12th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၁၂ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၂။ အမေရိကန်အောက်လွှတ်တော်မှာအတည်ပြုလိုက်တဲ့အမျိုးသားကာကွယ်ရေးဥပဒေ (NDAA 2023) ဟာ " မဖြစ်စဖူးထူးခြားတဲ့ ( incredible) အရွေ့တခုဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆို

📌 ၃။ စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်ရေးကလည်း နွေဦးတော်လှန်ရေးရဲ့  အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို

📌 ၄။ မသောက်မိသောမိုးခါးရေရုပ်ရှင် မကြည့်ရသေးသော မြန်မာနိုင်ငံသားများအတွက် လက်မှတ်တစ်စောင် ၁၀၀၀၀ ကျပ်နဲ့စတင်ရောင်းချပေး

📌 ၅။ အနှိပ်ခန်းမှာဖမ်းမိတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှစ်ဦးကို NUG ပြည်ထဲရေးရဲချုပ်ရုံးညွှန်ကြားချက်နဲ့အမှုဖွင့်တရားစွဲမယ်

📌 ၆။ ကောလင်းမြို့ ကျောက်ပျဥ်သာတိုက်နယ် ကုက္ကိုကုန်းရွာ ပေပင်ချောင်ရွာကိုစကစတပ်က မီးရှို့ဖျက်ဆီး

📌 ၇။ တန့်ဆည်မြို့နယ် ဘေရင်းရွာသစ်အတွင်းကင်းလှည့်လာတဲ့ စကစတပ်နဲ့ပျူများ မိုင်းထိ၍ သုံးဦးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၁ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၃၈/၂၀၂၂) ကို 

ကျင်းပခဲ့ပါတယ်။


အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးအထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်  အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။ ပြီးနောက်  ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေး၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နိဂုံးချုပ်စကားပြောကြားခဲ့ပါတယ်။


အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အမေရိကန်အောက်လွှတ်တော်မှာအတည်ပြုလိုက်တဲ့အမျိုးသားကာကွယ်ရေးဥပဒေ (NDAA 2023) ဟာ " မဖြစ်စဖူးထူးခြားတဲ့ ( incredible) အရွေ့တခုဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆို


အမေရိကန်အောက်လွှတ်တော်မှာအတည်ပြုလိုက်တဲ့အမျိုးသားကာကွယ်ရေးဥပဒေ (NDAA 2023) ဟာ မဖြစ်စဖူးထူးခြားတဲ့ ( incredible) အရွေ့တခုဖြစ်တယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်ဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က အသိပေးဆိုထားပါတယ်။


" အောက်လွှတ်တော်မှာ (၃၅၀-၈၀) မဲ နဲ့ ၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် NDAA ကို မဲခွဲ အတည်ပြုခဲ့ပါတယ်။ အထက်လွှတ်တော်မှာ ဆက်လက် အတည်ပြုဖို့ ကျန်နေသေးပေမယ့် ဒါဟာ မဖြစ်စဖူးထူးခြားတဲ့ ( incredible) အရွေ့တခုဖြစ်ပါတယ်။ ဒီဥပဒေ ဟာ ဒီမိုကရေစီအတွက်ရုန်းကန်တိုက်ပွဲ ဝင်နေကြတဲ့ ပြည်သူတွေအတွက် လိုအပ်နေတဲ့ မျှော်လင့်ချက်ကို အထောက်အကူဖြစ်ပါလိမ့်မယ်"လို့ဆိုထားပါတယ်။


အမေရိကန်နိုင်ငံက National Defense Authorization Act 2023 (NDAA) ယခုနှစ်မြန်မာပြည်အတွက် အထောက်အပံ့ပိုပေးဖို့ ထည့်သွင်းရေးသားထားပါတယ်။ National Defense Authorization Act 2023 (NDAA) က အောက်လွှတ်တော် House ကို အောင်မြင်သွားခဲ့ပြီးဖြစ်ကာSenate ကိုဖြတ်ပြီး သမ္မတလက်မှတ်ထိုးပါက ဥပဒေအတည်ဖြစ်မှာဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်ရေးကလည်း နွေဦးတော်လှန်ရေးရဲ့  အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ဆို


စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်ရေးကလည်း နွေဦးတော်လှန်ရေးရဲ့  အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဆိုပါတယ်။ ဒီဇင်ဘာလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ စီမံကိန်း၊ဘဏ္ဍာရေးနဲ့ ရင်းနှီးမြုပ်နှံမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကပြောကြားခဲ့ပါတယ်။


"Click to Donate ကလစ်လုပ်နေတဲ့သူတွေလည်း ဒီတော်လှန်ရေးမှာ ကျရာနေရာက ပါဝင်နေတာတွေပဲ စစ်တပ်ထုတ်ကုန်တွေ သပိတ်မှောက်ရေး စစ်တပ်ထုတ်ကုန်ဆို မသုံးစွဲဘူး အားမပေးဘူး အကြမ်းဖက်စစ်တပ်နဲ့ ပတ်သက်တဲ့ စီးပွားရေးလုပ်ငန်းတွေဆိုရင် Boycott လုပ်တယ်ဆိုတဲ့ဟာကလည်း  ဒီတော်လှန်ရေးရဲ့ အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိပါတယ်။ ဒါကြောင့်မို့လို့ မိမိတို့ ကျရာနေရာအခန်းကဏ္ဍက ပါဝင်မှုအားလုံးကို ကျွန်တော်တို့အားလုံးက တန်းတူတန်ဖိုးထားသလို  လေးလည်းလေးစားတယ် ဂုဏ်လည်းဂုဏ်ယူတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိ စစ်ကိုင်းတိုင်းတွင်းမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကစစ်တပ်ထုတ်ကုန် ဖြစ်သော မြန်မာဘီယာ၊ မိုင်တဲ ဆင်းကတ်၊ငွေဖြည့်ကတ်နဲ့ ဒဂုံဘီယာတို့ကိုရောင်းဝယ် ဖောက်ကားသယ်ဆောင်ခွင့်တားမြစ်ထားပါတယ်။


========================


📌📌 ၄။ မသောက်မိသောမိုးခါးရေရုပ်ရှင် မကြည့်ရသေးသော မြန်မာနိုင်ငံသားများအတွက် လက်မှတ်တစ်စောင် ၁၀၀၀၀ ကျပ်နဲ့စတင်ရောင်းချပေး


မသောက်မိသောမိုးခါးရေရုပ်ရှင် မကြည့်ရသေးသော မြန်မာနိုင်ငံသားများအတွက် လက်မှတ်တစ်စောင် ၁၀၀၀၀ ကျပ် နဲ့စတင်ရောင်းချပေးနေပြီလို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၁ ရက်မှာ မိုးခါးရေး ရုပ်ရှင်ပြသရေးကော်မတီကဆိုပါတယ်။


မသောက်မိသောမိုးခါးရေရုပ်ရှင်ကို မကြည့်ရသေးသောမြန်မာနိုင်ငံသူ/သားများအတွက် ကြည့်ရှုနိုင်ရန် အခုပဲရောက်လာပါပြီ။ မသောက်မိသောမိုးခါးရေ Facebook page မှာဝယ်လို့ရသလို - နိုင်ငံအလိုက် FR များထံတွင်မသောက်မိသောမိုးခါးရေရုပ်ရှင်လက်မှတ်ကို ()စောင်လျှင်မြန်မာနိုင်ငံသားများအတွက်-မြန်မာငွေ ၁၀၀၀၀/-ကျပ်နဲ့ဝယ်ယူနိုင်ပါပြီ"လို့ဆိုထားပါတယ်။


ရုပ်ရှင်ကို Website ကိုဖွင့်လိုက်လျှင် ရုပ်ရှင်ကြည့်ရှူရန် လင့်ခ် () () () ထဲက နှစ်သက်ရာ လင့်ခ်တခုကို နှိပ်ပြီး Password တောင်းသည့်အခါ Ticket Number နောက်ဆုံး ()လုံး ကို ရိုက်ထည့်ပြီး ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်မနက် နာရီမှစ၍ ၄၈ နာရီအတွင်းကြည့်လို့ရမည်ဖြစ်ပြီး သတ်မှတ်ချိန်လွန်သည်နှင့်သူ့အလိုအလျှောက်စနစ်ဖြင့် ပိတ်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၅။ အနှိပ်ခန်းမှာဖမ်းမိတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှစ်ဦးကို NUG ပြည်ထဲရေးရဲချုပ်ရုံးညွှန်ကြားချက်နဲ့အမှုဖွင့်တရားစွဲမယ်


စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်ကအနှိပ်ခန်းမှာဖမ်းမိတဲ့ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းနှစ်ဦးကို NUGပြည်ထဲရေးရဲချုပ်ရုံးညွှန်ကြားချက်နဲ့အမှုဖွင့်တရားစွဲမယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၁၁ ရက်မှာ ကလေးမြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့ KPS က သတင်းထုတ်ပြန်ပါတယ်။


ကလေးမြို့ တောင်ဇလပ်ရပ်ကွက်က အနှိပ်ခန်းတစ်ခုမှာ ပြည်သူတွေထံက မိုက်ကြေးခွဲ လုယက်ထားတဲ့ ငွေတွေနဲ့ သောက်စားပျော်ပါးနေတဲ့ စစ်ကောင်စီ တပ်ကြပ် မင်းဇော်ဦး၊ စစ်ကောင်စီ သစ္စာခံ ကလေးခရိုင် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ ထွန်းထွန်းနိုင်နဲ့ အငယ်တန်းစာရေး ငြိမ်းခန့်ဇော် တို့ကို ဒီဇင်ဘာ ၁၀ ရက်ကဖမ်းမိခဲ့တယ်လို့ဖော်ပြပါတယ်။ ဖမ်းမိတဲ့ဖြစ်စဥ်မှာ တပ်ကြပ် မင်းဇော်ဦးက ခုခံထွက်ပြေးလို့ ပစ်ခတ်ရာမှာ သေဆုံးခဲ့တယ်လို့ ကလေးမြို့နယ် ပြည်သူ့ရဲတပ်ဖွဲ့  KPS က ဆိုပါတယ်။


လက်ရှိမှာ ဖမ်းဆီးထားသူတွေကို အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန၊ ပြည်သူ့ရဲချုပ်ရုံးရဲ့ ညွှန်ကြားချက်နဲ့အညီ ကလေးမြို့နယ် တရားသူကြီးအဖွဲ့ထံ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ၅၂(က)နဲ့ အမှုဖွင့် တရားစွဲဖို့ ပြင်ဆင်နေပြီး ဖမ်းထားသူတွေကို နိုင်ငံတကာ လူ့အခွင့်အရေးနဲ့အညီ ထိန်းသိမ်းထားတယ်လို့ထုတ်ပြန်ပါတယ်။


========================


📌📌 ၆။ ကောလင်းမြို့ ကျောက်ပျဥ်သာတိုက်နယ် ကုက္ကိုကုန်းရွာ ပေပင်ချောင်ရွာကိုစကစတပ်က မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ကောလင်းမြို့ ကျောက်ပျဥ်သာတိုက်နယ် ကုက္ကိုကုန်းရွာ ပေပင်ချောင်ရွာကိုစကစတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းမှာ စကစတပ်များက မီးရှို့ခဲ့တာလို့ ကောလင်းတော်လှန်ရေးအင်အားစုကအတည်ပြုပါတယ်။


"ဒီဇင်ဘာ ၁၁ ရက်ကောလင်းမြို့ ကျောက်ပျဥ်သာတိုက်နယ်ကုက္ကိုကုန်းရွာ ပေပင်ချောင်ရွာ တို့ကို စကစတပ်များကမီးရှို့ခဲ့ပါတယ်"လို့ KR-Team ကဆိုပါတယ်။ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊မကွေးတိုင်းတို့မှာ အရပ်သားများကိုပစ်မှတ်ထားတိုက်ခိုက်နေပြီးတော့ ဘုန်းကြီးကျောင်းပါမကျန်မီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။


========================


📌📌 ၇။ တန့်ဆည်မြို့နယ် ဘေရင်းရွာသစ်အတွင်းကင်းလှည့်လာတဲ့ စကစတပ်နဲ့ပျူများ မိုင်းထိ၍ သုံးဦးသေဆုံး


စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဘေရင်းရွာသစ်အတွင်းကင်းလှည့်လာတဲ့ စကစတပ်နဲ့ပျူများ မိုင်းထိ၍ သုံးဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၁၁ ရက် နံနက်ပိုင်းမှာ စကစတပ်နဲ့ပျူများတိုက်မိုင်း နှစ်ငြိမ်မိခဲ့တယ်လို့ တန့်ဆည်ပကဖက အတည်ပြုဆိုပါတယ်။


"တန့်ဆည်မြို့နယ် ဘေရင်းရွာသစ်အတွင်း စကစတပ်နှင့်ပျူများ ကင်းလှည့်လာစဥ် .က. တိုက်မိုင်း နှစ်ကြိမ်မိပြီး စကစတပ်က တစ်ဦးနှင့် ပျူ နှစ်ဦး သေဆုံးကာ အများအပြား ဒါဏ်ရာရသွားခဲ့တယ်"လို့ဆိုပါတယ်။ ပြီးခဲ့နိုဝင်ဘာ ၁၁ ရက်နေ့ကလည်းဝရငယ်မူးတံတားတောင်ဖက် ရေကျော်တံတား​​ပေါ် ဖြတ်တက်လာသောခမရ (၃၆၈) စစ်ကြောင်းအား တန့်ဆည် .က. မှ ပဒေသာမိုင်း ()လုံးတွဲဖြင့် ဖောက်ခွဲတိုက်ခဲ့ရာ စကစတပ်က ဦးသေဆုံးခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment