၂၀၂၂ ဒီဇင်ဘာလ ၂၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
📌 ၂။ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဆို
📌 ၃။ မြန်မာနိုင်ငံသားအားလုံး အတူအကွ စည်းလုံးကြရင် နွေဦးတော်လှန်ရေးဟာ အောင်ပွဲ မြန်မြန်ရမှာဖြစ်တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
📌 ၄။ “ကချင်မြေအတွက် ခွန်အားတစ်လက်”ပဥ္စမ အကြိမ်မြောက် NUGPay နှင့် ပြည်သူများ၏ For Our People လှုပ်ရှားမှုစတင်
📌 ၅။ မတ္တရာ မှ Non CDM များကို ရုံးကြိုပို့ရာတွင် အစောင့်လိုက်ပါလာသော စစ်ကောင်စီတပ်သားများ၏ Light truck ကားအား" Christmas လက်ဆောင်အနေဖြင့် မြနန္ဒာစစ်ဆင်ရေး(မန္တလေး) ကမိုင်းခွဲတိုက်ခိုက်
📌 ၆။ အင်းတော်မြို့နယ်မှာ တစ်လနီးပါးကြာ ဖမ်းဆီးသွားတဲ့ အရပ်သား၈ဦးကို အကြမ်းဖက်စစ်တပ်က ရက်စက်စွာသတ်ဖြတ်ထားသည်ကို ကမ်းနီရွာအနီးပြန်လည်တွေ့ရှိ
📌 ၇။ တန့်ဆည်မြို့နယ် ဖလံချိုင်ရွာအနောက်ဘက်ရှိ ပြည်သူများစိုက်ပျိုးထားသောစပါးများကို ခိုးယူရိတ်သိမ်းနေတဲ့ ပျူစောထီးများ ပစ်ခတ်ခံရ
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၄၀/၂၀၂၂) ကိုကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန၊ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီးအထူးအုပ်ချုပ်ရေးဒေသအတွင်း ဘဏ္ဍာရေး၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ အခွန် ကောက်ခံမှု၊ ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ တရားစီရင်ရေး၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအပါအဝင် ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက် ထားရှိမှုများကို ဌာနဆိုင်ရာများမှ ရှင်းလင်း ဆွေးနွေးခဲ့ပြီး အထူးအုပ်ချုပ်ရေးဒေသ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့် သိရှိလိုသည်များကို အပြန်အလှန် ဆွေးနွေးခဲ့ကြပါတယ်။
အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အထူးအုပ်ချုပ်ရေးဒေသမှ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးဆို
ဖက်ဆစ် စစ်တပ် အမြစ်ဖြတ်ရမယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ဇော်ဝေစိုးကဆိုပါတယ်။ ဒီဇင်ဘာ ၂၅ ရက်မှာ ခရစ္စမတ် နေ့ထူးနေ့မြတ်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ကျေးဇူးတင်စကားဆိုရင်ထည့်သွင်းပြောပါတယ်။
"ကျေးဇူးတင်ပါတယ်။သတ္တိကောင်းသော၊ ဇွဲကောင်းသော ပြည်သူများခင်ဗျား။ကျေးဇူးတင်ပါတယ်။ PDFရဲဘော်များနဲ့EAOရဲဘော်များခင်ဗျား။ ဖက်ဆစ် စစ်တပ်အမြစ်ဖြတ်ရမည်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်ကို အမျိုးသားညီညွတ်ရေးအစိုးရကကြေညာခဲ့ပါတယ်။ လက်ရှိမှာ စစ်ရေးအရှိန် မြှင့်တင်လျက်ရှိပြီး ၂၀၂၃ ခုနှစ်ကို တစ်နှစ်တာ တော်လှန်ရေး စီမံချက်ရေးဆွဲ ပြီး အကောင်အထည်ဖော်လျက်ရှိပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံသားအားလုံး အတူအကွ စည်းလုံးကြရင် နွေဦးတော်လှန်ရေးဟာ အောင်ပွဲ မြန်မြန်ရမှာဖြစ်တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ဆို
မြန်မာနိုင်ငံသားအားလုံး အတူအကွ စည်းလုံးကြရင် နွေဦးတော်လှန်ရေးဟာ အောင်ပွဲ မြန်မြန်ရမှာဖြစ်တယ်လို့ ဒုဝန်ကြီးအိသဉ္ဇာမောင်ကပြောပါတယ်။ ဒီဇင်ဘာ ၂၅ ရက်မှာ ခရစ္စမတ်နဲ့ ပတ်သက်လို့ အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ရေးရာဒုဝန်ကြီးအိသဉ္ဇာမောင်ကဆိုပါတယ်။
"ဒီလိုနေ့မျိုးဆိုရင် နိုင်ငံကြီး၊ မြို့ကြီးတွေမှာ လူသားတွေဟာ အနွေးထည်လေးတွေ ရောင်စုံဝတ်ရင်း၊ မိသားစုနဲ့နွေးနွေးထွေးထွေး ညစာစား၊ ပျော်ရွင်စွာဖြတ်သန်းနေနိုင်ကြပေမယ့် ကျွန်မတို့မြန်မာပြည်ရဲ့ တောနက်တွေထဲ၊ စစ်ဘေးရှောင်စခန်းတွေထဲမှာရှိတဲ့ ကျွန်မတို့သွေးချင်း စစ်ဘေးရှောင် ညီအကိုတွေ၊ အဖိုးအဖွားတွေဟာ အိုးအိမ်ပစ်ပြီး ခက်ခဲပင်ပန်းစွာ ဖြတ်သန်းနေရပါတယ်။ ဒီလို ခက်ခဲရတဲ့ အချိန်ကာလတွေ အမြန်ဆုံး ကုန်ဆုံးပြီး၊ ကျွန်မတို့ အားလုံးအတူတူပျော်ရွင်နိုင်ရမယ့် ခရစ္စမတ်တွေကို ဖြတ်သန်းနိုင်ဖို့အတွက် ကျွန်မတို့အားလုံး အတူတကွ အင်တိုက်အားတိုက် ဒီတော်လှန်ရေးမှာ နိုင်တဲ့ဖက်က ပါဝင်ကြရပါမယ်။ ကျွန်မတို့ အတူအကွ စည်းလုံးကြရင် ဒီတော်လှန်ရေးဟာ အောင်ပွဲ မြန်မြန်ရမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက် စစ်တပ်ဟာ ခရစ်ယာန်ချက်ကျောင်းများအပါအဝင် ဘာသာပေါင်းစုံရဲ့ ဘာသာရေး အဆောက်အဦများပါမကျန် ဖျက်ဆီး မီးရှို့မှုများရှိနေပါတယ်။
========================
📌📌 ၄။ “ကချင်မြေအတွက် ခွန်အားတစ်လက်”ပဥ္စမ အကြိမ်မြောက် NUGPay နှင့် ပြည်သူများ၏ For Our People လှုပ်ရှားမှုစတင်
“ကချင်မြေအတွက် ခွန်အားတစ်လက်”ပဥ္စမ အကြိမ်မြောက် NUGPay နှင့် ပြည်သူများ၏ For Our People လှုပ်ရှားမှုစတင်ပြီလို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၅ ရက်မှာ NUG Pay ကနေအသိပေးဆိုပါတယ်။
"ပဥ္စမ အကြိမ်မြောက် NUGPay နှင့် ပြည်သူများ၏ For Our People လှုပ်ရှားမှုတွင် ကချင်ဒေသ တော်လှန်ရေး အင်အားစုများအတွက် ဝန်းရံသွားပါမယ်"လို့ဖော်ပြပါတယ်။ ပြည်သူများရဲ့လှူဒါန်းမှုများအား ဇန်နဝါရီ ၅ ရက်နေ့ထိ လက်ခံသွားမှာ ဖြစ်ပြီး တိုက်ပွဲဒေသများအရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်။
========================
📌📌 ၅။ မတ္တရာ မှ Non CDM များကို ရုံးကြိုပို့ရာတွင် အစောင့်လိုက်ပါလာသော စစ်ကောင်စီတပ်သားများ၏ Light truck ကားအား" Christmas လက်ဆောင်အနေဖြင့် မြနန္ဒာစစ်ဆင်ရေး(မန္တလေး) ကမိုင်းခွဲတိုက်ခိုက်
မတ္တရာ မှ Non CDM များကို ရုံးကြိုပို့ရာတွင် အစောင့်လိုက်ပါလာသော စစ်ကောင်စီတပ်သားများ၏ Light truck ကားအား " Christmas လက်ဆောင်အနေဖြင့် မြနန္ဒာစစ်ဆင်ရေး(မန္တလေး) ကမိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ ဒီဇင်ဘာ ၂၅ ရက်မှာ စစ်ကောင်စီတပ်သားများ၏ Light truck ကားအား မိုင်း ၂ လုံး ဖြင် ခရစ်စမက်လက်ဆောင်အနေဖြင့် တိုက်ခိုက်ခဲ့တာလို့ဖော်ပြပါတယ်။
"ဒီဇင်ဘာလ ၂၅ ရက် မန္တလေးတိုင်း ၊ ပုသိမ်ကြီးမြို့နယ် မြကံသာရွာ မြောက်ဘက် ဘိလပ်မြေစက်ရုံတွင် မတ္တရာ မှ Non CDM များကို ရုံးကြိုပို့ရာတွင် အစောင့်လိုက်ပါလာသော စစ်ကောင်စီတပ်သားများ၏ Light truck ကားအား မိုင်း ၂ လုံး ဖြင် ခရစ်စမက်လက်ဆောင်အနေဖြင့် တိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ အဆိုပါတိုက်ခိုက်မှုတွင် ကား၏နောက်ခြမ်း ထိခိုက်သွားပြီး ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ အင်းတော်မြို့နယ်မှာ တစ်လနီးပါးကြာ ဖမ်းဆီးသွားတဲ့ အရပ်သား၈ဦးကို အကြမ်းဖက်စစ်တပ်က ရက်စက်စွာသတ်ဖြတ်ထားသည်ကို ကမ်းနီရွာအနီးပြန်လည်တွေ့ရှိ
စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်မှာ တစ်လနီးပါးကြာ ဖမ်းဆီးသွားတဲ့ အရပ်သား ၈ ဦးကို အကြမ်းဖက်စစ်တပ်က ရက်စက်စွာသတ်ဖြတ်ထားသည်ကို ကမ်းနီရွာအနီးပြန်လည်တွေ့ရှိတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၅ ရက်မှာ အင်းတော် တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။
"အင်းတော်မြို့နယ် နတ်မဟုတ်ကြီးရွာတွင် နိုဝင်ဘာလ ၂၈ ရက်နေညက စခများ ဖမ်းဆီးခေါ်ဆောင်တာခံလိုက်ရတဲ့ ပြည်သူ၈ယောက်ရဲ့အလောင်းကို ပြန်တွေ့ပါပြီ။ ၂ ဦးမှာ ခေါင်းပစ်ခံထားရပြီး ကျန် ၆ ဦးမှာ တုတ်ဖြင့် ရိုက်သတ်ခံထားရပါတယ်"လို့ဆိုပါတယ်။
အကြမ်းဖက်စစ်တပ်က သတ်ဖြတ်ခြင်းခံရသူများမှာ ဦးမင်းနိုင်(50ကျော်)၊ ဦးကျော်သန်း(60နှစ်)၊ ဦးကျော်သန်း၏သားဖြစ်သူ ဦးဘိုဘိုဝေ(33နှစ်)၊ ဦးကျော်ဌေး(50ကျော်)၊ ဦးကျော်ထွန်း(50ကျော်)၊ ဦးထွန်းနိုင်(38နှစ်)၊ ဦးမြင့်ဖေ(60နှစ်)နှင့် ဦးသာပြူး (68) နှစ်တို့ ဖြစ်ပါတယ်။ အဆိုပါရုပ်အလောင်းများကို ကမ်းနီရွာအနီးတွေမြေမြုပ်ထားခဲ့ကြောင်း သတင်းရရှိပါတယ်။
========================
📌📌 ၇။ တန့်ဆည်မြို့နယ် ဖလံချိုင်ရွာအနောက်ဘက်ရှိ ပြည်သူများစိုက်ပျိုးထားသောစပါးများကို ခိုးယူရိတ်သိမ်းနေတဲ့ ပျူစောထီးများ ပစ်ခတ်ခံရ
စစ်ကိုင်းတိုင်း တန့်ဆည်မြို့နယ် ဖလံချိုင်ရွာအနောက်ဘက်ရှိ ပြည်သူများစိုက်ပျိုးထားသောစပါးများကို ခိုးယူရိတ်သိမ်းနေတဲ့ ပျူစောထီးများ ပစ်ခတ်ခံရတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ၂၅ ရက်မွန်းလွဲ ၂ နာရီ ၄၀ အချိန် ဆင်ငယ်ရွာတွင်တပ်စွဲထားသောပျူစောထီးများက စပါးခိုးယူရိတ်သိမ်း၍ ပစ်ခတ်ခဲ့တယ်လို့ Guerrilla Warfare-K.P.K အဖွဲ့ကဆိုပါတယ်။
"ဒီဇင်ဘာ ၂၅ ရက်နေ့ဆင်ငယ်ရွာတွင်တပ်စွဲထားသော ပျူများကဖလံချိုင်ရွာအနောက်ဘက်ရှိ ပြည်သူများစိုက်ပျိုးထားသောစပါးများကို ရိတ်စက်ဖြင့်လုယူရိတ်သိမ်းနေချိန်တွင် Guerrilla Warfare-K.P.K အဖွဲ့ နှင့် Taze Tiger ၊TSR ၊ PLA နှင့် တပ်ရင်း (၈) တို့ မှအလစ်ဝင်ရောက်တိုက်ခိုက်ရာတွင် ရိတ်စက်မောင်းသူအား Sniper ဖြင့် ပစ်ခတ်နိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ကျန်ရှိ ပျူများ အထိအခိုက်အရေအတွက်မသိရသေးဘဲပြည်သူ့ရဲဘော်များအထိအခိုက်မရှိဆုတ်ခွါလာနိုင်ခဲ့ပါတယ်။
အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့တာ ဖြစ်ပါတယ်။
No comments:
Post a Comment