30th DEC 2022 - Morning Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ၃၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။  ဖက်ဆစ် စစ်တပ်အပေါ် ပြည်သူ့အမုန်း အဆုံးအထိရောက်သွားပြီဖြစ်၍တပ်နဲ့ရဲ တစ်မိသားစုလုံးအမြန်ဆုံးပြည်သူ့ထံ ခိုလှုံရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း

📌 ၂။ နွေဦးတော်လှန်ရေးဟာ လူတိုင်း ကောင်းကောင်းမွန်မွန်နေထိုင်ရမယ့်  နိုင်ငံရေး စနစ်သစ်တစ်ခုအတွက်တော်လှန်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို

📌 ၃။ စစ်ဘေးရှောင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအရေးကိစ္စနှင့်စပ်လျဥ်း၍ CRPH အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီနဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေး

📌 ၄။ အကြမ်းဖက်စစ်အာဏာရှင်အုပ်စုဟာတော်လှန်ရေးအင်အားစုတွေကို ပိုမိုသွေးခွဲဖို့လုပ်ဆောင်လာတယ်လို့ ဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းသတိပေးဆို

📌 ၅။ ထိုင်းဘုရင့်ဖလားနဲ့ခါးပတ်လုပွဲမှာ ချန်ပီယံရခဲ့တဲ့ ကယန်းတိုင်းရင်းသူ မူဘယ်ရောနီကာကို NUG အစိုးရက မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးပို့

📌 ၆။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဝင်မယ့်လူတွေဟာ ဓားမြဆီက ဝေစုတောင်းမယ့်လုပ်ရပ်နဲ့အတူတူပဲလို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ဆို

📌 ၇။ တောင်ကိုရီးယားနိုင်ငံ၊ ကင်မ်ဂွန်းထယ်ဆုကော်မတီမှ ပေးအပ်သော ကြိမ်မြောက် ကင်မ်ဂွန်းထယ် ဆုကို မပန်ဆယ်လိုရရှိ

📌 ၈။ myanmar account ancy club uk မှ ၄၁ ပတ်တိတိရံပုံငွေတော်လှန်ရေး အစားသောက်ရောင်းချရာစုစုပေါင်း  စတာလင် ​​ပေါင်တစ်သိန်းကျော်ရရှိခဲ့

📌 ၉။ ရွှေဘိုမြို့နယ် သီးလုံးရွာမှ စကစတပ်ဖွဲ့ဝင် သုံးဦး ရွှေဘို မိုးကြိုးမုန်တိုင်းမှရဲဘော်များတိုက်ခိုက်၍ သုံးဦးသေဆုံး

📌 ၁၀။ စစ်ကိုင်းမြို့နယ်မြင်းဆည်ကျေးရွာအား အကြမ်းဖက်မီးရှို့ဖျက်စီး၍ပြန်လာသောစကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံး

📌 ၁၁။ မုံရွာ - မန္တလေး လမ်းမကြီးရေပိုးစားနှင့် နတ်ရေကန်အကြား တစ်နေရာ ကင်းပုန်းဝပ်ထွက်လာသောစကစတပ်များ ဒရုန်းနဲ့  ကြိမ်တိုင်တိုက် ဗုံးသီးချတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုများရှိနိုင်

📌 ၁၂။ ကနီမြို့နယ်၊မုဌောရွာအနီး ချင်းတွင်းမြစ်အတွင်းသောင်တင်တပ်စွဲနေတဲ့စကစတပ်များကို လက်လုပ်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။  ဖက်ဆစ် စစ်တပ်အပေါ် ပြည်သူ့အမုန်း အဆုံးအထိရောက်သွားပြီဖြစ်၍တပ်နဲ့ရဲ တစ်မိသားစုလုံးအမြန်ဆုံးပြည်သူ့ထံ ခိုလှုံရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်း


ဖက်ဆစ် စစ်တပ်အပေါ် ပြည်သူ့အမုန်း အဆုံးအထိရောက်သွားပြီဖြစ်၍တပ်နဲ့ရဲ တစ်မိသားစုလုံးအမြန်ဆုံးပြည်သူ့ထံ ခိုလှုံရန် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးတိုက်တွန်းဆိုပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ ပညာရေးနဲ့ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။


"ဖက်ဆစ် စစ်တပ်အပေါ် ပြည်သူ့အမုန်း အဆုံးအထိရောက်သွားပြီ။တပ်နဲ့ရဲ တစ်မိသားစုလုံးအချိန်မဖြုန်းဘဲ အမြန်ဆုံးပြည်သူ့ထံ ခိုလှုံကြလော့။ပြည်သူနဲ့အမြန်ဆုံးပူးပေါင်းကြလော့"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် စစ်အာဏာရှင် စနစ်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးဟာ လူတိုင်း ကောင်းကောင်းမွန်မွန်နေထိုင်ရမယ့်  နိုင်ငံရေး စနစ်သစ်တစ်ခုအတွက်တော်လှန်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆို


နွေဦးတော်လှန်ရေးဟာ လူတိုင်း ကောင်းကောင်းမွန်မွန်နေထိုင်ရမယ့်  နိုင်ငံရေး စနစ်သစ်တစ်ခုအတွက်တော်လှန်နေတာဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကဆိုလိုက်ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကရှင်းလင်းဆိုထားပါတယ်။


"ဒီတော်လှန်ရေးဟာ  အလုပ်ကြိုးစားတဲ့ လူတိုင်းကောင်းကောင်းနေကောင်းကောင်းစားနိုင်မဲ့ နိုင်ငံရေး စနစ်သစ်တခုအတွက်တော်လှန်နေတာပါ။ NLD အတွက်မဟုတ်ဘူး၊ လူမျိုးတစ်မျိုးအတွက်မဟုတ်ဘူး၊ မြန်မာနိုင်ငံသား အားလုံးအတွက်ဖြစ်တယ်။ ခင်များတို့အဆင်ပြေနေတဲ့ ဖက်ဒရယ်နိုင်ငံရေး စနစ်တစ်ခုကို နိုင်ငံရပ်ခြားမှာပဲ ရှာတွေ့တာမျိုးမဟုတ်ပဲ၊ မြန်မာနိုင်ငံထဲမှာ ဖြစ်တည်လာဖို့ ကြိုးစားနေတာဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အလုပ်လက်မဲ့ လူဦးရေ တိုးပွားလာခဲ့ပြီး ပြည်ပရင်းနှီးမြုပ်နှံမှုများ ထွက်ခွာသွားခဲ့ပါတယ်။


========================


📌📌 ၃။ စစ်ဘေးရှောင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအရေးကိစ္စနှင့်စပ်လျဥ်း၍ CRPH အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီနဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေး


စစ်ဘေးရှောင် အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်များအရေးကိစ္စနှင့်စပ်လျဥ်း၍ CRPHအမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီနဲ့လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနတို့တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် နှစ်ဖက် ဗီဒီယို ကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံ ကျင်းပခဲ့ပါတယ်။


အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီသည် စစ်ဘေးရှောင် အမျိုးသမီးများ၊ လူငယ်များ ကလေးသူငယ်များအရေးနှင့်စပ်လျဉ်း၍ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနနှင့် တွေ့ဆုံကာ ဝန်ကြီးဌာန၏ အရပ်သားထိခိုက်မှုလျှော့ချရေးနှင့် စားနပ်ရိက္ခာ ဖူလုံရေး စီမံချက်အတွက် ဆောင်ရွက်နေမှုများ၊ One Year Strategy အတွက် ပြင်ဆင်နေမှုများတွင် ကော်မတီအနေဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းစဉ်များအား ဆွေးနွေးအကြံပြုခဲ့ကြပါတယ်။


အစည်းအဝေးသို့ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ကော်မတီ အဖွဲ့ဝင်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး ဝန်ကြီး ဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ တာဝန်ရှိသူများနှင့် ရုံးအဖွဲ့တို့ တက်ရောက် ခဲ့ကြပါတယ်။


========================


📌📌 ၄။ အကြမ်းဖက်စစ်အာဏာရှင်အုပ်စုဟာတော်လှန်ရေးအင်အားစုတွေကို ပိုမိုသွေးခွဲဖို့လုပ်ဆောင်လာတယ်လို့ ဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းသတိပေးဆို


အကြမ်းဖက်စစ်အာဏာရှင်အုပ်စုဟာတော်လှန်ရေးအင်အားစုတွေကို ပိုမိုသွေးခွဲဖို့လုပ်ဆောင်လာတယ်လို့ပညာရေးဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကပြောပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ ပညာရေးဒုဝန်ကြီး ဒေါက်တာ စိုင်းခိုင်မျိုးထွန်းကဆိုပါတယ်။


"တော်လှန်ရေးကာလာကြာလာတာနဲ့အတူ အခြေအနေကောင်းတစ်ခုကို ရောက်လာနေပြီဖြစ်လို့ စစ်အာဏာရှင်အုပ်စုဟာလည်း တော်လှန်ရေးအင်အားစုတွေကို ပိုမိုသွေးခွဲဖို့လုပ်လာနေပါတယ်"လို့ဒုဝန်ကြီးကဆိုပါတယ်။ စစ်အုပ်စုဟာတော်လှန်ရေးအင်အားစုအချင်းချင်းကြားသွေးကွဲအောင်လုပ်ဆောင်ခြင်းအပါအဝင် ပြည်သူနဲ့ တော်လှန်ရေးရေးအစိုးရအပါအဝင်အင်အားစု တွေကို သွေးကွဲအောင်နဲ့နိုင်ငံတကာမှာ တော်လှန်ရေးအင်အားစုကို ပုံဖျက်တဲ့လုပ်ဆောင်မှုတွေ လုပ်ဆောင်လာတယ်လို့ ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ ထိုင်းဘုရင့်ဖလားနဲ့ခါးပတ်လုပွဲမှာ ချန်ပီယံရခဲ့တဲ့ ကယန်းတိုင်းရင်းသူ မူဘယ်ရောနီကာကို NUG အစိုးရက မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးပို့


ထိုင်းဘုရင့်ဖလားနဲ့ ခါးပတ်လုပွဲမှာ ချန်ပီယံရခဲ့တဲ့ ကယန်းတိုင်းရင်းသူ မူဘယ်ရောနီကာကို NUG အစိုးရက မှတ်တမ်းတင်ဂုဏ်ပြုလွှာပေးပို့ခဲ့ပါတယ်။ ဒီဇင်ဘာနောက်ဆုံးပတ်မှာ ချန်ပီယံရခဲ့တဲ့ ကယန်းတိုင်းရင်းသူ မူဘယ်ရောနီကာက အသိပေးဆိုထားပါတယ်။


"ကျနော့်ကို အခုလိုဂုဏ်ပြုပေးတဲ့ အမျိုးသမီး,လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန မှ ကျေးဇူးအများကြီးတင်ပါတယ်" လို့ဆိုပါတယ်။ အဆိုပါဂုဏ်ပြုမှတ်တမ်းလွှာကို NUG အမျိုးသမီးလူငယ်နဲ့ကလေးသူငယ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနော်ဆူစန်နာလှလှစိုးက ပေးပို့ခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၆။ စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဝင်မယ့်လူတွေဟာ ဓားမြဆီက ဝေစုတောင်းမယ့်လုပ်ရပ်နဲ့အတူတူပဲလို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ဆို


စစ်အုပ်စုရဲ့ ရွေးကောက်ပွဲ ဝင်မယ့်လူတွေဟာ ဓားမြဆီက ဝေစုတောင်းမယ့်လုပ်ရပ်နဲ့အတူတူပဲလို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်ကဆိုပါတယ်။ ဒီဇင်ဘာနောက်ဆုံးပတ် PVTV ရုပ်သံနဲ့တွေ့ဆုံမေးမြန်းခန်းမှာ ဦးမင်းကိုနိုင်ကပြောပါတယ်။


"ဖက်ဆစ်ကနေ ရွေးကောက်ပွဲ လုပ်တယ်ဆိုတာ ဒါက ကိုယ်ရေးကြုံတော့မှ ထပြီးတော့ သေခါနီး ကယောင်ကတမ်းရွတ်တဲ့ ဂါထာမျိုးပဲ။အဲဒါထက်မပိုဘူး။သူတို့ဟာ ပြည်သူ့အာဏာကိုလုခဲ့တဲ့ ဓားမြတွေ၊အဲဒါက ဝေစုခွဒပေးမယ်လို့ ပြောနေတာနဲ့အတူတူပဲ။ အဲဒီရွေးကောက်ပွဲ ဝင်မယ်ဆိုတာက ဓားမြဆီက ဝေစုတောင်းမယ်ဆိုတာနဲ့အတူတူပဲ"လို့ ဆိုပါတယ်။ စစ်အုပ်စုဟာ ၂၀၂၃ ခုနှစ် မှာ အတုအယောင်ရွေးကောက်ပွဲကို ကျင်းပပေးမယ်လို့ ထုတ်ပြန်ထားပြီးတော့ နိုင်ငံရေးပါတီများကို စည်းရုံးသိမ်းသွင်းလျက်ရှိပါတယ်။


========================


📌📌 ၇။ တောင်ကိုရီးယားနိုင်ငံ၊ ကင်မ်ဂွန်းထယ်ဆုကော်မတီမှ ပေးအပ်သော ကြိမ်မြောက် ကင်မ်ဂွန်းထယ် ဆုကို မပန်ဆယ်လိုရရှိ


တောင်ကိုရီးယားနိုင်ငံ၊ ကင်မ်ဂွန်းထယ်ဆုကော်မတီမှ ပေးအပ်သော ကြိမ်မြောက် ကင်မ်ဂွန်းထယ် ဆုကို မပန်ဆယ်လိုရရှိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ၊ ကင်မ်ဂွန်းထယ်ဆုကော်မတီမှ ပေးအပ်သော ကြိမ်မြောက် ကင်မ်ဂွန်းထယ် ဆုပေးပွဲအခမ်းအနားကို ဒီဇင်ဘာ ၂၉ ရက်မှာ ကျင်းပခဲ့ပါတယ်။


အဆိုပါ ဆုပေးအပ်ပွဲ အခမ်းအနားကို ဗီဒီယို စနစ်နဲ့ မပန်ဆယ်လိုကတက်ရောက်ခဲ့ပြီး ဆုကိုတော့ မပန်ဆယ်လိုကိုယ်စား မရွှေမိုးကိုရီးယားကတက်ရောက်ယူခဲ့ပါတယ်။ ဒီမိုကရေစီအတွက် အသက်ကို ပဓာနမထားကြိုးစားတဲ့ ဒီမိုကရေစီသူရဲကောင်းတွေကိုကင်မ်ဂွန်းထယ်ဆုကို ပေးအပ်ခြင်းဖြစ်ပြီးတော့ ၂၀၂၂ ခုနှစ်မှာ တောင်ကိုရီးယားက အဲ့ဒီ့ဆုကို မြန်မာ့ဒီမိုကရေစီလှုပ်ရှားသူ 'ပန်ဆယ်လို' ကိုပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။


တောင်ကိုရီးယားမှာ Solidarity for Democracy and Peaceful Unification in Korea (민평련) ဆိုတဲ့ ဒီမိုကရေစီအရေး ဆောင်ရွက်သူ အမတ်ဟောင်း၊ အမတ်သစ် အယောက် ၄၀ ကျော်ဖွဲ့ထားတဲ့ အဖွဲ့ဟာမပန်ဆယ်လိုကို ကင်မ်ဂွန်းထယ်ဆုပေးဖို့ ဆုကော်မတီနဲ့ ပူးပေါင်းပြီး လေးလေးနက်နက် ဆုံးဖြတ်ခဲ့တာလည်းဖြစ်ပါတယ်။


========================


📌📌 ၈။ myanmar account ancy club uk မှ ၄၁ ပတ်တိတိရံပုံငွေတော်လှန်ရေး အစားသောက်ရောင်းချရာစုစုပေါင်း  စတာလင် ​​ပေါင်တစ်သိန်းကျော်ရရှိခဲ့


myanmar account ancy club ukမှ ၄၁ ပတ်တိတိရံပုံငွေတော်လှန်ရေး အစားသောက်ရောင်းချရာစုစုပေါင်း  စတာလင် ​​ပေါင်တစ်သိန်းကျော်ရရှိခဲ့ပါတယ်။ ဒီဇင်ဘာလနောက်ဆုံးပတ်မှာ ရန်ပုံငွေရရှိတာနဲ့ပတ်သက်လို့အသိပေးဆိုခဲ့ပါတယ်။


"ကျနော်/ကျမ တို့ရဲ့ January 2022 မှ December 2022 ထိ စုစုပေါင်း 41 ပတ် ရံပုံငွေတော်လှန်ရေး အစားသောက်ရောင်းချရာ၌ စုစုပေါင်း  ပေါင်စတာလင် တစ်သိန်းကျော် (£101,159) ရရှိခဲ့ပါတယ်"လို့ဆိုပါတယ်။


အပတ်စဉ် စွဲဆောင်မှုရှိတဲ့ မီနူးထွက်အောင် စုရုံးသည်မှစ၍တစ်ပတ်လုံး Food အော်ဒါယူသောအဆင့်၊ဟင်းပွဲများကို စုစည်းခြင်း၊ ထုတ်ပိုးခြင်း၊ Customer များထံရောက်ရှိအောင် ပို့ဆောင်ခြင်း တို့ကို လုံ့လထုတ်ကြိုးစားပြီး တစ်ယောက်ကွက်လပ်ကို တယောက်ဖြည့်ကာ တော်လှန်ရေးမှာ ပံ့ပိုးပေးနေကြတဲ့  UK မှ CHEFS ၃၀ ကျော်နှင့် VOLUNTEERS များရဲ့အားထုတ်မှု့များပါဝင်တယ်လို့သိရှိရပါတယ်။


========================


📌📌 ၉။ ရွှေဘိုမြို့နယ် သီးလုံးရွာမှ စကစတပ်ဖွဲ့ဝင် သုံးဦး ရွှေဘို မိုးကြိုးမုန်တိုင်းမှရဲဘော်များတိုက်ခိုက်၍ သုံးဦးသေဆုံး


စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ် သီးလုံးရွာမှ စကစတပ်ဖွဲ့ဝင် သုံးဦး ရွှေဘို မိုးကြိုးမုန်တိုင်းမှရဲဘော်များတိုက်ခိုက်၍ သုံးဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ စစ်ရေးသတင်းကို ရွှေဘို မိုးကြိုးမုန်တိုင်းမှအတည်ပြုဆိုထားပါတယ်။


"မိုးကြိုးမုန်တိုင်းမှရဲဘော်များပြောက်ကျားလှုပ်ရှားသီးလုံးမှခွေး၃ကောင်မုန့်ဟင်းခါးဖြစ်သွားကြောင်းသိရှိရပါတယ်"လို့ဆိုထားပါတယ်။ ရွှေဘို မိုးကြိုးမုန်တိုင်းတပ်ဖွဲ့ဟာ စစ်အာဏာရှင်ကို ခုခံတွန်းလှန်နေတဲ့တော်လှန်ရေးအင်အားစုတစ်ရပ်လည်းဖြစ်ပါတယ်။


========================


📌📌 ၁၀။ စစ်ကိုင်းမြို့နယ်မြင်းဆည်ကျေးရွာအား အကြမ်းဖက်မီးရှို့ဖျက်စီး၍ပြန်လာသောစကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံး


စစ်ကိုင်းမြို့နယ်မြင်းဆည်ကျေးရွာအား အကြမ်းဖက်မီးရှို့ဖျက်စီး၍ပြန်လာသောစကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ နှစ်ဦးသေဆုံးခဲ့ပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ စစ်ရေးသတင်းကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)ကအတည်ပြုဖော်ပြပါတယ်။


"ဒီဇင်ဘာ ၂၈ ရက် နာရီ ၃၂ မိနစ်အချိန် စစ်ကိုင်းမြို့နယ်မြင်းဆည်ကျေးရွာအား အကြမ်းဖက်မီးရှို့ဖျက်စီး၍ပြန်လာသော စကစတပ်များအား ဘုရားယဉ်စေတီအနောက်ဘက် ချောင်းရိုးအနီး ပဒေသာမိုင်း လုံးဖြင့် လျှပ်တပြတ်ချခွဲတိုက်ခိုက်ခဲ့ရာ ဦးသေဆုံးကာထိခိုက်ဒဏ်ရာအများအပြားရရှိပါတယ်"လို့ဆိုပါတယ်။ ၎င်းတိုက်ခိုက်မှုကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ)နှင့် သရဲနီ အဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၁၁။ မုံရွာ - မန္တလေး လမ်းမကြီးရေပိုးစားနှင့် နတ်ရေကန်အကြား တစ်နေရာ ကင်းပုန်းဝပ်ထွက်လာသောစကစတပ်များ ဒရုန်းနဲ့  ကြိမ်တိုင်တိုက် ဗုံးသီးချတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုများရှိနိုင်


မုံရွာ - မန္တလေး လမ်းမကြီးရေပိုးစားနှင့် နတ်ရေကန်အကြား တစ်နေရာ ကင်းပုန်းဝပ်ထွက်လာသောစကစတပ်များ ဒရုန်းနဲ့  ကြိမ်တိုင်တိုက် ဗုံးသီးချတိုက်ခိုက်ခံရ၍ ထိခိုက်သေဆုံးမှုများရှိနိုင်ပါတယ်။ ဒီဇင်ဘာ၂၉ ရက် ညနေ နာရီအချိန်မှ နာရီခွဲ အချိန်အထိ ရေပိုးစားနှင့် နတ်ရေကန်အကြား တစ်နေရာ ကင်းပုန်းဝပ်ထွက်လာသော စကစတပ်များကိုတိုက်ခိုက်ခဲ့တယ်လို့ Black Eagle Defence Force -MMU ကဆိုပါတယ်။


ဒီဇင်ဘာ ၂၉ ရက် ညနေ နာရီအချိန်မှ နာရီခွဲ အချိန်ခန့်အထိ ရေပိုးစားနှင့် နတ်ရေကန်အကြား တစ်နေရာ ကင်းပုန်းဝပ်ထွက်လာသော စကစတပ်များအား ဒရုန်းဖြင့် () ကြိမ်တိတိဗုံးသီးချတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စကစတပ်များ အသေအပျောက်ရှိနိုင်ပြီး ထိခိုက်သူများလည်းရှိနိုင်တယ်လို့သတင်းရရှိပါတယ်။ ဒရုန်းစစ်ဆင်ရေးကို  Black Eagle Defence Force - MMU (မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့) နှင့်အတူ မြင်းမူမြို့နယ် ပကဖ/ လျှပ်တပြတ်စွန်ညိုပျောက်ကြားစစ်သည်တော်များအဖွဲ့ တို့မှ ပူးပေါင်းလုပ်ဆောင်ခဲ့ပါတယ်။


========================


📌📌 ၁၂။ ကနီမြို့နယ်၊မုဌောရွာအနီး ချင်းတွင်းမြစ်အတွင်းသောင်တင်တပ်စွဲနေတဲ့စကစတပ်များကို လက်လုပ်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်


စစ်ကိုင်းတိုင်း ကနီမြို့နယ်၊မုဌောရွာအနီး ချင်းတွင်းမြစ်အတွင်းသောင်တင်တပ်စွဲနေတဲ့စကစတပ်များကို လက်လုပ်လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။ ဒီဇင်ဘာ ၂၉ ရက်မှာ စစ်ရေးသတင်းကိုဗျတ္တညီနောင်အဖွဲ့ ယင်းမာပင်မြို့နယ်ကအတည်ပြုဆိုပါတယ်။


"ဒီဇင်ဘာ ၂၆ ကနီမြို့နယ်၊မုဌောရွာအနီး ချင်းတွင်းမြစ်အတွင်းသောင်တင်တပ်စွဲနေတဲ့ မအလအကြမ်းဖက်တပ်ကို တိုက်ခိုက်နေကြတာ တစ်ပတ်လောက်အကြာမှာကျွန်တော့်တို့ လက်နက်ငယ်အားတွေအပြင် ဗျတ္တညီနောင်အဖွဲ့(ယင်းမာပင်မြို့နယ်)၊ဗိုလ်မုတ်ဆိတ်တပ်ခွဲ(ရိုးမဖိုက်တာတပ်ရင်း)MonywaTruthofForce(MTOF) တို့ကလက်နက်ကြီးပစ်ကူအဖြစ် လက်လုပ် ၆၀မမ လုံး၊လက်လုပ် ရှော့တိုက်ဒုန်း လုံး  အကြမ်းဖက်တပ်များဆီ ပစ်လွှတ် ခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။


လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ချင်းတွင်းမြစ်အတွင်းမှ အကြမ်းဖက်ရေယဥ်များ ဖယိုဖရဲ မောင်းပြေးခဲ့တယ်လို့ဆိုပါတယ်။ လက်ရှိအချိန်ထိလည်းမြို့နယ်စုံ ပြည်သူကာကွယ်ရေးအဖွဲ့များ နဲ့ တိုက်ပွဲ ဖြစ်ပွားလျက်ရှိနေတယ်လို့ဖော်ပြပါတယ်။


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment