2nd DEC 2022 - Evening Daily News by Radio NUG

၂၀၂၂ ဒီဇင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးကိုလူသားချင်းစာနာထောက်ထားမှုရှိတဲ့ ကမ္ဘာ့ပြည်သူများ ပံ့ပိုးကူညီစိတ်ဝင်စားပေးဖို့ ယာယီသမ္မတ ဒူဝါလရှီးလတောင်းဆို

📌 ၂။ လျှပ်စစ်မီးပုံမှန်မပေးနိုင်လောက်အောင် အကြမ်းဖက်စစ်ကောင်စီဟာ စီမံခန့်ခွဲမှု ညံ့ဖျင်းပြီးပြည်သူတွေ အတွက် ဘဏ္ဍာငွေ စိုက်ထုတ်သုံးစွဲလိုစိတ် မရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြားလိုက်

📌 ၃။ ယနေ့ခေတ်ကာလ လူတိုင်းရဲ့တာဝန်ဟာ စစ်အာဏာရှင် စနစ်အပြီးတိုင်ဖျက်သိမ်းဖို့ ဖြစ်တယ်လို့ဒုဝန်ကြီး အိသဉ္ဇာမောင်ဆို

📌 ၄။ အမည်ခံပြည်ထောင်စုမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆုံးရှုံးခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးပြောကြား

📌 ၅။ စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်တဲ့ လူဦးရေတိုးလာ

📌 ၆။ မီးရှို့ဖျက်ဆီးခံရတဲ့ကန့်ဘလူမြို့နယ်ကရွာ လေးရွာမှာ အခြေခံစားကုန်များ ပြတ်လပ်ကာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ

📌 ၇။ နှစ်ကြိမ်တိုင်တိုင်မီးရှို့ခံရတဲ့ ထီးချိုင့်မြို့နယ် လေသာရွာမှာအိမ်ခြေ ၂၀၀ ကျော် မီးထဲပါသွား

📌 ၈။ ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာ အတွင်း တပ်စွဲထားသောစကစတပ်များထိန်းချုပ်နယ်မြေကို (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်



ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးကိုလူသားချင်းစာနာထောက်ထားမှုရှိတဲ့ ကမ္ဘာ့ပြည်သူများ ပံ့ပိုးကူညီစိတ်ဝင်စားပေးဖို့ ယာယီသမ္မတ ဒူဝါလရှီးလတောင်းဆို


နွေဦးတော်လှန်ရေးကိုလူသားချင်းစာနာထောက်ထားမှုရှိတဲ့ ကမ္ဘာ့ပြည်သူများ ပံ့ပိုးကူညီစိတ်ဝင်စားပေးဖို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ ရက်ရိုက်တာသတင်းဌာနကကျင်းပတဲ့ Reuters Next အွန်လိုင်း ညီလာခံတက်ရောက်တဲ့ NUG ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


ကျနော်တို့ရဲ့ တော်လှန်ရေးကို လူသားချင်းစာနာထောက်ထားမှုရှိတဲ့ ကမ္ဘာ့ပြည်သူများ နိုင်ငံများအနေနဲ့ ဂရုစိုက်ပြီးတော့ ပံ့ပိုးကူညီဖို့ စိတ်ဝင်စားပေးဖို့ တောင်းဆိုချင်ပါတယ်"လို့ဆိုပါတယ်။ ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီကြောင့် ထွက်ပြေးတိမ်းရှောင်နေရတဲ့ နေရပ်စွန့်ခွာပြည်သူများအတွက်လည်း လူသားချင်းစာနာထောက်ထားမှုအကူအညီများလိုအပ်နေတယ်လို့ ယာယီသမ္မတ ကဆိုပါတယ်။


========================


📌📌 ၂။ လျှပ်စစ်မီးပုံမှန်မပေးနိုင်လောက်အောင် အကြမ်းဖက်စစ်ကောင်စီဟာ စီမံခန့်ခွဲမှု ညံ့ဖျင်းပြီးပြည်သူတွေ အတွက် ဘဏ္ဍာငွေ စိုက်ထုတ်သုံးစွဲလိုစိတ် မရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြားလိုက်


လျှပ်စစ်မီးပုံမှန်မပေးနိုင်လောက်အောင် အကြမ်းဖက်စစ်ကောင်စီဟာ စီမံခန့်ခွဲမှု ညံ့ဖျင်းပြီးပြည်သူတွေ အတွက် ဘဏ္ဍာငွေ စိုက်ထုတ်သုံးစွဲလိုစိတ် မရှိဘူးလို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းပြောကြားလိုက်ပါတယ်။ ဒီဇင်ဘာ၂ ရက်နေ့မှာ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီး ဦးစိုးသူရထွန်းက Radio NUG ကို ဖြေကြားခဲ့ပါတယ်။


"အဓိက က အချက် နှစ်ချက်ပါပဲ။ စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း နဲ့ ပြည်သူတွေ အတွက် ဘဏ္ဍာငွေ စိုက်ထုတ်သုံးစွဲလိုစိတ် မရှိခြင်းတို့ပါ။ဒီအတွက် NLD အစိုးရခေတ်မှာ လုပ်ဆောင်နေတဲ့ နိုင်ငံတကာ လုပ်ငန်းတွေ ထွက်ခွာကုန်ကြတယ်။ ဒီထဲမှာ လျှပ်စစ်ဓာတ်အားပေးတဲ့ လုပ်ငန်းတွေလည်းပါသွားပါတယ်။လက်ရှိအခြေအနေမှာ NUG အနေနဲ့ စိုးမိုးထားတဲ့ဒေသတွေကလွဲပြီး ထဲထဲဝင်ဝင် လုပ်ဆောင်ပေးနိုင်တဲ့ အခြေအနေမရှိပါဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ နှစ်ကတည်းက အိမ်သုံးဆိုလာ ကို တိုးချဲ့သုံးကြဖို့ ပညာပေးခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် လျှပ်စစ်မီးဟာ ပွင့်လင်းရာသီမှာ ပိုမိုပြတ်တောင်နိုင်ဖွယ်ရှိနေပြီးတော့ ရန်ကုန်မြိူ့နဲ့တစ်နိုင်ငံရှိ ပြည်သူလူထုရဲ့နေ့စဥ်လူမှုဘဝကိုထိခိုက်လျက်ရှိနေပါတယ်။ "ဆိုလာနဲ့ပတ်သက်လို့ဌာန page မှာ ပညာပေးစာစောင်တွေ တင်ထားတာအပြင် မိမိအိမ်သုံးတဲ့အခါ သုံးရမယ့် ပစ္စည်း နဲ့ ကုန်ကျစရိတ်ကို တွက်ချက်ပေးနိုင်တဲ့ website ပါတင်ပေးထားခဲ့ပါတယ်။ ရှေ့လျှောက် နွေရာသီ အထိ ဆက်တိုက် ပြတ်တောက်နေအုံးမယ်ဆိုတာ သိထားကြဖို့လိုပါတယ်"လို့ ပြည်ထောင်စုဝန်ကြီး ဦးစိုးသူရထွန်းကဆိုပါတယ်။


========================


📌📌 ၃။ ယနေ့ခေတ်ကာလ လူတိုင်းရဲ့တာဝန်ဟာ စစ်အာဏာရှင် စနစ်အပြီးတိုင်ဖျက်သိမ်းဖို့ ဖြစ်တယ်လို့ဒုဝန်ကြီး အိသဉ္ဇာမောင်ဆို


ယနေ့ခေတ်ကာလ လူတိုင်းရဲ့တာဝန်ဟာ စစ်အာဏာရှင် စနစ်အပြီးတိုင်ဖျက်သိမ်းဖို့ ဖြစ်တယ်လို့အမျိုးသမီး၊လူငယ်နဲ့ကလေးသူငယ်ရေးရာ ဒုဝန်ကြီး အိသဉ္ဇာမောင်ကဆိုပါတယ်။ ဒီဇင်ဘာ ရက်နေ့ကျင်းပတဲ့လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့ အဓိပ္ပာယ် တို့တော်လှန်မှရလိမ့်မယ်” Panel Discussion မှာ ဒုဝန်ကြီး အိသဉ္ဇာမောင်ကပြောပါတယ်။


"ဒီနေ့ခေတ်ကာလ လူတိုင်းရဲ့တာဝန်ကတော့ စစ်အာဏာရှင် စနစ်ကို အပြီးတိုင်ဖျက်သိမ်းပြီးတော့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်ဖို့ ပါ။ အရင်ကတည်းက အနှစ်နှစ်အလလ လွန်ခဲ့တဲ့နှစ်ပေါင်း၇၀ လောက်ကတည်းက အိပ်မက် မက်ခဲ့ကြတဲ့ ဖက်ဒရယ်ပြည်ထောင်စု၊ ဖိနှိပ်မှုကင်းစင်တဲ့ လောကသစ်ကိုတည်ထောင်ဖို့ပါပဲ။ ဒါမှသာ ခေတ်ကာလရဲ့ သမိုင်းတာဝန်ကိုကျေနိုင်မယ်လို့ထင်ပါတယ်"လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူခဲ့ပြီးနောက် နိုင်ငံတော်အကြီးအကဲများကို ထောင်သွင်း အကျဥ်းချခဲ့ပါတယ်။


========================


📌📌 ၄။ အမည်ခံပြည်ထောင်စုမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆုံးရှုံးခဲ့တယ်လို့ လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးပြောကြား


အမည်ခံပြည်ထောင်စုမှာ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ ဆုံးရှုံးခဲ့တယ်လို့လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီး ခွန်ဗဟန်းထန်ကဆိုပါတယ်။ ဒီဇင်ဘာ ရက်နေ့ကျင်းပတဲ့လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့ အဓိပ္ပာယ် တို့တော်လှန်မှရလိမ့်မယ်” Panel Discussion မှာ ဒုဝန်ကြီး ခွန်ဗဟန်းထန်ကပြောကြားခဲ့ပါတယ်။


"ပြည်ထောင်စုစတင်ပေါ်ပေါက်ကတည်းက ဒီအမည်ခံ ပြည်ထောင်စုမှာ ကျနော်တို့ အမျိုးသားတန်းတူရေးတွေ၊ ကိုယ်ပိုင်ပြဌာန်းခွင့်တွေ၊ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးခွင့်ဆိုတဲ့ အခွင့်အရေးတွေ၊ စတဲ့အခွင့်အရေးတွေအားလုံးဟာ ဆုံးရှုံးခဲ့တာဖြစ်တယ်"လို့ဆိုပါတယ်။


ဒါ့အပြင် လက်ရှိနွေဦးတော်လှန်ရေးဟာ လူ့ဂုဏ်သိက္ခာပြည့်ပြည့်ဝဝ ပြန်လည်ခံစားရဖို့ နောက်ဆုံးအခွင့်အရေးဖြစ်တယ်လို့လည်း လူ့အခွင့်ရေးဆိုင်ရာဒုဝန်ကြီးကထပ်လောင်းပြောပါတယ်။


========================


📌📌 ၅။ စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်တဲ့ လူဦးရေတိုးလာ


စစ်ကောင်စီက သေဒဏ်ချမှတ်လိုက်တဲ့ လူဦးရေပိုမိုတိုးလာတယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ရက်နေ့မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှထုတ်ပြန်ချက်အရသတင်းရရှိပါတယ်။


နိုဝင်ဘာလ ၃၀ ရက်နေ့တွင် အင်းစိန်အကျဉ်းထောင်တွင်းရှိ စစ်ခုံရုံးမှ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနှစ်ဦးနှင့် တက်ကြွလှုပ်ရှားသူ လူငယ် လေးဦးကို သေဒဏ် ချမှတ်ခဲ့တယ်လို့ဆိုပါတယ်။ AAPP အနေဖြင့် လူငယ် လေးဦး၏ သေဒဏ်ချမှတ်မှုကို အတည်ပြုနိုင်ခဲ့ပြီး တက္ကသိုလ်ကျောင်းသား ခုနှစ်ဦး သေဒဏ်ချမှတ်ခံရခြင်းနှင့်ပက်သက်၍ အတည်ပြုနိုင်ရန် ဆက်လက် စုံစမ်း လျက်ရှိတယ်လို့ဖော်ပြပါတယ်။


စစ်အာဏာသိမ်းပြီးနောက် နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၉၀) ဦးရှိပြီး မျက်ကွယ်သေဒဏ်ချမှတ်ခြင်းခံထားရသူ (၄၂) ဦး အပါအဝင်  သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၃၂) ဦးရှိပြီဖြစ်ပါတယ်။


========================


📌📌 ၆။ မီးရှို့ဖျက်ဆီးခံရတဲ့ကန့်ဘလူမြို့နယ်ကရွာ လေးရွာမှာ အခြေခံစားကုန်များ ပြတ်လပ်ကာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေ


မီးရှို့ဖျက်ဆီးခံရတဲ့ကန့်ဘလူမြို့နယ်က ရွာလေးရွာမှာ အခြေခံစားကုန်များ ပြတ်လပ်ကာ စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေတယ်လို့ သတင်းရရှိပါတယ်။ ဒီဇင်ဘာ ရက်နေ့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဖော်ပြပါတယ်။


"ကန့်ဘလူမြို့နယ်ရှိ ကျေးရွာလေးရွာအား အကြမ်းဖက်စစ်ကောင်စီတပ်သားများက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ကာ မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံများ နီးစပ်ရာ တောတိုက်များအအတွင်း တိမ်းရှောင်နေရကာ အရေးပေါ် စားနပ်ရိက္ခာများ လိုအပ်နေပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီ စစ်ကြောင်းဟာ နိုဝင်ဘာ ၂၂ ရက်မှ ၂၄ ရက်အတွင်း ကျောက်တိုင်၊ ကျီစု၊ ဖိုလ်ကုန်းနှင့် သောက္ကန်ရွာတို့အား မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ပါတယ်။ မီးရှို့ဖျက်ဆီးမှုကြောင့် အိမ်ခြေ ၁၃၀ ရှိ ဖိုလ်ကုန်းရွာ၌ ပြည်သူပိုင် နေအိမ် ရှစ်လုံးနှင့် စာသင်ဆောင်တစ်ခု မီးလောင်ပျက်စီးခဲ့သော်လည်း ကျန်ကျေးရွာများမှာ ရွာရှိ အိမ်ခြေထက်ဝက်ခန့်အထိ မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။


အိမ်ခြေ ၈၇၀ ရှိ ကျီစုရွာ၌ မီးရှို့ဖျက်ဆီးမှုကြောင့် ပြည်သူပိုင်နေအိမ် ၄၆၄ လုံးနှင့် အစ္စလာမ်ဘာသာဝင်များ အလေးအမြတ် ထားရာ ဗလီတစ်လုံး၊ အိမ်ခြေ ၃၃၀ ရှိ ကျောက်တိုင်ရွာ၌ ပြည်သူပိုင်နေအိမ် ၁၇၃ လုံးနှင့် ဗုဒ္ဓဘာသာဝင်များ အလေးအနက် ထားရှိ ဆွမ်းစားကျောင်းဆောင်တစ်လုံး၊ အိမ်ခြေ ၁၈၀ ရှိ သောက္ကန်ရွာ၌ ပြည်သူပိုင်နေအိမ် ၇၇ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ပါတယ်။


========================


📌📌 ၇။ နှစ်ကြိမ်တိုင်တိုင်မီးရှို့ခံရတဲ့ ထီးချိုင့်မြို့နယ် လေသာရွာမှာအိမ်ခြေ ၂၀၀ ကျော် မီးထဲပါသွား


နှစ်ကြိမ်တိုင်တိုင်မီးရှို့ခံရတဲ့ ထီးချိုင့်မြို့နယ် လေသာရွာမှာအိမ်ခြေ ၂၀၀ ကျော် မီးထဲပါသွားခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလအတွင်းမှာ ထီးချိုင့်တော်လှန်ရေးအင်အားစုကအတည်ပြုဆိုပါတယ်။


"အိမ်ခြေ-၃၀၀ ရှိရာမှာ ၂၀၀ကျော် မီးလောင်ခဲ့ပါတယ်။ထွန်စက်များ၊စပါးများနဲ့ ပစ္စည်းတော်တော်များများ မီးလောင်တဲ့အထဲ ပါဝင်ခဲ့ပါတယ်"လို့ဆိုပါတယ်။ ထီးချိုင့်မြို့နယ်လေသာရွာကို နိုဝင်ဘာ၃၀ရက်နေ့ တွင်တစ်ကြိမ်၊ ဒီဇင်ဘာ၁ရက်နေ့တွင်တစ်ကြိမ် စကစတပ်များကမီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၈။ ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာ အတွင်း တပ်စွဲထားသောစကစတပ်များထိန်းချုပ်နယ်မြေကို (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်


ကရင်နီဒေသ ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာ အတွင်း တပ်စွဲထားသောစကစတပ်များထိန်းချုပ်နယ်မြေကို (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာလ ရက်နေ့မှာ ကယား (ကရင်နီ) တော်လှန်ရေးတပ်ပေါင်းစု (KRU) ကအသိပေးဆိုပါတယ်။


"ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု(KRU) လှုပ်ရှားစစ် မျက်နှာ ဖြစ်သော ဒီမော့ဆိုမြို့၊ကုန်းသာကျေးရွာ အတွင်း တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီ တပ်များ ထိန်းချုပ်ထားသော နယ်မြေအား ကယား (ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) မှ ပြန်လည်ထိန်းချုပ်နိုင် ခဲ့ပါတယ်"လို့ဆိုပါတယ်။


အခြားတစ်ဖက်တွင်လည်း KNDF, KA, KGZ, PDF တို့ပူးပေါင်း တပ်ဖွဲ့ များမှလည်း သေးဆူလဲ ကျေးရွာအတွင်းတပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတို့နှင့် ထိတွေ့တိုက်ခိုက်မူ ဖြစ်ပွားခဲ့ပြီး နယ်မြေများအား  ပြန်လည်ထိန်းချုပ် နိုင်ခဲ့တယ်လို့ဖော်ပြပါတယ်။


ဒီမော့ဆို့မြို့ ၊ကုန်းသာ ကျေးရွာ အတွင်း နယ်မြေ များပြန်လည်ရှင်းလင်းနေစဉ်အတွင်း စစ်ကောင်စီ တပ်များ၏ ရိက္ခာ စွပ်ဗုံး၊ကျည်ဆံ နှင့် အသုံးအဆောင်ပစ္စည်း များ သိမ်းပိုက်ရရှိခဲ့ပြီး နယ်မြေအား မိုင်းရှင်းလင်းရေး များ ပြန်လည် ပြုလုပ်နေပြီလို့ကယား(ကရင်နီ)တော်လှန်ရေးတပ်ပေါင်းစု (KRU) ကဆိုပါတယ်။


အခုတင်ပြပေးခဲ့တဲ့ သတင်းတွေကိုတော့ Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment