15th NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အညာဒေသရဲ့ သပိတ်လှုပ်ရှားမှုတွေဟာ နယ်မြေစိုးမိုးမှုသရုပ်ကိုဖော်ပြနေတယ်လို့ ကာကွယ်ရေးဝန်ကြီးပြောကြား

📌 ၂။ အကြမ်းဖက်စစ်ကောင်စီရဲ့အသင်းအဖွဲ့ဥပဒေဟာ ရာဇဝတ်မှုတပ်ပြီး အရေးယူနိုင်ဖို့အတွက် တမင်သက်သက် ပြဌာန်းလိုက်တဲ့ မတရားကြေညာချက်ဖြစ်တယ်လို့ လူ့အခွင့်ရေးရာ ဝန်ကြီးပြောကြားလိုက်

📌 ၃။ NUGPay မှ စျေးကွက်အတွင်း သန်းပေါင်း ၄၅၀၀ နဲ့ လည်ပတ်နေ

📌 ၄။ ပြင်သစ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေနဲ့နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း၊ သက်တမ်းကုန်ဆုံးခြင်းအခက်အခဲများကို NUG ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်

📌 ၅။  "မသောက်မိသောမိုခါးရေ " ကိုနယူးဇီလန် ဝယ်လင်တန်မြို့မှာ ဆက်လက်ပြသမယ်

📌 ၆။ ဆန်ဖရန်စစ္စကိုမြို့မှာ မိုးခါးရေရုပ်ရှင်ပြပွဲ စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆၅၀၀၀ ကျော်စံချိန်တင်ရရှိ

📌 ၇။ ဗန်းမောက်မြို့နယ်အတွင်း စစ်ရေးပြင်းထန်နေပြီးကံကုန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၇လုံး ကြဲချ

📌 ၈။ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးစခန်းမှ စက်မှူ- သို့ပြန်လာသောစကစတပ် ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်၍ စကစတပ်ကနှစ်ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အညာဒေသရဲ့ သပိတ်လှုပ်ရှားမှုတွေဟာ နယ်မြေစိုးမိုးမှုသရုပ်ကိုဖော်ပြနေတယ်လို့ ကာကွယ်ရေးဝန်ကြီးပြောကြား


အညာဒေသရဲ့ သပိတ်လှုပ်ရှားမှုတွေဟာ နယ်မြေစိုးမိုးမှုသရုပ်ကိုဖော်ပြနေတယ်လို့ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။ နိုဝင်ဘာ ၁၄ ရက်ကျင်းပတဲ့ပြည်သူတွေပါဝင်တိုက်နေတဲ့ အဆုံးအဖြတ်ခေါ်မယ့် တွန်းလှန်စစ်ပွဲ စကားဝိုင်းမှာ ကာကွယ်ရေးဝန်ကြီးက အဖွင့်မိန့်ခွန်းပြောကြားခဲ့ပါတယ်။


"အကြမ်းဖက် ဖိနှိပ်မှုတွေရှိနေပေမယ့် သပိတ်လှုပ်ရှားမှုတွေဟာ အလံမလှဲ ရှိနေမြဲ ဖြစ်ပါတယ်။မြို့ပြ ပြောက်ကျားသပိတ် လှုပ်ရှားမှုတွေဟာ ယနေ့ထက်ထိတိုင် တွေ့နေရပါတယ်။အညာဒေသမှာဆိုရင် လူထုထောင်ချီပြီး သပိတ်လှုပ်ရှားမှုဟာ ပြည်သူ့တော်လှန်ရေးရဲ့နယ်မြေ စိုးမိုးမှု ကိုသရုပ်ဖော်ပြသပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာအမျိုးသားညီညွတ်ရေးအစိုးရဟာ ပြည်သူ့ခုခံတွန်းလှန်စစ်ရဲ့ လာမယ့်နှစ် တစ်နှစ်တာ စီမံချက်ကို ရေးဆွဲ အကောင်အထည်ဖော်ဆောင်နေပြီးတော့ ပကတိအရှိတရားကို ဖော်ထုတ်ရေးဆွဲထားတဲ့ စီမံချက်လည်းဖြစ်တယ်လို့ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်ကောင်စီရဲ့အသင်းအဖွဲ့ဥပဒေဟာ ရာဇဝတ်မှုတပ်ပြီး အရေးယူနိုင်ဖို့အတွက် တမင်သက်သက် ပြဌာန်းလိုက်တဲ့ မတရားကြေညာချက်ဖြစ်တယ်လို့ လူ့အခွင့်ရေးရာ ဝန်ကြီးပြောကြားလိုက်


အကြမ်းဖက်စစ်ကောင်စီရဲ့အသင်းအဖွဲ့ဥပဒေဟာ ရာဇဝတ်မှုတပ်ပြီး အရေးယူနိုင်ဖို့အတွက် တမင်သက်သက် ပြဌာန်းလိုက်တဲ့ မတရားကြေညာချက်ဖြစ်တယ်လို့ လူ့အခွင့်ရေးရာ ဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ၏အသင်းအဖွဲ့မှတ်ပုံတင်ဥပဒေအပေါ်ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းရဲ့မှတ်ချက်ကို နိုဝင်ဘာ ၁၄ ရက်မှာ ဝန်ကြီးဌာနကဖော်ပြပါတယ်။


"အခုပြဌာန်းတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ဥပဒေကတော့ ဘာကိစ္စလုပ်လုပ် လုပ်ဆောင်မယ့် အဖွဲ့အစည်းအားလုံးကို တင်းကြပ်ထိန်းချုပ်ပြီး၊ အပြစ်ပေးဖို့ ရည်ရွယ်တာပါပဲ။ အသင်းအဖွဲ့တွေ လွတ်လွတ်လပ်လပ် လုပ်နိုင်ဖို့ အဲဒီလိုမျိုး မဟုတ်ဘဲ အသင်းအဖွဲ့တွေရဲ့ လုပ်ရပ်ကို ထိန်းချုပ်မယ်။ တချိန်တည်းမှာပဲ ဒီမိုကရေစီရေးနဲ့ ပတ်သက်ပြီး၊ လုပ်ဆောင်နေတဲ့အဖွဲ့တွေ၊ လူသားချင်းစာနာမှု အကူအညီ လုပ်ဆောင်နေတဲ့ အဖွဲ့အစည်းတွေကို ရာဇဝတ်မှုတပ်ပြီး အရေးယူနိုင်ဖို့အတွက် တမင်သက်သက် ပြဌာန်းလိုက်တဲ့ မတရားကြေညာချက်ပဲ ဖြစ်ပါတယ်။ ဥပဒေလို့တောင် ပြောလို့ မရပါဘူး။"လို့ဆိုပါတယ်။ လက်ရှိမှာလည်း အကြမ်းဖက်စစ်တပ်ဟာ လူမှုရေးအသင်းအဖွဲ့များနဲ့ အရပ်ဘက်အဖွဲ့အစည်းဝင်တို့ကို လိုသလိုခေါင်းစဥ်တပ် ဖမ်းဆီးမှုတို့လည်းရှိနေပါတယ်။


========================


📌📌 ၃။ NUGPay မှ စျေးကွက်အတွင်း သန်းပေါင်း ၄၅၀၀ နဲ့ လည်ပတ်နေ


NUGPay မှ စျေးကွက်အတွင်း သန်းပေါင်း ၄၅၀၀ နဲ့ လည်ပတ်နေတယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁၄ ရက်မှာ NUGPay အစီရင်ခံစာကိုအသိပေးဖော်ပြပါတယ်။


"NUGPay စတင်ခဲ့ချိန်မှ ယခုအထိ အင်အားအပြည့်ဖြင့် ဝန်းရံပေးခဲ့မှုကြောင့် NUGPay အောင်မြင်မှု မှတ်တိုင်များအား မြင်တွေ့လာရပါတယ်။ပြည်သူများ၏ ခွန်အားဖြင့် NUGPay သည် ပန်းတိုင်ဖြစ်သော အာဏာရှင်စနစ်ပျက်သုဉ်းသည် အထိ မမှိတ်မသုန် ကြိုးပမ်းသွားမယ်လို့ကတိပြုပါတယ်"လို့ဆိုပါတယ်။


NUGPay အစီရင်ခံစာအရ ဒေသ ၁၂ ခုမှာလည်ပတ်နေပြီးတော့ သုံးစွဲသူ ၁၇၇၀၃ ဦးရှိကာ စျေးကွက်အတွင်း သန်းပေါင်း ၄၅၀၀ နဲ့ လည်ပတ်နေပါတယ်။


========================


📌📌 ၄။ ပြင်သစ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေနဲ့နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း၊ သက်တမ်းကုန်ဆုံးခြင်းအခက်အခဲများကို NUG ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်


ပြင်သစ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေနဲ့နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း၊ သက်တမ်းကုန်ဆုံးခြင်းအခက်အခဲများကို NUG ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးသို့ ဆက်သွယ်အကူအညီတောင်းခံနိုင်တယ်လို့ သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁၄ ရက်မှာ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးကတရားဝင်အသိပေးကြေညာပါတယ်။


"ပြင်သစ်နိုင်ငံရောက် မြန်မာနိုင်ငံသားများ အနေဖြင့် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးခြင်း၊ သက်တမ်းကုန်ဆုံးခြင်း၊ အစရှိသော အခက်အခဲများရှိခဲ့လျှင်၊ စစ်ကောင်စီလက်အောက်ခံမြန်မာသံရုံးသို့သွားရောက်ပတ်သက်ဆက်စပ်လိုခြင်း မရှိပါက၊ ပြင်သစ်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရကိုယ်စားလှယ်ရုံးတွင် အထက်ပါကိစ္စရပ်များနှင့်ပက်သက်၍ဆက်သွယ်အကူအညီတောင်းနိုင်ပြီဖြစ်ပါတယ်"လို့ဖော်ပြပါတယ်။


အကူအညီလိုအပ်သူများအနေနဲ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြင်သစ်နိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးဖေ့ဘွတ်စာမျက်နှာမှတဆင့်သော်လည်ကောင်း၊ ကိုယ်စားလှယ်ရုံးအီးမေလ်း office.fr@mofa.nugmyanmar.org မှတဆင့်သော်လည်းကောင်း ဆက်သွယ်နိုင်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။  "မသောက်မိသောမိုခါးရေ " ကိုနယူးဇီလန် ဝယ်လင်တန်မြို့မှာ ဆက်လက်ပြသမယ်


မသောက်မိသောမိုခါးရေ " ကိုနယူးဇီလန် ဝယ်လင်တန်မြို့မှာ ဆက်လက်ပြသမယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာ ၁၄ ရက်နေ့မှာ မိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီကအသိပေးဆိုပါတယ်။


"အော်ကလန်ပွဲမှာမကြည့်လိုက်ရတဲ့သူတွေအနေနဲ့ လာမယ့် နိုဝင်ဘာ ၂၆ ရက် စနေနေ့ညနေ နာရီ  ဝယ်လင်တန်မြို့ ဝိတိုရိယ ယူနီဗာစတီ ကျောင်းသားသမဂ္ဂသီရေတာမှာ ထပ်မံ ပြသမှာဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ် ။သတ်မှတ်ထားသော ရောင်းချသူများထံမှ ထိုင်ခံလက်မှတ်များ အမြန် ဝယ်ယူနိုင်ပါပြီ။ ထိုင်ခုံအရေတွက်အကန့်သတ်ရှိပါတယ်"လို့ဆိုပါတယ်။


ပြီးခဲ့တဲ့ နိုဝင်ဘာ ရက်နေ့ အော်ကလန်မြို့မှာ ပရိတ်သတ် ၃၀၀ လောက် လာရောက်ကြည့်ရှုအားပေးခဲ့ကြပါတယ်။ တော်လှန်ရေးရံပုံငွေအဖြစ် နယူးဇီလန်ဒေါ်လာ တစ်သောင်းလေးထောင်လောက်ရရှိခဲ့ပါတယ်။ ဒါရိုက်တာကိုပေါက် ရိုက်ကူးတဲ့ မိုးခါးရေ ရုပ်ရှင်ဟာ တကမ္ဘာလုံး နိုင်ငံပေါင်းများစွာက မြို့ကြီးပေါင်းများစွာမှာ နေ့စဥ်ရက်ဆက် ပြသနေခဲ့တာ နှစ်လနီးပါးရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၆။ ဆန်ဖရန်စစ္စကိုမြို့မှာ မိုးခါးရေရုပ်ရှင်ပြပွဲ စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆၅၀၀၀ ကျော်စံချိန်တင်ရရှိ


အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ မိုးခါးရေရုပ်ရှင်ပြပွဲ စုစုပေါင်း ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၆၅၀၀၀ ကျော်စံချိန်တင်ရရှိခဲ့ပါတယ်။ နိုဝင်ဘာ ၁၄ ရက်မှာ မိုးခါးရေ ရုပ်ရှင်ပြသရေးကော်မတီကအသိပေးဆိုပါတယ်။


ရုံပြည့် ရုံလျှံ အားပေးခဲ့တဲ့ ဒါရိုက်တာ ကိုပေါက်ရဲ့ မိုးခါးရေ ရုပ်ရှပ်ပြပွဲမှာ ဗိုလ် ချုပ် အောင်ဆန်း ပုံတူ - UD $ 2500 နဲ့ အမေစု ပုံတူ ခဲ ပန်းချီ - US $ 2500 နဲ့ လေလံတင်ရောင်းချ အောင်မြင်ခဲ့ပါတယ်။ ပန်းချိီနုယဉ်ငြိမ်းချမ်းရေး မိခင်ပန်းချီကားလေလံ ကို US$ “၈၈၈၈နဲ့လေလံ အောင်မြင်ခဲ့ပါတယ်။


========================


📌📌 ၇။ ဗန်းမောက်မြို့နယ်အတွင်း စစ်ရေးပြင်းထန်နေပြီးကံကုန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၇လုံး ကြဲချ


ဗန်းမောက်မြို့နယ်အတွင်း စစ်ရေးပြင်းထန်နေပြီးကံကုန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး လုံး ကြဲချခဲ့ပါတယ်။ နိုဝင်ဘာ ၁၄ ရက် မွန်းလွဲပိုင်းမှာ အကြမ်းဖက်စစ်တပ်က ဗန်းမောက်မြို့ အနောက်ဘက် ကံကုန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာနဲ့လေကြောင်းတိုက်ခိုက်ခဲ့တယ်လို့ ဗန်းမောက် တော်လှန်ရေးအင်အားစုကဆိုပါတယ်။


"နိုဝင်ဘာ ၁၄ ရက် နေ့လည်တစ်နာရီတွင် ဗန်းမောက်မြို့ အနောက်ဘက် ကံကုန်းရွာအား အကြမ်းဖက်စစ်တပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံး ၇လုံး ကျဲချသွားပါတယ်။ လူသူထိခိုက်မှုမရှိကြောင်း သတင်းရရှိပါတယ်"လို့ဆိုပါတယ်။


လက်ရှိအချိန်တွင် ဗန်းမောက်မြို့နယ်အတွင်း စစ်ရေးပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်များမှ ရွာမီးရှို့ခြင်း၊ လူသားတံတိုင်းပြုလုပ်ခြင်း၊ ရွာသူရွာသားများအား အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်းများလုပ်ဆောင်နေတယ်လို့ ဗန်းမောက်တော်လှန်ရေးအင်အားစုကဆိုပါတယ်။


========================


📌📌 ၈။ မြိုင်မြို့နယ် သရက်ကန်ပျူစောထီးစခန်းမှ စက်မှူ- သို့ပြန်လာသောစကစတပ် ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်၍ စကစတပ်ကနှစ်ဦးသေဆုံး


မကွေးတိုင်းမြိုင်မြို့နယ် သရက်ကန်ပျူစောထီးစခန်းမှ စက်မှူ- သို့ပြန်လာသောစကစတပ် ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်၍ စကစတပ်ကနှစ်ဦးသေဆုံးခဲ့ပါတယ်။


နိုဝင်ဘာ ၁၄ ရက် ညနေ နာရီ ၂၅ ခန့်အချိန်တွင် သရက်ကန်ပျူစောထီးစခန်းမှ စက်မှူ- သို့ပြန်လာသော စကစတပ်ကား ၂စီးအားဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ Myaing Garuda PDF ကဆိုပါတယ်။


"ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ( မြိုင် ပကဖ တပ်ရင်း တပ်ခွဲ )နှင့် မြိုင် ပကဖ တပ်ရင်း ၁၊ တပ်ခွဲ တို့ပူးပေါင်း၍ နေ့ခင်း :၂၅ ခန့်အချိန်တွင် သရက်ကန်ပျူစောထီးစခန်းမှ စက်မှူ- သို့ပြန်လာသော စကစတပ်ကား စီးအား ကျောက်တိုင်လမ်းဆုံတွင် ရှေ့ထွက်မိုင်းသုံးလုံးနဲ့ဆွဲကာ လက်နက်ငယ်များနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။ တိုက်ခိုက်မှုမှာ Light Truck ကားပေါ်မှ စကစတပ်က ဦးသေဆုံးကာအများအပြားထိခိုက်ဒဏ်ရာရရှိပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment