7th NOV 2022 - Morning Daily News by Radio NUG

၂၀၂၂ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၂။ ကမ္ဘာ့လွှတ်တော်ကိုယ်စားလှယ်များ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နှင့် တရားဥပဒေစိုးမိုးရေးအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတိုင်ပင်ရေးညီလာခံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတက်ရောက်

📌 ၃။ လူမှု အဆင့်အတန်း တိုးတက်လာနိုင်ရေးအတွက် အလုပ်သမား အခွင့်အရေး နဲ့သက်ဆိုင်တဲ့ခံစားခွင့်တွေကို လုပ်သားအားလုံးလွှမ်းခြုံအောင်လုပ်ပေးရမယ်လို့ဆို

📌 ၄။ မန္တလေးတောင်ရိပ်ညိုစီမံကိန်းမှာ Gems & Jewelry Hub ဆောက်ဖို့အတွက် ပေတစ်ရာပတ်လည် ဆယ်ကွက်ကို တစ်ဦးတည်း ထပ်မံဝယ်ယူသွားပြန်

📌 ၅။ အမေရိကန်နိုင်ငံ Buffalo မှာ မိုးခါးရေရုပ်ရှင် နိုဝင်ဘာ၂၆ ရက် ပွဲ ပြသမယ်

📌 ၆။ အီတလီနိုင်ငံ ရောမမြို့မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် စာတမ်းနှင့်အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကို ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒပြ

📌 ၇။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းနှင့် အကြမ်းဖက်မှုများ အရှိန်မြင့်လာချိန်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကလေးပေါင်းတစ်သန်းခွဲကျော်သွားပြီလို့ Save the Children ကထုတ်ပြန်

📌 ၈။ မြောင်မြို့နယ် T.G.R Women Drone Foce မှ လအတွင်း စကစတပ်နဲ့ ရဲများ အယောက် ၄၀ ကျော်ကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့

📌 ၉။ မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာနှင့် ဟင်္သာကုန်း ရွာကြား စစ်ကား စီးကို ပဒေသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ နိုဝင်ဘာ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၃/၂၀၂၂) ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင် သယံဇာတနှင့်သဘာ၀ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ‌တူးခေါင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် တက်ရောက်လာကြသော ပြည်ထောင်စုဝန်ကြီးများမှ နှုတ်ခွန်းဆက်စကားများပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီးအထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊လျှပ်စစ်၊ဆက်သွယ်ရေး၊အခွန်ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်းဆွေးနွေးခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးကို အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ဝန်ကြီးများ၊   ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ကမ္ဘာ့လွှတ်တော်ကိုယ်စားလှယ်များ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နှင့် တရားဥပဒေစိုးမိုးရေးအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတိုင်ပင်ရေးညီလာခံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတက်ရောက်


ကမ္ဘာ့လွှတ်တော်ကိုယ်စားလှယ်များ၏ နှစ်ပတ်လည်ဖိုရမ်နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)နှင့် တရားဥပဒေစိုးမိုးရေးအပေါ် လွှတ်တော်ကိုယ်စားလှယ်များ၏ ဆွေးနွေးတိုင်ပင်ရေးညီလာခံသို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီတက်ရောက်ခဲ့ပါတယ်။


နိုဝင်ဘာလ ရက်မှ ရက်အတွင်း အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့၌ အာဂျင်တီးနားအမျိုးသားကွန်ဂရက်လွှတ်တော်က အိမ်ရှင် အဖြစ် လက်ခံကျင်းပခဲ့တဲ့ “(၄၃) ကြိမ်မြောက် ကမ္ဘာ့လွှတ်တော်ကိုယ်စားလှယ်များ၏ နှစ်ပတ်လည် ဖိုရမ်နှင့် (၁၂) ကြိမ်မြောက် နိုင်ငံတကာရာဇဝတ်ခုံရုံး (ICC) နှင့် တရားဥပဒေစိုးမိုးရေးအပေါ် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆွေးနွေးတိုင်ပင်ရေးညီလာခံသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ခေါင်းဆောင်သော ကိုယ်စားလှယ်အဖွဲ့ဟာ ဗီဒီယိုကွန့်ဖရင့်မှ တစ်ဆင့် တက်ရောက်ခဲ့ကြပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌဟာ နိုဝင်ဘာလ () ရက်နေ့တွင် “The Role of Legislators in Atrocity-Prevention: Democratic Backsliding, a Precursor to gross Human Rights Violations?” ခေါင်းစဉ်ဖြင့် ပြုလုပ်သည့် ဆွေးနွေးပွဲသို့ ပါဝင်ဆွေးနွေးခဲ့ပါတယ်။


ကမ္ဘာပေါ်တွင် ဒီမိုကရေစီအပေါ် ခြိမ်းခြောက်မှုများနှင့်အတူ ဆိုးရွားသော လူ့အခွင့်အရေးချိုးဖောက်ခံရမှုများ၊ လူမျိုးတုံးသတ်ဖြတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ကျူးလွန်နေသည့် ရာဇဝတ်မှုများကို ကျယ်ကျယ်ပြန့်ပြန့် ကျူးလွန်နေလျက်ရှိနေခြင်း၊ တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေခြင်း နှင့် ပြစ်မှုကျူးလွန်သူတွေသည် တရားရေးဆိုင်ရာ အပြစ်ပေးအရေးယူခံရခြင်းနှင့် တာဝန်ခံမှုတို့မှ ကင်းလွတ်နေခြင်း၊ နိုင်ငံတကာရာဇဝတ်မှုများ ကျူးလွန်နေသူများကို ထိရောက်သော အပြစ်ပေး အရေးယူမှုများ မပြုလုပ်နိုင်ပါက ကမ္ဘာကြီး၌ လုံခြုံရေးနှင့် အသက်ရှင်သန်ခွင့်ကို ခြိမ်းခြောက်နေခြင်း၊ မြန်မာနိုင်ငံ၌ အကြမ်းဖက်စစ်တပ်က ပြည်သူ့အစိုးရထံမှ အာဏာသိမ်းယူရန် ကြိုးပမ်းခဲ့ပြီးနောက် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သော လူ့အခွင့်အရေးချိုးဖောက်နေမှု၊ အတိုက်အခံအင်အားစုများအပေါ် အင်အားအလွန်အကျွံသုံးကာ လူမျိုးတုံးသတ်ဖြတ်မှုများ လုပ်ဆောင် တို့ကို အကျယ်တဝံ့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌက ဆွေးနွေးပြောကြားခဲ့ပါတယ်။


ဖိုရမ်နှင့် ညီလာခံအစည်းအဝေးများသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့်အတူ နိုင်ငံတကာဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်မြတ်သီတာထွန်း၊ အတွင်းရေးမှူး ဦးတင်ကိုကိုဦးနှင့် အဖွဲ့ဝင် ဦးဘုန်းကျော်တို့ ပါဝင်တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ လူမှု အဆင့်အတန်း တိုးတက်လာနိုင်ရေးအတွက် အလုပ်သမား အခွင့်အရေး နဲ့သက်ဆိုင်တဲ့ခံစားခွင့်တွေကို လုပ်သားအားလုံးလွှမ်းခြုံအောင်လုပ်ပေးရမယ်လို့ဆို


လူမှု အဆင့်အတန်း တိုးတက်လာနိုင်ရေးအတွက် အလုပ်သမား အခွင့်အရေး နဲ့သက်ဆိုင်တဲ့ခံစားခွင့်တွေကို လုပ်သားအားလုံးလွှမ်းခြုံအောင်လုပ်ပေးရမယ်လို့ NUG အစိုးရက ဒုဝန်ကြီး မော်ထွန်းအောင်ကဆိုပါတယ်။ နိုဝင်ဘာလအတွင်း အလုပ်သမားအရေးနဲ့ပတ်သက်လို့ ဒုဝန်ကြီးက လူမှုကွန်ရက်မှာ ရေးသားပြောကြားခဲ့ပါတယ်။


"ခေတ်ပြောင်းစနစ်ပြောင်း ဆိုရာမယ်အလုပ်သမား အခွင့်အရေး နဲ့ လူမှုဖူလုံရေးဆိုင်ရာတွေ မပြောင်းလဲလို့မရပါဘူး။နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ အခြေခံလုပ်သားအခွင့်အရေးနဲ့ လူမှုဖူလုံရေးဆိုင်ရာ တွေက အရေးအကြီးဆုံးပါပဲ။နိုင်ငံယန္တရားက လူမှု အဆင့်အတန်း တိုးတက်လာနိုင်ရေးအတွက် အလုပ်သမား အခွင့်အရေး နဲ့သက်ဆိုင်တဲ့ ကျန်းမာရေးစနစ်၊ တစ်ပါတ် ငါးရက်အလုပ်ခွင်၊ သက်ကြီးပညာရေး၊ အလုပ်လက်မဲ့ခံစားခွင့်၊ အဖေ၊အမေအတွက် မီးဖွားခွင့်တွေကို အစိုးရအလုပ်တွေအတွက်သာမက၊ လုပ်သားအားလုံးအတွက်လွှမ်းခြုံအောင်လုပ်ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိ အကြမ်းဖက် စစ်ကောင်စီလက်အောက်မှာ အလုပ်သမားအခွင့်အရေးများ ဆုံးရှုံးပျောက်ကွယ်လျက်ရှိပြီး အနည်းဆုံးလုပ်ခလစာကိုပါ ဖြတ်တောက်မှုတွေရှိနေပါတယ်။


========================


📌📌 ၄။ မန္တလေးတောင်ရိပ်ညိုစီမံကိန်းမှာ Gems & Jewelry Hub ဆောက်ဖို့အတွက် ပေတစ်ရာပတ်လည် ဆယ်ကွက်ကို တစ်ဦးတည်း ထပ်မံဝယ်ယူသွားပြန်


မန္တလေးတောင်ရိပ်ညိုစီမံကိန်းမှာ Gems & Jewelry Hub ဆောက်ဖို့အတွက် ပေတစ်ရာပတ်လည် ဆယ်ကွက်ကို တစ်ဦးတည်း ထပ်မံဝယ်ယူသွားပြန်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းကအသိပေးဆိုပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။


"ဒီကနေ့လည်း ပေတစ်ရာပတ်လည် ဆယ်ကွက်၊ မန္တလေးတောင်၊ နွေဦးတောင်ရိပ်ညို စီမံကိန်းမှာ တစ်ဦးတည်းက ထပ်မံဝယ်ယူသွားပါတယ်"လို့ဆိုပါတယ်။ EOD Team မှ ဖေါ်ဆောင်ထားသော နွေဦးတောင်ရိပ်ညို စီမံကိန်းဟာ မန္တလေးတောင်ခြေရှေ့ဘက်ကပ်လျက် သာယာပြန့်ပြူးသည့် လွင်ပြင်မှာတည်ရှိပြီး  ဧက ၆၀၀ ခန့်ကျယ်ဝန်းကာ နောင်တချိန်မှာ မြောက်ဘက်ဗဟို City Center ဖြစ်လာနိုင်သည့် နေရာဟု သတ်မှတ်ထားပါတယ်။


မန္တလေးတောင်ရိပ်ညိုစီမံကိန်းမှာ Gems & Jewelry Hub ဆောက်ဖို့အတွက် တော်လှန်ပြည်သူတစ်ဦးက ပေ ၁၀၀ x ပေ ၁၀၀ မြေကွက် ၁၀ ကွက် ဝယ်ယူသွားခဲ့တယ်လို့ EOD အဖွဲ့ကသတင်းထုတ်ပြန်ထားပါတယ်။ အလားတူ နိုဝင်ဘာ၅ရက်နေ့ကလည်းမဟာအောင်မြေမြို့၊ အောင်ဆန်းစုကြည်လမ်း တောင်ဘက်ရှိနွေဦးနှင်းဆီမှာ ပေ၁၀၀xပေ၁၀၀ မြေကွက်၁၀ကွက် ဒေါ်လာ . သန်းဖိုးကို တစ်ဦးတည်း ဝယ်ယူခဲ့ပါတယ်။


========================


📌📌 ၅။ အမေရိကန်နိုင်ငံ Buffalo မှာ မိုးခါးရေရုပ်ရှင် နိုဝင်ဘာ၂၆ ရက် ပွဲ ပြသမယ်


အမေရိကန်နိုင်ငံ Buffalo မှာ မိုးခါးရေရုပ်ရှင် နိုဝင်ဘာ၂၆ ရက် ပွဲ ပြသမယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာလအတွင်းမှာ မိုးခါးရေးရုပ်ရှင်ပြသရေးကော်မတီကအသိပေးဆိုပါတယ်။ "MainLand မှာ" မိုးခါးရေ" မပြသည့်ပြည်နယ် မရှိစေရ။ US က Buffalo မှာနိုဝင်ဘာ ၂၆ ရက်နေ့ ပွဲပြပါမယ်"လို့ဆိုပါတယ်။


ဒါရိုက်တာ ကိုပေါက်ရိုက်ကူးတဲ့ မသောက်မိသော မိုးခါးရေး ရုပ်ရှင်ဇာတ်လမ်းတိုကို နိုင်ငံတကာမှာ ရုံတင်ပြသလျက်ရှိပြီးတော့ ပြသရာမှ ရရှိငွေများကို တော်လှန်ရေးအတွက်ပြန်လည် ထောက်ပို့မှာဖြစ်ပါတယ်။ မသောက်မိသော မိုးခါးရေး ရုပ်ရှင်ဇာတ်လမ်းတိုကို CDM ဗိုလ်ကြီးတစ်ဦးအား အခြေ ခံ၍ ရိုက်ကူးခဲ့ခြင်းဖြစ်ပါတယ်။


========================


📌📌 ၆။ အီတလီနိုင်ငံ ရောမမြို့မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် စာတမ်းနှင့်အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကို ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒပြ


အီတလီနိုင်ငံ ရောမမြို့မှာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် စာတမ်းနှင့်အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကို ကိုင်ဆောင်၍ လမ်းလျှောက်ဆန္ဒပြခဲ့ပါတယ်။ အီတလီနိုင်ငံ ရောမမြို့ နိုဝင်ဘာလ ရက်နေ့တွင် ပြုလုပ်ကျင်းပခဲ့သော ငြိမ်းချမ်းရေးအတွက် လမ်းလျှောက်ဆန္ဒပြပွဲကြီးတွင် အီတလီရောက်မြန်မာများမှ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် လွတ်မြောက်ရေးအတွက် “Giuseppe Malpeli” Italy - Burma Friendship Association နှင့် အတူချီတက်ပါဝင်ခဲ့ကြပါတယ်။


စုရပ်ဖြစ်သော ပြည်ထောင်စုရင်ပြင် (Piazza della Repubblica) တွင် စစ်အာဏာသိမ်းခြင်းနှင့် အာဏာသိမ်းစစ်တပ်၏ ကြမ်းကြုတ်ရက်စက်မှုများအကြောင်း အီတလီဘာသာဖြင့် ရေးသားထားသော လက်ကမ်းစာစောင်များကို ဝေငှခဲ့တယ်လို့သတင်းရရှိပါတယ်။


လူဦးရေ အများအပြားပါဝင်ချီတက်ခဲ့သော ဆန္ဒပြလမ်းကြောင်းတစ်လျှောက် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် စာတမ်းနှင့်အတူ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဓါတ်ပုံများကို ကိုင်ဆောင်ချီတက်ခဲ့ရာ အီတလီလူထုက စစ်အာဏာရှင်ကို ရဲရင့်စွာတော်လှန်နေသော မြန်မာပြည်သူများအား ရည်စူးပြီး လက်ခုပ်တီးအားပေးခြင်း၊ အားပေးစကားပြောခြင်းတို့ဖြင့် စိတ်ဝင်တစား ပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၇။ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းနှင့် အကြမ်းဖက်မှုများ အရှိန်မြင့်လာချိန်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကလေးပေါင်းတစ်သန်းခွဲကျော်သွားပြီလို့ Save the Children ကထုတ်ပြန်


မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းနှင့် အကြမ်းဖက်မှုများ အရှိန်မြင့်လာချိန်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ ကလေးပေါင်းတစ်သန်းခွဲကျော်သွားပြီလို့ Save the Children ကထုတ်ပြန်လိုက်ပါတယ်။ နိုဝင်ဘာလအတွင်း Save the Children က သတင်းထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများမှ လွတ်မြောက်ရန် နေအိမ်များမှ အတင်းအဓမ္မ ထွက်ပြေးခဲ့ကြရသည့် ကလေးဦးရေသည် ယခုနှစ်အတွင်း လျင်မြန်စွာ များပြားလာတယ်လို့ဆိုပါတယ်။


မြန်မာနိုင်ငံတွင် ပဋိပက္ခများကြောင့် လူပေါင်း . သန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ကလေးပေါင်း၁. သန်းမှာ နိုင်ငံရေးအကျပ်အတည်းနှင့် အကြမ်းဖက်မှုများ အရှိန်မြင့်လာချိန်မှစ၍ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဖော်ပြပါတယ်။ အိုးမဲ့အိမ်မဲ့ဖြစ်ရသည့် ကလေးစုစုပေါင်း ၄၀၇,၀၀၀ ၆၃ ရာခိုင်နှုန်းခန့်၊ လွန်ခဲ့သည့် ကိုးလအတွင်းက အိုးမဲ့အိမ်မဲ့ဖြစ်ရတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ မြောင်မြို့နယ် T.G.R Women Drone Foce မှ လအတွင်း စကစတပ်နဲ့ ရဲများ အယောက် ၄၀ ကျော်ကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့


မြောင်မြို့နယ် T.G.R Women Drone Foce မှ လအတွင်း စကစတပ်နဲ့ ရဲများ အယောက် ၄၀ ကျော်ကို ရှင်းလင်းတိုက်ခိုက်နိုင်ခဲ့ပါတယ်။ နိုဝင်ဘာ၆ရက်နေ့မှာ မြောင်မြို့နယ် T.G.R Women Drone Foce မှ ကျားခင်စိန်ကအတည်ပြုဆိုထားပါတယ်။


"မြောင်မြို့နယ် T.G.R Women Drone Foce မှ ပွဲကခဲ့ရာတွင် ၄လ အတွင်း  စကစဘက်မှ စကစတပ်/ရဲ/ပျူစောထီး အပါအဝင် စုစုပေါင်း ၄၈ ယောက်အားရှင်းလင်းနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ယခုလက်ရှိတွင် စစ်ဆင်ရေးများလုပ်ဆောင်ရာတွင်  စကစတွေဘက်မှ  Jammer /Drone K la ပါဝင်လာမှုကြောင့် T.G.R Women Drone Foceမှ  Drone များ ဆုံးရှုံးပျက်စီးမှုတွေရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၉။ မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာနှင့် ဟင်္သာကုန်း ရွာကြား စစ်ကား စီးကို ပဒေသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ဦးသေဆုံး


မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာနှင့် ဟင်္သာကုန်း ရွာကြား စစ်ကား စီးကို ပဒေသာမိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ရာ စကစတပ်ဖွဲ့ဝင် ဦးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ နတ်ဆိုးမြေအောက်တော်လှန်ရေးတပ်ဖွဲ့ကစစ်ရေးသတင်းကိုအသိပေးဆိုပါတယ်။


"မတ္တရာမြို့နယ် အောက်တောင်ကိုင်းရွာနှင့် ဟင်္သာကုန်း ရွာကြား၌ စကစတပ်များ လိုက်ပါလာတဲ့ ကားကြီး၄စီး အား ပဒေသာ မိုင်း လုံးဖြင့် မိုင်းဆွဲ တိုက်ခိုက်ခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ တိုက်ခိုက်မှုမှာ စကစတပ်ကအနည်းဆုံး ဦးသေဆုံးကာ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး ကား စီးပျက်စီးခဲ့ပါတယ်။ ထိုပျက်နေသော ကား စီးမှာ  ယခုချိန်ထိနေရာတွင်  ရှိနေကြောင်းသတင်းရှိရပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment