12th NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၁၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် ဖြစ်လာတဲ့ အရှေ့တီမောနိုင်ငံနဲ့ သမ္မတ ကို အနွေးထွေးဆုံး ဂုဏ်ယူဝမ်းမြောက်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလဆို

📌 ၂။ စစ်အာဏာရှင်တွေက သာမာန်အခြေအနေရောက်အောင်ကြိုးစားနေတာကို လူထုကမေ့မထားဖို့ လိုအပ်တယ်လို့ ဒုဝန်ကြီး  ဒေါ်အိသဉ္ဇာမောင်ကပြော

📌 ၃။ ပဲခူးတိုင်း KNLA ရင်း / နယ်မြေ ဘောကထှာ၊ တုံးတံတား၊ သံဆိပ် စစ်ကောင်စီ စခန်းများကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့

📌 ၄။ ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့်စကစတပ်များ အနီးကပ်တိုက်ပွဲမှာ စကစတပ်က ဗိုလ်မှူးတစ်ဦးနဲ့ပျူ လေးဦးသေဆုံး

📌 ၅။ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား ချိပ်ပိတ်သိမ်းဆည်းလိုက်တဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် (၇၈၆) ခုထက်မနည်းရှိလာ

📌 ၆။ Demo-Heroes Fundraising Campaignကို MEF ကနေဒါ စတင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် ဖြစ်လာတဲ့ အရှေ့တီမောနိုင်ငံနဲ့ သမ္မတ ကို အနွေးထွေးဆုံး ဂုဏ်ယူဝမ်းမြောက်ကြောင်း ယာယီသမ္မတ ဒူဝါလရှီးလဆို


အာဆီယံရဲ့ ၁၁ နိုင်ငံမြောက် ဖြစ်လာတဲ့ အရှေ့တီမောနိုင်ငံနဲ့ သမ္မတကို အနွေးထွေးဆုံး ဂုဏ်ယူဝမ်းမြောက်ကြောင်း နိုဝင်ဘာ ၁၂ ရက်နေ့မှာ Twitter မှတစ်ဆင့် ယာယီ သမ္မတ ဒူဝါလရှီးလကရေးသားပြောဆိုခဲ့ပါတယ်။


"JoseRamosHorta1 နှင့် Tumor-Leste တို့အား ASEAN မိသားစု၏ ၁၁ယောက်မြောက် အဖွဲ့ဝင်ဖြစ်လာခြင်းအတွက်အနွေးထွေးဆုံး ဂုဏ်ယူဝမ်းမြောက်ပါတယ်"လို့ဆိုပါတယ်။


လူဦးရေ . သန်းကျော်သာရှိတဲ့ အရှေ့တီမော နိုင်ငံဟာ အာဆီယံရဲ့ ၁၁ နိုင်ငံမြောက်အာဆီယံအသင်းဝင်နိုင်ငံအဖြစ် လက်ခံဖို့ အာဆီယံထိပ်သီးညီလာခံကနေ ကနဦးဆုံးဖြတ်ခဲ့ပါတယ်။


"ASEAN မိသားစုရဲ့ ၁၁ ယောက်မြောက်အဖွဲ့ဝင်ဖြစ်လာသည့်အတွက် တီမောလက်စ်တီအား ဂုဏ်ပြုပါတယ်"လို့လည်း နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကဆိုထားပါသေးတယ်။


========================


📌📌 ၂။ စစ်အာဏာရှင်တွေက သာမာန်အခြေအနေရောက်အောင်ကြိုးစားနေတာကို လူထုကမေ့မထားဖို့ လိုအပ်တယ်လို့ ဒုဝန်ကြီး  ဒေါ်အိသဉ္ဇာမောင်ကပြော


နိုဝင်ဘာ ၁၁ ရက်ကျင်းပတဲ့စစ်ဘေးရှောင်ထောက်ပံ့ရေး ဂီတဖျော်ဖြေပွဲ မိတ်ဆက် စကားဝိုင်း"မှာ အမျိုးသမီး၊ လူငယ်နဲ့ကလေးသူငယ်ရေးရာ ဒုဝန်ကြီးဒေါ်အိသဉ္ဇာမောင်က အခုလိုဆိုပါတယ်။


"တစ်ခါတစ်လေ အရမ်းဖိနှိပ်ခံရတဲ့အခါမှာ မေ့သွားတတ်တယ်။ ကျမတို့နိုင်ငံဟာ စစ်အာဏာရှင်စနစ်အောက်ကိုရောက်နေတုန်းပဲ။ အဲဒါကို အမြဲတမ်းအသိထဲမှာ ထည့်ထားဖို့လိုတယ်။အာဏာရှင်တွေက သာမာန်အခြေအနေရောက်အောင်ကြိုးစားနေတော့ အာဏာရှင်စနစ်ကိုတွန်းလှန်ဖို့ တစ်ခါတစ်လေ မေ့သွားတတ်တယ်"လို့ဆိုပါတယ်။ လက်ရှိမှာ လူဦးရေ တစ်သောင်း ကျော်ကို အကြမ်းဖက်စစ်အုပ်စုဟာ ချုပ်နှောင်ထားပြီးတော့ လူနှစ်ထောင်ကျော်ကိုသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၃။ ပဲခူးတိုင်း KNLA ရင်း / နယ်မြေ ဘောကထှာ၊ တုံးတံတား၊ သံဆိပ် စစ်ကောင်စီ စခန်းများကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့


ပဲခူးတိုင်း KNLA ရင်း / နယ်မြေ ဘောကထှာ ၊တုံးတံတား၊ သံဆိပ် စစ်ကောင်စီ စခန်းများကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၂ ရက် မနက် နာရီမှစ၍ စစ်ကောင်စီတပ်စခန်းများကို သိမ်းပိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရိုးမ ပဲခူးတိုင်း တပ်ရင်း ၃၇၀၂ က အတည်ပြုဆိုပါတယ်။


"နိုဝင်ဘာ ၁၂ မနက် ၄နာရီမှစ၍ KNLA ရင်း / နယ်မြေ ဘောကထှာ ၊တုံးတံတား၊ သံဆိပ် စစ်ကောင်စီ စခန်းများကို KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များ ဝင်ရောက်စီးနင်း သိမ်းပိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဘက်မှ မနက် နာရီကနေ နာရီ ၄၅ မိနစ်အထိ တိုက်လေယာဥ် စီး ရဟတ်ယာဥ် စီးဖြင့် လေကြောင်းနဲ့လာရောက်တိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၄။ ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့်စကစတပ်များ အနီးကပ်တိုက်ပွဲမှာ စကစတပ်က ဗိုလ်မှူးတစ်ဦးနဲ့ပျူ လေးဦးသေဆုံး


မန္တလေးတိုင်းဒေသကြီး၊စဉ့်ကူးမြို့နယ်၊အင်း‌ဇောက်ကြီးကျေးရွာအတွင်း ဗိုလ်လင်းယုန်တပ်ဖွဲ့နှင့်စကစတပ်များ အနီးကပ်တိုက်ပွဲမှာ စကစတပ်က ဗိုလ်မှူးတစ်ဦးနဲ့ပျူ လေးဦးသေဆုံးခဲ့ကြောင်းကို နိုဝင်ဘာ ၁၂ရက်မှာ စစ်ရေးသတင်းကို ဗိုလ်လင်းယုန်တပ်ဖွဲ့ကအတည်ပြုဆိုထားပါတယ်။


 "တကောင်းဘက်မှ စုန်ဆင်းလာသောစကစတပ်သင်္ဘောများအား သရက်ကုန်းကျေးရွာနှင့် သံဘိုတောင်ကြားအရောက်တွင် တာဝေးပြစ်(၆၀)မမဖြင့်စတင်ပစ်ခတ်ရာစကစတပ်များမှ လက်နက်ကြီး/ငယ်ဖြင့် တရစပ်ပြန်လည်ပစ်ခတ်မှုကြောင့် တစ်ကြိမ်သာပစ်ခတ်နိုင်ခဲ့ပါတယ်။ထို့နောက် စကစတပ်သင်္ဘောများဆင်းသွားပြီး တစ်ဖက်ကမ်းရှိ မိမိတို့ရဲဘော်များ အင်းဇောက်ကြီး ကျေးရွာအတွင်း ရောက်ရှိနေချိန်စကစတပ်များမှ PDF အယောင်ဆောင်၍ ရွာထဲသို့ ဝင်ရောက်လာခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့များနဲ့အနီးကပ် တိုက်ပွဲ ဖြစ်ပွားခဲ့တယ်"လို့ဆိုပါတယ်။


တိုက်ပွဲ အတွင်း မခေါက်‌ရွာမှ ပျူ(၄‌)ဦးနေရာမှာပင်သေဆုံးပြီး ဗိုလ်မှူးဇော်ထက်အောင်မှာ ဆီးခုံကျည်()ချက်ဖောက်ဝင်ဒဏ်ရာဖြင့် ကျောက်ကြီးဆေးရုံတွင် ကုသနေစဥ်‌သေဆုံးကာစကစတပ်ဘက်က ၁၅ဦမှာလည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၅။ အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား ချိပ်ပိတ်သိမ်းဆည်းလိုက်တဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် (၇၈၆) ခုထက်မနည်းရှိလာ


အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား ချိပ်ပိတ်သိမ်းဆည်းလိုက်တဲ့ နေအိမ်၊ အဆောက်အဦး အရေအတွက် (၇၈၆) ခုထက်မနည်းရှိလာပြီလို့နိုဝင်ဘာ၁၁ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှဖော်ပြအသိပေးပါတယ်။


စစ်အာဏာသိမ်းပြီးချိန်မှစတင်၍ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်ထိ အကြမ်းဖက်စစ်အုပ်စု၏ မတရား ချိပ်ပိတ်သိမ်းဆည်းခြင်းခံရသည့် နေအိမ်၊ အဆောက်အဦ အရေအတွက် စုစုပေါင်း (၇၈၆) ခုထက်မနည်းရှိလာပြီလို့သတင်းရရှိပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကထုတ်ပြန်ချက်အရလည်းအဆင့်ဆင့်သော အမှုဆောင်များ၊ ပါတီဝင်များ၊ လွှတ်တော်ကိုယ်စားလှယ်များ၏နေအိမ်နှင့်အဆောက်အဦများအားစကစတပ်က မတရားချိတ်ပိတ်ဆောင်ရွက်လျက်ရှိရာရရှိထားသောစာရင်းများအရ  လွှတ်တော်ကိုယ်စားလှယ်(၉၃)ဦးအပါအဝင် စုစုပေါင်းပါတီဝင် (၁၅၅) ဦး၏ နေအိမ်များနှင့်အခြားပိုင်ဆိုင်မှုများ  ချိတ်ပိတ်ခံခဲ့ရပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ Demo-Heroes Fundraising Campaignကို MEF ကနေဒါ စတင်


Demo-Heroes Fundraising Campaignကို MEF ကနေဒါ စတင်လိုက်ပါတယ်။ ကံစမ်းမဲလက်မှတ်တစ်စောင်ကို ကနေဒါ ဒေါ်လာ၁၀ဒေါ်လာနဲ့စတင်ရောင်းချနေပြီးနေပြီးတော့ ဒီဇင်ဘာ၂၆ရက်နေ့မှာအရောင်းပိတ်မှာဖြစ်ပါတယ်။


"သင့်မိသားစု နဲ့ သင်ချစ်ရသူ/ လေးစားရသူများအတွက် Christmas/ New year gifts ဝယ်ပေးဘို့ စဥ်းစားချိန်မှာ  (Demo-Heroes) တွေကိုတော့ မေ့မထားစေချင်ပါ"လို့ MEF ကနေဒါကဆိုပါတယ်။


ရင်ခုန် စိတ်လှုပ်ရှားဖွယ် “Drawing Night” Live ကို 30th December မှာဖွင့်လှစ်မှာဖြစ်ပြီးတော့ ကံစမ်းမဲများမှာ တန်ဖိုးရှိ ပုလဲလက်စွပ်၊စိန်ဆွဲ ကြိုးနဲ့ ငွေသားများပါဝင်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment