8th NOV 2022 - Evening Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာရှဒီမိုကရေစီကွန်ယက်ညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်အဖွင့်အမှာစကားပြောကြား

📌 ၂။ တန်ဆောင်တိုင်မီးထွန်းပွဲအစား တော်လှန်ရေးဆင်နွှဲနေရပါသော မြန်မာပြည်သူ၊ ပြည်သားများအား အထူးပင်လေးစားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို

📌 ၃။ CDM Non CDM နဲ့ပတ်သက်၍ မူဝါဒ ထွက်ရှိပါကသက်ဆိုင်ရာ ဖက်ဒရယ် ဒေသများကသာ ဆုံးဖြတ်မယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လုံးဝ လက်ခံအသိအမှတ် ပြုမည်မဟုတ်

📌 ၅။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ရဲ့ပြောကြားချက်ကို အမေရိကန်သံရုံး မြန်မာက သတင်းထုတ်ပြန်

📌 ၆။ အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ပြည်သူ့တော်လှန်ရေးကို ရပ်တန့် အနိုင်ယူနိုင်ဖို့ ရုပ်ပိုင်းကော စိတ်ဓာတ်ပိုင်းအရပါ လုံးဝ မတတ်နိုင်တော့ဘူးလို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ပြောကြားလိုက်

📌 ၇။ တောင်ကိုရီးယားနိုင်ငံမှာ NUGPay အကောင့်ဖွင့် သုံးစွဲနိုင်ပြီလို့အသိပေးကြေညာ

📌 ၈။ Pigeon Loan Myanmar အမည်ခံနဲ့ အခြား application များမှ ချေးငွေအလွယ်တကူရရှိတယ်လို့ကြေညာကာ ကိုယ်ရေးအချက်အလက်များ ရယူ၍ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာ

📌 ၉။ PDF ရဲဘော်များသို့ အနွေးထည်နှင့်အနွေးဉီးထုပ်များကူညီပံ့ပိုးလိုပါက  DRPDN တဆင့် ပေးပို့နိုင်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာရှဒီမိုကရေစီကွန်ယက်ညီလာခံမှာ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက်အဖွင့်အမှာစကားပြောကြား


နိုဝင်ဘာ ရက် အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပတဲ့ အာရှဒီမိုကရေစီကွန်ယက် ၂၀၂၂ ညီလာခံတွင် ပြည်ထေင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုသားညီညွတ်ရေးအစိုးရ၏ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဗီဒီယိုမှတဆင့် အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


အလားတူ အခမ်းအနားသို့  အရှေ့တီမော Timor Leste နိုင်ငံ သမ္မတ ဟိုဆေးရာမို့စ်ဟော့တာကလည်းပြောကြားပေးခဲ့ပါတယ်။ အဆိုပါအခမ်းအနားခန်းမရဲ့အဝင်မှာတော့ ကျဆုံးသူရဲကောင်း ကြယ်စင်နဲ့ နွေဦးတော်လှန်ရေး CDM လှုပ်ရှားမှုပြ မှတ်တမ်းဓါတ်ပုံပြပွဲ ကျင်းပပေးထားပါတယ်။


ညီလာခံကို အရှေ့တောင်အာရှ၊ အရှေ့မြောက်အာရှ၊  တောင်အာရှ နိုင်ငံများမှ အပါအဝင် အာရှဒေသတွင်း ဒီမိုကရေစီဖွံ့ဖြိုးရေး လှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့အစည်းပေါင်း၁၅၀ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်နေကြတာဖြစ်ပြီးတော့ မြန်မာ့ဒီမိုကရေစီရေး နွေဦးတော်လှန်ရေး ကိစ္စကို တနေ့တာအစီအစဥ်ထဲမှာဝိုင်းဝန်း ဆွေးနွေးကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၂။ တန်ဆောင်တိုင်မီးထွန်းပွဲအစား တော်လှန်ရေးဆင်နွှဲနေရပါသော မြန်မာပြည်သူ၊ ပြည်သားများအား အထူးပင်လေးစားကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို


နိုဝင်ဘာ ရက်နေ့မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဆာဆာက အခုလိုအသိပေးဆိုခဲ့ပါတယ်။


"တန်ဆောင်မုန်းလပြည့်နေ့ အခါသမယတွင် ပျော်ရွှင်စွာ ကျင်းပရမည့် တန်ဆောင်တိုင်မီးထွန်းပွဲအစား တော်လှန်ရေးဆင်နွှဲနေရပါသော မြန်မာပြည်သူ၊ ပြည်သားများအား အထူးပင်လေးစားကြောင်းနှင့် မိမိတို့ရောက်ရှိရာဒေသ၊ ဌာနများ၌ ကျန်းမာစွာရှိကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်"လို့ဖော်ပြပါတယ်။


ဒါ့အပြင်နောင်ဖြစ်ပေါ်လာမည့် ဖက်ဒရယ်ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးတွင် လွတ်လပ်ပျော်ရွှင်စရာကောင်းသော တန်ဆောင်တိုင်ပွဲတော်များအား လုံခြုံစိတ်ချမူအပြည့်ဖြင့် ကျင်းပနိုင်စေခြင်းငှာ၊ အတူတကွ စည်းစည်းလုံးလုံးကြိုးစားရင်း အောင်ပွဲသို့အတူသွားကြပါစေကြောင်း တန်ဆောင်မုန်းလပြည့်ဆုတောင်း ပေးပို့အပ်ပါတယ်လို့ ပြည်ထောင်စုဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ CDM Non CDM နဲ့ပတ်သက်၍ မူဝါဒ ထွက်ရှိပါကသက်ဆိုင်ရာ ဖက်ဒရယ် ဒေသများကသာ ဆုံးဖြတ်မယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


နိုဝင်ဘာလ () ရက်နေ့ CDM လှုပ်ရှားမှု နှင့် CDM Policy အကြောင်းအရာများကို ဆွေးနွေးတဲ့ ပြည်သူ့စကားဝိုင်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"CDM Non CDMမူဝါဒက အရေးကြီးပါတယ်။ဒါပေမယ့် တကယ်တမ်းဆုံးဖြတ်ရမှာက မြေပြင်မှာဖြစ်ပါတယ်။CDMဆိုရင် သူဟာ CDMလုပ်ခဲ့သလား။CDMဘယ်အချိန်မှာ လုပ်ခဲသလဲ။ ဘယ်ကျောင်းကလဲ။ဒါမြေပြင်ကပဲ သိမှာဖြစ်ပါတယ်။အလားတူပဲ Non CDMဆိုရင်လည်း သူက ဘယ်တုန်းကတည်းကလဲ။တကယ်ပဲ စစ်ကောင်စီနဲ့ပူးပေါင်းနေတာလား။ဒါတွေကို သက်ဆိုင်ရာ ကျောင်းတွေ ဆေးရုံတွေ ဖက်ဒရယ်နဲ့ပြောရင် ဖက်ဒရယ်ဒေသတွေ ယူနစ်တွေက ဆုံးဖြတ်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပညာရေး၊ကျန်းမာရေးဝန်ထမ်းအများစုပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လုံးဝ လက်ခံအသိအမှတ် ပြုမည်မဟုတ်


စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လုံးဝ လက်ခံအသိအမှတ် ပြုမည်မဟုတ်ကြောင်း နိုဝင်ဘာ ရက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက သတင်းထုတ်ကြန်ချက်တစ်ရပ်ကို ထုတ်ပြန်ဖော်ပြခဲ့ပါတယ်။


"ရွေးကောက်ပွဲကာလအတွင်းဆောင်ရွက်မှုများ၊ ရွေးကောက်ပွဲရလဒ်များနှင့်ပတ်သက်၍ သံသယရှိပါက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥပဒေနှင့်အညီ ဖြေရှင်းရမည့် လုပ်ငန်းစဥ်များ ရှိသော်လည်း အာဏာသိမ်းစစ်ကောင်စီသည် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြကာ ပြည်သူလူထု၏ ဆင့်လွှဲအာဏာကို အဓမ္မ လုယူခဲ့ပြီး ရွေးကောက်ပွဲအနိုင်ရ ပါတီကိုပစ်မှတ်ထား တိုက်ခိုက်ချေမှုန်းခြင်းဖြင့် ဒီမိုကရေစီ ကျင့်စဉ်ကြီး တစ်ရပ်လုံးကို ပါ စနစ်တကျ ဖျက်ဆီးနေခြင်းပင်ဖြစ်ပါတယ်"လို့ဆိုထားပါတယ်။


ဒါ့အပြင် စစ်ကောင်စီဟာ  အတုအယောင်ရွေးကောက်ပွဲတစ်ရပ်ကိုကျင်းပရန် ကြံစည်နေပြီး နိုင်ငံရေးအရ တရားဝင်မှုရရှိနိုင်ရေးနှင့် နိုင်ငံတကာအသိအမှတ်ပြု ထောက်ခံမှု ရရှိနိုင်ရေးတို့အတွက် ကြိုးပမ်းနေသည်ကို တွေ့ရှိရပါသဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့်လုံးဝ လက်ခံအသိအမှတ် ပြုမည်မဟုတ်ကြောင်းနှင့် တိုင်းရင်းသား ပြည်သူတရပ်လုံးကလည်း ယင်းတို့ကိုယ်တိုင် ရွေးချယ် ပေးထားသော လွှတ်တော် ကိုယ်စားလှယ်များဖြင့် စုဖွဲ့ထားသည့် လွှတ်တော်အဆင့်ဆင့် တရားဝင်တည်ရှိနေပြီး ဖြစ်ပါသဖြင့် ထိုအတုအယောင် ရွေးကောက်ပွဲ ကို လက်ခံအသိအမှတ်ပြုမည် မဟုတ်ကြောင်း နည်းလမ်းမျိုးစုံ ဖြင့်ဖေါ်ပြနေပြီးဖြစ်ပါတယ်လို့ဆိုထားပါတယ်။


========================


📌📌 ၅။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဂျေ ဘလင်ကန်ရဲ့ပြောကြားချက်ကို အမေရိကန်သံရုံး မြန်မာက သတင်းထုတ်ပြန်


အာဏာရှင်အဖွဲ့အစည်းက မြေလှန်မီးရှို့စစ်ဆင်ရေးဆောင်ရွက်ခြင်းရဲ့ ရည်ရွယ်ချက်မှာ   ပြည်သူများအပေါ် အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းရန်ဖြစ်တယ်လို့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ ကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီ ဂျေ ဘလင်ကန်ကဆိုလိုက်ပါတယ်။


"လတ်တလောလပိုင်းများအတွင်း အာဏာရှင်အဖွဲ့အစည်းသည် ဒီမိုကရေစီလိုလားသည့် တက်ကြွလှုပ်ရှားသူများအား ကွပ်မျက်ခြင်းနှင့် လူ့အသိုက်အဝန်းအတွင်းမှ ထိခိုက်အလွယ်ဆုံးဖြစ်သည့် ကျောင်းဆရာ/ဆရာမများ၊ ကလေးသူငယ်များ၊ ယဉ်ကျေးမှုဆိုင်ရာခေါင်းဆောင်များနှင့် အခြားအပြစ်မဲ့အရပ်သားပြည်သူများအား တိုက်ခိုက် သတ်ဖြတ် ခြင်းများဖြင့် ၄င်း၏ အကြမ်းဖက်လုပ်ရပ်များကို အရှိန်မြှင့်ဆောင်ရွက်လာခဲ့တယ်။အာဏာရှင်အဖွဲ့အစည်းက မြေလှန်မီးရှို့စစ်ဆင်ရေးဆောင်ရွက်ခြင်း၏ ရည်ရွယ်ချက်မှာ  မိမိတို့တိုင်းပြည်အတွက် ဒီမိုကရေစီအနာဂတ်ကို ပုံဖော်ရန် ဆုံးဖြတ်ထားကြသည့် ပြည်သူများအပေါ် အာဏာရှင်စနစ်ကို ပြန်လည်အသက်သွင်းရန်ဖြစ်ပါတယ်"လို့ ဘလင်ကန်ကဆိုပါတယ်။


အာဏာသိမ်းသည့်အချိန်မှ စပြီး စစ်တပ်သည် လူပေါင်း ,၄၀၀ ကျော်သတ်ဖြတ်ခြင်းနှင့် သမ္မတဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူပေါင်း ၁၆,၀၀၀ ကျော် ဖမ်းဆီးခြင်းတို့ဖြင့် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်သည့် အကြမ်းဖက်လုပ်ရပ်များ ကျူးလွန်ခဲ့တယ်လို့လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ထောက်ပြပြောဆိုခဲ့ပါတယ်။


စစ်အာဏာရှင်အဖွဲ့အစည်းနှင့် ၄င်းတို့၏ အမည်ခံရွေးကောက်ပွဲအပေါ် ယုံကြည်လက်ခံနိုင်မှုကို ငြင်းပယ်ကြပြီး အားလုံးပါဝင်နိုင်သည့် သာယာဝပြောသည့် မြန်မာနိုင်ငံအဖြစ် အကောင်အထည်ဖော်ရန် ထက်သန်လျက်ရှိသည့် ဒီမိုကရေစီလိုလားသည့် ခေါင်းဆောင်များနှင့်သာ အဓိပ္ပါယ်ရှိရှိ ထိတွေ့ဆောင်ရွက်ကြပါရန် နိုင်ငံတကာအသိုက်အဝန်းကိုလည်းတိုက်တွန်းထားပါတယ်။


========================


📌📌 ၆။ အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ပြည်သူ့တော်လှန်ရေးကို ရပ်တန့် အနိုင်ယူနိုင်ဖို့ ရုပ်ပိုင်းကော စိတ်ဓာတ်ပိုင်းအရပါ လုံးဝ မတတ်နိုင်တော့ဘူးလို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း ပြောကြားလိုက်


နိုဝင်ဘာလအတွင်းမှာ နွေဦးတော်လှန်ရေးနဲ့ပတ်သက်လို့ မန္တလေးသပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်းကအခုလိုဆိုလိုက်ပါတယ်။


"ဒီတော်လှန်ရေးဟာ မုချ အောင်ကို အောင်မယ်၊ အကြမ်းဖက် စစ်အုပ်စုအနေနဲ့ ပြည်သူ့တော်လှန်ရေးကို ရပ်တန့် အနိုင်ယူနိုင်ဖို့ ရုပ်ပိုင်းကော စိတ်ဓာတ်ပိုင်းအရပါ လုံးဝ မတတ်နိုင်၊ မစွမ်းနိုင်တော့ဘူး။ဒီပွဲဟာ ကျနော်တို့ မုချ နိုင်မယ့်ပွဲ ဖြစ်တယ်။ကျနော်တို့ ပြည်သူတွေဟာ တော်လှန်ရေး အောင်မြင်ဖို့အတွက် ဘာကိုပဲ ပေးဆပ်ရပါစေ။ ဘယ်လိုပဲ ပါဝင်ရပါစေ။ လုံးဝ စိတ်ပိုင်းဖြတ်ပြီး အသင့်ဖြစ်နေကြပြီဆိုတာကို ကျနော် ခိုင်ခိုင်မာမာနဲ့ ရဲရဲကြီး ပြောရဲတယ်ဗျာ"လို့ဆိုပါတယ်။


ပြည်သူ့ခုခံတွန်းလှန်စစ် တနှစ်တာကာလအတွင်း အကြမ်းဖက် စစ်တပ် တပ်ဖွဲ့ဝင် နှစ် သောင်း ကျော်သေဆုံးပြီး စိုးမိုးထိန်းချုပ်နယ်မြေများ ရရှိခဲ့ပါတယ်။


========================


📌📌 ၇။ တောင်ကိုရီးယားနိုင်ငံမှာ NUGPay အကောင့်ဖွင့် သုံးစွဲနိုင်ပြီလို့အသိပေးကြေညာ


တောင်ကိုရီးယားနိုင်ငံမှာ NUGPay အကောင့်ဖွင့် သုံးစွဲနိုင်ပြီလို့ နိုဝင်ဘာ၈ရက်နေ့မှာ NUG Pay ကနေ အသိပေးဖော်ပြပါတယ်။


"တောင်ကိုရီးယားနိုင်ငံမှ ရွှေမြန်မာများ အတွက် သတင်းကောင်း တစ်ခု မျှဝေပါရစေ။ “NUGPay ကိုရီးယားသို့ ရောက်ပါပြီတော်လှန်ခေတ်ရဲ့ တော်လှန်ပိုက်ဆံ DMMK နဲ့ NUGPay ကို အသုံးပြုပြီး လွတ်လပ်တဲ့ တရားမျှတတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုဆီ အရောက်လှမ်းကြမယ်"လို့ဆိုပါတယ်။


နိုင်ငံတကာရှိ NUGPay အေးဂျင့်များကို NUG Payရဲ့ တရားဝင် လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ NUG Payကို လက်ရှိမှာ သုံးစွဲသူ ၁၅,၀၀၀ ခန့်ရှိပြီဖြစ်ကာ ငွေထုတ် ငွေလွှဲများကို ဝန်ဆောင်ခမပေးရဘဲ လွတ်လပ်စွာ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။


========================


📌📌 ၈။ Pigeon Loan Myanmar အမည်ခံနဲ့ အခြား application များမှ ချေးငွေအလွယ်တကူရရှိတယ်လို့ကြေညာကာ ကိုယ်ရေးအချက်အလက်များ ရယူ၍ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာ


Pigeon Loan Myanmar အမည်ခံနဲ့ အခြား application များမှ ချေးငွေအလွယ်တကူရရှိတယ်လို့ကြေညာကာ ကိုယ်ရေးအချက်အလက်များ ရယူ၍ ငွေကြေးလိမ်လည်တောင်းခံမှုများရှိလာတယ်လို့ နိုဝင်ဘာလအတွင်း Radio NUGမှစုံစမ်းမေးမြန်းချက်‌တွေအရ သိရှိရပါတယ်။


"ကျမလည်း သူတို့ဆီက ငွေမချေးထားဘဲ ဖုန်းနဲ့ဆက်သွယ်လာပြီး အမဒီလောက် ဒီလောက် ငွေချေးထားပါတယ်။ ပြန်ဆပ်ပေးပါဆိုပြီး ချိန်းခြောက် တောင်းခံတယ်။ သေချာလိုက်စုံစမ်းတော့ ကျမ ဖုန်းနံပါတ်နဲ့ တစ်ခါ ပစ္စည်းမှာတဲ့လူက အလွဲလုပ်သွားတာ။ဒါကို Pigeon Loanဆိုတဲ့ ငွေချေးလုပ်ငန်းက လာတောင်းတယ်။ သူက ဘယ်က ကိုယ်ရေးအချက်အလက်တွေရလည်းတော့မသိဘူး"လို့ဆိုပါတယ်။ Pigeon Loan Myanmar ငွေချေးလုပ်ငန်းဟာ တရားဝင် ဟုတ်၊မဟုတ် အတည်ပြုနိုင်ခြင်းမရှိဘဲ ၄င်းရဲ့လူမှုကွန်ရက်စာမျက်နှာမှာလည်း ချေးငွေ ပြန်မဆပ်နိုင်သူများကို သတိပေးချိန်းခြောက်စာများရေးသားဖော်ပြထားပါတယ်။


"လူတွေက စီးပွားရေး ခက်ခဲ ငြပ်တည်းလာတော့ ချေးငွေအလွယ်တကူရတယ်ဆိုပြီး ဘယ်ကရရယူကြတယ်။အခုလို ကိုယ်ရေးကိုယ်တာတွေ အချက်အလက်တွေကို ဘယ်ကရမှန်းမသိ ချိန်းခြောက်တောင်းခံလာတာတွေရှိလာတာပေါ့။ လုပ်ငန်း မှတ်ပုံတင်ရှိရင်တောင် အွန်းလိုင်းပေါ်ကဆို ယုံရတာမဟုတ်တော့ လူတွေအနေနဲ့သတိထားစေချင်တယ်"လို့ ရန်ကုန်မြို့နေ လုပ်ငန်းငယ်လုပ်ကိုင်သူ အသက်၃၀ ကျော်အရွယ် လူငယ်တစ်ဦးကလည်းဆိုပါတယ်။ စစ်အာဏာသိမ်းပြီးနောက် ငွေကြေးနဲ့ပတ်သက်၍ လုပ်ငန်းအတည်တကျထောင်ကာ သိန်းထောင်နဲ့ချီလိမ်လည်မှုများရှိလာပါတယ်။


========================


📌📌 ၉။ PDF ရဲဘော်များသို့ အနွေးထည်နှင့်အနွေးဉီးထုပ်များကူညီပံ့ပိုးလိုပါက  DRPDN တဆင့် ပေးပို့နိုင်


PDF ရဲဘော်များသို့ အနွေးထည်နှင့်အနွေးဉီးထုပ်များကူညီပံ့ပိုးလိုပါက အာဏာရှင်စနစ်တော်လှန်ရေးနှင့်ပြည်သူ့ကာကွယ်ရေးကွန်ရက် - DRPDN တဆင့် ပေးပို့နိုင်တယ်လို့ နိုဝင်ဘာ ရက်နေ့မှာ  DRPDN ကအသိပေးဆိုပါတယ်။


"မိဘပြည်သူလူထုတို့ရဲ့ထောက်ပံ့ကူညီအားနဲ့ ကရင်ပြည်နယ်တွင်းရှိ PDF စစ်ကြောင်းတစ်ကြောင်းဆီသို့ နွေဦးတော်လှန်ရေးရဲဘော်ရဲမေများထံသို့ စစ်ဘက်ဆိုင်ရာသုံးအနွေးဦးထုပ်များကို မိမိတို့ DRPDN မှ တဆင့်အရောက်ပို့ဆောင်ပေးခဲ့ပြီဖြစ်ပါတယ်။အရိုးကွဲလောက်အောင် ချမ်းအေးလွန်းတဲ့ ဒီဆောင်းရာသီမှာ ကရင်ပြည်နယ်အတွင်းရှိ အခြားPDFစစ်ကြောင်းများသို့  DRPDN နဲ့အတူ အနွေးဓါတ်မေတ္တာတွေမျှဝေပေးမယ့်မိဘပြည်သူမိတ်ဆွေများအားလုံးကိုထည့်ဝင်ထောက်ပံ့ကူညီကြပါလို့ထပ်မံ၍ဖိတ်ခေါ်ပါတယ်"လို့ဆိုထားပါတယ်။


အနွေးထည်နှင့်အနွေးဉီးထုပ်များကူညီပံ့ပိုးနိုင်ရန် အာဏာရှင်စနစ်တော်လှန်ရေးနှင့်ပြည်သူ့ကာကွယ်ရေးကွန်ရက် - DRPDN Facebook Page Messenger သို့ တိုက်ရိုက်စုံစမ်းဆက်သွယ်ထောက်ပံ့နိုင်ကြောင်း သိရပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment