17th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၁၇ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အလုပ်သမားဝန်ကြီးဌာန၏လက်ရှိလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ရှင်းလင်းတင်ပြ

📌 ၂။ European Union - (European External Affairs Service) အထွေထွေ အတွင်းရေးမှူးနှင့်NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တွေ့ဆုံ

📌 ၃။ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း NUG အစိုးရဟာ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံမယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြု

📌 ၅။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ် (DVM) ကျောင်းသား၊ ကျောင်းသူများအတွက်မြန်မာ့နွေဦးတက္ကသိုလ်မှ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်အတန်းများ ဖွင့်လှစ်သင်ကြားပေးရန်လျာထား

📌 ၆။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ငါးတိုင်လျှပ်စစ်ဓာတ်အားခွဲရုံရှိ အကြမ်းဖက်စစ်တပ်အား 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 - 𝐒𝐃𝐃𝐅 မှ ဗုံးသီး ၁၃ လုံးဝေဟင်မှကြဲချတိုက်ခိုက်

📌 ၇။ ပလက်ဝ-မတူပီ နယ်စပ်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဂိတ်ထိုးထားသော ဘွေလီဂိတ်စခန်းအား Chinland Defense Force- Paletwa ဘက်မှပစ်ခတ်တိုက်ခိုက်ရာ ဦးသေဆုံး၊ ဦး ထိခိုက်

📌 ၈။ အင်းတော်မြို့နယ်မှာ ယနေ့မနက်ရွာများကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး

📌 ၉။သိမ်းငှက်အုပ်ချီတက် စစ်ခွေးတို့သွေးပျက်ကမ်ပိန်းစတင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အလုပ်သမားဝန်ကြီးဌာန၏လက်ရှိလုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများအား  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီသို့ ရှင်းလင်းတင်ပြ


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏အပတ်စဥ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အလုပ်သမားဝန်ကြီးဌာနလုပ်ငန်းများဆောင်ရွက်ထားရှိမှုအခြေအနေများ လာရောက်ရှင်းလင်းတင်ပြခြင်းအစီအစဥ်အား  ဒီဇင်ဘာလ ၁၆ ရက်နေ့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ဦးဆောင်၍ အလုပ်သမားဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်နီက ဝန်ကြီးဌာနရှိ ဌာနများအလိုက် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ခြင်း၊ ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးရေးနှင့် အလုပ်အကိုင်ဆိုင်ရာ မူဝါဒများရေးဆွဲခြင်း၊ ရန်ပုံငွေ ရှာဖွေမှုလုပ်ငန်းများ ဆောင်ရွက်ခြင်း၊ ပြည်တွင်းနှင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခြင်း၊ CDMer များအား ထောက်ပံ့ကူညီပေးခြင်း၊ အမျိုးသားညီညွတ် ရေးအစိုးရအား အသိအမှတ်ပြု ဆက်ဆံလာရေးအတွက် ဒေသတွင်းနိုင်ငံများနှင့် ချိတ်ဆက် ဆောင်ရွက်ခြင်း၊ ပြည်ထောင်စုဝန်ကြီးချုပ် ဦးဆောင်သည့် အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးရေးနှင့် ဝင်ငွေရရှိတိုးပွားရေးကော်မတီနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း၊ ဝန်ကြီး ဌာန၏ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဥ်များနှင့် ကြုံတွေ့နေရသည့် စိန်ခေါ်မှု များအား ရှင်းလင်းတင်ပြခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ၊ အတွင်းရေးမှူး များနှင့် အဖွဲ့ဝင်များ၊ ရေးရာကော်မတီများမှ ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အလုပ် သမားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ European Union - (European External Affairs Service) အထွေထွေ အတွင်းရေးမှူးနှင့်NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တွေ့ဆုံ


European Union - (European External Affairs Service) အထွေထွေ အတွင်းရေးမှူး Mr. Stefano Sannino နှင့် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်တို့သည် ဒီဇင်ဘာ၁၆ရက်‌ နေ့မှာ တွေ့ဆုံခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်ဖော်ပြအသိပေးပါတယ်။


"ဥရောပသမဂ္ဂ - ( နိုင်ငံခြားရေးရာ ဌာန ) အထွေထွေအတွင်းရေးမှုး ) ဖြစ်သူ Mr. Stefano Sannino နှင့် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါ်ဇင်မာအောင် တို့သည် ယနေ့ ဘယ်လ်ဂျီယံ နိုင်ငံ ဘရပ်ဆဲမြို့တွင် တွေ့ဆုံဆွေးနွေး ခဲ့ကြပါတယ်။ ထိုသို့တွေ့ဆုံရာတွင် ယမန်နေ့က ထုတ်ပြန်ခဲ့သည့် EU -ASEAN ဆွေးနွေးဘက် ဆက်ဆံရေး (၄၅) နှစ်ပြည့် အထိမ်းအမှတ် ထိပ်သီးအစည်းအဝေး ကြေညာချက်တွင် မြန်မာ့အရေး ကို မပျက်မကွက်ထည့်သွင်း ဖေါ်ပြ ခဲ့သည့်အတွက်ကျေးဇူး တင်ကြောင်း ပြောကြားခဲ့ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ဥရောပသမဂ္ဂ အပါအဝင် မြန်မာ့အရေး မိတ်ဖက် ဆွေးနွေးဖက်နိုင်ငံများ အိမ်နီးနားချင်းနိုင်ငံများအကြား မည်ကဲ့ သို့ ပူးပေါင်းဆောင်ရွက်နိုင်မည်ကို နည်းလမ်းများရှာဖွေ သွားရန်၊ အကြမ်းဖက်စစ်ကောင်စီနှင့် ၄င်းတို့၏ ဆက်စပ်မိသားစုဝင်များအား စီးပွါးရေးပိတ်ဆို့ အရေးယူမှု အပါအဝင် ဥရောပသမဂ္ဂ၏ ကျင့်သုံးနေသည့် ဥပဒေ များ အတွင်းမှ ဆက်လက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်မည့် နည်းလမ်းများ ဖေါ်ထုတ်၍ ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ အပါအဝင် မြန်မာနိုင်ငံ ဒီမိုကရေစီပြန်လည် ဖေါ်ဆောင်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်နိုင်မည့် ကိစ္စရပ်များ တွင် ပိုမိုတိုးမြှင့်ပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၃။ အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ တရုတ်နိုင်ငံနဲ့လည်း NUG အစိုးရဟာ အဆင်ပြေအောင် ပေါင်းသင်းဆက်ဆံမယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြား


ဒီဇင်ဘာလအတွင်း ပြည်သူမှ ပြည်သူသို့ မေးမြန်းခြင်းအစီအစဥ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားလိုက်တာဖြစ်ပါတယ်။


"ဆရာတို့ဟာ ဆရာတို့နဲ့ ပတ်သက်နေတဲ့ဥပမာ တရုတ်ဆိုရင် ဆရာတို့နဲ့ အိမ်နီးချင်းလဲ ဖြစ်တယ်။ ဆရာတို့နဲ့ အရင်တုန်းကလဲ ဆက်ဆံရေးကောင်းခဲ့တဲ့ နိုင်ငံဖြစ်တယ်။ ဒါ့ကြောင့်လဲ တရုတ်နဲ့ လဲအဆင်ပြေအောင် ဆရာတို့ နေထိုင်ပြီး အလုပ်လုပ်သွားမှာဖြစ်တယ်။ ဒါဟာ အရေးကြီးတယ်။ မြန်မာနိုင်ငံရဲ့နောင်အနာဂတ်အတွက် အရေးကြီးတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ တရုတ်နိုင်ငံဟာ အကြမ်းဖက်စစ်ကောင်စီကို တရားဝင် အသိအမှတ်ပြု ထားခြင်းမရှိသေးသော်လည်း ပြည်သူ့လူထုသဘောထားကို မပစ်ပယ်ဖို့ စစ်ကောင်စီကိုတိုက်တွန်းထားချက်တို့ရှိနေပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ ကိုယ်စားပြု ကုလသမဂ္ဂ သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေး ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြု


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက် ထားရှိရေးအတွက် ကုလသမဂ္ဂအထွေထွေညီလာခံက ဒီဇင်ဘာ ၁၆ ရက်မှာ အတည်ပြုလိုက်တယ်လို့ သံအမတ်ကြီးက PVTV ကို အတည်ပြု ပြောကြားပါတယ်။


အားလုံးတူညီဆန္ဒနဲ့ အတည်ပြုခဲ့တာပါလို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားခဲ့သလို ကျေးဇူးတင်ကြောင်စကားကိုလည်း အခုလို ပြောကြားခဲ့ပါတယ်။


(((((((ဦးကျော်မိုးထွန်း - ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး )))))))


ကုလသမဂ္ဂ Credential Committee က သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် ဆုံးဖြတ်ခဲ့ပြီးတဲ့နောက် ဒီနေ့ပြုလုပ်တဲ့ ကုလညီလာခံမှာ ထပ်မံအတည်ပြုခဲ့ကြတာပါ။ Credential Committee မှာ အကြမ်းဖက်စစ်ကောင်စီနဲ့ ဆက်ဆံရေးကောင်းမွန်တဲ့ ရုရှားနဲ့ မြန်မာစစ်အာဏာရှင်တွေအတွက် ကုလသမဂ္ဂမှာ ဗီတိုအသုံး ပြုပေးလေ့ရှိတဲ့ တရုတ်တို့လည်း ပါဝင်နေတာဖြစ်ပါတယ်။


========================


📌📌 ၅။ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ် (DVM) ကျောင်းသား၊ ကျောင်းသူများအတွက်မြန်မာ့နွေဦးတက္ကသိုလ်မှ၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင်အတန်းများ ဖွင့်လှစ်သင်ကြားပေးရန်လျာထား


 Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ကအတန်းများ ဖွင့်လှစ်ခြင်းနဲ့ပတ်သက်၍အခုလိုအသိပေးဖော်ပြပါတယ်။


"MNOU အနေဖြင့် ဘာသာရပ်များကို ထပ်တိုးဖွင့်လှစ်ပေးနိုင်ရန် စီစဉ်လျက်ရှိရာ မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ် မှ နောက်ဆုံးနှစ် Doctor of Veterinary Medicine (DVM) အတန်း၏ ကျန်ရှိနေသော ဒုတိယနှစ်ဝက်ပညာသင်ကာလ (Second Term) ကို စတင်ဖွင့်လှစ် သင်ကြားပေးနိုင်ရန် ပြင်ဆင်လျက်ရှိပြီး၂၀၂၃ ခုနှစ်၊ နှစ်ဆန်းပိုင်းတွင် ဖွင့်လှစ်သင်ကြားပေးနိုင်ရန် လျာထား၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ Myanmar Nway-Oo University မြန်မာ့နွေဦးတက္ကသိုလ် (MNOU) ဟာ ကြားကာလပညာသင်ကြားရေးကိုဖော်ဆောင်လျက်ရှိရာ ယခုအခါ ပထမအကြိမ်အနေဖြင့် ဝိဇ္ဇာသိပ္ပံ အထူးပြုဘာသာရပ် ၁၈ ခု၊ စီးပွါးရေးဘာသာရပ် ခု၊ ယဉ်ကျေးမှုနှင့်အနုပညာဘာသာရပ် ခု တို့ကို စတင်ဖွင့်လှစ်သင်ကြားပေးနေပြီ ဖြစ်ပါတယ်။


မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်မှ နောက်ဆုံးနှစ် (DVM) ကျောင်းသား၊ ကျောင်းသူများအနေဖြင့် Myanmar Education System (MES) တွင် စာရင်းသွင်းနည်း Learning Management System (LMS) သင်ခန်းစာများ လေ့လာသင်ယူရန် နည်းလမ်းများကို ကြိုတင် လေ့လာထားပေးပါရန် MNOUအသိပေးကြေညာထားပါတယ်။


========================


📌📌 ၆။ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ငါးတိုင်လျှပ်စစ်ဓာတ်အားခွဲရုံရှိ အကြမ်းဖက်စစ်တပ်အား 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 - 𝐒𝐃𝐃𝐅 မှ ဗုံးသီး ၁၃ လုံးဝေဟင်မှကြဲချတိုက်ခိုက်


ဒီဇင်ဘာလ ၁၇ ရက်မှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်ငါးတိုင်လျှပ်စစ်ဓာတ်အားခွဲရုံစစ်ဆင်ရေးသတင်းကို 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 - 𝐒𝐃𝐃𝐅 မှ အခုလိုအသိပေးဆိုပါတယ်။


"ဒီဇင်ဘာလ ၁၆ ရက် နံနက် ၆နာရီအချိန်မှစတင်၍ ငါးတိုင်လျှပ်စစ်ဓာတ်အားခွဲရုံရှိ အကြမ်းဖက်စစ်ကောင်စီတပ်အား KTLA ၏ဗျူဟာမှူး ဗိုလ်အယ်ဆေးဝါးဦးဆောင်သော Lion Battalion Commando - ဗျူဟာစစ်ကြောင်း၊ KNLA PDF ARMS မဟာမိတ်တပ်‌ပေါင်းစုများနှင့်အတူ မိမိတို့ 𝐒𝐚𝐰 𝐃𝐫𝐚𝐠𝐨𝐧 𝐃𝐫𝐨𝐧𝐞 𝐅𝐨𝐫𝐜𝐞 - 𝐒𝐃𝐃𝐅 မှလည်းပါဝင်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲအတွင်း SDDF တပ်ဖွဲ့မှ ဗုံးသီးကြီး ၄လုံး၊ ဗုံးသီးငယ် လုံး စုစုပေါင်း ၁၃ လုံးကြဲချတိုက်ခိုက်ခဲ့ရာ ၁၃လုံးစလုံး ရန်သူ့နယ်မြေအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရန်သူဘက်မှထိခိုက်ပျက်စီးမှုများရှိသော်လည်း အသေးစိတ်အခြေအနေအား ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ပလက်ဝ-မတူပီ နယ်စပ်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဂိတ်ထိုးထားသော ဘွေလီဂိတ်စခန်းအား  Chinland Defense Force- Paletwa ဘက်မှပစ်ခတ်တိုက်ခိုက်ရာ ဦးသေဆုံး၊ ဦး ထိခိုက်


"ဒီဇင်ဘာလ (၁၆)ရက်နေ့၊ နံနက် ()နာရီအချိန်တွင် ပလက်ဝ-မတူပီ နယ်စပ်တွင် အကြမ်းဖက်စစ်ကောင်စီမှ ဂိတ်ထိုးထားသော ဘွေလီဂိတ်စခန်းအား  Chinland Defense Force- Paletwa ဘက်မှ စတင်ဝင်ရောက် ပစ်ခတ်ခဲ့ရာ (၁၅)မိနစ်ကြာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပါတယ်"လို့ Chinland Defense Force- Paletwa ကဆိုပါတယ်။


ပစ်ခတ်မှုမှာစစ်ကောင်စီဘက် မှ () ဦးသေဆုံး၊ () ဦးထက် မနည်း ထိခိုက် ဒဏ်ရာရရှိပြီး မိမိတို့ဖက်မှ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ပါတယ်။ အကြမ်းဖက် စစ်ကောင်စီမှ  လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ ၎င်းကိတ်အနီးရှိ ဘွေလီကျေးရွာ နှင့် တွီဆော့ကုန်းကျေးရွာနေ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့ ထွတ်ပြေးတိမ်း ရှောင်ခဲ့ရပါတယ်။


========================


📌📌 ၈။ အင်းတော်မြို့နယ်မှာ ယနေ့မနက်ရွာများကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်းအင်းတော်မြို့နယ်မှာ"ဒီဇင်ဘာ၁၇ရက် မနက်၈နာရီ၅၀အချိန်စစ်ကောင်စီတပ်များမှ ဂျုံးဂျုံးဂျရွာမကို မီးစရှို့နေပါတယ်"လို့အင်းတော် တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။ ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း စစ်ကောင်စီတပ်များ ဂျုံးဂျရွာအနီးရှိ ရွှေအင်းတော်စားသောက်ဆိုင်ကို မီးရှို့ပြီးဂျုံးဂျရွာသစ်ကို မီးရှို့ခဲ့ပါတယ်။


လက်ရှိမှာ စကစတပ်များဟာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ချင်းပြည်နယ်နဲ့ ကရင်နီဒေသ စတဲ့ နေရာများမှာ ပြည်သူ့နေအိမ်နဲ့အဆောက်အဦပေါင်း လေးသောင်းနီးပါး မီးရှို့ဖျက်ဆီးခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၉။သိမ်းငှက်အုပ်ချီတက် စစ်ခွေးတို့သွေးပျက်ကမ်ပိန်းစတင်


ဒီဇင်ဘာလအတွင်း Click for revolution ကအခုလိုအသိပေးဖော်ပြပါတယ်။


"သိမ်းငှက်အုပ်ချီတက် စစ်ခွေးတို့သွေးပျက်ကမ်ပိန်းမိတ်ဆက်ကလေးပါ။ ဒီကမ်ပိန်းလေးကနေပြီး မြေပြင်မှာရဲရဲတောက်တိုက်ပွဲဝင်နေကြတဲ့ မကွေးတိုင်းက အဖွဲ့ ဖွဲ့အတွက် ဒရုန်း စင်းနဲ့ စစ်ကိုင်းတိုင်းက အဖွဲ့ ဖွဲ့အတွက် ဒရုန်း စင်း၊ စုစုပေါင်း ဒရုန်း စင်း လှူဒါန်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ဒီကမ်ပိန်းလေးမှာ ပါဝင်ကူညီချင်ရင်တော့ မြန်မာငွေ ၅၀၀၀ ကျပ် ကနေစတင်ပြီး ပါဝင်ကူညီလှူဒါန်းပေးလို့ရပါတယ်" လို့ဖော်ပြထားပါတယ်။


 အဲ့ဒီလို ၅၀၀၀ ကျပ်ဖိုးပါဝင်ကူညီလိုက်ခြင်းက ဒရုန်းတိုက်စစ်တစ်ခုအတွက်လိုအပ်တဲ့ စုစုပေါင်းကုန်ကျစရိတ်ရဲ့ ရာခိုင်နှုန်း ပါဝင်ကူညီရာ ရောက်မှာလည်းဖြစ်ပါတယ်။ End Game - Union Multiplayer ဂိမ်းကနေလည်း ဒရုန်းကမ်ပိန်းအတွက် ကူညီသွားမှာဖြစ်တဲ့အတွက်  ကြော်ငြာများများကြည့်ပေးခြင်း၊ ဂိမ်းများများဆော့ပေးခြင်းအားဖြင့်လည်း တစ်ဖက်တစ်လမ်းကနေပါဝင်ကူညီပေးနိုင်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment