13th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၁၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ NUG အနေနဲ့ နိုင်ငံရဲ့တဝက်ကျော်ကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းဆီက ထောက်ပံ့မှုရ ရှိပါက ပြည်သူတွေကြုံနေရတဲ့သတ်ဖြတ်မှုနဲ့ ဒုက္ခတွေပိုမိုမြန်ဆန်ချုပ်ငြိမ်းသွားမယ်လို့ယာယီသမ္မတပြောကြား

📌 ၂။ ပြင်သစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဌာနမှူးနဲ့ NUG လူ့အခွင့်ရေးရာဝန်ကြီးတွေ့ဆုံဆွေးနွေး

📌 ၃။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ CDM ဝန်ထမ်းမျကို လိုက်လံရှာဖွေဖမ်းဆီးမှုများရှိနေကြောင်းသတိပေးနှိုးဆော်

📌 ၄။ ရေစကြိုမြို့နယ်အပြစ်မဲ့ပြည်သူတစ်ဦးအားဖမ်းဆီးထားသော စကစတပ်များလက်ထဲမှ ကာကွယ်ရေးတပ်များကယ်ထုတ်

📌 ၅။ နမ့်ဆန်မြို့နယ်၊ ကုန်းသာ(ရဝ်ဘြာန်း)ကျေးရွာရွာလုံးကျွတ် စကစတပ် လက်နက်ကြီး ထိမှန်၍ ရစရာမရှိအောင်ပျက်စီး

📌 ၆။ ဒီပဲယင်းမြို့နယ်ကို အင်အားသုံးစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ယနေ့မနက်လည်း ရွာမိဿာကို မီးရှို့ဖျက်ဆီး

📌 ၇။ ဗိုလ်မထား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်အလက် (၁၀၀) ထပ်မံထုတ်လုပ်ဖြန့်ဝေမယ်

📌 ၈။ Ranger Kalay Defend Force (RKDF) အတွက် ကျည် ခဲယမ်းများဝယ်ယူဖြည့်တင်းရန် "ပြည်သူ့ဆွဲကြိုး ရဲဘော်ကျည်ဖိုးမဲလက်မှတ်များဆက်လက်ရောင်းချ

📌 ၉။ BMW X2 ဂျာမဏီကားမဲလက်မှတ် ကံစမ်းမဲဖွင့်ပွဲ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ရက်နေ့မှာကျင်းပမယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ NUG အနေနဲ့ နိုင်ငံရဲ့တဝက်ကျော်ကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး နိုင်ငံတကာအသိုက်အဝန်းဆီက ထောက်ပံ့မှုရ ရှိပါက ပြည်သူတွေကြုံနေရတဲ့သတ်ဖြတ်မှုနဲ့ ဒုက္ခတွေပိုမိုမြန်ဆန်ချုပ်ငြိမ်းသွားမယ်လို့ယာယီသမ္မတပြောကြား


NUG အနေနဲ့ နိုင်ငံရဲ့တဝက်ကျော်ကို ထိန်းချုပ်နိုင်ပြီဖြစ်ပြီး ယူကရိန်းကဲ့သို့ နိုင်ငံတကာ အသိုက်အဝန်း ဆီကထောက်ပံ့မှုရရှိရင် ပြည်သူတွေ ကြုံနေရတဲ့သတ်ဖြတ်မှုနဲ့ဒုက္ခတွေပိုမိုမြန်ဆန်ချုပ်ငြိမ်းသွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှိလက Khmer Times နဲ့တွေ့ဆုံမေးမြန်းခန်းမှာ ပြော ကြားခဲ့ပါတယ်။


စစ်အစိုးရရဲ့ အာဏာသိမ်းမှုဟာ ဘယ်တုန်းကမှ မအောင်မြင်ခဲ့ဘူး။ စစ်အာဏာရှင်တွေကို ပြည်တွင်းမှာ ရော နိုင်ငံတကာမှာပါ အသိအမှတ်မပြုခဲ့ဘူး။ တချိန်တည်းမှာပဲ အာဏာသိမ်းဖို့ ကြိုးပမ်းမှုကစပြီး စစ်အာ ဏာရှင် တို့ရဲ့ စုစည်းချုပ်ကိုင်မှုမလုပ်နိုင်ဖို့ ပြည်သူတွေက တားဆီးခဲ့တယ်။ စစ်အစိုးရဟာ တိုင်းပြည်ကို ချုပ်ကိုင်ထား နိုင်ခြင်း မရှိတဲ့အပြင် နေရာတိုင်းမှာလည်း အရပ်သားအတိုက်အခံတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အရပ်သားတွေရဲ့ ပံ့ပိုးမှုနဲ့အတူ ကျနော်တို့ တိုက်ပွဲမှာ အနိုင်ရပြီး နိုင်ငံတဝက်ကျော်ကို အခု ထိန်းချုပ်နိုင် နေပြီ ဖြစ်ပါတယ်။ ဒါပေမယ့် ယူကရိန်းလိုမျိုး နိုင်ငံတကာ အသိုက်အဝန်းဆီက ရရှိတဲ့ ထောက်ပံ့မှုကိုရရင် ပြည်သူတွေ ကြုံနေရတဲ့ သတ်ဖြတ်မှုနဲ့ ဒုက္ခတွေပိုမိုမြန်ဆန်ချုပ်ငြိမ်းသွားမှာ ဖြစ်ပါတယ်လို့ ယာယီသမ္မတ က ပြောကြားခဲ့ပါတယ်။


အရပ်သားတွေအပေါ် အကြမ်းဖက်မှုအစိုးရအုပ်ချုပ်ရေးကောင်စီ(SAC)က လူ့အခွင့်အရေးချိုးဖောက်မှုတွေ အကြီးအကျယ် ကျုးလွန်နေတဲ့အအတွက် နိုင်ငံတွင်းအိုးမဲ့အိမ်မဲ့ အရပ်သား ဒသမ သန်းရှိနေပြီဖြစ်ပြီး  အရပ်သားနေအိမ်တွေကို မီးရှို့ကာ ပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုများပြုလုပ်နေတာကြောင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေလက်တွဲပြီး ဒီစစ်အာဏာရှင်တွေကို ဖြုတ်ချ ရေးအစွမ်းကုန် လုပ်ဆောင်နေကြောင်း ရာဇ၀တ်မှုကျူးလွန်သူတွေကို ပြစ်ဒဏ်ပေးရမှာဖြစ်ကြောင်း ယာယီသမ္မတကဆက်လက်ပြောကြားခဲ့ပါတယ်။ 


ကမ္ဘောဒီးယား ဝန်ကြီးချုပ် (ဟွန်ဆန်) အပါအဝင် အာဆီယံခေါင်းဆောင်တွေဟာ ဘုံသဘောတူညီချက် ()ချက်ကို မြန်မာနိုင်ငံအတွက် ပိုမိုကောင်းမွန်တဲ့ ရလဒ်ကောင်းတွေရရှိနိုင်ဖို့ စေတနာကောင်းနဲ့ ကျိုးကြောင်းဆီလျော်စွာ လုပ်ဆောင်ခဲ့ကြပါတယ်။ ကံမကောင်းစွာပဲ၊ သဘောတူညီချက်ကို လက်မှတ် ရေးထိုးထားတဲ့ မင်းအောင်လှိုင်အဖွဲ့က လုံးဝအကောင်အထည်မဖော်ခဲ့ပါဘူး။ အဓိကအချက်မှာ NUG နဲ့ အာဆီယံရဲ့ တိုက်ရိုက်ထိတွေ့ဆက်ဆံပြီး ဤအချက်ငါးချက် ဘုံသဘောတူညီမှုကို တိုးချဲ့ဖို့လိုအပ်ပါတယ်။ ပိုမိုကောင်းမွန်တဲ့ရလဒ်ကိုဖန်တီးဖို့အတွက် ASEAN လုပ်ငန်းစဉ်အဆင့်တိုင်းမှာ SAC ကိုယ်စားလှယ်တွေ ကို ကိုယ်စားပြုခွင့်မပြုသင့်ပါဘူးလို့ ယာယီသမ္မတကပြောကြားခဲ့ပါတယ်။


အကျဉ်းသား ,၇၇၄ ဦးကို လွှတ်ပေးခဲ့ပေမယ့် အဲဒီအနက် ၄၀၀ ခန့်က နိုင်ငံရေး အကျဉ်းသားတွေ ဖြစ် ကြောင်း သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားထောင် ပေါင်း များစွာရှိတဲ့ နိုင်ငံရေးအကျဉ်းသားတွေဆက်လက်ထိန်းသိမ်းထားခံရဆဲဖြစ်တယ်လို့ ယာယီသမ္မတက ပြော ကြားခဲ့ပါတယ်။


========================


📌📌 ၂။ ပြင်သစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဌာနမှူးနဲ့ NUG လူ့အခွင့်ရေးရာဝန်ကြီးတွေ့ဆုံဆွေးနွေး


ပြင်သစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဌာနမှူး Mr. Jean-Marc Pommeray နဲ့ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောက်မျိုးမင်းတို့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီဇင်ဘာ ၁၂ ရက်မှာ  ဝန်ကြီးကအသိပေးဆိုပါတယ်။


"ပြင်သစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့တောင်အာရှဌာနမှူး Mr. Jean-Marc Pommerayနဲ့ အာဆီယံပေါ်လစီနဲ့အတူ EU- ASEAN SUMMIT နဲ့ပတ်သက်တဲ့ တောင်းဆိုချက်တွေကို တိုက်တွန်းခဲ့ပါတယ်။


လာမည့် EU- ASEAN SUMMIT မှာ EU အနေနဲ့ ပြတ်သားတဲ့ ရပ်တည်ချက်အတိုင်းရပ်တည်ယုံမကဘဲ အာဆီယံကို ပိုမိုထိရောက်ပြင်းထန်တဲ့လုပ်ဆောင်မှုတွေ လုပ်ဆောင်လာဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင်NUG လူ့အခွင့်ရေးရာဝန်ကြီးဟာ ပြင်သစ်အစိုးရ လူ့အခွင့်အရေးသံအမတ် Ms.Delphine Borione နဲ့လည်း တွေ့ဆုံခဲ့ပြီး လူ့အခွင့်အရေး၊ လူသားချင်းစာနာမှု၊ ICJ ICC အကြောင်းအရာများကိုဆွေးနွေးခဲ့ပါတယ်။ လူ့အခွင့်ရေးရာဝန်ကြီးဟာ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု၍ ပြင်သစ်နိုင်ငံကို ရောက်ရှိနေတာဖြစ်ပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ CDM ဝန်ထမ်းမျကို လိုက်လံရှာဖွေဖမ်းဆီးမှုများရှိနေကြောင်းသတိပေးနှိုးဆော်


စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်မှာ CDM ဝန်ထမ်းမျကို လိုက်လံရှာဖွေဖမ်းဆီးမှုများရှိနေကြောင်း ဒီဇင်ဘာ ၁၂ မှာ ထီးချိုင့်တော်လှန်ရေးအင်အားစုက သတိပေးဆိုထားပါတယ်။


"ယခုတလော မြို့ပေါ် ဒလန်များ နဲ့ဌာနဆိုင်ရာ NCDM တို့ပူးပေါင်းကာ CDM များ နှင့် သက်ဆိုင်ရာ မိဘများ အထိ ရှာဖွေ ဖမ်းဆီးခြင်း၊PDF ထောက်ပံ့သည်ဆိုသော ခေါင်းစဉ်အမျိုးမျိုးပြ၍ ရှာဖွေ ဖမ်းဆီးခြင်းများ ခပ်စိပ်စိပ်ပြုလုပ်လာနေတာ တွေ့ရှိရပါတယ်။PDF နှင့်သက်ဆိုင်တယ်ဆိုပြီး တိုင်တန်းလာသမျှ ဆိုင်ဆိုင်၊မဆိုင်ဆိုင် ရှာဖွေဖမ်းဆီးခြင်းများ ဆက်တိုက်လုပ်ဆောင်လာနေကြပါတယ်"လို့ဖော်ပြပါတယ်။


သို့ပါ၍ CDM များ ၊သက်ဆိုင်ရာ ပြည်သူများ အနေဖြင့် အချိန်မရွေး ၊ခေါင်းစဉ်အမျိုးမျိုးဖြင့် ဒလန်မျိုးစုံရဲ့ တိုင်တန်းခြင်းများ၊ NCDM အကြီးစားများရဲ့ ဦးဆောင်မှုများဖြင့် ဖမ်းဆီးခြင်းများ ရှိလာနိုင်၍ အထူး(အထူး)ဂရုပြုနေထိုင်ကြရန်အသိပေးထားပါတယ်။


========================


📌📌 ၄။ ရေစကြိုမြို့နယ်အပြစ်မဲ့ပြည်သူတစ်ဦးအားဖမ်းဆီးထားသော စကစတပ်များလက်ထဲမှ ကာကွယ်ရေးတပ်များကယ်ထုတ်


မကွေးတိုင်း စကြိုမြို့နယ်အပြစ်မဲ့ပြည်သူတစ်ဦးအားဖမ်းဆီးထားသော စကစတပ်များလက်ထဲမှ ကာကွယ်ရေးတပ်များကယ်ထုတ်နိုင်ခဲ့တယ်လို့ ဒီဇင်ဘာ ၁၃ ရက်မှာ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့- တပ်ခွဲ- ကအသိပေးဖော်ပြပါတယ်။


"ရေစကြိုမြိုနယ်၊ပခန်းကြီးကျေးရွာ အနောက်ဘက်တွင်ပြည်သူများအားနှောင့်ယှက်ခဲ့ပြီး မြေခဲတောင်ရွာအားဝင်ရောက်၍ပစ္စည်းခိုးယူ၊ ပြည်သူဖမ်းဆီးရန်ထွက်လာသော စကစတပ်များက အပြစ်မဲ့ပြည်သူတစ်ဦးအားဖမ်းဆီးထားကြောင်း သတင်းအရ ကျွန်ုပ်တို့မဟာမိတ်ညီနောင် သုံးဖွဲ့ဖြစ်သောပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့-တပ်ခွဲ Urban Undergground Force 27 Revolution Force တို့ပူးပေါင်းကာသွားရောက်ကယ်ထုတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


မဟာမိတ်ရဲဘော်များနှင့် စကစတပ်များအပြန်အလှန်ထိတွေ့တိုက်ပွဲဖြစ်ပွားပြီးအပြစ်မဲ့ပြည်သူအားကယ်ထုတ်နိုင်ခဲ့သော်လည်းစကစဘက်မှ လက်နက်အင်အားများစွာသာလွန်နေသောကြောင့်  ဆုတ်ခွာခဲ့ရတာ်လို့ဆိုပါတယ်။


========================


📌📌 ၅။ နမ့်ဆန်မြို့နယ်၊ ကုန်းသာ(ရဝ်ဘြာန်း)ကျေးရွာရွာလုံးကျွတ် စကစတပ် လက်နက်ကြီး ထိမှန်၍ ရစရာမရှိအောင်ပျက်စီး


ရှမ်းပြည်နယ် နမ့်ဆန်မြို့နယ်၊ ကုန်းသာ(ရဝ်ဘြာန်း)ကျေးရွာရွာလုံးကျွတ် စကစတပ် လက်နက်ကြီး ထိမှန်၍ ရစရာမရှိအောင်ပျက်စီးသွားတယ်လို့ ဒီဇင်ဘာလ ၁၃ ရက်မှာ PSLF/TNLA သတင်းနှင့် ပြန်ကြားရေးဌာနကထုတ်ပြန်ပါတယ်။


တအာင်းပြည်နယ်၊ တပ်မဟာ () စစ်‌ဒေသ၊ နမ့်ဆန်မြို့နယ်၊ ကုန်းသာ (ရဝ်ဘြာန်း) ကျေးရွာအား ဒီဇင်ဘာ ()ရက်နေ့တွင် စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် စီးနှင်းတိုက်ခိုက်ရာ လူနေအိမ် () အိမ် မီးလောင်ပြာကျပြီး ရွာလုံးကျွတ် လက်နက်ကြီး ထိမှန်ပျက်စီးသွားတယ်လို့ဖော်ပြပါတယ်။


ကုန်းသာကျေးရွာတွင် အိမ်ခြေ (၆၀) ဝန်းကျင်ခန့်ရှိပြီး မီးလောင်ပျက်စီးမှုအခြေအနေနှင့်လက်နက်ကြီး ပစ်ခတ်ခံရမှုအခြေအနေများကို ကုန်းသာရွာခံ တစ်ဦးက ယခုလိုအတည်ပြုဆိုပါတယ်။


"လူနေအိမ် () အိမ်ကို သူတို့ (စစ်ကောင်တပ်) တွေက မီးရှို့လိုက်လို့ မီးလောင် ပြာကျသွားတယ်၊  ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းအပါအဝင် အိမ်ခြေ (၅၀) ကျော်ဝန်းကျင်ကိုလည်း သူတို့က သေနတ်တွေနဲ့ ပစ်တယ်၊ လေယာဥ်နဲ့လည်း ဗုံးကြဲတယ်၊ ပြီးတော့ လက်နက်ကြီး‌လည်း ထိတယ်၊  မီးမလောင်ပေမယ့် အကုန် ထိခိုက် ပျက်စီးကုန်ပြီဟု ကုန်းသာရွာခံကဆိုပါတယ်။


ကုန်းသာရွာနှင့် အနီးစပ်ဆုံးရွာဖြစ်သည့် ဟူးမန်းရွာနှင့် ပန်းအလောက်ရွာကိုလည်း စစ်ကောင်စီ၏ စစ်ကြောင်းများက ရွာခံများ၏ နေအိမ်များကို ဖောက်ထွင်းကာ မွှေနှောက်ပြီး ငွေနှင့် ရွှေထည်ပစ္စည်းများ ယူဆောင်သွားတယ်လို့ဆိုပါတယ်။


" သူတို့ ရွာထဲကို စစ်ကြောင်းဝင်လာတော့ အိမ်တိုင်းကို ဖောက်ပြီး မွှေသွားတယ်၊ တချို့အိမ်ဆို ရွှေထည်ပစ္စည်းတွေပါသွားတယ်၊ ကျမဆိုင်ကိုလည်း သော့ဖျက်ပြီး စားစရာတွေ၊ ဆန်အိတ်တွေကိုလည်း ဖောက်ပြီး သူတို့နိုင်သလောက်ကို ယူသွားတယ်၊ ပြီးတော့ ကျမ ရောင်းလို့ရတဲ့ ငွေနဲ့ အရင်းအနှီးလုပ်ဖို့ ထား ထားတဲ့ ငွေ(၁၇)သိန်းကျော်ကိုလည်း ယူသွားတယ်လို့ဆိုပါတယ်။


လက်ရှိတွင်လည်း စစ်ကောင်စီတပ်မှ လေကြောင်း ပစ်ခတ် တိုက်ခိုက်မှု ဆက်လက်ပြုလုပ်လျက်ရှိပြီး တိုက်ပွဲများကြောင့် ဖက်ထိခိုက်မှုအခြေအနေကိုမူ လတ်တလောအတည်မပြုနိုင်ခြင်း မရှိသေး‌ချေ။


========================


📌📌 ၆။ ဒီပဲယင်းမြို့နယ်ကို အင်အားသုံးစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ယနေ့မနက်လည်း ရွာမိဿာကို မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်ကို အင်အားသုံးစစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက်စစ်တပ်က ယနေ့မနက်လည်း ရွာမိဿာကို မီးရှို့ဖျက်ဆီးခဲ့ကြောင်းကို ဒီဇင်ဘာ၁၃ရက်မှာ ဒီပဲယင်းမြို့နယ်ညီနောင်များအဖွဲ့ကအတည်ပြုဆိုပါတယ်။


"ဒီပဲယင်းမြို့နယ်ကျေးရွာများကို မီးရှို့ဖျက်ဆီးသွားသော မင်းအောင်လှိုင်တပ်များဟာ ရွာမိဿာကို မီးရှို့နေပါတယ်"လို့ဆိုပါတယ်။


၁၀ ရက်အတွင်း ဒီပဲယင်းမြို့နယ်အရှေ့ခြမ်း ကျေးရွာများကို အကြမ်းဖက်စစ်တပ်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူ ၃၅၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်ခဲ့ရပြီး ကျေးရွာ ၁၈ ရွာမှ နေအိမ် ၁၆၀၀ ကျော်မီးရှို့ဖျက်ဆီးခံခဲ့ရကာ ပြည်သူ ၂၀၀၀၀ ကျော် အိုးမဲ့အိမ်ဖြစ်ခဲ့ရပါတယ်။


========================


📌📌 ၇။ ဗိုလ်မထား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သေနတ်အလက် (၁၀၀) ထပ်မံထုတ်လုပ်ဖြန့်ဝေမယ်


ဗိုလ်မထား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသေနတ်အလက် (၁၀၀) ထပ်မံထုတ်လုပ်ဖြန့်ဝေမယ်။ ဒီဇင်ဘာလအတွင်းမှာ ဗိုလ်မထား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ခဲ့ပါတယ်။


ဗိုလ်မထား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒေသခံကျေးရွာပေါင်းစုံ ပြည်သူ့ကာကွယ်ရေးတပ် နှစ်ဖွဲ့အတွက်  သေနတ်(၁၀)လက်၊ ကျည်ဆံမျိူးစုံ (၈၇၇) တောင့်၊ လက်ပစ်ဗုံး (၁၃) လုံးနဲ့  နင်းမိုင်း () လုံးတို့ကိုပေးအပ်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင်သေနတ်အလက် (၁၀၀) လောက်ထပ်မံထုတ်လုပ်ပြီး ဖြန့်ဝေသွားပေးဖို့အစီအစဥ်လည်းရှိတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၈။ Ranger Kalay Defend Force (RKDF) အတွက် ကျည် ခဲယမ်းများဝယ်ယူဖြည့်တင်းရန် "ပြည်သူ့ဆွဲကြိုး ရဲဘော်ကျည်ဖိုးမဲလက်မှတ်များဆက်လက်ရောင်းချ


ဒီဇင်ဘာ ၁၃ ရက်မှာ Ranger Kalay Defend Force (RKDF) ကအခုလိုအသိပေးဆိုပါတယ်။


"ကျွန်တော်တို့ Ranger Kalay Defend Force (RKDF) အတွက် ကျ ည် ခဲယ မ်းများ လိုအပ်နေမှုကို ဖြည့်တင်းနိုင်ရေးအတွက် ၁၅ရက်တာ ရန်ပုံငွေရှာဖွေရေးအစီအစဉ်ကို စတင်လာတာ ယနေ့ဆိုရင်၁၂ရက်တိတိရှိပါပြီဗျ"လို့ဆိုထားပါတယ်။


ကျ ည် အင်အား လိုအပ်မှုများနေတဲ့ အတွက် တော်လှန်ပြည်သူတစ်ဦးမှ ၁၅ သိန်းဝန်းကျင်တန်ဖိုးရှိတဲ့ ခရမ်းဆွဲကျောက်ပါ ရွှေဆွဲကြိုးတစ်ကုံးကို လှူဒါန်းထားရာတော်လှန်ပြည်သူများထံ မဲစနစ်ဖြင့်ပြန်လည်ရောင်းချပြီး တပ်ရင်းရဲ့လိုအပ်ချက်တွေကို ပြန်လည်ဖြည့်တင်းသွားမှာဖြစ်ပါတယ်။


ခရမ်းဆွဲကျောက်ပါ ရွှေဆွဲကြိုး မဲ စောင် - ၁‌ သောင်းကျပ်ပြီး မိဘပြည်သူများ မဲ စောင် ဝယ်ယူတိုင်း တပ်ရင်းကို ကျ ည် တောင့် ဖြည့်တင်းပြီးသား ဖြစ်သွားမှာဖြစ်ပါတယ်။


========================


📌📌 ၉။ BMW X2 ဂျာမဏီကားမဲလက်မှတ် ကံစမ်းမဲဖွင့်ပွဲ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ရက်နေ့မှာကျင်းပမယ်


BMW X2 ဂျာမဏီကားမဲလက်မှတ် ကံစမ်းမဲဖွင့်ပွဲ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ရက်နေ့မှာကျင်းပမယ်လို့ NYCBC ကအသိပေးဖော်ပြပါတယ်။


"ကားလက်မှတ်လေးတွေ ကုန်တာနဲ့ ကံစမ်းမဲဖွင့်ပွဲကို စတင်တော့မှာ ဖြစ်ပါတယ် ။မြန်မြန်ကုန် - မြန်မြန်ဖွင့်နိုင်ဘို့ - မြန်မြန်လေး ဝယ်လိုက်ကြရအောင်"လို့ဆိုထားပါတယ်။


အမေရိကန်ဒေါ်လာ သောင်း ထောင့် ရာတန်တဲ့ BMW X2 ဂျာမဏီကား မဲလက်မှတ် Raffle လက်မှတ်တစ်စောင်ကို ဒေါ်လာ ၁၀၀ သတ်မှတ်ထားကာ လက်မှတ်စောင်ရေ ၁၀၀၀ တိတိပဲ ရောင်းချပေးမှာ ဖြစ်ပါတယ်။ 


မဲကိုတော့ မြန်မာစံတော်ချိန် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ရက်နေ့မှာဖွင့်မှာဖြစ်ပြီး လက်မှတ်ဝယ်ဖို့ကိုယ်စားလှယ်တွေဆီကိုဆက်သွယ်ရန် NYCBC လူမှုကွန်ရက်စာမျက်နှာမှာဖော်ပြထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment