12th NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ချုပ်ငြိမ်းအောင် ကူညီဆောင်ရွက်ပေးမယ်ဆိုရင် အထူးပင်ကျေးဇူးတင်ရှိမယ်လို့ အာဆီယံကိုယာယီသမ္မတ ဒူဝါလရှီးလဆို

📌 ၂။  အာဆီယံထိပ်သီးအစည်းအဝေးများနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့မြန်မာနိုင်ငံကိုနိုင်ငံရေးအရ ကိုယ်စားပြုသူမဖိတ်ကြားတဲ့ အစီအစဉ်ဆက်လက်ဆောင်ရွက်မယ်

📌 ၃။ မြန်မာ့နွေဦးနှင့် နိုင်ငံတကာ၏အခန်းကဏ္ဍ လူထုဆွေးနွေးပွဲမှာ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးပါဝင်ဆွေးနွေးမယ်

📌 ၄။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ အသတ်ခံရတဲ့ မြန်မာအမျိုးသမီးအမှုကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် နယ်မြေခံရဲစခန်း နှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိ

📌 ၅။ PDF-Htilin အတွက် အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ဝန်ကြီးဌာနမှ ငွေကျပ် (,၅၀၀,၀၀၀) သိန်း ကူညီ ထောက်ပံ့

📌 ၆။ ကချင်ပြည်နယ် မိုးမောက်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ကာ အရပ်သားနေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီး

📌 ၇။ လက်ဆောင်ထုတ်မှတ်၍ ဖွင့်ဖောက်ကြည့်ရာမှ စကစခန့် ကောလင်းမြို့နယ် တရားသူကြီး ဗုံးထိသေဆုံး

📌 ၈။ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာမှ ဆက်ကြေးကောက်၍ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များမိုင်းမိ၍ ဦးပွဲချင်းပြီးသေဆုံး

📌 ၉။ မင်းတပ်မြို့ ၂၇၄ တပ်ရင်းမှ ကျေးရွာများဘက်သို့ညအချိန် လက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်

📌 ၁၀။ တန့်ဆည်မြို့နယ်ဝရငယ်မူးတံတားအနီး စကစတပ်စစ်ကြောင်း ပဒေသာမိုင်းမိ၍ ဦးသေဆုံးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ချုပ်ငြိမ်းအောင် ကူညီဆောင်ရွက်ပေးမယ်ဆိုရင် အထူးပင်ကျေးဇူးတင်ရှိမယ်လို့ အာဆီယံကိုယာယီသမ္မတ ဒူဝါလရှီးလဆို


မြန်မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ချုပ်ငြိမ်းအောင် ကူညီဆောင်ရွက်ပေးမယ်ဆိုရင် အထူးပင်ကျေးဇူးတင်ရှိမယ်လို့ အာဆီယံကိုယာယီသမ္မတ ဒူဝါလရှီးလဆိုလိုက်ပါတယ်။ နိုဝင်ဘာ ရက် အာဆီယံထိပ်သီးအစည်းအဝေးသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာ ယီသမ္မတ ဒူဝါလရှီးလကပေးပို့တဲ့ သဝဏ်လွှာမှာဆိုထားပါတယ်။ အကြမ်းဖက်စစ်ကောင်စီက ပြည်သူတွေကို အကြမ်းဖက်မှု အဆုံးသတ်ရေးအတွက် အာဆီယံနဲ့ သဘောတူညီမှုကို ဘယ်သော အခါမှ လေးစားခြင်း မရှိသလို မြန်မာပြည်သူတွေရဲ့ ဆန္ဒကိုလည်း လေးစားမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။ 


ယခုပြုလုပ်တဲ့ ထိပ်သီးအစည်းအဝေးမှာ အကြံပြုချက်တွေကို ထည့်သွင်းစဉ်းစားတာ၊ လက်တွေ့ကျတဲ့ ဆောင်ရွက်မှုတွေနဲ့ မြန် မာပြည်သူတွေရဲ့ ဆင်းရဲဒုက္ခတွေကို ချုပ်ငြိမ်းအောင် ကူညီဆောင်ရွက်ပေးမယ်ဆိုရင် အထူးပင်ကျေးဇူးတင်ရှိမယ်လို့ ယာယီ သမ္မတ ကဆိုထားပါတယ်။ ၄၀ နဲ့ ၄၁ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးပွဲကို နိုဝင်ဘာ ၁၀ ရက်  ၂၀၂၂ ကနေ ၁၃ ရက်နေ့အထိ ကမ္ဘောဒီယားနိုင်ငံမှာကျင်းပမှာဖြစ်ပါတယ်။


========================


📌📌 ၂။  အာဆီယံထိပ်သီးအစည်းအဝေးများနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့မြန်မာနိုင်ငံကိုနိုင်ငံရေးအရ ကိုယ်စားပြုသူမဖိတ်ကြားတဲ့ အစီအစဉ်ဆက်လက်ဆောင်ရွက်မယ်


အာဆီယံထိပ်သီးအစည်းအဝေးများနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့မြန်မာနိုင်ငံကိုနိုင်ငံရေးအရ ကိုယ်စားပြုသူမဖိတ်ကြားတဲ့ အစီအစဉ်ဆက်လက်ဆောင်ရွက်မယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြန်မာ့အရေး အာဆီယံ ဘုံသဘောတူညီချက် () ချက်ကို ပြန်လည်သုံးသပ်ပြီး အချက်ဆယ်ချက်အသစ်ကိုထပ်မံထည့်သွင်းကာ အပြီးသတ်မူကြမ်း ၁၅ ချက် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။


မြန်မာနိုင်ငံ၏ အခြေအနေဟာ စိုးရိမ်ရကာ ထိရှလွယ်ဆဲဖြစ်ပြီး မြန်မာနိုင်ငံသာမက အာဆီယံ အသိုက်အဝန်းတည်ဆောက်ရေး ကြိုးပမ်းမှုများကိုပါ ထိခိုက်စေတယ်လို့ဆိုထားပါတယ်။ အဓိကစိုးရိမ်မှုဖြစ်သည့် အကြမ်းဖက်မှုကြီးထွားလာခြင်းကိုထည့်သွင်းစဉ်းစားပြီး လက်ရှိအကျပ်အတည်းအတွက် ငြိမ်းချမ်းပြီး ရေရှည်ခံသည့် အဖြေကို ရှာဖွေရာတွင် မြန်မာနိုင်ငံအား ကူညီပေးရန် အာဆီယံက ကတိပြုပါတယ်လို့ဖော်ပြပါတယ်။


ဒါ့အပြင် အာဆီယံထိပ်သီးအစည်းအဝေးများနှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးများသို့မြန်မာနိုင်ငံကို နိုင်ငံရေးအရ ကိုယ်စားပြုသည့်သူအား မဖိတ်ကြားသည့် အစီအစဉ်ကို ဆက်လက်ဆောင်ရွက်မှာဖြစ်ပါတယ်။ အခြေအနေအရ လိုအပ်ပါက အာဆီယံအစည်းအဝေးများတွင် မြန်မာ၏ကိုယ်စားပြုမှုကို ထပ်မံသုံးသပ်ရန် အာဆီယံညှိနှိုင်းရေးကောင်စီကို တာဝန်ပေးအပ်ပါတယ်လို့လည်းဆိုထားပါတယ်။


========================


📌📌 ၃။ မြန်မာ့နွေဦးနှင့် နိုင်ငံတကာ၏အခန်းကဏ္ဍ လူထုဆွေးနွေးပွဲမှာ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးပါဝင်ဆွေးနွေးမယ်


မြန်မာ့နွေဦးနှင့် နိုင်ငံတကာ၏အခန်းကဏ္ဍ လူထုဆွေးနွေးပွဲမှာ နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦးပါဝင်ဆွေးနွေးမယ်လို့သတင်းရရှိပါတယ်။ (၁၀၂) နှစ်ပြည့် အမျိုးသားနေ့ (၁၃) ရက်တာ လှုပ်ရှားမှုတွင် နိုင်ငံခြားရေးကဏ္ဍဆိုင်ရာ ဆော်သြတိုက် တွန်းမှုများနှင့်အတူ ယနေ့လက်ရှိ နွေဦးတော်လှန်ရေးနှင့် နိုင်ငံတကာအခင်းအကျင်းအခြေအနေများအား သတင်း စကားပေးနိုင်ရန်ရည်ရွယ်၍ ‘’မြန်မာ့နွေဦးနှင့် နိုင်ငံတကာ၏အခန်းကဏ္ဍ‘’ အမည်ရဟောပြောပွဲအား ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၂ ရက် မြန်မာစံတော်ချိန် နာရီမှ နာရီအထိတိုက်ရိုက်ထုတ်လွှင့်သွားမှာဖြစ်ပါတယ်။


အဆိုပါလူထုအစည်းအဝေးပွဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန နိုင်ငံခြားရေး ဒုဝန်ကြီး ဦးမိုးဇော်ဦး  ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတာနီးနှင့် ဒေါ်ခင်ဥမ္မာ (Progressive Voice) တို့က ဆွေးနွေးသွားမှာဖြစ်ပါတယ်။ လူထုအစည်းအဝေးပွဲကို သတင်းမီဒီယာများနဲ့ မီဒီယာ ချန်နယ်များက ထုတ်လွှင့်ပြသပေးသွားမှာဖြစ်ပါတယ်။


========================


📌📌 ၄။ ထိုင်းနိုင်ငံ ဘန်ကောက်မှာ အသတ်ခံရတဲ့ မြန်မာအမျိုးသမီးအမှုကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် နယ်မြေခံရဲစခန်း နှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိ


ထိုင်းနိုင်ငံ ဘန်ကောက်မှာ အသတ်ခံရတဲ့ မြန်မာအမျိုးသမီးအမှုကို အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေနဲ့ အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် နယ်မြေခံရဲစခန်း နှင့် ချိတ်ဆက်၍ ကူညီဆောင်ရွက်ပေးလျက်ရှိတယ်လို့ သတင်းရရှိပါတယ်။နိုဝင်ဘာလအတွင်းမှာ မြန်မာအလုပ်သမားသံအရာရှိဟောင်း ဦးဝေလင်းမောင်ကအသိပေးဆိုထားပါတယ်။


"နိုဝင်ဘာ၁၀ရက် ထိုင်းနိုင်ငံ  အေကချိုင်ဘန်းဘောစွယ်89ရှိမြန်မာနိူင်ငံသားအများစု နေထိုင်ရာတိုက်တန်းလျားတွင် မြန်မာအမျိုးသမီးတစ်ဦးအခန်းအတွင်းသေဆုံးနေကြောင်းသိရပါတယ်။


ထိုမိန်းကလေးမှာ ထားဝယ်သူဖြစ်တယ်လို့သိရပါတယ်။မိသားစုဆွေမျိုးများ တွေ့ရှိပါက ဆက်သွယ်လာပေးပါ။အမျိုးသားညီညွတ်ရေးအစိုးရ အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အမှုမှန်ပေါ်ပေါက်နိုင်ရေးအတွက် IRA အဖွဲ့သို့ တာဝန်ပေးအပ်၍ နယ်မြေခံရဲစခန်း နှင့် ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်"လို့ဆိုထားပါတယ်။ ထိုင်းရဲတပ်ဖွဲ့ကစစ်ဆေးရာမှာ အလောင်းမှာ အဝတ်စလစ်ဖြစ်၍ လည်လိမ်ပြီးဒဏ်ရာတစ်ချို့နှင့်သေဆုံးနေ၍  လူသတ်ခံရသည့်ပုံစံလို့မှတ်ချက်ပြုထားပါတယ်။


========================


📌📌 ၅။ PDF-Htilin အတွက် အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ဝန်ကြီးဌာနမှ ငွေကျပ် (,၅၀၀,၀၀၀) သိန်း ကူညီ ထောက်ပံ့


PDF-Htilin အတွက် အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ဝန်ကြီးဌာနမှ ငွေကျပ် (,၅၀၀,၀၀၀) သိန်း ကူညီ ထောက်ပံ့ခဲ့ပါတယ်။ နိုဝင်ဘာ ၁၁ ရက်မှာ PEOPLE'S DEFENCE FORCE-HTILIN (YRPA) ကအသိပေးဆိုပါတယ်။


"နိုဝင်ဘာလ (၁၀) ရက်နေ့ ဖဲကြိုးဖြူ ကမ်ပိန်း တွင် PDF-Htilin ဂန့်ဂေါခရိုင်အမှတ် (//၁၀) တပ်ရင်းမှ ရဲမေများအတွက် အနွေးထည် ၊ခြုံစောင်၊ဆပ်ပြာ၊အမျိုးသမီးအသုံးအဆောင်ပစ္စည်းများ နှင့် ပြည်သူ့ကာကွယ်ရေးတပ်သားများ အတွက် အသားဟင်းနဲ့ ထမင်းတစ်နပ်စာ မကွေးတိုင်း ဆက်သွယ်ရေးတာဝန်ခံ မှ ဆက်သွယ်ကာ ငွေကျပ် (,၅၀၀,၀၀၀) သိန်း ကူညီ ပံ့ပိုးပေးပါသော " အမျိုးသမီးလူငယ်နှင့်ကလေးသူငယ်ဝန်ကြီးဌာန " အား အထူးပင် ကျေးဇူးတင်ရှိပါတယ်"လို့ဖော်ပြပါတယ်။


နိုဝင်ဘာလ (၂၅)ရက်နေ့မှ ဒီဇင်ဘာလ (၁၀)ရက် နေ့သည် ကမ္ဘာနှင့်အဝန်းတွင် နှစ်စဉ်ကျင်းပလေ့ရှိသော ၁၆ ရက်တာ ဖဲကြိုးဖြူ လှုပ်ရှားမှုကာလ ဖြစ်ပါတယ်။


========================


📌📌 ၆။ ကချင်ပြည်နယ် မိုးမောက်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ကာ အရပ်သားနေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီး


ကချင်ပြည်နယ် မိုးမောက်မှာ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်ကာ အရပ်သားနေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုးမောက်  အထက ကျောင်းရှေ့ရှိ နေအိမ်နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သတင်းရရှိပါတယ်။


"မိုးမောက်မှာ ဘာ တိုက်ပွဲမှ မရှိပဲ စကစ သူတို့ဟာ သူတို့ဘာသာ စစ်ပွဲဖန်တီးပြီး လက်နက်ကြီးငယ် ရမ်းသန်းပစ်ခတ်ခဲ့ပါတယ်။ အိမ်တွေကိုလည်းမီး လိုက်ရှို့ခဲတယ် လို့ သိရပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုပါတယ်။ လက်ရှိမှာ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေကြရပြီးတော့ ကချင်ပြည်နယ်ကို စကစတပ်များဟာ ယခုရက်ပိုင်းအတွင်း ထိုးစစ်ဆင်မှုများပြုလုပ်လျက်ရှိပါတယ်။


========================


📌📌 ၇။ လက်ဆောင်ထုတ်မှတ်၍ ဖွင့်ဖောက်ကြည့်ရာမှ စကစခန့် ကောလင်းမြို့နယ် တရားသူကြီး ဗုံးထိသေဆုံး


လက်ဆောင်ထုတ်မှတ်၍ ဖွင့်ဖောက်ကြည့်ရာမှ စကစခန့် ကောလင်းမြို့နယ် တရားသူကြီး ဗုံးထိသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ၁၁ ရက် မနက်ပိုင်း ပါဆယ်ဗုံးကို ဖွင့်ဖောက်ကြည့်ရာမှ ကောလင်းမြို့နယ် စကစခန့်တရားသူကြီးထိမှန် ခဲ့တယ်လို့ ကောလင်း တော်လှန်ရေးအင်အားစုကဆိုပါတာ်။


"ကောလင်းမြို့နယ် ရဲစခန်းအနီး တရားရုံးမှာ နိုဝင်ဘာ၁၁ရက်နေ့မနက်က ပေါက်ကွဲ.မှုဖြစ်ပွားခဲ့ပါတယ်။စကစလက်အောက်မှာ တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းသုံးဦးနှင့်တရားသူကြီးတစ်ဦး ထိမှန်ခဲ့တယ်"လို့ဆိုပါတယ်။ ဗုံးပေါက်ကွဲ၍ သေဆုံးသူမှာ မြို့နယ်တရားသူကြီးဦးဘရန်ဆိုင်းဖြစ်ပြီးတော့ ပါဆယ်ထုတ်ကို ဖွင့်ကြည့်ခဲ့သူလည်းဖြစ်ပါတယ်။


========================


📌📌 ၈။ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာမှ ဆက်ကြေးကောက်၍ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များမိုင်းမိ၍ ဦးပွဲချင်းပြီးသေဆုံး


ပဲခူးတိုင်း သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာမှ ဆက်ကြေးကောက်၍ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များမိုင်းမိ၍ ဦးပွဲချင်းပြီးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ (၁၁) ရက်နေ့ နေ့လယ် (:၃၀) ခန့်တွင် စကစတပ်များကိုမိုင်းဆွဲ တိုက်ခိုက်ခဲ့တာလို့ သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ကအတည်ပြုပါတယ်။


"အုတ်ဖိုမြို့နယ် ကြို့ကိုးပင်ရွာမှ ဆက်ကြေးကောက်၍ ပြန်လာသော အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့များကို ကြို့ကိုးပင်ရွာနှင့် ဝိုင်းရွာအကြားတွင် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ၅ က နိုဝင်ဘာ(၁၁)ရက်နေ့ နေ့လယ်(:၃၀)ခန့်တွင် မိုင်းဆွဲ တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ()ဦး နေရာ၌ ပွဲချင်းပြီးသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။


မိုင်းထိ၍စကစတပ်သား အများအပြား ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီးတော့အကြမ်းဖက်စစ်ကောင်စီဘက်မှ ရမ်းသန်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း တော်လှန်ရေးရဲဘော်များ  ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၉။ မင်းတပ်မြို့ ၂၇၄ တပ်ရင်းမှ ကျေးရွာများဘက်သို့ညအချိန် လက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်


ချင်းပြည်နယ် မင်းတပ်မြို့ ၂၇၄ တပ်ရင်းမှ ကျေးရွာများဘက်သို့ညအချိန် လက်နက်ကြီးနဲ့အချက်ပေါင်းများစွာပစ်ခတ်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၁ ရက် နာရီ ကျော်အချိန်မှာ မင်းတပ်မြို့ထဲကနေ ရွာတွေကို ပစ်ခတ်ခဲ့တာလို့ မင်းတပ် CDFက radio NUG ကို အတည်ပြုဆိုပါတယ်။


"ဒီကောင်တွေ မြို့ထဲကနေ ရွာဘက်ကို ပစ်နေတာပါခင်ဗျ။ ထိခိုက်ပျက်စီးမှုမသိရသေးပါဘူး။ ညပိုင်းက  ရွာဘက်သွားလာခွင့်တွေ ပိတ်ထားလို့ပါ"လို့ မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ မင်းတပ်မြို့ ၂၇၄ တပ်ရင်းမှ ကျေးရွာများဘက်သို့အကြောင်းမဲ့ လက်နက်ကြီးများ မနားတမ်းရမ်းသမ်းပစ်ခတ်နေသောကြောင့်ကျေးရွာနေပြည်သူများနဲ့ သက်ကြီးရွယ်အိုများထွက်ပြေးပုန်းရှောင်နေရတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၁၀။ တန့်ဆည်မြို့နယ်ဝရငယ်မူးတံတားအနီး စကစတပ်စစ်ကြောင်း ပဒေသာမိုင်းမိ၍ ဦးသေဆုံးခဲ့


စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ်ဝရငယ်မူးတံတားအနီး စကစတပ်စစ်ကြောင်း ပဒေသာမိုင်းမိ၍ ဦးသေဆုံးခဲ့တယ်လို့ သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁၁ ရက်မှာ စကစတပ်စစ်ကြောင်းကို တန့်ဆည် .က. မှ ပဒေသာမိုင်း () လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့အတည်ပြုဆိုပါတယ်။


"တန့်ဆည်၊ဝရငယ်မူးတံတားတောင်ဖက် ရေကျော်တံတား​​ပေါ် ဖြတ်တက်လာသော ခမရ (၃၆၈) စစ်ကြောင်းအား တန့်ဆည် .က. မှ ပဒေသာမိုင်း () လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီးလက်နက်ငယ်များဖြင့်ပစ်ခတ်ခဲ့ရာစကစတပ်က ဦး နေရာတင် သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲကြာချိန် နာရီဝက်ခန့်ဖြစ်ပွားခဲ့ပြီး သေဆုံး ဒါဏ်ရာရ အလောင်းများအားမြို့တွင်းသို့ ထမ်းစဥ် () ခု ဖြင့် သယ်ဆောင်သွားပြီး တချို့တဝက်ကိုကားဖြင့်သယ်ဆောင်ခဲ့တယ်လို့ တန့်ဆည်ပကဖကအတည်ပြုပါတယ်။ ကာကွယ်ရေးရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment