18th NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၁၈ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက စစ်တရားရုံးများ အမြန်ဆုံး ဖွဲ့စည်းမယ်

📌 ၂။ နွေဦးတော်လှန်ရေး ရာခိုင်နှုန်းပြည့်အောင်မြင်ဖို့ တစ်မျိုးသားလုံးနဲ့တစ်နိုင်ငံလုံးပါဝင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

📌 ၃။ ကလေးသူငယ်တွေရှိတဲ့နေရာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများနဲ့ပစ်ခတ်မှုဟာ တိုက်ဆိုင်တာမဟုတ်တော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၄။ CDF-Matupi ရဲဘော်များအတွက် CDF-Matupi Fundraising Committee မှ ရန်ပုံငွေရှာဖွေခြင်း Live Charity Concert ကို NUG ပြည်ထောင်စုဝန်ကြီးများတက်ရောက်မယ်

📌 ၅။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကိုအကောင်အထည်ဖော်မယ့်ပညာရေးမူဝါဒ ဒုတိယမူကြမ်း မကြာခင်ပြီးဆုံးမယ်လို့ ပညာရေးဒုဝန်ကြီး အသိပေးဆို

📌 ၆။ အကြမ်းဖက်စစ်တပ်က ခင်ဦးမြို့နယ်ထဲရှိ ကျေးရွာများကိုဝင်ရောက်သောင်းကျန်းပစ်ခတ်၍ ယနေ့မနက် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလက်နက်ကြီးထိမှန်ကျဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ တရားရေးဝန်ကြီးဌာနက စစ်တရားရုံးများ အမြန်ဆုံး ဖွဲ့စည်းမယ်


အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနက စစ်တရားရုံးများ အမြန်ဆုံး ဖွဲ့စည်းမယ်လို့ နိုဝင်ဘာလ ၁၇ ရက်အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနနှင့် တရားရေးဝန်ကြီးဌာနတို့ တွေ့ဆုံဆွေး‌နွေးခဲ့ရာမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။


တွေ့ဆုံပွဲကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး - ဦးရည်မွန်၊တရားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး - ဦးသိန်းဦး၊  တရားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်- ဦးမင်းနောင်ခိုင်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့် နှစ်ဘက်ဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါတယ်။ အစည်းအဝေးတွင် စစ်ဘက်၊ အရပ်ဘက် တရားစီရင်ရေးကိစ္စ မူဝါဒ ချမှတ်ရေး၊စစ်တရားရုံးများ အမြန်ဆုံး ဖွဲ့စည်းနိုင်ရေး၊ပြည်သူ့ကာကွယ်ရေး တပ်မတော်ဥပဒေတစ်ရပ်‌ ရေးဆွဲပြဋ္ဌာန်းနိုင်ရေးနှင့် အခြားအထွေထွေဆွေးနွေးမှုများဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေး ရာခိုင်နှုန်းပြည့်အောင်မြင်ဖို့ တစ်မျိုးသားလုံးနဲ့တစ်နိုင်ငံလုံးပါဝင်ရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း


နိုဝင်ဘာ ၁၇ ရက်နေ့ အမျိုးသားအောင်ပွဲ့နေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကအခုလိုဆိုလိုက်ပါတယ်။


"အခုကျနော်တို့ငါးဆယ်ရာခိုင်နှုန်း၊ ခြောက်ဆယ်ရာခိုင်နှုန်း လွတ်မြောက်တဲ့ ထိန်းချုပ်ဒေသတွေကနေ တစ်ရာ ရာခိုင်နှုန်းတော်လှန်ရေးကို အောင်မြင်မှုရရှိဖို့လိုမှာဖြစ်ပါတယ်။ဒီလို ရရှိဖို့ ကျနော်တို့ ဆက်လက်ပါဝင်ကြရမှာဖြစ်ပါတယ်။တမျိုးသားလုံး ၊တစ်နိုင်ငံလုံးပါဝင်ရမှာဖြစ်တယ်။ဒါဟာ ကျနော်တို့တွေအတွက်အရေးကြီးဆုံးဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ လက်ရှိမှာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ ပြည်သူ့ခုခံတွန်းလှန်စစ်ဟာလည်းအရှိန်မြှင့်လျက်ရှိပါတယ်။


========================


📌📌 ၃။ ကလေးသူငယ်တွေရှိတဲ့နေရာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများနဲ့ပစ်ခတ်မှုဟာ တိုက်ဆိုင်တာမဟုတ်တော့ဘူးလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


နိုဝင်ဘာ ၁၈ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က လူမှုကွန်ရက်မှတစ်ဆင့်အခုလို‌ ရေးသားပြောဆိုလိုက်ပါတယ်။


"ဟိုတခါ မိုးမောက်မြို့ပေါ်က မူကြိုကျောင်းကို လက်နက်ကြီးနဲ့ထုတယ်၊ အခု ဒီမောဆို မြို့ပေါ်က မူကြိုကျောင်း ထုပြန်ပြီ၊ ကလေး ယောက်ဆုံးပြီး ယောက် ဒဏ်ရာ ရ၊ တိုက်ဆိုင်မှုတော့ မဟုတ်တော့ဘူး"လို့ဝန်ကြီးကဆိုပါတယ်။ နိုဝင်ဘာလအတွင်းကရင်နီဒေသဒီမောဆိုးမြို့နယ်အတွင်းက မူကြိုကျောင်းကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနဲ့ ပစ်လို့ ကလေးငယ်တစ်ဦးသေပြီး ဦး ဒဏ်ရာရခဲ့ပါတယ်။


========================


📌📌 ၄။ CDF-Matupi ရဲဘော်များအတွက် CDF-Matupi Fundraising Committee မှ ရန်ပုံငွေရှာဖွေခြင်း Live Charity Concert ကို NUG ပြည်ထောင်စုဝန်ကြီးများတက်ရောက်မယ်


CDF-Matupi Fundraising Committee မှ ရန်ပုံငွေရှာဖွေခြင်း Live Charity Concert ကို နိုဝင်ဘာ ၁၉ ရက်တွင်  US စံတော်ချိန် 8:30 Pmမှာ ကျင်းပမယ်လို့သတင်းရရှိပါတယ်။


၎င်း Live Charity Concert တွင် အမျိုးသားညီညွတ်ရေးအစိုးမှ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ နှင့် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများပါဝင် ဟောပြောမှာလည်းဖြစ်ပါတယ်။ CDF-Matupi အတွက် တတ်နိုင်သလောက် အလှူငွေ များများထည့်ဝင်လှူဒါန်းပေးကြပါရန် CDF-Matupi Fundraising Committee မှတိုက်တွန်းနှိုးဆော်ထားပါတယ်။


========================


📌📌 ၅။ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကိုအကောင်အထည်ဖော်မယ့်ပညာရေးမူဝါဒ ဒုတိယမူကြမ်း မကြာခင်ပြီးဆုံးမယ်လို့ ပညာရေးဒုဝန်ကြီး အသိပေးဆို


နိုဝင်ဘာ ၁၇ ရက်မှာ ပညာရေးဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းက အခုလိုဆိုခဲ့ပါတယ်။


"အခုဆိုရင် ပထမမူကြမ်းကိုပြီးပြီးတော့ ဒုတိယမူကြမ်းကို ပိုမိုကျယ်ပြန့်စွာ ပိုမိုလေးနက်စွာနဲ့ အနာဂါတ် ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံကို အကောင် အထည်ဖော်တဲ့နေရာမှာ အထောက်အကူပြုလာတဲ့ ပညာရေးစနစ်ကြီးဖြစ်အောင် သိပ်မကြာခင်မီာ ပညာရေးမူဝါဒ မူကြမ်းကပြီးဆုံးတော့မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနာ ကြားကာလ ပညာရေးကို အကောင်အထည်ဖော်ဆောင်နေပြီးတော့ အထက်တန်းအဆင့် ပညာသင်ပြီးမြောက်ခြင်း စာမေးပွဲ များကို မကြာမီ စစ်ဆေးတော့မှာလည်း ဖြစ်ပါတယ်။


========================


📌📌 ၆။ အကြမ်းဖက်စစ်တပ်က ခင်ဦးမြို့နယ်ထဲရှိ ကျေးရွာများကိုဝင်ရောက်သောင်းကျန်းပစ်ခတ်၍ ယနေ့မနက် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလက်နက်ကြီးထိမှန်ကျဆုံး


စစ်ကိုင်းတိုင်း ရေဦးမြို့နယ်မှာအထိုင်ချထားတဲ့ အကြမ်းဖက်စစ်တပ်မှ ခင်ဦးမြို့နယ်ထဲရှိ ကျေးရွာများကိုဝင်ရောက်သောင်းကျန်းပစ်ခတ်၍ ယနေ့မနက် ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလက်နက်ကြီးထိမှန်ကျဆုံးခဲ့ပါတယ်။


နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်းမှာကံကြီးကုန်း အရှေ့ဘက် လယ်ကြားများမှ DY-2 မူးဘောင် မဏီကုန်း မှ တပင်ကောင်းဘက်ဦးတည် ထွက်ခွာလာပြီးလက်နက်ကြီးပစ်ခတ်ခဲ့တာလို့ဒေသခံများထံကစုံစမ်းသတင်းရရှိပါတယ်။ အဆိုပါပစ်ခတ်မှုကြောင့်ကာကွယ်ရေး ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး နှစ်ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။


အဆိုပါစစ်ကြောင်းဟာ နိုဝင်ဘာ၁၇ရက်နေ့ ရေဦးမြို့တိုင်းရင်းဆေးရုံမှ အင်အား၇၀ခန့်နဲ့ မူးမြစ်ကူးတံတားအရှေ့ဘက် ခြေလျင်တက်လာ၍ ခင်ဦးနယ် အနောက်တောင်ခြမ်း ညောင်ပင်ခြံ-ဆည်ကြီး-ကုန်းသာ ကျေးရွာတို့ကို တောလမ်းအတိုင်းစစ်ကြောင်းထိုးလာခဲ့တာဖြစ်ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။




#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment