းပြောကြားမှုအစီအစဉ်မှာကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကပြောကြားခဲ့ပါတယ်။


" စစ်တပ်က တရားမဝင်အာဏာသိမ်းပြီး လပေါင်း ၂၀ ကျော်ကာလအတွင်း လူမဆန်စွာ ရက်စက် ကြမ်းကြုတ်မှုများ၊အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုများ၊ ရွာများကို မီးရှို့ကာ နေအိမ်များကို ဖျက်ဆီးခြင်း၊ အမျိုးသမီးများ၊ မိန်းကလေးများနှင့် ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအပေါ် လွန်စွာ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်မှုများကို ကျူးလွန်လျက်ရှိကြောင်း၊ တရားလက်လွတ် သတ်ဖြတ် ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မတရားဖမ်းဆီးခြင်းနှင့် အခြားမတရားဖိနှိပ်မှုများကို စစ်တပ်က ပြုလုပ် လျက်ရှိကြောင်း၊ ဤသို့လုပ်ဆောင်ချက်များကြောင့် မြန်မာနိုင်ငံသည် စီးပွားရေးအခက်အခဲများအပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းများစွာကို ရင်ဆိုင်နေရကြောင်း"ဆိုခဲ့ပါတယ်။


ဒါ့အပြင်ဖက်ဆစ်စစ်တပ်ဟာ မြန်မာပြည်သူများအပေါ် နေ့စဉ်နှင့်အမျှ အကြမ်းဖက်မှုများ ကျူးလွန်နေပြီး၊ ၎င်းဖက်ဆစ်စစ်တပ်၏ တရားမ၀င်မှုသည် နိုင်ငံအနှံ့အပြားရှိ ပြည်သူများ၏ လူမှုစီးပွားဘဝနှင့် အသက်ရှင်ရပ်တည်ရေးအတွက် ပိုမိုဆိုးရွားလာစေကြောင်း၊ တရားဥပဒေစိုးမိုးမှု လုံးဝပျက်သုဉ်းခဲ့ပြီး ပြည်သူများသည်စကစအဖွဲ့အစည်းများအပေါ် လုံးဝအယုံအကြည်မရှိတော့ကြောင်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကထပ်လောင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာတွင် တပ်စွဲထားသောစကစတပ်များကို ယမန်နေ့ညက ကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်


အောက်တိုဘာ ရက် နာရီအချိန်တွင်စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ဇော်ချောင်းရွာမှာ စကစတပ်များ ညအိပ်စခန်းချစဥ် ကာကွယ်ရေးတပ်များကပစ်ခတ်ခဲ့တာလို့ ကိုးတောင်ဘို့ တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"ဇော်ချောင်းရွာမှာ ညအိပ်ပြာပုံဝပ်ခဲ့သော စကစတပ်များဟာ ယနေ့မနက်ပြန်လည်လှုပ်ရှား ကာသင်တောရွာဘက်အယောင်ပြ၍ လွင်ကြီးရွာဘက်သွားနေပါတယ်။ မနေ့ညက ဇော်ချောင်းရွာတွင် တပ်စွဲထားသော စကစတပ်များကို ဒေသကာကွယ်ရေးမဟာမိတ်အဖွဲ့များမှ နာရီအချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ပွဲကြာချိန်၁နာရီခန့်ကြာမြင့်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲဝင်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပြီး စကစတပ်များထိလိုက်ကျဆုံးမှုကိုအတည်ပြုနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၆။ ကရင်ပြည်နယ်ကြားအင်းဆိပ်ကြီးအခြေစိုက် နည်းဗျူဟာကုန်းမှ လက်နက်ကြီး စက်လက်များဖြင့်  ရမ်းသန်းပစ်ခတ်မှုကြောင့်ယမန်နေ့ညက ဒေသခံရွာသားများ ရာနဲ့ချီထွက်ပြေးတိမ်းရှောင်


"အောက်တိုဘာ ရက်ည ၈း၃၀ အချိန်မှစ၍ အကြမ်းဖက်စစ်ကောင်စီတပ် (ရတခ)လက်အောက်ခံ ကြားအင်းဆိပ်ကြီးအခြေစိုက် နည်းဗျူဟာကုန်းမှ လက်နက်ကြီး စက်လက်များဖြင့်  ရမ်းသန်းပစ်ခတ်မှုကြောင့် ကြခတ်ချောင်း ၊အုန်းတစ်ပင်၊ဂုမ်ဘီ စသော ကျေးရွာများအနီးတစ်ဝိုက်တွင်ကျရောက်ပေါက်ကွဲခဲ့ပါတယ်"လို့နဂါးနီစစ်ကြောင်းက အတည်ပြုဆိုပါတယ်။ စကစတပ်များပစ်ခတ်မှုများကြောင့် ကျေးရွာနေ ရွာသူရွာသားများစိုးရိမ် ထိတ်လန့် နေကြပြီး ဘေးလွတ်ရာသို့တိမ်းရှောင်နေကြရပြီးတော့ ယနေ့မနက်အထိ တိမ်းရှောင်နေကြရဆဲ ဖြစ်ပါတယ်။


========================


📌📌 ၇။ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့ ပျူစောထီး  ၁၁၂ ဦးသေဆုံးခဲ့


တနင်္သာရီတိုင်းမှာစစ်ရေးအရှိန်မြင့်တက်လာခဲ့ပြီးနောက် ကာကွယ်ရေးတပ်နဲ့ စကစတပ်တွေဟာ နေ့တိုင်းထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့သတင်းရရှိပါတယ်။ စက်တင်ဘာလအတွင်း တနင်္သာရီတိုင်းမှာ စစ်ကောင်စီတပ်နဲ့တိုက်ခိုက်မှုပေါင်း ၄၁ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားနဲ့ ပျူစောထီး ၁၁၂ ဦးသေဆုံးခဲ့ပါတယ်။


စကစတပ်ဘက်က ဒဏ်ရာရရှိ ၇၃ ဦးရှိခဲ့ကာ ပြည်သူ့ကာကွယ်ရေးတပ်ဘက်က ဦးသေဆုံးပြီး ဦးထက်မနည်းဒဏ်ရာရရှိခဲ့ပါတယ်။ အဆိုပါ ထိတွေ့တိုက်ပွဲနဲ့ လုံခြုံရေးတင်းကြပ်မှုများကြားထဲက တနင်္သာရီ တိုင်းထဲမှာလူထုလှုပ်ရှားမှုတို့ပြုလုပ်နေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၈။ မမများနဲ့ပွဲကမယ် ပရော့ဂျက် သိန်းပေါင်း ၁၅၀၀၀ ပြည့်ဖို့ ၁၀% သာလိုတော့၍ ဝိုင်းဝန်းထောက်ပို့ကြရန် သရုပ်ဆောင်မင်းမော်ကွန်းတိုက်တွန်း


မမများနဲ့ပွဲကမယ် ပရော့ဂျက် သိန်းပေါင်း ၁၅၀၀၀ ပြည့်ဖို့ ၁၀ ရာခိုင်နှုန်းသာလိုတော့၍ ဝိုင်းဝန်းထောက်ပို့ကြရန် အောက်တိုဘာ ရက်နေ့မှာ သရုပ်ဆောင်မင်းမော်ကွန်းက လူမှုကွန်ရက်ကတဆင့်တိုက်တွန်း‌ ပြောဆိုလိုက်ပါတယ်။


"မမများနဲ့ပွဲကမယ် ရက်ပဲလိုပါတော့တယ်။ ရာနှုန်းပြည့်ဖို့က ၁၀% ပဲလိုတော့တာမို့ဝိုင်းတွန်းပေးကြပါဦးမိတ်ဆွေများတို့ ပြည်တွင်းက KPay,Wave Pay အခက်အခဲများကြောင့်လှူရ ကူရ ခက်ခဲနေပါတယ်။ပြည်ပရောက်မိတ်ဆွေများ ကူကြပါ"လို့ဆိုပါတယ်။ မမများနဲ့ပွဲကမယ် ပရော့ဂျက် သိန်းပေါင်း ၁၅၀၀၀ ရန်ပုံငွေရှာဖွေပွဲ ဖြစ်ကာ လက်ရှိမှာ စင်ကာပူနိူင်ငံက အများဆုံးထောက်ပို့ထားကာ မြန်မာ၊ သြစတြေးလျ၊ ထိုင်းနိုင်ငံ၊ အမေရိကန်နိုင်ငံတို့မှာ ဒုတိယအများဆုံးထောက်ပို့ထားကြပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment