23rd DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အာဏာရှင်စနစ်ဆိုးကို ပြန်လည်အသက်သွင်းမယ့်အမူအကျင့်ဟောင်းတွေ ဖယ်ရှားရေးကို NUG အစိုးရရဲ့ ပညာရေးဦးတည်ချက်အဖြစ် အလေးထားတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းပြောကြား

📌 ၃။ စစ်ကောင်စီဟာ နိုင်ငံတကာရေးရာမှာ နလံမထူနိုင်ဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးပြောကြား

📌 ၄။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ ကလေးစစ်သားအသုံးပြုခြင်းမရှိဘဲ နိုင်ငံတကာဥပဒေနဲ့အညီလိုက်နာဆောင်ရွက်နေ

📌 ၅။ မြန်မာနိုင်ငံရှိ ကလေးငယ် . သန်းအပါအဝင် လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေ

📌 ၆။ အင်းတော်မြို့နယ်မှာ စကစတပ်များ တပ်ဖြန့်ထား၍ စစ်ကြောင်းထိုးနိုင်သဖြင့် အရပ်သားများသတိပြုရန် နှိုးဆော်ထား

📌 ၇။ အကြမ်းဖက်စစ်တပ် အထိုင်ချထားသော ကောလင်း ..က () နှင့် ပန်းခြံကြား မိုင်းဆွဲတိုက်ခိုက်၍ လေးဦးထိခိုက်ဒဏ်ရာရ

📌 ၈။ ပေါက်တောင်ပိုင်းပြောက်ကျားတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍  စစ်ရှောင် စစ်ဘေးသင့်ပြည်သူ (၉၃) ဦးခန့်အား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု အား အခမဲ့ ဆောင်ရွက်ပေးခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အာဏာရှင်စနစ်ဆိုးကို ပြန်လည်အသက်သွင်းမယ့်အမူအကျင့်ဟောင်းတွေ ဖယ်ရှားရေးကို NUG အစိုးရရဲ့ ပညာရေးဦးတည်ချက်အဖြစ် အလေးထားတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


အာဏာရှင်စနစ်ဆိုးကို ပြန်လည်အသက်သွင်းမယ့်အမူအကျင့်ဟောင်းတွေ ဖယ်ရှားရေးကို NUG အစိုးရရဲ့ ပညာရေးဦးတည်ချက်အဖြစ် အလေးထားတယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။ ဒီဇင်ဘာ ၂၃ ရက်မိုးကုတ် ဖက်ဒရယ်ကျောင်း ပညာရေးစုံညီပွဲတော် အခမ်းအနားမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ကပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ နိုင်ငံမှာ စစ်အာဏာရှင်စနစ်ဖြစ်ထွန်းခဲ့တာကြောင့် စစ်ရေးအသုံး စရိတ်ဟာ အလွန်အမင်း များပြားပြီး ပညာရေးအသုံးစရိတ်ကတော့ အဆမတန် နည်းပါးခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာနိုင်ငံမှာ ပညာရေးကဏ္ဍဟာ အချို့တဲ့ဆုံးသော အခြေအနေကို ရောက်ခဲ့ပါတယ်။  ကျွန်တော်တို့ NUG အစိုးရအနေနဲ့လည်း ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံပြီး ရေးဆွဲထားတဲ့ ပညာရေးမူဝါဒတွေကို ပြဋ္ဌာန်းထားပါတယ်။  အာဏာရှင်စနစ်ဆိုးကို ပြန်လည်အသက်သွင်းမယ့်အမူအကျင့်ဟောင်းတွေ ဖယ်ရှားရေးကို NUG အစိုးရရဲ့ ပညာရေးဦးတည်ချက်အဖြစ် အလေးထားကြောင်း ပြောလိုပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် လက်ရှိမြန်မာ့နွေဦး တော်လှန်ရေးမှာ ပညာရေးပြုပြင်ပြောင်းလဲမှုကို တစ်ပါတည်း လုပ်ဆောင်ကြရမှာဖြစ်ပြီးတော့ပညာရေးဟာ လူ့အဖွဲ့အစည်းတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်တယ်လို့ ယာယီသမ္မတ ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ လုံခြုံရေးကောင်စီဆုံးဖြတ်ချက် အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင်တယ်လို့ လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းပြောကြား


ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက် အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင်တယ်လို့ ဒီဇင်ဘာ ၂၃ ရက်မှာ လူ့အခွင့်ရေးရာဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီးရဲ့ မှတ်ချက်ပြုပြောစကားကိုဖော်ပြထားပါတယ်။


"ကုလဌာနတွေထဲမှာအမြင့်ဆုံး ဆုံးဖြတ်ချက်ချမှတ်တဲ့ဌာနလို့ ဆိုနိုင်တဲ့ ကုလလုံခြုံရေးကောင်စီအနေနဲ့ လွန်ခဲ့တဲ့ (၇၄) နှစ်အတွင်းမြန်မာနိုင်ငံအပေါ် ပထမဦးဆုံးချမှတ်တဲ့ဆုံးဖြတ်ချက်ဖြစ်ပါတယ်။ အာဆီယံရဲ့လုပ်ဆောင်နိုင်မှုကို ပိုမိုအားကောင်းစေနိုင်ပါတယ်။ မြန်မာ့အရေးကို ပြည်တွင်းရေး ဖြစ်တယ်ဆိုပြီး မျက်နှာလွှဲလက်ရှောင် နေတဲ့ ကုလသမဂ္ဂဝင်နိုင်ငံတွေကို တာဝန်ပေးလိုက်တာဖြစ်ပါတယ်။ မြန်မာ့အရေးဟာ ကမ္ဘာမှာမအေးသေးဘူးဆိုပြီး မြန်မာပြည်သူတွေကို အားပေးလိုက်တဲ့လုပ်ဆောင်ချက်တခုဖြစ်ပါတယ်။ ဆက်လက်ပြီးတော့ ကြိုးပမ်းလုပ်ဆောင်သွားပါ့မယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒီဇင်ဘာ၂၂ ရက် ကုလသမဂ္ဂလုံခြုံရေးကောင်စီမျာ မြန်မာအရေးနဲ့ပတ်သက်လို့ အဆိုပြုမူကြမ်းကို ကန့်ကွက်သူမရှိ အတည်ပြုပြီး ထုတ်ပြန်ကြေညာခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ကောင်စီဟာ နိုင်ငံတကာရေးရာမှာ နလံမထူနိုင်ဖြစ်နေပြီလို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးပြောကြား


စစ်ကောင်စီဟာ နိုင်ငံတကာရေးရာမှာ နလံမထူနိုင်ဖြစ်နေပြီလို့ဆက်သွယ်ရေး သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေးပြောကြားလိုက်ပါတယ်။


"ကုလ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ဟာ အဖွဲ့ဝင်နိုင်ငံတွေကြား အချိန်အတော်ကြာ လပေါင်းများစွာ ဆွေးနွေးခဲ့ပြီးမှ စကစကအားကိုးတဲ့စူပါပါဝါတွေက နောက်ဆုတ်ပြီး အတည်ပြုခဲ့တာဖြစ်လို့ သိပ်ကိုအရေးကြီးတယ်။အကြမ်းဖက် စစ်တပ်ဖက်က ဘယ်နိုင်ငံမှ မရပ်တည်။ ဒီဆုံးဖြတ်ချက်တွေကို မလိုက်နာရင် ဘာတွေဆက်လုပ်မယ်ဆိုတာတော့ လုံခြုံရေးကောင်စီရဲ့ စွမ်းဆောင်နိုင်မှုကိုပဲ စောင့်ကြည့်ရမှာပါ။ သေချာတာကတော့ ဒီလအတွင်းမှာ စကစဟာ US, EU, UN, ASEAN စတဲ့ နိုင်ငံတကာရေးရာမှာ နလံမထူနိုင်ဖြစ်နေပြီဆိုတာပါပဲ"လို့ဝန်ကြီးကဆိုပါတယ်။


ဒီဇင်ဘာ ၂၂ ရက်နေ့ ကမြန်မာအရေး ဆုံးဖြတ်ချက်ချရာတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တရုတ်နဲ့ရုရှားတို့ဟာ ကန့်ကွက်ခြင်းမပြုခဲ့ဘူးလို့သတင်းရရှိပါတယ်။ အကြမ်းစစ်ကောင်စီကို နိုင်ငံတကာထိပ်သီးအစည်းအဝေးများနဲ့ အာဆီယံ အစည်းအဝေးများမှာ တက်ရောက်ခွင့်ကို ပိတ်ပင်တားမြစ်ထားပြီးတော့ လက်ရှိ မြန်မာနိုင်ငံရှိ သံရုံးများတွင် သံတမာန်ဆက်ဆံရေး အဆင့်လျှော့ချကာ သံအမတ်များကို ခန့်အပ်ထားရှိခြင်းမပြုတော့ဘူးဖြစ်ပါတယ်။


========================


📌📌 ၄။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ ကလေးစစ်သားအသုံးပြုခြင်းမရှိဘဲ နိုင်ငံတကာဥပဒေနဲ့အညီလိုက်နာဆောင်ရွက်နေ


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာ ကလေးစစ်သားအသုံးပြုခြင်းမရှိဘဲ နိုင်ငံတကာဥပဒေနဲ့အညီလိုက်နာဆောင်ရွက်နေတယ်လို့ ဒီဇင်ဘာ ၂၃ ရက်မှာ Radio NUG ကို သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်ကဖြေကြားခဲ့ပါတယ်။ "NUG က တော်လှန်ရေးကာလ အခက်အခဲတွေကြား နိုင်ငံတကာဥပဒေနဲ့အညီလိုက်နာဆောင်ရွက်နေပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာ အကြမ်းဖက် စကစထောက်ခံသူများက ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့များအပေါ် ပုံဖျက်ပြောဆိုမှုများနဲ့ဆိုရှယ်မီဒီယာများပေါ်တွင် ဓာတ်ပုံများကိုနည်းပညာသုံးကာ မဟုတ်မမှန် ဝါဒ ဖြန့်ပြောဆိုမှုများရှိနေပါတယ်။


"မိမိတပ်ဖွဲ့ရဲဘော်တွေရဲ့လိုအပ်ချက်တွကိုအတတ်နိုင်ဆုံးဖြည့်စီးပေးနိုင်ဖို့အတတ်နိုင်ဆုံးဆောင်ရွက်နေပါတယ်။ တော်လှန်ရေးကာလမှာအခက်အခဲမျိုးစုံရှိတဲ့ကြားကအတတ်နိုင်ဆုံးဆောင်ရွက်ပေးနေတာပြောနိုင်ပါတယ်"လို့

သမ္မတ ရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇောကဆိုပါတယ်။ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၀နီးပါး၊ မြို့နယ် ပကဖ အဖွဲ့ပေါင်း ၂၅၀ ကျော်ရှိကာ ကာကွယ်ရေးတပ်ဖွဲ့များလိုက်နာရမယ့် ကျင့်ဝတ်နဲ့ စည်းကမ်းများကို ကာကွယ်ရေးဝန်ကြီးဌာနက အတိအလင်းဖော်ပြကြေညာထားပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံရှိ ကလေးငယ် . သန်းအပါအဝင် လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေ


မြန်မာနိုင်ငံရှိ ကလေးငယ် . သန်းအပါအဝင် လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေတယ်လို့ဒီဇင်ဘာ၂၃ ရက် မှာ ယူနီဆတ်မြန်မာက မြန်မာကလေးငယ်များနဲ့ပတ်သက်လို့ဆိုပါတယ်။


"မြန်မာနိုင်ငံရှိ ကျယ်ပြန့်ပြီး ပိုမိုနက်ရှိုင်းလာနေတဲ့ ပဋိပက္ခကြောင့် ကလေးငယ်တွေနဲ့ မိသားစုတွေက ဆက်လက်ပြီး ဆင်းရဲဒုက္ခကြုံတွေ့နေကြပါတယ်။ ကလေးငယ် . သန်းအပါအဝင် လူဦးရေရဲ့ သုံးပုံတစ်ပုံနီးပါးဟာ လူသားချင်းစာနာထောက်ထားရေး အကူအညီများ လိုအပ်နေကြပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကရင်နီပြည်၊ ကရင်ပြည်နယ်၊ချင်းပြည်နယ်တို့ရှိ ဒေသခံ ပြည်သူများဟာ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ကြောင်းထိုးဝင်ရောက် ဖျက်ဆီးမှုများကြောင့် သိန်းနဲ့ချီ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


========================


📌📌 ၆။ အင်းတော်မြို့နယ်မှာ စကစတပ်များ တပ်ဖြန့်ထား၍ စစ်ကြောင်းထိုးနိုင်သဖြင့် အရပ်သားများသတိပြုရန် နှိုးဆော်ထား


စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ စကစတပ်များ တပ်ဖြန့်ထား၍ စစ်ကြောင်းထိုးနိုင်သဖြင့် အရပ်သားများသတိပြုရန် ဒီဇင်ဘာ၂၃ ရက် နံနက်ပိုင်းမှာ စကစတပ်များဟာ တပ်ဖြန့်ထားကြောင်း အင်းတော် IR Team ကအသိပေးဆိုပါတယ်။


ဒီဇင်ဘာ ၂၃ ရက်အင်းတော်စက်ကုန်းဘုန်းကြီးကျောင်းတွင် စကစတပ်က ၇၇ ယောက်ရှိနေပါတယ်။ မြို့မဘုန်းကြီးကျောင်းက စကစတပ် ၈၀ ခန်. နတ်မဟုတ်ကလေးဘက်ကိုရောက်ရှိပြီးစင့်ဟောက်ဘုန်းကြီးကျောင်းက စကစတပ် ၁၀၀ ကျော်လည်း အောက်ဘက်ကိုဆင်းသွားတာ လယ်ပြင်ရွာနားတစ်ဖွဲ့ အင်းတော်သင်္ချိုင်းကုန်းနားတစ်ဖွဲ့ရောက်ပြီလို့ သိရပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာအရပ်သားများချောဆွဲမခံရအောင် စကစတပ် စစ်ကြောင်းနဲ့ဝေးဝေးရှောင်ပြီးနေထိုင်ကြရန် နှိုးဆော်ထားပါတယ်။


========================


📌📌 ၇။ အကြမ်းဖက်စစ်တပ် အထိုင်ချထားသော ကောလင်း ..က () နှင့် ပန်းခြံကြား မိုင်းဆွဲတိုက်ခိုက်၍ လေးဦးထိခိုက်ဒဏ်ရာရ


အကြမ်းဖက်စစ်တပ် အထိုင်ချထားသော ကောလင်း ..က () နှင့် ပန်းခြံကြား မိုင်းဆွဲတိုက်ခိုက်၍ လေးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းကို ဒီဇင်ဘာ ၂၃ ရက် နံနက်ပိုင်းမှာ စစ်ရေးသတင်းကို ကောလင်း တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"စကစ အထိုင်ချထားသောအ..က () နှင့် ပန်းခြံကြား၌မြို့ပေါ် .က. အဖွဲ့မှ မိုင်းဆွဲခဲ့ပါတယ်။စကစတပ်က လေးဦးထိခိုက်ပြီး တစ်ဦး ပြင်းထန် ဒဏ်ရာရတယ်"လို့ဖော်ပြပါတယ်။ စကစတပ်များဟာ ကောလင်းမြို့နယ်ကို နယ်မြေစိုးမိုးမှုရရှိရေး အင်အားအလွန်အကျွံ အသုံးပြုလျက်ရှိပါတယ်။


========================


📌📌 ၈။ ပေါက်တောင်ပိုင်းပြောက်ကျားတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍  စစ်ရှောင် စစ်ဘေးသင့်ပြည်သူ (၉၃) ဦးခန့်အား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု အား အခမဲ့ ဆောင်ရွက်ပေးခဲ့


ပေါက်တောင်ပိုင်းပြောက်ကျားတပ်နဲ့ ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်း၍  စစ်ရှောင် စစ်ဘေးသင့်ပြည်သူ (၉၃) ဦးခန့်အား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှုအား အခမဲ့ ဆောင်ရွက်ပေးခဲ့တယ်လို့ဒီဇင်ဘာ၂၃ရက်မှာ ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကအတည်ပြုဆိုပါတယ်။


"ယခု အပတ်စဥ်အတွင်းတွင်ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့အနေဖြင့်  ပေါက်တောင်ပိုင်းပြောက်ကျားတပ် -SPGF (ဌာနချုပ်) SPGF- တပ်ခွဲ ()ပွင့် ဖြူ PDF၊ပေါက်တောင်ပိုင်း ကျန်းမာရေးနှင့်သူနာပြုတပ်ဖွဲ့ တို့မှ ပူးပေါင်း၍  စစ်ရှောင် စစ်ဘေးသင့်ပြည်သူ (၉၃)ဦးခန့်အား လိုအပ်သောကျန်းမာရေးစောင့်ရှောက်မှု အား အခမဲ့ ဆောင်ရွက်ပေးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


တော်လှန်ရေး ညီအကို မောင်နှမများ တော် လှန်ရေး ကျရာ အခန်း ကဏ္ဍအသီးသီးတွင် အားကြိုး မာန်တက်ထမ်းဆောင်နေကြပြီး ယခုကဲ့သို့ စည်းလုံးညီညာ စွာ ဖြင့် ဝိုင်းဝန်း ညှိနှိုင်း စုစည်း လုပ်ကိုင် သွားမည်ဆိုပါက မဝေးသောကာလ တွင် ပန်းတိုင်သို့ အမြန်ရောက်

ရောက်ရှိမယ်လို့ပေါက်တောင်ပိုင်းပြည်သူ့လုံခြုံရေးတပ်ဖွဲ့ကဆိုပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment