8th NOV 2022 - Morning Daily News by Radio NUG


၂၀၂၂ နိုဝင်ဘာလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်ဟာ CDM လှုပ်ရှားသူများဖြစ်ပြီးတော့ ထိန်းချုပ်နယ်မြေတိုင်းမှာ CDM များ လုပ်ငန်းပါဝင်ဆောင်ရွက်နေတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မှ (ULA/AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ (၄၄) နှစ်မြောက် မွေးနေ့ကိုဆုတောင်းတဲ့ သဝဏ်လွှာပေးပို့

📌 ၃။ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုဝန်ကြီးနေရာတွင် ခန့်အပ် တာဝန်အပ်နှင်းခြင်းခံရသော ဒေးဗစ်ဂွမ်အောင်  က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆို

📌 ၄။ တန်ဆောင်မုန်းလပြည့်နေ့အထိမ်းအမှတ်အဖြစ် NUG အသိအမှတ်ပြု  စစ်ဘေးရှောင် စာသင်ကျောင်းနှစ်ကျောင်းမှာ တမူး PDF တပ်ရင်း ၁ က ကြာဇံကြော် စတုဒီသာအလှူ ကျွေးမွေး

📌 ၅။ Mandalay UG Wolf ARMY မှ လက်လုပ်မောင်းပြန် သေနတ် ထုတ်လုပ်အောင်မြင်

📌 ၆။ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆူးလေကုန်းကျေးရွာနှင့်နနွင်းကိုင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်သောင်းကျန်း၍ နနွင်းကိုင်းကျေးရွာကိုမီးရှို့ဖျက်ဆီး

📌 ၇။ မြိုင်မြို့နယ်အနောက်တောင်ပိုင်း ဝက်ပုတ်ရွာအတွင်းရှိ ပျူစောထီးစခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်၍ အသက် ၆၀ ကျော်အရွယ်အဘိုးသေဆုံး

📌 ၈။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တလတာတိုက်ပွဲမှာ စကစတပ်နဲ့ BGF တပ်ဖွဲ့ဝင်ပေါင်း ၃၀၀ ကျော်သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်ဟာ CDM လှုပ်ရှားသူများဖြစ်ပြီးတော့ ထိန်းချုပ်နယ်မြေတိုင်းမှာ CDM များ လုပ်ငန်းပါဝင်ဆောင်ရွက်နေတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


နွေဦးတော်လှန်ရေးရဲ့ ထူးခြားချက်ဟာ CDM လှုပ်ရှားသူများဖြစ်ပြီးတော့ ထိန်းချုပ်နယ်မြေတိုင်းမှာ CDM များ လုပ်ငန်းပါဝင်ဆောင်ရွက်နေတယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ နိုဝင်ဘာလ () ရက်နေ့ CDM လှုပ်ရှားမှု နှင့် CDM Policy အကြောင်းအရာများကို ဆွေးနွေးတဲ့ ပြည်သူ့စကားဝိုင်းမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"ဒီတော်လှန်ရေးရဲ့ ထူးခြားချက်က CDMပဲ။ အခုဆို နေရာတိုင်းမှာရှိတဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်ကနေ ထိန်းချုပ်ဒေသတွေပေါ်ပေါက်လာတယ်။ ဥပမာ ချင်းတို့၊ ကရင်နီတို့၊မကွေးတို့ စတဲ့နေရာတွေမှာ CDM တွေနဲ့လည်ပတ်နေတယ်။ CDM တွေနဲ့လုပ်နေတယ်။ဒါကြောင့် CDM တွေကို တန်ဖိုးလည်းထားပါတယ်။အရေးလည်းကြီးပါတယ်"လို့ ဝန်ကြီးကဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုများကို ပညာရေး၊ကျန်းမာရေးဝန်ထမ်းအများစုပါဝင်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မှ (ULA/AA) တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ (၄၄) နှစ်မြောက် မွေးနေ့ကိုဆုတောင်းတဲ့ သဝဏ်လွှာပေးပို့


အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန မှ (ULA/AA)တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ (၄၄)နှစ်မြောက် မွေးနေ့ကိုဆုတောင်းတဲ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ နိုဝင်ဘာ ရက်နေ့ မှာ ကာကွယ်ရေးဝန်ကြီးဌာနကမွေးနေ့ဆုတောင်းလွှာကို တရားဝင်ပေးပို့ခဲ့ပါတယ်။


" ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ရက်နေ့တွင် ကျရောက်သည့် ရက္ခိုင့်တပ်တော်(AA) တပ်မှူးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ (၄၄)နှစ်ပြည့် မွေးနေ့မှပြီး စိတ်၏ ချမ်းသာခြင်း၊ ကိုယ်၏ ကျန်းမာခြင်းရှိပါစေကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဆုမွန်ကောင်းတောင်းအပ်ပါတယ်"လို့ ဖော်ပြပါရှိပါတယ်။ ထို့အတူ တော်လှန်ရေးမဟာမိတ်အင်အားစု (PRA-Magway) မှလည်း ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ၄၄ နှစ်ပြည့်မွေးနေ့သို့ သဝဏ်လွှာပို့၍ မွေးနေ့ဆုတောင်းလွှာပေးပို့ခဲ့ပါတယ်။


========================


📌📌 ၃။ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုဝန်ကြီးနေရာတွင် ခန့်အပ် တာဝန်အပ်နှင်းခြင်းခံရသော ဒေးဗစ်ဂွမ်အောင်  က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆို


အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဒုဝန်ကြီးနေရာတွင် ခန့်အပ် တာဝန်အပ်နှင်းခြင်းခံရသော ဒေးဗစ်ဂွမ်အောင်  က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆိုခဲ့ပါတယ်။ နိုဝင်ဘာလ ရက်နေ့မှာ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့်ကတိသစ္စာပြု ကျမ်းသစ္စာဆိုခြင်း အခမ်းအနားအားကျင်းပခဲ့ပါတယ်။


အခမ်းအနားမှာ  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် က အဖွင့်အမှာစကား ပြောကြားပြီးနောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၏ ဒုဝန်ကြီးနေရာတွင် ခန့်အပ်တာဝန်အပ်နှင်းခြင်းခံရသော ဒေးဗစ်ဂွမ်အောင် (Salang. David Gum Awng) က ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ ရှေ့မှောက်တွင် ကတိသစ္စာပြု ကျမ်းသစ္စာဆိုခြင်း ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ဒုဝန်ကြီး ဒေးဗစ်ဂွမ်အောင်က တက်ရောက်လာကြသည့် အဖွဲ့ဝင်များအား မိတ်ဆက်စကားပြောကြားခဲ့ပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပါတယ်။


အခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် အဖွဲ့ဝင်များ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာနှင့် ဒုတိယဝန်ကြီး ဒေးဗစ်ဂွမ်အောင်၊ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြတယ်လို့ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက သတင်းထုတ်ပြန်ပါတယ်။


========================


📌📌 ၄။ တန်ဆောင်မုန်းလပြည့်နေ့အထိမ်းအမှတ်အဖြစ် NUG အသိအမှတ်ပြု  စစ်ဘေးရှောင် စာသင်ကျောင်းနှစ်ကျောင်းမှာ တမူး PDF တပ်ရင်း ၁ က ကြာဇံကြော် စတုဒီသာအလှူ ကျွေးမွေး


တန်ဆောင်မုန်းလပြည့်နေ့အထိမ်းအမှတ်အဖြစ် NUG အသိအမှတ်ပြု  စစ်ဘေးရှောင် စာသင်ကျောင်းနှစ်ကျောင်းမှာ တမူး PDF တပ်ရင်း က ကြာဇံကြော် စတုဒီသာအလှူ ကျွေးမွေးခဲ့ပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ တမူး PDF တပ်ရင်း ကအသိပေးဆိုပါတယ်။


"နိုဝင်ဘာ ရက် ရွာလေးနှစ်ရွာမှာရှိတဲ့ NUG အသိအမှတ်ပြု  စစ်ဘေးရှောင် စာသင်ကျောင်းလေး နှစ်ကျောင်းမှာတန်ဆောင်မုန်းလပြည့်နေ့တန်ဆောင်တိုင် အထိမ်းအမှတ်အဖြစ်ကျနော်တို့တပ်ရင်း () ရဲဘော်ညီအစ်ကိုမောင်နှမတွေကြာဇံကြော် စတုဒိသာအလှူလေး သွားလုပ်ဖြစ်ကြတယ်"လို့ဆိုပါတယ်။ တစ်ကျောင်းကို မူလတန်းကျောင်းသားဦးရေ (၆၀) နဲ့ဆရာမ () ယောက်ရှိကာနောက်တစ်ကျောင်းမှာ  အထက်တန်းအထိကျောင်းသားဦးရေ (၈၀) နဲ့ ဆရာ ဆရာမ (၁၀) ဦးခန့်ရှိတယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ Mandalay UG Wolf ARMY မှ လက်လုပ်မောင်းပြန် သေနတ် ထုတ်လုပ်အောင်မြင်


Mandalay UG Wolf ARMY မှ လက်လုပ်မောင်းပြန် သေနတ် ထုတ်လုပ်အောင်မြင်ခဲ့ပါတယ်။ နိုဝင်ဘာ ရက်နေ့မှာ Mandalay UG Wolf ARMY မှအသိပေးဆိုပါတယ်။


"ဒီလအတွင်းကျွန်တော်တို့အနေဖြင့်လက်လုပ်မောင်းပြန် ARMY လေးကိုထုတ်လုပ်နိုင်ခဲ့ပါတယ်။ဒီမောင်းပြန်လေးနာမည်လေးကို ARMY အမည်ပေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ ဒါ့အပြင် လက်နက်ထုတ်လုပ်မှုများဆက်လက်လုပ်ဆောက်ရန်အတွက်လည်း ကူညီပံ့ပိုးမှုများလိုအပ်တယ်လို့ဆိုပါတယ်။


"ကျွန်တော်တို့ပစ္စည်းတွေကလဲအကြောင်းမျိုးမျိုးကြောင့်ဆုံးရှုံးနစ်နာမှုများဖြစ်ခဲ့သောကြောင့်ဆက်လက်ဝယ်ယူဖို့တွက်လှူဒါန်းပေးမူငွေကြေးထောက်ပံ့ပေးမူအဆင်မပြေကြောင့်ကုန်ကျစရိတ်သက်သာမယ့်ဒီ ARMY လက်လုပ်လေးကိုထုတ်လုပ်ပြီးစီးခဲ့ပါတယ်"လို့ဆိုထားပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆူးလေကုန်းကျေးရွာနှင့်နနွင်းကိုင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်သောင်းကျန်း၍ နနွင်းကိုင်းကျေးရွာကိုမီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း မြောင်မြို့နယ် ဆူးလေကုန်းကျေးရွာနှင့်နနွင်းကိုင်းကျေးရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက်သောင်းကျန်း၍ နနွင်းကိုင်းကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့ပါတယ်။ နိုဝင်ဘာ ရက် မွန်းလွဲပိုင်းမှာ စကစတပ်များဟာ ကျေးရွာများကို မွှေနှောက်သောင်းကျန်းခဲ့တာလို့ တော်လှန်ရေးအင်အားစုများကအတည်ပြုဆိုပါတယ်။


"ဆူးလေကုန်းကျေးရွာမှစကစတပ်များ ငါးပါယ်ကျေးရွာသို့ ရမ်းသမ်းပစ်ခတ်ဝင်ရောက်ခဲ့ပါတယ်။ဆူးလေကုန်းကျေးရွာနှင့်နနွင်းကိုင်းကျေးရွာမှကျန်ခဲ့သောစကစတပ်များက နနွင်းကိုင်းကျေးရွာကို မီးရှို့ဖျက်ဆီးကြပါတယ်။ဆူးလေကုန်းကျေးရွာထဲမှစကစတပ်များမှာလည်း ပစ္စည်းများမွေးနှောက်ရှာဖွေလျှက်ရှိပါတယ်"လို့ဆိုပါတယ်။ စကစတပ်များဟာ မြောင်မြို့နယ် ကျောက်ရစ်စခန်းကို အခြေပြု၍ ကျေးရွာများကို တိုက်ခိုက်ဖျက်ဆီးလျက်ရှိပါတယ်။


========================


📌📌 ၇။ မြိုင်မြို့နယ်အနောက်တောင်ပိုင်း ဝက်ပုတ်ရွာအတွင်းရှိ ပျူစောထီးစခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်၍ အသက် ၆၀ ကျော်အရွယ်အဘိုးသေဆုံး


မကွေးတိုင်း မြိုင်မြို့နယ်အနောက်တောင်ပိုင်း ဝက်ပုတ်ရွာအတွင်းရှိ ပျူစောထီးစခန်းမှ ပစ်ခတ်လိုက်သော လက်နက်ကြီး ထိမှန်၍ အသက် ၆၀ ကျော်အရွယ်အဘိုးသေဆုံးခဲ့ပါတယ်။ နိုဝင်ဘာ ရက်မှာ နံ့သာမြိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်) ကအတည်ပြုဆိုပါတယ်။


"မြိုင်မြို့နယ်အနောက်တောင်ပိုင်း ဝက်ပုတ်ရွာအတွင်းရှိ ပျူစောထီးစခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ လက်နက် ကြီးများဖြင့် သွားရောက် ပစ်ခတ် ချိန်တွင် ဝက်ပုတ်ရွာ ပျူစခန်းအတွင်းမှ စကစတပ်နဲ့ပျူများကလည်း ပြန်လည်ပစ်ခတ်ခဲ့ပါတယ်။


ဝက်ပုတ်ပျူစခန်းအတွင်းမှလက်နက်ကြီးပစ်ခတ်လိုက်၍ ချောင်းဦးတိုရွာမှ နေအိမ်တစ်လုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပါတယ်"လို့ဆိုပါတယ်။ လက်နက်ကြီးထိမှန်ကာအသက် ၆၀ ကျော်အရွယ်ရှိ အဘိုးအဘွား လင်မယားနှစ်ဦး လက် နက် ကြီး ထိမှန်ကာအမျိုးသားမှာ ပွဲချင်းပြီး သေ ဆုံးခဲ့ရပြီး အမျိုးသမီးက ခြေထောက်ပြတ်သွားခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တလတာတိုက်ပွဲမှာ စကစတပ်နဲ့ BGF တပ်ဖွဲ့ဝင်ပေါင်း ၃၀၀ ကျော်သေဆုံး


ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း တလတာတိုက်ပွဲမှာ စကစတပ်နဲ့ BGF တပ်ဖွဲ့ဝင်ပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပါတယ်။ နိုဝင်ဘာလ () ရက်နေ့မှာ ကေအဲန်ယူဗဟိုက စစ်ရေးသတင်းကို တရားဝင်ထုတ်ပြန်ဖော်ပြပါတယ်။


"ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း အောက်တိုဘာလ တစ်လလုံး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ နေ့စဉ်နေ့တိုင်း စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့်အတွက် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့နှင့် တိုက်ပွဲကြီးတိုက်ပွဲငယ်များ နေစဉ်နေ့တိုင်း ဖြစ်ပွားလျက်ရှိတယ်"လို့ဆိုပါတယ်။


၂၀၂၂ ခုနှစ်အောက်တိုဘာလ တစ်လအတွင်း တိုက်ပွဲပေါင်း (၂၈၆) ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်နှင့် လက်အောက်ခံ နယ်ခြားစောင့်တပ် (BGF) များမှ (၃၆၉) ဦး သေဆုံးကာ (၃၀၂) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များ အသုံးပြုသော ယာဉ် (၁၈) စီးအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ကရင်အမျိုးသားကာကွယ်ရေး တပ်ဖွဲ့ (KNDO) တို့မှ ဖျက်ဆီးနိုင်ခဲ့ပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUGသတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment