21st NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ၂၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကလေးသူငယ်များ အနာဂတ်ကို လေးစားမှုရှိပြီး အကောင်းဆုံးထုဆစ်ပေးနိုင်ဖို့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို ကမ္ဘာ့ကလေးသူငယ်များနေ့မှာမေတ္တာရပ်ခံတယ်လို့ လူ့အခွင့်အရေးဝန်ကြီးထုတ်ပြန်ခဲ့တဲ့သတင်း

📌 ၂။ ချီးမြှောက်သင့်သူ စီဒီအမ်တွေကို ချီးမြှောက်ရမှာဖြစ်သလို အပြစ်ပေးသင့်သူကိုလည်း အပြစ်ပေးရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဇော်ဝေစိုးက ပြောကြားတဲ့သတင်း

📌 ၃။ ထားဝယ်မြို့နယ်မှာ ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ သေဆုံးတဲ့သတင်း

📌 ၄။ ဧည့်စာရင်းတိုင်ကြေး ငွေကျပ် ၂၀,၀၀၀ တောင်းသည့် မန္တလေးက ရပ်ကွက် ဒုအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့သတင်း

📌 ၅။ ဦးဂျင်မီနှင့်ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှုအပေါ် နင့်နင့်နာနာကြီးစိတ်ခံစားရတယ်လို့ ကိုမြအေးကပြောလိုက်တဲ့သတင်း

📌 ၆။ အင်းစိန်ထောင်ဝန်ထမ်း (၃၀) နီးပါးထွက်ပြေးတဲ့သတင်း

📌 ၇။ အကြမ်းဖက်စစ်တပ်နှင့် နှစ်ရက်တာတိုက်ပွဲသတင်းအခြေအနေကို ကေအန်ယူမူ‌တြော်သတင်းစဥ်က ထုတ်ပြန်လိုက်တဲ့သတင်း


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကလေးသူငယ်များ အနာဂတ်ကို လေးစားမှုရှိပြီး အကောင်းဆုံးထုဆစ်ပေးနိုင်ဖို့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို ကမ္ဘာ့ကလေးသူငယ်များနေ့မှာမေတ္တာရပ်ခံတယ်လို့ လူ့အခွင့်အရေးဝန်ကြီးထုတ်ပြန်ခဲ့တဲ့သတင်း


နိုဝင်ဘာလ ၂၀ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့ဖြစ်ပြီး  အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ်မှာ ကလေးသူငယ်များရဲ့အနာဂတ်ကို လေးစားမှုရှိပြီး အကောင်းဆုံးထုဆစ်ပေးနိုင်ဖို့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို  ထပ်လောင်းမေတ္တာရပ်ခံပါတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန ဝန်ကြီးဦးအောင်မျိုးမင်းက ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဝန်ကြီးကပြောကြားရာမှာမြန်မာနိုင်ငံက သဘောတူညီလက်မှတ်ရေးထိုးထားတဲ့ လူ့အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်တွေထဲမှာ ကလေးအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်ဟာလည်းအပါအဝင်ဖြစ်ပါတယ်။

ဒီသဘောတူစာချုပ်ပါအချက်များအရ ကလေးများရပိုင်ခွင့်ရှိတဲ့ အခြေခံအချက်()ချက်ဖြစ်တဲ့ ရှင်သန်ခွင့်၊ ဖွံ့ဖြိုး ခွင့်၊ ကာကွယ်မှုရပိုင်ခွင့်၊ပါဝင်ခွင့်စတဲ့ အခြေခံအခွင့်အရေးတွေကို ရရှိနိုင်စေဖို့ ဆောင်ရွက်ပေးရမယ့် တာဝန်ဟာ အစိုးရတစ်ရပ်ရဲ့တာဝန်ဖြစ်ပါတယ်။

ဒါပေမဲ့ လက်ရှိမြန်မာနိုင်ငံမှာတော့ ပြည်သူ့အာဏာကို လက်နက်အားကိုးရယူထားပြီး မိမိကိုယ်ကိုယ်အစိုးရလို့ သတ်မှတ်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီကြောင့် မြန်မာ့ကလေးငယ်များစွာဟာ အသက်ရှင်သန်ခွင့် အပါအဝင် ပညာသင်ကြားခွင့်၊ ကာကွယ်မှုရပိုင်ခွင့်တွေပါ ပျောက်ဆုံးနေရပါတယ်။ အပြစ်မဲ့ ကလေးငယ်တွေအပေါ် ပစ်မှတ် ထားပြီး လက်နက်ကြီး၊လက်နက်ငယ်၊လေကြောင်းတိုက်ခိုက်မှုတွေဆောင်ရွက်ပြီး ကလေးငယ်များရဲ့အနာဂတ် ကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးမှုပြုနေတယ်ဆိုတာကို လက်ယက်ကုန်းစာသင်ကျောင်း လေယာဉ်ဗုံးကြဲခံရတဲ့ ဖြစ်စဉ်၊ ဒီမောဆိုး မူကြိုကျောင်းတိုက်ခိုက်ခံရမှုဖြစ်စဉ်တွေက သက်သေခံလျက်ရှိပါတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ဒီလိုကလေးသူငယ်များရဲ့ အခွင့်အရေးဆုံးရှုံးမှုကို ကာကွယ်ပေးနိုင်ဖို့ လူတိုင်းလူတိုင်းမှာတာဝန်ရှိပြီး ကလေး သူငယ်တွေရပိုင်ခွင့်ရှိတဲ့အခွင့်အရေးတွေပြန်လည်ရရှိနိုင်ဖို့ စစ်အာဏာရှင်စနစ်ဆိုးပပျောက်ဖို့အမတန်အရေးကြီး တယ်ဆိုတာကိုလည်းမမေ့ဖို့လိုအပ်ပါတယ်။ 

အကြမ်းဖက်စစ်ကောင်စီအာဏာသိမ်းရန်ကြိုးပမ်းမှုဖြစ်စဉ်မတိုင်မီကာလတွေမှာ မြန်မာနိုင်ငံအနေနဲ့ အနာဂတ် မြန်မာ့ကလေးငယ်များရဲ့ အခွင့်အရေးများကို ကာကွယ်မှုပြုနိုင်မယ့် ဥပဒေတစ်ရပ် ပီပီပြင်ပြင်ထွက်ပေါ်ခဲ့တဲ့အပြင် ကောင်းမွန်တဲ့အရွေ့များစွာပါဝင်ခဲ့ပြီး နည်းဥပဒေတစ်ရပ်ပေါ်ထွက်ရေး ကိုလည်းအင်တိုက်အားတိုက်ကြိုးစားခဲ့ကြတာကိုတွေ့ရှိခဲ့ရပါတယ်။

ဒါကြောင့်အာဏာရှင်စနစ်ကို အမြတ်ဖြတ်ပြီး အနာဂတ်ဖက်ဒရယ်နိုင်ငံတော်သစ်မှာ ကလေးသူငယ်များ အနာဂတ်ကို လေးစားမှုရှိပြီး အကောင်းဆုံးထုဆစ်ပေးနိုင်ဖို့ ပြည်သူတစ်ဦးတစ်ယောက်ချင်းစီကို ကမ္ဘာ့ကလေးသူငယ်များနေ့မှာ ထပ်လောင်းမေတ္တာရပ်ခံပါကြောင်း လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက သတိပေးပြောဆိုသွားတာဖြစ်ပါတယ်ခင်ဗျာ.


========================


📌📌 ၂။ ချီးမြှောက်သင့်သူ စီဒီအမ်တွေကို ချီးမြှောက်ရမှာဖြစ်သလို အပြစ်ပေးသင့်သူကိုလည်း အပြစ်ပေးရမှာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာ ဇော်ဝေစိုးက ပြောကြားတဲ့သတင်း


စီဒီအမ်ဝန်ထမ်းများရဲ့ စိန်ခေါ်မှု ပြသနာတွေနဲ့ပက်သက်ပီး အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ပြင်ဆင်ထားမှုအခြေအနေကို မေးြမန်းခဏ်းတခုမှာ ကျန်းမာရေးနှင့်ပညာှရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတဦးဖြစ်သူဒေါက်တာဇော်ဝေစိုးကဖြေကြား ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ ခုလိုဖြေကြားရာမှာစီဒီအမ်ဆိုတာက ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခြင်းတမျိုးသာ ဖြစ်ကြောင်း ဝန်ကြီးက အနက်ဖွင့် ပြောဆိုသွားပါတယ်။ ဒါက မတရားတဲ့ အမိန့်အာဏာကိုဖီဆန်ခြင်းဖြစ်တယ် ကန်ဒပေါင်းစုံမှ ကျောင်းသားတွေကော ဆရာတွေကော ဝန်ထမ်း်တွေအကုန်ပါဝင်တဲ့စီဒီအမ်မှနေပြီးလက်နက်ကိုင်တော်လှန်ရေးအသွင်ပြောင်းခဲ့တာ ဖြစ်ကြောင်း မတရားဖမ်းဆီးသတ်ဖြတ်ခံရာမှ အာဏာဖီဆန်လက်နက်ကိုင်ခဲ့ကြတဲ့တော်လှန်ရေးကို ဘယ်သူမှ ထိန်းချုပ်လို့ မရဘူးလို့ ဝန်ကြီး

ကပြောပါတယ် ဆက်လက်ပြီး ပြည်ထောင်စုဝန်ကြီးက စီဒီအမ်မူဝါဒ ချထားဖို့လိုတဲ့အကြောင်းခုလို ပြောဆိုသွားပါတယ်။

(တရားဥပဒေနဲ့နိုင်ငံကိုတည်ဆောက်လို့မရဘူး ဒီချိန်မှာကော အနာဂါတ်မှာကော တရားနှင့်ဥပဒေနှင့် မူနဲ့ ဝါဒနဲ့ဖြစ်ရမယ် ဒါကြောင့်မို့ စီဒီအမ်မူဝါဒကို ကျနော်တို့ အန်ယူစီစီမှာတင်ထားတယ် ဒါကိုဥပဒေနဲ့အညီ ကျနော်တို့စီဒီအမ်မူဝါဒပေါ်လာစေချင်တယ် ဒါမှသာ ဥပဒေမဲ့ စီဒီအမ် နန်းစီဒီအမ်တွေအပေါ် ကျင့်သုံးမှုမရှိမှာ နောင်အနာဂါတ်အတွက် ကျနော်တို့ ဒီစီဒီအမ်တွေကို ချီးမြေှာက်သင့် ချီးမြောက်ရမှာပဲ ချီးမြောက်မှဖြစ်မှာ ဒီလူတွေ ဒီလောက်ခံစားထားပြီးပြီ ဒီလိုမျိုး စွန့်လွှတ်ပြီး အသက်တွေ ဘဝတွေ သူတို့ရဲ့ အသက်မွေးဝမ်းကြောင်းကိုစွန့်လွှတ်ပြီး ဒီစီဒီအမ်လုပ်ခဲ့သူတွေကို ချီးမြေှာက်ရမှာ ဒါ့အပြင် ချီးမြှောက်သင့်သူကိုလည်း ချီးမြှောက်ရမှာ ဒါ့အပြင် အပြစ်ပေးရမယ့်သူကိုလည်း အပြစ်ပေးရမှာပဲ ဒီလိုမျိုး အကြမ်းဖက် လက်နက်ကိုင်နေတဲ့ စိတ်ရူးပေါက်နေသူရဲ့လက်ထဲမှာ အကြမ်းဖက်စစ်တပ်ရဲ့ လက်ကိုင်ဒုတ်ဖြစ်နေသူကိုတော့ ကျနော်တို့ အပြစ်ပေးရမှာပဲ ဒါပေမယ့် အဲ့လိုမဟုတ်ဘဲနဲ့ မတတ်သာလို့လက်တွဲ နေရသူတွေဆိုရင် ဘယ်လိုမျိုး ကျနော်တို့သူတို့အတွက် အရေးယူဆောင်ရွက်မလဲဆိုတာလည်း ရှိရမှာပေါ့ အဲ့ဒီလိုမျိုး ပရင်စပယ်တွေ မူတွေ ဥပဒေပြဌာန်းချက်တွေ ထားမှသာလျှင့် အနာဂါတ်နိုင်ငံတော်ကို တည်ဆောက်ချိန်မှာ ဒီစီဒီအမ်တွေ နန်းစီဒီအမ်တွေကို သူ့နေရာနဲ့သူ အသုံးချလို့ရမယ် တိုင်းပြည်တည်ဆောက်ရမယ် မဟုတ်ရင် ဒီဟာတွေ ရန်ဖြစ်နေတာနဲ့ အကြမ်းဖက်နေတာနဲ့မဖြစ်ဘူးလေ အဲ့ဒါတွေမဖြစ်အောင် မူဝါဒချထားဖို့လိုတယ်လို့ကျနော်က ပြေတာ။ ဒါဟာလည်းနေရာအလိုက် ဒေသအလိုက် ဌာနအလိုက်တူမှာမဟုတ်ဘူး ဖက်ဒရယ်ယူနစ်တွေလည်း တူမှာမဟုတ်ဘူး. ဒါကြောင့် အန်ယူစီစီအနေနဲ့ ဒီအချိန်မှာ ဆုံးဖြတ်ထားဖို့လိုပြီ။ ဘာဖြစ်လို့လဲဆို‌ေတာ့ ခုချိန်မှာ ကိုင်းကိုနိုင်ပြောသလို အမြန်ကွက်တွေရွှေ့ပြီးသွားနေပြီ။ 

ဒီအမြန်ကွက်ထဲမှာ နှေးနေရင် နောင်ဖြစ်လာတဲ့အတွက် မထိန်းနိုင်မချုပ်နိုင်မဖြစ်ရအောင် အမြန်ကွက်ကို အန်ယူစီစီအနေနဲ့ စီဒီအမ်မူဝါဒနဲ့ပက်သက်ပြီးအမြန်ကွက်လေးရွှေ့လိုက်ပါလို့ ကျနော်က ပြောချင်တာပါ ကျေးဇူးပါ) ပီဗွီတီဗွီ ပြည်သူ့အသံ သတင်းဌာနရဲ့ တွေ့ဆုံမေးမြန်းခမ်းအစီအစဥ် မှာ ပြည်‌ထောင်စုဝန်ကြီးဒေါက်တာ ဇော်ဝေစိုးမှ စီဒီအမ်မူဝါဒနဲ့ပက်သက်ပြီး ခုလိုပြောဆိုလိုက်တာဖြစ်ပြီး ဒီအချက်ကို အန္ယူစီစီခေါ်တဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီအနေနဲ့ အမြန်ဆုံးအကောင်အထထည်ဖော်မူဝါဒဖော်ဆောင်ဖို့ သတိပေးပြောဆိုသွားတာ ဖြစ်ပါတယ်ခင်ဗျာ


========================


📌📌 ၃။ ထားဝယ်မြို့နယ်မှာ ပြည်သူ့ တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်များ သေဆုံးတဲ့သတင်း


တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ အရှေ့တောနယ်၊ ဝကုန်းကျေးရွာနဲ့သင်္ကန်တုန်းကျေးရွာအကြား ဘဲမတပ်တောင်အနီးမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် () ဦး သေဆုံးခဲ့တယ်လို့ ဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသတင်းထုတ်ပြန်ခဲ့ပါတယ်။

နိုဝင်ဘာ (၁၉) ရက်နေ့ မနက် () နာရီလောက်မှာ ထားဝယ်ကနေ ကား () စီးနဲ့ဝင်လာတဲ့ အကြမ်းဖက်တပ်အင်အား (၈၀) လောက်ပါတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကော်သူးလေအာမီနဲ့ ဒေသပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း နှစ်ဖက်တိုက်ပွဲ အချိန် တစ်နာရီခွဲကျော်အကြာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က () ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲပြီးနောက် စစ်ကောင်စီတပ်က ခြေလျင်နဲ့ စစ်ကြောင်းထပ်ထိုးဖို့ ပြင်ဆင်လာတဲ့အတွက် အခြေအနေကို စောင့်ကြည့်နေတယ်လို့ ထားဝယ်အရှေ့တော PDF တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ နှစ်ဖက်တိုက်ပွဲကြောင့် ဝကုန်းကျေးရွာနဲ့ သင်္ကန်တုန်းကျေးရွာက ဒေသခံပြည်သူတချို့ 

ထွက်ပြေးတိမ်းရှောင်တာတွေရှိလာနေပါတယ်။ အကြမ်းဖက်စစ်တပ်အာဏာသိမ်းပြီးနောက်  တနင်္ဿာရီဒေသရှိ ထားဝယ်လူမျိုးများရဲ့ ခုခံစစ်ဟာလည်း ရဲရဲဝံ့ဝံ့ထွန်းတောက်လျက်ရှိပြီးထားဝယ်မြို့နယ်၊ အရှေ့တောဒေသမှာအခုလို ခုခံစစ်  တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ


========================


📌📌 ၄။ ဧည့်စာရင်းတိုင်ကြေး ငွေကျပ် ၂၀,၀၀၀ တောင်းသည့် မန္တလေးက ရပ်ကွက် ဒုအုပ်ချုပ်ရေးမှူး ပစ်သတ်ခံရတဲ့သတင်း


မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ်တွင်  ဧည့်စာရင်းတိုင်ခအဖြစ် ငွေလိုက်လံတောင်းယူနေသည့် ရပ်ကွက် ဒုအုပ်ချုပ်ရေးမှူးတစ်ဦး လမ်းပေါ်တွင် ပစ်သတ်ခံရကြောင်း ဒေသခံများထံက သိရပါတယ်။

သေနတ်ဖြင့် ပစ်သတ်ခံရသူဟာ မဟာအောင်မြေမြို့နယ်၊ သံလျက်မှော်အနောက် မင်းကုန်းရပ်ကွက် ဒုတိယအုပ်ချုပ်ရေးမှူး ဒလန်ဟု အများက သတ်မှတ်ထားခြင်းခံရသူ ဦးထွန်းမြင့်အေး ဆိုသူဖြစ်ပြီး နိုဝင်ဘာ ၁၉ ရက်နေ့ နံနက် ၁၁ နာရီတွင်   သေနတ်ဖြင့် နှစ်ချက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း မန္တလေးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ Generation Z Power(GZP Mandalay) က ထုတ်ပြန်ပါတယ်။တခြားရပ်ကွက်မှာ ဧည့်စာရင်းတိုင်ရင် ,၀၀၀ ကနေ ,၀၀၀ ကအလွန်ဆုံးပဲ။  အဲဒီ ရပ်ကွက်လူကြီးက  ၂၀,၀၀၀ တောင်းတယ်။ ဧည့်စာရင်းတစ်ခါတိုင်ရင် ၂၀,၀၀၀ ပေးရတယ်။ သူကအိမ်အထိလိုက်ယူတယ်လေ။ ဒီလူအသတ်ခံရတော့မယ်လို့ ရပ်ကွက် ထဲပြောနေတာတောင်မကြာသေးဘူး။ အသတ်ခံလိုက်ရတာပါဟု အဆိုပါ ရပ်ကွက်ရှိ  သတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

ဦးထွန်းမြင့်အေးအား ဆေးရုံသို့ပို့ဆောင်စဉ် လမ်း၌ သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေအိမ်များကို ဝင်ရောက်စစ်ဆေးမှုများ ပြုလုပ်ခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူခြောက်ဦးခန့်အား ရိုက်နှက်ဖမ်းဆီးမှုများလုပ်ဆောင်ခဲ့ ကြောင်း GZP Mandalay က ထုတ်ပြန်ပါတယ်။ ရွေးကောက်ပွဲရလာဒ်ကိုဖျက်သိမ်းပြီး အခြေခံဥပဒေကို ချိုးဖောက်ကာ  စစ်တပ်ကအာဏာသိမ်းယူခဲ့တဲ့ ဖြစ်စဥ်များနောက်မှာ လက်နက်ကိုင်စွဲ ပြည်သူ့ခုခံစစ်တိုက်ပွဲများ နေရာအနှံ့ ပေါ် ပေါက်လျက်ရှိနေတဲ့အပြင် မြို့ရွာပေါ်များမှာ အပြန်အလှန်တိုက်ခိုက်မှုများလည်း နေ့စဥ်လိုလိုဖြစ်ပေါ်နေပါတယ်ခင်ဗျာ


========================


📌📌 ၅။ ဦးဂျင်မီနှင့်ဦးဖြိုးဇေယျာသော်ကို စစ်ကောင်စီက ကြိုးပေးကွပ်မျက်မှုအပေါ် နင့်နင့်နာနာကြီးစိတ်ခံစားရတယ်လို့ ကိုမြအေးကပြောလိုက်တဲ့သတင်း


အမျိုးသားနေ့ကို အကြောင်းပြုပြီး အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက မတရားဖမ်းဆီးထားတဲ့ ယုံကြည်ချက်အကျဥ်းသား အချို့ကို နိုဝင်ဘာလ ၁၇ ရက်နေ့က  ပြန်လွှတ်ပေးခဲ့ပါတယ်။ လွတ်မြောက်သူအချို့တွင် အာဏာသိမ်းမှုဖြစ်စဥ်အစကတည်းက ဖမ်းခံလိုက်ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်း‌ေဆာင်ကိုမြအေးလည်းပါဝင်လာတာ တွေ့ရပါတယ်။

လုပ်ဖော်ကိုင်ဘက်လည်းဖြစ် ယုံကြည်ချက်တူညီသူတွေလည်းဖြစ်တဲ့ ဦးဂျင်မီနှင့်ဦးဖြိုးဇေယျာသော် တို့နှစ်ဦးကို စစ်ကောင်စီက ကြိူးပေးကွပ်မျက်ခဲ့တာနဲ့ ပက်သက်ပြီး  ဘီဘီစီသတင်းဌာနရဲ့ မေးမြန်းမှုကို သူ့အနေနဲ့ နင့်နင့်နာနာကြီးခံစားရတယ်လို့ ကိုမြအေးက ဖြေကြားခဲ့တာပါ။ 

သူ့အနေနဲ့ ဒီကွပ်မျက်မှုအပေါ် နင့်နင့်နာနာကြီးကို ိစိတ်ခံစားရကြောင်း၊ ဦးဂျင်မီနှင့် ဦးြဖိုးဇေယျာသော်တို့နှစ်ဦးဟာ သူငယ်ချင်းလည်းဖြစ် ညီတွေလည်းဖြစ်တယ်ရဲဘော်ရဲဘက်လည်းဖြစ်ကြတယ် ဒီဖြစ်စဥ်အပေါ်မှာခံစားရတာက ဒါဟာနှစ်ပေါင်း ၃၅ နှစ် ၃၆ နှစ်လောက် ကြိုးပေးစနစ်မကျင့်သုံးခဲ့ဘဲ ကြိုးပြန်ပေးခဲ့တာ ြဖစ်တယ်။ ဒီလုပ်ရပ်ကြောင့် ပြည်တွင်းမှာရော နိုင်ငံတကာမှာရောအကျိုးသက်ရောက်မှုတွေကို  ထင်ထင်ရှားရှားမြင်ရမှာဖြစ်ပါကြောင်း စိတ်ခံစားချက်အရ ပြောမယ်ဆိုရင် စကားလုံးဖော်ပြမတတ်အောင်စိတ်ခံစားမှု ဖြစ်ရပါတယ် လို့ ကိုမြအေးက ဘီဘီစီ သတင်းဌာနရဲ့အမေးကို ပြန်လည်ဖြေကြားပါတယ်။  ဒါ့အပြင် နိုင်ငံရေးအရ ပြောမယ်ဆိုရင်လည်းဒါကြီးက ဘာအဓိပ္ပါယ်မှလည်း မရှိဘူးလို့ မြင်ကြောင်း  နိုင်ငံရေးအရလည်း ကောင်းကျိုးထက် ဆိုးကျိုးများတယ်လို့ မြင်ကြောင်းသူ့အမြင်ကို ထုတ်ဖော်သွားတာပါ။ နောက်ထပ်လည်း ကြိုးပေးကွပ်မျက်မှုတွေ မဖြစ်စေချင်ကြောင်းးကိုလည်း ကိုမြအေးက ထပ်လောင်းပြောဆိုပါတယ်။ နိုင်ငံရေးဖြစ်စဥ်န်ဲ့ပက်သက်ပြီး ဘယ်လိုခြုံငုံ မိလဲ ဘီဘီစီက  မေးရာမှာတော့ အချိန်တိုတွင်းမှာ သူ့အနေနဲ့ အကုန်လုံး သိမြင်ရဖို့  မလွယ်ဘူး ခုမြင်တာကတော့ ရှေ့ဆက် သွားကြရမယ့်အခြေအနေကတော့ အတော်ကြီးကို ခက်ခက်ခဲခဲသွားကြရတော့မယ်။ လက်ရှိမြေပြင် အခြေအနေကို ကြည့်ပြောမယ်ဆိုရင် မကြာခင်ရွေးကောက်ပွဲကြီးလုပ်ဦးမှာဖြစ်တယ်။ ဒီရွေးကေကာက်ပွဲ ဟာဒီလိုအ‌ြေခအနေမျိုးတွေနဲ့ ဆိုရင် တနိုင်ငံလုံးမှာ အကြားအလပ်မရှိ လုပ်နိုင်မလား ဆိုတဲ့အခြေအနေက အားလုံးမြင်နေတာပဲဗျ။ ဘယ်လွယ်မလဲ နောက်တချက်ကတော့ ပီအာစနစ်ဆိုတာလည်း အခြေခံဥပဒေနဲ့ကိုက်ညီမှုရှိမရှိ ပြန်စဥ်းစားဖို့လိုမှာဖြစ်ကြောင်း

ပြောပါတယ်။  ဒါ့အပြင် ၈၈ ခုနှစ်မျိုးဆက်အနေနဲ့ အခု ၂၀၂၁ အာဏာသိမ်းမှုဖြစ်စဥ်ဘယ်လိုကွာခြားမှုမြင်လဲမေးမြန်းမှုကိုလည်း ကိုမြအေးကခုလို ဖြေကြားပါတယ်။ခု အာဏာသိမ်းမှုက ၈၈ နှင့်မတူသလို ၆၂ အာဏာသိမ်းစဥ်တုန်းကနဲ့လည်း လုံးလုံးလျားလျားမတူဘူး ခုလက်ရှိအခြေအနေကြီးက ကောင်းလားဆိုးလားဆိုတာ ပြည်သူတွေရဲ့ နိုင်ငံရေးဘဝ စီးပွားရေးဘဝ လူမှုရေးဘဝတွေ ဘယ်လောက်လွတ်လပ်ပီလဲ ဘယ်လိုအခြေအနေရှိလဲ အကုန်ပြန်ကြည့်ရင် မြင်ရတာပဲဗျာလို့ မီးမောင်းထိုးပြသွားပါတယ်။ နိုင်ငံအရေးကို  ကျနော်တို့ဟာကျနော်တို့ဖြေရှင်းဖို့ထက် နိုင်ငံတကာနဲ့ပူးပေါင်းလက်တွဲဖြေရှင်းတာ ပိုသင့်တော်တယ်လို့ သူက ဘီဘီစီကို ဖြေကြားသွားတာ တင်ပြလိုက်ရပါတယ်။

ပြန်လည်လွတ်မြောက်လာသူ ဦးမြအေးဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မနက်အစောပိုင်းမှာ ဖမ်းဆီးခံခဲ့ရပြီး နှစ်နှစ်နီးပါးအကြာ ၂၀၂၂ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှာတော့ အင်းစိန်ထောင်ကနေ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ထောင်တွင်းအတွေ့အကြုံ  ဆက်လက်ဆောင်ရွက်မယ့်လှုပ်ရှားမှုအကြောင်းနှင့်နိုင်ငံရေးအမြင်တွေကို ဘီဘီစီသတင်းထောက် မအေးသူစံက ဆက်သွယ်မေးမြန်းခဲ့တာ ဖြစ်ပါတယ်ခင်ဗျာ


========================


📌📌 ၆။ အင်းစိန်ထောင်ဝန်ထမ်း (၃၀) နီးပါးထွက်ပြေးတဲ့သတင်း


အကြမ်းဖက်စစ်ကောင်စီလက်အောက်က ရန်ကုန်တိုင်း အင်းစိန်မြို့နယ်မှာရှိတဲ့ အင်းစိန်အကျဉ်းထောင်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် ထောင်ဝန်ထမ်း ၃၀ နီးပါးဟာ နိုဝင်ဘာလ တတိယပတ်ထဲမှာ ထွက်ပြေးသွားကြတယ်လို့ အကျဉ်းထောင် ဝန်ထမ်း တစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

ထွက်‌ပြေးခဲ့သူတွေဟာ  ထွက်စာတင်ထားတဲ့သူတွေရှိသလို တချို့ကတော့ ကျောင်းတက်မယ်ဆိုပြီး အပြင် ထွက်သွားချိန်မှာ ပြန်မလာကြတော့တာဖြစ်ပါတယ်။

ဝန်ထမ်းမိသားစုနဲ့ ရှေ့နေဝင်ထွက်အပေါက်ဘက်မှာ ထွက်ပြေးသွားသူတွေရဲ့ စာရင်းကပ်ထားတာ တွေ့တယ်။ အဲ့ဒီနားမှာ စစ်တပ်ကလူတွေစောင့်နေတာ သူတို့ထိုင်တဲ့နားဆိုတော့ ပုံတော့ ရိုက်မရဘူးလို့ အင်းစိန်ထောင်ဝန်ထမ်းတစ်ဦးက ပြောပါတယ်။ အခုလို မတရားဖမ်းဆီးထိန်းသိမ်းထားသူ အများစုရှိနေတဲ့ အင်းစိန်ထောင်ကနေ တာဝန် မထမ်းဆောင်လိုတော့တဲ့အတွက် ထွက်ပြေးသွားတဲ့ ဝန်ထမ်းတွေထဲမှာ အမျိုးသမီးဝန်ထမ်းတွေလဲပါဝင်ပါတယ်။ ဝန်ထမ်းထွက်ပြေးတဲ့ စာရင်းတွေကို နိုဝင်ဘာလ(၁၉) ရက်နေ့မှာ စတင်ကပ်ထားတာ ဖြစ်ပြီး ထွက်ပြေးသွားတဲ့သူတွေ ဝန်ထမ်းအိမ်ယာကိုပြန်လာရင် အကြောင်းကြားဖို့လည်း ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီက အသိပေးထားတယ်လို့ သိရပါတယ်။ 

အကြမ်းဖက်ပြီး အာဏာကိုဆုပ်ကိုင်ထားဆဲ  စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်း ဆောင်လိုတဲ့ ဝန်ထမ်းတွေဟာ ခုချိန်ထိ CDM ဝင်လာတာ သိန်းနဲ့ချီရှိနေပြီဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ


========================


📌📌 ၇။ အကြမ်းဖက်စစ်တပ်နှင့် နှစ်ရက်တာတိုက်ပွဲသတင်းအခြေအနေကို ကေအန်ယူမူ‌တြော်သတင်းစဥ်က ထုတ်ပြန်လိုက်တဲ့သတင်း


ဆောင်းတွင်းခြောက်သွေ့ရာသီချဉ်းနင်းဝင်ရောက်လာသည်နှင့်အမျှ KNLA-ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်တော်နှင့် နယ်မြေကျူးကျော်လာသည့်အကြမ်းဖက်စစ်ကောင်စီနှစ်ဖက်စစ်တပ်တို့ကြား အပြင် အာဏာသိမ်းစစ်တပ်ရဲ့ ခါးပိုက်ဆောင် BGF-နယ်ခြားစောင့်တပ်များနှင့်လည်း နေ့စဉ်နှင့်အမျှ တိုက်ပွဲဖြစ်ပွားနေတယ်လို့ ကေအန်ယူ မူတြော်သတင်းစဥ်က သတင်းဖော်ပြထားပါတယ်။ ထုတ်ပြန်ချက်မှာKNLA-ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်()တပ်မဟာမှစစ်သည်တော်များသည် ၁၉၉၆ ခုနှစ်နောက်ပိုင်းကာလမှ လက်လွတ်ဆုံးရှုံးခဲ့ရသည့်တပ်စခန်းများအား ပြန်လည်သိမ်းပိုက်ရယူလျှက်ရှိကြောင်းရေးသားထားသည်။ သို့ဖြစ်ပါ၍ နိုဝင်ဘာလ(၁၈)ရက်နေ့တွင် ဖာပွန်မြို့အရှေ့စူးစူး (၅၀)မိုင်ခန့်ရှိအကြမ်းဖက်စစ်ကောင်စီ၏ လယ်တိုးတပ်စခန်းအား ရှောင်တခင်ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတစ်ဉီးသေဆုံးသွားကြောင်း၊ အလားတူ တမြန်နေ့ နိုဝင်ဘာ(၁၇)ရက်နေ့ နံနက်လင်းအားကြီး ၀၆း၃၀နာရီအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၊ အမှတ်()တပ်မဟာလက်အောက်ရှိ တပ်ရင်း(၁၀၂)မှစစ်သည်တော်များသည် အကြမ်းဖက်စစ်ကောင်စီနှင့် BGF-နယ်ခြားစောင့်တပ်များစခန်းချထားသည့် သက်ဖိုးကလိုးစခန်းအားဝင်ရောက်စီးနင်းရာ အကြမ်းဖက်စစ်ကောင်စီနှင့် BGF-နယ်ခြားစောင့်တပ်ဖက်မှ()ဉီးသေဆုံးပြီး ()ဉီး ထိခိုက်အနာတရ ရရှိသွားကြောင်း အတည်ပြုဖော်် ပြထားပါတယ်။ ကေအန်ယူ မူတြော်သတင်းစဥ်ရဲ့ အဆိုပါထုတ်ပြန်ချက်အရ နှစ်ရက်တာတိုက်ပွဲအတွင်း KNLA-အမှတ်()တပ်မဟာမှစစ်သည်တော်များ ထိခိုက်ကျဆုံးမှုတစ်ဉီးတစ်ယောက်မျှမရှိခဲ့ဘူးလို့ ပါရှိပါတယ်။ စစ်ကောင်စီနှင့်လက်အောက်ခံ BGF တပ်များဟာ တိုက်ပွဲမှာအထိနာတိုင်း အနီးအနားရပ်ရွာများကို ရမ်းသမ်းပစ်ခတ်လေ့ရှိရာမှာ  နိုဝင်ဘာလ ၁၇ ရက်နေ့မှာလည်း  BGF ကားမှောင်ခိုဂိတ်စခန်းမှ ရမ်းသမ်းပြစ်ခတ်မှုကြောင့် မိကရင်ရွာမှ ကလေးငယ်များအပါအဝင်အရပ်သား ()ဦးသေဆုံးပြီး၊ ()ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြပါတယ်ခင်ဗျာ







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment