11th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၁၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား

📌 ၂။ နွေဦးတော်လှန်ရေးအတွက်တစ်နှစ်တာမဟာဗျူဟာ စီမံချက်ဟာ NUG အစိုးရတစ်ခုထဲတင်ရေးဆွဲထားခြင်းမဟုတ်ဘဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ပါတိုင်ပင်ရေးဆွဲထား

📌 ၃။ ပြင်သစ်နိုင်ငံ ပါရီ မြို့တော်ဝန်အဖွဲ့ဖိတ်ကြားချက်အရ NUG လူ့အခွင့်ရေးရာဝန်ကြီး ပါရီမြို့ UNESCO CLUB မှာ မိန့်ခွန်းပြောကြားခဲ့

📌 ၄။ ၁၆ ရက်တာကာလ အမျိုးသမီးနှင့်မိန်းကလေးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးကမ်ပိန်း  ပြုလုပ်ပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးပြောကြား

📌 ၅။ PDF များနှင့်ပူးပေါင်းတိုက်ပွဲဝင်နေသော CDM စစ်သည်တစ်ဦး၏ ဇနီး မီးဖွားစားရိတ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက  ထောက်ပံ့ကူညီ

📌 ၆။ နွေဦးကျန်းမာရေးဆေးရုံတွင် အတူတူလက်တွဲထမ်းဆောင်လိုသော CDM ကျန်းမာရေးပညာရှင်များအား ဖိတ်ခေါ်

📌 ၇။ ဆားလင်းကြီးမြို့နယ်မှာ ယင်းမာပင်ခရိုင် Drone တပ်ရင်းဝေဟင်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်က ၁၅ ဦးသေဆုံးခဲ့

📌 ၈။ ဒီပဲယင်းမြို့နယ်က မီးရှို့ခံရသော ကျေးရွာ ၁၄ ရွာအတွက် အထောက်အပံ့အကူအညီများ အရေးပေါ်လိုအပ်

📌 ၉။ မြောင်မြို့နယ်ရှိကျေးရွာများသို့ စစ်ကြောင်းထိုးရန်လာသော မြောင်မြို့ပေါ်မှစစ်သား (၇၀) ခန့်ကို မိုင်းဆွဲတိုက်ခိုက်ရာ ဦးသေဆုံးခဲ့

📌 ၁‌၀။ ဂျပန်မှာ မြန်မာအတွက် အလှူငွေ (105,389) ယန်းကိုကောက်ခံရရှိခဲ့

📌 ၁၁။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ခေါင်မှာ "လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည်ကိုကယ်တင်စို့" ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား


အမျိုးသားညီညွတ်ရေးအစိုးရဟာလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေတဲ့ အစိုးရတစ်ရပ်ဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလက ဒီဇင်ဘာ၁၀ရက်နေ့မှာ အသိပေးပြောကြားလိုက်ပါတယ်။


"ကျွန်တော်တို့ တော်လှန်ရေးအစိုးရဟာလူ့အခွင့်အရေးအတွက် တိုက်ပွဲဝင်နေသော အစိုးရတစ်ရပ်လည်းဖြစ်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အုတ်မြစ်ချ တည်ဆောက်ဖို့ အတွက် တည်ဆောက်ရေးအင်အားစုအသီးသီးကို စုဖွဲ့ထားတဲ့ အစိုးရတစ်ရပ်လည်းဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်တိုင်းပြည်နဲ့ ပြည်သူလူထုဟာ နိုင်ငံရေးပဋိပက္ခနဲ့ လက်နက်ကိုင်ပဋိပက္ခကာလတွေထဲမှာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှု အမြင့်ဆုံးမှာ ကျရောက်နေပြီး မြန်မာ့နွေဦးတော်လှန်ရေးဟာ လျင်လျင်မြန်မြန်နဲ့ အောင်ပွဲခံနိုင်ပြီး လက်ရှိတည်ဆဲ စစ်ရေးပဋိပက္ခတွေကို ချုပ်ငြိမ်းနိုင်အောင် လုပ်မှသာ ပြည်သူလူထုဟာ လူ့အခွင့်အရေးရဲ့ အနှစ်သာရကို ခံစားကြရမှာ ဖြစ်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းပြောပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးအတွက်တစ်နှစ်တာမဟာဗျူဟာ စီမံချက်ဟာ NUG အစိုးရတစ်ခုထဲတင်ရေးဆွဲထားခြင်းမဟုတ်ဘဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ပါတိုင်ပင်ရေးဆွဲထား


နွေဦးတော်လှန်ရေးအတွက်တစ်နှစ်တာမဟာဗျူဟာ စီမံချက်ဟာ NUG အစိုးရတစ်ခုထဲတင်ရေးဆွဲထားခြင်းမဟုတ်ဘဲ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့ပါတိုင်ပင်ရေးဆွဲထားတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


" လက်ရှိအခြေအနေတွေကိုသုံးသပ်ပြီးတော့ ရေးဆွဲထားတဲ့ 1 year plan လည်းအားလုံးသိပြီးသားပဲ။ Phase 1,2,3 နဲ့ ကျွန်တော်တို့သွားထားတယ်။ အဲ့ဒီမှာ ကျွန်တော်တို့ ပြင်ဆင်ပြီးတော့ နောက်တစ်ဆင့်ပြီးတစ်ဆင့် တက်သွားဖို့နဲ့ စီမံခန့်ခွဲမှုကို ငွေရေးကြေးရေး အရကော၊ နိုင်ငံရေးအရရော၊ နိုင်ငံတကာရေးရာအရရော အားလုံးတွက်ချက်ပြီး ပြင်ဆင်ထားတယ်။ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းများနဲ့လည်း တိုင်ပင်ထားတာ။ ဒီဟာက ကျွန်တော်တို့ဘာသာ ကျွန်တော်တို့ ကြေငြာထားတဲ့ ကြေငြာချက်မဟုတ်ဖူး။ အဖွဲ့အစည်းတွေအားလုံးနဲ့ တိုင်ပင်ပြီး ပြင်ဆင်ထားတာဖြစ်တဲ့အတွက်တော့ ကျွန်တော်တို့ အကောင်းဆုံး ကိုတော့ မျှော်လင့်ထားတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကြေညာခဲ့ပါတယ်။ လက်ရှိ ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ် ကျော်ကာလအတွင်း စကစတပ်က တပ်ဖွဲ့ဝင်နှစ် သောင်းကျော် သေဆုံးခဲ့ပြီး ဖြစ်ပါတယ်။


========================


📌📌 ၃။ ပြင်သစ်နိုင်ငံ ပါရီ မြို့တော်ဝန်အဖွဲ့ဖိတ်ကြားချက်အရ NUG လူ့အခွင့်ရေးရာဝန်ကြီး ပါရီမြို့ UNESCO CLUB မှာ မိန့်ခွန်းပြောကြားခဲ့


ပြင်သစ်နိုင်ငံ ပါရီ မြို့တော်ဝန်အဖွဲ့ဖိတ်ကြားချက်အရ NUGလူ့အခွင့်ရေးရာဝန်ကြီး ပါရီမြို့UNESCO CLUB မှာ မိန့်ခွန်းပြောကြားခဲ့ကြောင်းကို ဒီဇင်ဘာ ၁၁ ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းကအသိပေးဆိုပါတယ်။ "မြန်မာ့အရေးကို အထူးအားပေးထောက်ခံတဲ့ ပါရီမြို့တော်ဝန်အဖွဲ့ လူ့အခွင့်အရေးမြို့တော်ဝန် Mr. Jean-Luc Romero-Michel ရဲ့ ဖိတ်ကြားချက်နဲ့  ပါရီမြို UNESCO CLUB မှာ လူ့အခွင့်အရေးနေ့မိန့်ခွန်းပြောကြားခဲ့ပါတယ်"လို့ဆိုပါတယ်။


ဝန်ကြီးမိန့်ခွန်းအဆုံး လက်သုံးချောင်းထောင်ပြီး မြန်မာနိုင်ငံက လူ့အခွင့်အရေးတိုက်ပွဲဝင်သူရဲကောင်းတွေကို ဂုဏ်ပြုခဲ့တယ်လို့လည်း ဖော်ပြပါတယ်။ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရကို ကိုယ်စားပြုကာ ပြင်သစ်နိုင်ငံကိုရောက်ရှိနေခြင်းဖြစ်ပါတယ်။


========================


📌📌 ၄။ ၁၆ ရက်တာကာလ အမျိုးသမီးနှင့်မိန်းကလေးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးကမ်ပိန်း  ပြုလုပ်ပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးပြောကြား


၁၆ ရက်တာကာလ အမျိုးသမီးနှင့်မိန်းကလေးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးကမ်ပိန်း အထိမ်းအမှတ် GBV survivors အကြမ်းဖက်မှုမှရှင်သန်သူများအား ပန်းချီကုစားမှုများ ပြုလုပ်ပေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုးပြောကြားလိုက်ပါတယ်။


"၁၆ ရက်တာကာလ အမျိုးသမီးနှင့်မိန်းကလေးများအပေါ်အကြမ်းဖက်မှုရပ်တန့်ရေးကိမ်ပိန်း အထိမ်းအမှတ် GBV survivors အကြမ်းဖက်မှုမှရှင်သန်သူများအား ပန်းချီကုစားမှုများ ပြုလုပ်ပေးခဲ့ပါတယ်။ပုံလေးတွေ က သူတို့ လေးတွေရဲ့ခံစားမှုကိုထင်ဟပ်ပြသနေပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ အမျိုးသမီး၊ လူငယ်နဲ့ ကလေးသူငယ်များကို တတ်စွမ်းသမျှ ထောက်ပံ့ ကူညီလျက်ရှိပြီးတော့ စစ်ဘေးရှောင်ကာလအတွင်း ကိုယ်ဝန်သည် သိန်းနဲ့ချီကိုလည်း ထောက်ပံမှုများပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၅။ PDF များနှင့်ပူးပေါင်းတိုက်ပွဲဝင်နေသော CDM စစ်သည်တစ်ဦး၏ ဇနီး မီးဖွားစားရိတ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက  ထောက်ပံ့ကူညီ


PDF များနှင့်ပူးပေါင်းတိုက်ပွဲဝင်နေသော CDM စစ်သည်တစ်ဦး၏ ဇနီး မီးဖွားစားရိတ်အဖြစ် ကာကွယ်ရေးဝန်ကြီးဌာနက ဆယ်သိန်းကျပ် ထောက်ပံ့ကူညီခဲ့တယ်လို့ ဒီဇင်ဘာလ (၁၁) ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက အသိပေးဖော်ပြပါတယ်။


"ကရင်နီပြည်၊ ဖရုဆိုမြို့နယ်တွင် အာဏာသိမ်းအကြမ်းဖက်စစ်တပ်၏ မတရားသောအမိန့်များကို ဆန့်ကျင်ပြီး ပြည်သူ့ဘက်ရပ်တည်ကာ ပြည်သူ့ကာကွယ်ရေးတပ်သားများနှင့်ပူးပေါင်းတိုက်ပွဲဝင်လျက်ရှိသော CDM တပ်ကြပ်ကြီးတစ်ဦး၏ ဇနီးသည်အတွက် မီးဖွားစားရိတ်အဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ဆယ်သိန်းကျပ် ထောက်ပံ့ကူညီခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


အဆိုပါ CDM တပ်ကြပ်ကြီးဟာ ..၂၀၂၂ တွင် ပြည်သူ့ဘက်ရပ်တည်လာခြင်းဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘက်ရပ်တည်လာမည့် တပ်သားနှင့်ရဲများကို လက်ကမ်းကြိုဆိုနေမည် ဖြစ်ပြီး လူသားလုံခြုံရေးဆိုင်ရာအကူအညီများ (Human Security) ပေးနိုင်ရန် ဆက်လက်ကြိုးစားသွားမှာဖြစ်တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


📌📌 ၆။ နွေဦးကျန်းမာရေးဆေးရုံတွင် အတူတူလက်တွဲထမ်းဆောင်လိုသော CDM ကျန်းမာရေးပညာရှင်များအား ဖိတ်ခေါ်


နွေဦးကျန်းမာရေးဆေးရုံတွင် အတူတူလက်တွဲထမ်းဆောင်လိုသော CDM ကျန်းမာရေးပညာရှင်များအား ဖိတ်ခေါ်ထားကြောင်းကို ဒီဇင်ဘာ၁၁ရက်မှာ University of Medicine 2, Yangon Student Committee မှအသိပေးဆိုပါတယ်။ "တော်လှန်ရေးနယ်မြေအတွင်းရှိ နွေဦးကျန်းမာရေးဆေးရုံတွင် အတူတကွ လက်တွဲလုပ်ဆောင်လိုတဲ့ ကျန်းမာရေးပညာရှင်များလိုအပ်ပါတယ်"လို့ဆိုထားပါတယ်။


လိုအပ်သော ကျန်းမာရေးပညာရှင်များမှာ CDM အရိုးအထူးကု ခွဲစိပ်ဆရာဝန်၊ CDM အထွေထွေ ခွဲစိပ်ဆရာဝန်၊CDM မေ့ဆေး အထူးကုဆရာဝန်၊ CDM သမားတော်၊ CDM သူနာပြု၊ CDM အထက်တန်းသူနာပြုတိကြိုခေါ်ယူထားပါတယ်။ လျှောက်ထားလိုပါက University of Medicine 2, Yangon Student Committee သို့ဆက်သွယ်မေးမြန်းနိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၇။ ဆားလင်းကြီးမြို့နယ်မှာ ယင်းမာပင်ခရိုင် Drone တပ်ရင်းဝေဟင်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်က ၁၅ ဦးသေဆုံးခဲ့


စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်မှာ ယင်းမာပင်ခရိုင် Drone တပ်ရင်းဝေဟင်တိုက်ခိုက်မှုကြောင့် အကြမ်းဖက်စစ်တပ်က၁၅ဦးသေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၁၁ ရက်မှာ စစ်ရေးသတင်းကို ယင်းမာပင်ခရိုင် Drone Army ကအသိပေးဆိုပါတယ်။


"ဆားလင်းကြီးတိုက်ပွဲ မှာယင်းမာပင်ခရိုင် Drone တပ်ရင်း၏ တိုက်ခိုက်မှုကြောင့် လွတ်​​မြောက်လာတဲ့ဓါးစာခံများပြောပြချက်အရ ​​စကစတပ်က ၁၅ဦးရုပ်အလောင်များမြေမြုပ် ထားတယ်လို့ဆိုပါတယ်"လို့ဖော်ပြပါတယ်။ ယင်းမာပင်ခရိုင် Drone တပ်ရင်းဟာ စစ်ကိုင်းတိုင်းအတွင်း ဒရုန်းစစ်ဆင်ရေးကို ဆင်နွှဲလျက်ရှိပြီး စကစတပ်များကို အထိနာစေတဲ့တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။


========================


📌📌 ၈။ ဒီပဲယင်းမြို့နယ်က မီးရှို့ခံရသော ကျေးရွာ ၁၄ ရွာအတွက် အထောက်အပံ့အကူအညီများ အရေးပေါ်လိုအပ်


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်က မီးရှို့ခံရသော ကျေးရွာ၁၄ရွာအတွက် အထောက်အပံ့အကူအညီများ အရေးပေါ်လိုအပ်လျက်ရှိတယ်လို့သတင်းရရှိပါတယ်။


" ဒီဇင်ဘာ ရက်မှာ မနက်ပိုင်းက ရုံးသာကျေးရွာ၊သပြေသာကျေးရွာများအားစကစတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။နိုဝင်ဘာ၃၀ရက်ကစ၍ဒီပဲယင်းမြို့နယ်အရှေ့ခြမ်းရှိကျေးရွာများအား စစ်ကြောင်းထိုးဝင်ရောက်နေပြီး ပျော်ဘွယ်၊ညောင်လှ၊ကံကုန်းစသည့်ကျေးရွာများမှာ မီးရှို့ခံခဲ့ရပြီး မီးဘေးသင့်ပြည်သူများနှင့် စစ်ရှောင်ပြည်သူများ အထောက်အပံ့အကူအညီများ အရေးပေါ်လိုအပ်လျှက်ရှိပါတယ်" လို့ဆိုပါတယ်။


ပြည်သူများ ဝိုင်းဝန်းကူညီကြရန် နဲ့ အကူအညီပေးလိုသူများအနေနဲ့ဒီပဲယင်းမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကိုဆက်သွယ်စုံစမ်းနိုင်ကြောင်းသတင်းရရှိပါတယ်။


========================


📌📌 ၉။ မြောင်မြို့နယ်ရှိကျေးရွာများသို့ စစ်ကြောင်းထိုးရန်လာသော မြောင်မြို့ပေါ်မှစစ်သား (၇၀) ခန့်ကို မိုင်းဆွဲတိုက်ခိုက်ရာ ဦးသေဆုံးခဲ့


ဒီဇင်ဘာလ ၁၀ ရက် နံနက် နာရီ ၄၅ မိနစ်တွင်စစ်ကိုင်းတိုင်း မြောင်မြို့နယ်ရှိကျေးရွာများသို့ စစ်ကြောင်းထိုးရန်လာသော မြောင်မြို့ပေါ်မှစစ်သား (၇၀) ခန့်ကို မိုင်းဆွဲတိုက်ခိုက်ရာ ဦးသေဆုံးခဲ့တယ်လို့ ဒီဇင်ဘာ ၁၁ ရက်မှာ စစ်ရေးသတင်းကို MUA ပြည်သူ့တပ်မတော် (မြောင်) ကအသိပေးဆိုပါတယ်။


တိုက်ခိုက်မှုကြောင့်စကစတပ်များ ဒဏ်ရာအပြင်းအထန်ရကာမြောင်ဆေးရုံတွင် သေဆုံးသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ ထိုစစ်ဆင်ရေးကို Black Brother ခေါင်းဆောင်ဗိုလ်ရောင်ခြည်၊ဗိုလ်အောင်ပန်း၊ တပ်စုမှူးဗိုလ်သော်တာ ဦးဆောင်သော မှိုင်းအဖွဲ့နှင့် MUA ပြည်သူ့တပ်မတော်(မြောင်) စစ်ကိုင်းခရိုင်တပ်ရင်း၂တပ်ခွဲ ()  စစ်ကိုင်းခရိုင်တပ်ရင်း၆တပ်ခွဲ () CDSOM အဖွဲ့၊ဟီးရိုးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။


========================


📌📌 ၁‌၀။ ဂျပန်မှာ မြန်မာအတွက် အလှူငွေ (105,389) ယန်းကိုကောက်ခံရရှိခဲ့


ဂျပန်မှာ မြန်မာအတွက် အလှူငွေ (105,389) ယန်းကိုကောက်ခံရရှိခဲ့တယ်လို့ ဒီဇင်ဘာ၁၁ရက်မှာ JMFCA ကအသိပေးဖော်ပြပါတယ်။


"ဒီဇင်ဘာ ၁၀ ရက်ရဲ့ JMFCA လှုပ်ရှားမှု အနေဖြင့် Jiyugaoka Station တွင်အလှူငွေကောက်ခံခြင်းပြုလုပ်ရာသဒ္ဒါတရားထက်သန်သော ဂျပန်ပြည်သူများနှင့်အမိမြေကိုချစ်မြတ်နိုးသောမြန်မာပြည်သူများထံမှ အလှူငွေ(105,389)ယန်းကိုကောက်ခံရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။ ရရှိလာတဲ့အလှူငွေများကို စစ်ဘေးရှောင်ဒေသများနှင့်အခြားအရေးတကြီးလိုအပ်လျှက်ရှိသောနေရာဒေသများ အတွက်စိတ်ချယုံကြည်ရသောအဖွဲ့အစည်းများမှ တာဝန်ခံများမှတဆင့် လှူဒါန်းသွားမှာဖြစ်တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၁၁။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ခေါင်မှာ "လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည်ကိုကယ်တင်စို့" ခေါင်းစဉ်ဖြင့် ဆန္ဒထုတ်ဖော်


အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့လယ်ကောင်ရှိ Time Square ရင်ပြင်မှာ "လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည်ကိုကယ်တင်စို့"ခေါင်းစဉ်ဖြင့် New York City Burmese Community (NYCBC) မှဦးဆောင်ကာ ဆန္ဒထုတ်ဖော်ပွဲကိုကျင်းပခဲ့ပါတယ်။ ဒေသစံတော်ချိန် နေ့လည် :၃၀ နာရီတွင်ကျင်းပသော အဆိုပါပွဲသို့ အေးခဲနေသော ရာသီဥတုကိုအံတုပြီး နယူးယောက်ဒေသခံ မြန်မာပြည်သားအများအပြားတက်ရောက်ခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment