5th DEC 2022 - Evening Daily News by Radio NUG


၂၀၂၂ ဒီဇင်ဘာလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ''အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း'' တွင်ပါဝင်နိုင်ရန် ထပ်မံအသိပေးလိုက်တဲ့သတင်း

📌 ၂။ CDM ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တဲ့သတင်း

📌 ၃။ ဒီဇင်ဘာလ ရက်နေ့တိုက်ပွဲတွင် ရန်သူ့ ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ပီဒီအက်ဖ် ကော့သောင်းခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်တဲ့သတင်း

📌 ၄။ ဗုံးဖောက်ခွဲမှု သံသယဖြင့် လူငယ်တဦး  ကို စစ်တပ်က စစ်ကြောရေးတွင် ဥပဒေမဲ့ သတ်ဖြတ်လိုက်ပါတယ်

📌 ၅။ ဇာတ်မင်းသားဖိုးချစ်နှင့်တေးရေးသျှဏ်ထွဏ်း (မြန်မာစာ) တို့နှစ်ဦး ဖမ်းဆီးခံထားရတဲ့သတင်း

📌 ၆။ သေဒဏ်ချမှတ်ခံရမှုများကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုစတင်လိုက်တဲ့သတင်း

📌 ၇။ နယူးယောက်မြို့မှာ အမျိုးသမီးနဲ့ ကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့သတင်း

📌 ၈။ အမေရိကန်နိုင်ငံမှာ တနှစ်တာအတွင်း နွေဦး လက်ဘက်ရည်ဝိုင်းမှ တော်လှန်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တော်လှန်ရေးအတွက်ထောက်ပို့ပေးနိုင်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ''အခြေခံပညာပြီးမြောက်ကြောင်းစစ်ဆေးအကဲဖြတ်ခြင်း'' တွင်ပါဝင်နိုင်ရန် ထပ်မံအသိပေးလိုက်တဲ့သတင်း


အမျိုးသာညီညွတ်ရေးအစိုးရ ပညာရေးဝန်ကြီးဌာနရဲ့  Basic Education Completion Assessment (BECA) ဆိုင်ရာ ထပ်မံအသိပေးကြေညာခြင်းကို ဒီဇင်ဘာလ ရက်နေ့မနက်တွင် ထုတ်ပြန်လိုက်ပါတယ်။ အသိပေးကြေငြာချက်တွင် ''နဝမတန်းစနစ်ဟောင်းအောင်မြင်ထားပြီးသော်လည်း အသက် (၁၇) နှစ် မပြည့်ဖြစ်နေသောကျောင်းသားများ'' အနေဖြင့် BECA အစီအစဉ်တွင် ပါဝင်ဖြေဆိုနိုင်ရန် ယနေ့မှစတင်၍ နဂိုမူလ Link အတွင်းတွင် BECA Registration စတင်သွင်းနိုင်ပြီ ဖြစ်ပါကြောင်း လေးစားစွာ သတင်းပေးပို့အပ်ပါသည်

တောင်းဆိုချက်များ၊ ဆွေးနွေးအကြံပြုချက်များအရ နဝမတန်းစနစ်ဟောင်းအောင်မြင်ထားပြီးသောကျောင်းသားများအတွက် 2005, December 31 မွေးသက္ကရာဇ်အထိ ဖြေလျှော့ဆောင်ရွက်ပေးထားပါသည် ဖြည့်သွင်းနိုင်ရန် System ကို ယနေ့ ဒီဇင်ဘာလ   ရက်နေ့မှစ၍ တစ်လတိတိ ဖွင့်ပေးထားမည် ဖြစ်ပါသည်  


နဝမတန်းစနစ်ဟောင်းအောင်မြင်ထားပြီး‌သော်လည်း အသက် (၁၇) နှစ် မပြည့်ဖြစ်‌နေသော ကျောင်းသားများအနေဖြင့် နဝမတန်းစနစ်ဟောင်းအောင်မြင်ပြီးကြောင်းအထောက်အထား (ကျောင်းသားကဒ်၊ မြို့နယ်ပညာ‌ရေးဘုတ်အဖွဲ့ထောက်ခံချက်၊ကြားကာလကျောင်းထောက်ခံချက်) နှင့် မိမိကိုယ်တိုင်ကတိခံဝန်ချက်တို့ကို သက်သေပုံအနေဖြင့် () ပုံအထိ တွဲပေးနိုင်ပါသည်။ သက်သေအထောက်အထားထောက်ခံပေးမည့်သူ မရှိပါကလည်း ကတိခံဝန်ချက်ပုံစံဖြင့်သာ စာသားဖြင့် (သို့) လက်ရေးဖြင့်ကူးရေး၍ ခံဝန်ချက်ပုံကို ပူးတွဲတင်ပြနိုင်ပါကြောင်း စသဖြင့် လေးစားစွာ အသိပေး အကြောင်းကြားအပ်ပါတယ်လို့ ထုတ်ပြန်ထားပါတယ်။ သိလိုသည်များ၊ မေးမြန်းလိုသည်များကို Myanmar Basic Education Home (MBEH) Facebook Page Messenger တွင် မေးမြန်းအကူအညီရယူနိုင်မှာ  ဖြစ်ပါတယ်ခင်ဗျာ


========================


📌📌 ၂။ CDM ကျောင်းဆရာတစ်ဦးကို စစ်ကောင်စီက အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀) နှစ် ချမှတ်လိုက်တဲ့သတင်း


ရန်ကုန်တိုင်း ခရမ်းမြို့နယ်မှ CDMကျောင်းဆရာတစ်ဦးကို အဓမ္မပုဒ်များတပ်ပြီး စစ်အုပ်စုလက်အောက်ခံများက ဒီဇင်ဘာလ ရက်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ထိုကဲ့သို့ မတရားပုဒ်မတပ်ကာ အလုပ်ကြမ်းနှင့်ထောင်ဒဏ် (၁၀)နှစ်ချမှတ်သည့်အပေါ် ကန့်ကွက်ပါကြောင်း ယင်းမြို့နယ်အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂမှ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။"၅၀()လို့တော့ သိရပါတယ်။ သူကပုံမှန် CDMတစ်ဦးပါပဲ။ သူ့အိမ်မှာပုံမှန်ပဲနေထိုင်ပြီး မိသားစုနဲ့အတူနေတာပါ" လို့ သူက ပြောပါတယ်။

မတရားပုဒ်မတပ်ကာ ပြစ်ဒဏ်ချခံရသည့် ဦးထက်မြတ်အောင်သည် ခရမ်းမြို့နယ် ..က (ခွဲ) ကံကောင်းဟောင်းတွင် မူလတန်းပြဆရာအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်အာဏာ သိမ်းမှုနောက်ပိုင်းတွင် CDMလှုပ်ရှားမှု၌ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။ ဦးထက်မြတ်အောင်ကို ဖေဖော်ဝါရီ ၂၃ရက်တွင် နေအိမ်သို့ဝင်ရောက်၍ မတရားဖမ်းဆီးသွားတာ ဖြစ်ပါတယ်။ ထို့နောက်မှာတော့ ပြစ်မှူကျူးလွန်ထားခြင်းမရှိဘဲ မတရားစွပ်စွဲချက်များဖြင့် အမှုဆင်ကာ ဒီဇင်ဘာ ၂ရက်တွင် ထောင်ဒဏ် ၁၀ နှစ်  ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်တယ်လို့  အထက်ပါတာဝန်ရှိသူက ပြောပြပါတယ်။

"ယခုလပိုင်းအတွင်းမှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူများအား  ကြီးလေးသောပြစ်ဒဏ်များ ချမှတ်နေခြင်းအပေါ် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ လုံခြုံရေးကို အထူးစိုးရိမ်စရာရှိနေပါကြောင်းနှင့် ကျွန်ုပ်တို့ရဲ့ CDMဝန်ထမ်းများအပေါ် မတရားဖမ်းဆီးထောင်ချနေမှုများ၊ လူ့အခွင့် အရေး ချိုးဖောက်နေမှုများကို ပြင်းထန်စွာကန့်ကွက်ဆန့်ကျင်ပါသည်။" လို့ ခရမ်းမြို့နယ် အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂက ကြေညာချက်ထုတ်ပြန်ထားပါတယ်ခင်ဗျာ


========================


📌📌 ၃။ ဒီဇင်ဘာလ ရက်နေ့တိုက်ပွဲတွင် ရန်သူ့ ဘက်မှ ထိခိုက်သေဆုံးမှုများပြားခဲ့ကြောင်း ပီဒီအက်ဖ် ကော့သောင်းခရိုင် အမှတ် တပ်ရင်းက ထုတ်ပြန်တဲ့သတင်း


၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ( ) ရက်နေ့၊ ၁၁ ၂၀ နာရီအချိန်ခန့်တွင် ဘုတ်ပြင်းမြို့နယ်၊ ရတနာပုံဒေသရှိ စစ်ကောင်စီတပ်၏ နယ်စပ်စခန်းကုန်းသို့ KNLA ရင်း (၂၀၃) ပြည့်သူ့ကာကွယ်ရေးတပ် တပ်မတော်၊ ကော့သောင်းခရိုင် အမှတ်() တပ်ရင်း၊ မြိတ်ခရိုင် အမှတ်() တပ်ရင်းနှင့် Flying Star Force (ဘပ ပကဖ)တို့ပူးပေါင်း ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ ဘက် () ယောက် သေဆုံးကာ( ) ယောက်ဒဏ်ရာရရှိခဲ့ပြီး မိမိတို့သည်  စကစထံမှ RPG ()လက်၊ MA 1 () လက်နှင့်ဆက်စပ်ပစ္စည်းများ အား သိမ်းဆည်း၍ မွန်လွဲ နာရီ ၁၅ မိနစ်အချိန်တွင်အထိခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကာ အဆိုပတိုက်ပွဲမှာ နာရီ ၅၅ မိနစ်ခန့် ကြာမြင့်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။


အဆိုပါ တိုက်ခိုက်မှုများကို ရင်း(၂၀၃) ပြည့်သူ့ကာကွယ်ရေးတပ် တပ်မတော်၊ ကော့သောင်းခရိုင် အမှတ်()တပ်ရင်း၊ မြိတ်ခရိုင် အမှတ် ()တပ်ရင်းနှင့် Flying Star Force (ဘပ ပကဖ)တို့ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒီဇင်ဘာလ ရက်နေ့ ရက်စွဲနဲ့ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရှိရပါတယ်ခင်ဗျာ။


========================


📌📌 ၄။ ဗုံးဖောက်ခွဲမှု သံသယဖြင့် လူငယ်တဦး  ကို စစ်တပ်က စစ်ကြောရေးတွင် ဥပဒေမဲ့ သတ်ဖြတ်လိုက်ပါတယ်


နေပြည်တော်၊ လယ်ဝေးမြို့ပေါ်တွင် ဒီဇင်ဘာလ ရက်နေ့ နံနက်ပိုင်းက ဗုံး ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး ထိုအမှုမှာ သံသယဖြင့် ဖမ်းဆီးခံရသူ မောင်ဘုန်းမြတ်ကို ကိုစစ်တပ်က စစ်ကြောရေးတွင် သတ် ဖြတ်လိုက်ကြောင်း  ဖမ်းဆီးခံရသူ၏ မိသားစုနှင့် နီးစပ်သူများကပြောပါတယ်။ လွန်ခဲ့တဲ့ ဒီဇင်ဘာ ရက်နေ့ နံနက် နာရီခွဲ အချိန်က နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ဗိုလ်ချုပ်ကြေးရုပ်အနီး မီးပွိုင့်ယာဉ်ထိန်းရဲကင်းအနီးတွင် အကြမ်းဖက်စစ်သားများကို မြှားခေါ် ကာ မိုင်းဖြင့်တိုက်ခိုက်ရန်စီစဥ် ခဲ့သော်လည်း မြှားခေါ်သည့် အသံမိုင်းတလုံးသာ ပေါက်ကွဲသွားတယ်လို့ ပြည်သူ့ ကာကွယ် ရေးအဖွဲ့ - နေပြည်တော်(.က.)နှင့် ပျဉ်းမနား .က. တို့က သတင်းထုတ်ပြန်ထားပါတယ်။ 


အဆိုပါ ဗုံးပေါက်ကွဲမှုအပြီးမှာတော့ ဒီဇင်ဘာလ ရက်နေ့ ညနေ နာရီတွင် မောင်ဘုန်းမြတ်ကို ကို CCTV မှ ခြေရာခံမိသည်ဟုဆိုကာ စစ်တပ်က လာ ရောက် ဖမ်းဆီးသွားကြောင်း၊ ဒီဇင်ဘာလ ရက်နေ့မှာတော့ မတရားဖမ်းဆီးထားတဲ့ မောင်ဘုန်း မြတ်ကို ကို အကြမ်းဖက်စစ်တပ်က စစ်ကြောရေးတွင် သတ်ဖြတ်လိုက်ကြောင်း၊ ကွယ်လွန်သူ မောင်ဘုန်း မြတ်ကို၏ အလောင်းကို  သဂြိုလ်ရန်  မိသားစုကို လှမ်းခေါ်ပြီး စစ်တပ်က ချက်ချင်း သဂြိုလ် လိုက်ကြောင်း သိရှိရပါတယ်။


"ဒီဇင်ဘာလ ရက်နေ့ ညနေ နာရီမှာ မောင်ဘုန်းမြတ်ကို ကို ဖမ်းသွားတယ်။  ဒီဇင်ဘာလ ရက်နေ့မှာ အသတ်ခံလိုက်ရပါတယ်။ မိသားစုကို လှမ်းခေါ်ပြီး ကွင်း ကြီးသုသာန်မှာ သဂြိုလ်တယ်။  သဂြိုလ်တဲ့အချိန် မောင်းဘုန်းမြတ်ကိုရဲ့ မျက်နှာ တွေကိုလည်း ထိုးထားပြီး ရင်ဘတ်ကိုလည်း ခွဲထားပြီးပါပြီ။ နာရေးကို စစ်ဗိုလ်တစ်ယောက်၊ ရဲမေ ယောက် ရဲ ကားတစ်စီးက လာ သဂြိုလ်တယ်။  ဗုံးပေါက်တဲ့ မီးပွို့င့်မှာ CCTV က 360 view လှည့်လို့ရတော့ မသင်္ကာ ဘူးဆိုပြီး ဖမ်းဆီးစစ်ဆေး သတ်ပစ်လိုက်တာပါ။  ကွယ်လွန်သူ မောင်းဘုန်းမြတ်ကိုဟာ အသက် ၁၈ နှစ်ပင်မပြည့်သေးတဲ့လူငယ်တဦး ဖြစ်ပြီး အခုတော့ အထူးစစ်ကြောရေးပို့ပြီး သတ်ပစ် လိုက်ပါပြီလို့ မောင်ဘုန်းမြတ်ကိုနှင့်ရင်းနှီးသူ မိတ်ဆွေ များက ပြောပါတယ်။


========================


📌📌 ၅။ ဇာတ်မင်းသားဖိုးချစ်နှင့်တေးရေးသျှဏ်ထွဏ်း (မြန်မာစာ) တို့နှစ်ဦး ဖမ်းဆီးခံထားရတဲ့သတင်း


နိုင်ငံကျော်လူငယ်  ဇာတ်မင်းသားတဦးဖြစ်သူ ဖိုးချစ်နှင့် ထင်ရှားတဲ့တေးရေးတေးဆို သျှဏ်ထွဏ်း(မြန်မာစာ)တို့နှစ်ဦးကို အာဏာသိမ်းစစ်အုပ်စုများက ဖမ်းဆီးလိုက်တယ်လို့သိရပါတယ်။ သူတို့နှစ်ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့ကတည်းက ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ သတင်းများထွက်ပေါ် ခဲ့ပြီး ဒီဇင်ဘာလ ရက်နေ့မှာတော့ နီးစပ်သူများထံမှအတည်ပြုသတင်းများ ထင်ထင်ရှားရှားထွက်ပေါ် လာခဲ့ပါတယ်။ "ကိုဖိုးချစ်နှင့်အတူ ကိုဖိုးချစ်ရဲ့ဘေးမှာ အမြဲနေသူ လူယုံလိုအကိုတယောက်ရယ် ဖမ်းခံရတာပါ။ ဆရာသျှဏ်ထွန်းကတော့ သူ့ညီမနှင့်အတူ ဖမ်းခံရတာဖြစ်တယ် စုစုပေါင်းလေးဦးပါလို့ ကြားတယ် ကိုသျှဏ်ထွန်းနှင့်ညီမဖြစ်သူဖမ်းခံရတာကတော့ ပုဂံသွားတဲ့ချိန် အမြန်လမ်းမပေါ် မှာ ဖမ်းလိုက်တာပါ ဖိုးချစ်ကိုတော့ ခြံထဲမှာလာခေါ် သွားတာဖြစ်ကြောင်း နီးစပ်သူများက ဘီဘီစီသတင်းဌာနကို ဆက်သွယ် ပြောကြားသွားပါတယ်။ လက်ရှိမှာတော့ ဘာကြောင့်ဖမ်းထားတယ်ဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးဘဲ မိသားစုတွေကတော့ စစ်မေးစရာရှိလို့ ခေါ် သွားတဲ့သဘောလို့ ယူဆနေကြပါတယ်။ 

ဇာတ်မင်းသား ဖိုးချစ်နှင့် တေးရေး သျှန်ထွန်း (မြန်မာစာ) တို့နှစ်ဦးဟာ PDF တပ်ဖွဲ့များအား ထောက်ပံ့တယ်လို့ စွပ်စွဲတဲ့အရေးအသားများနဲ့ စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက ဖမ်းဆီးဖို့ လှုံ့ဆော်ခဲ့ပြီးနောက်တွင် အခုလိုဖမ်းဆီးခံရတဲ့ သတင်းတွေလည်း ထွက်ပေါ် လာတာ ဖြစ်ပါတယ်။


========================


📌📌 ၆။ သေဒဏ်ချမှတ်ခံရမှုများကို ဆန့်ကျင်ကြောင်း လှုပ်ရှားမှုစတင်လိုက်တဲ့သတင်း


ယုံကြည်ချက်ကြောင့် သေဒဏ်ချမှတ်ခံခဲ့ရတဲ့ ကျောင်းသား ပြည်သူတွေနဲ့အတူ ရပ်တည်ကြောင်းပြသတဲ့ လှုပ်ရှားမှုကို ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂက စတင်ခဲ့တာ ဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ တစစကျယ်ပြန့် လှုပ်ရှားနေကြပါတယ်။ အကြမ်းဖက်အာဏာသိမ်းထားတဲ့စစ်တပ်ဟာ တော်လှန်လူငယ်တွေကိုဖမ်းဆီးရမိပြီးနောက်မှာ မတရားသေဒဏ်ချမှတ်မှုတွေကို ခပ်စိပ်စိပ်လုပ်ဆောင်လာတာ တွေ့ရပါတယ်။ စစ်ကောင်စီရဲ့ လုပ်ရပ်ကို ခြွင်းချက်မရှိဆန့်ကျင်ပြီး သေဒဏ်ချမှတ်ခံ ကျောင်းသားပြည်သူတွေနဲ့ တစ်သားတည်းရပ်တည်ကြောင်းပြသတဲ့အနေနဲ့ “Stop Executing Our Students Stop Executing Our Friends Dagon University Students Failed Law Myanmar Under Death Penalty We Are Under Death Penalty” အစရှိတဲ့ စာသားတွေနဲ့ Profile Photo လှုပ်ရှားမှု၊ လက်ဖဝါးမှာ စာရေးဓာတ်ပုံရိုက်တင်တဲ့ လှုပ်ရှားမှုတွေ ပြုလုပ်နေကြတာပါ။

ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဋ္ဌ ကိုမင်းဟန်ထက်ကလည်းဒဂုံတက္ကသိုလ်ကျောင်းသား ဦး အပါအဝင် ဒီမိုကရေစီအရေးမှာ သေဒဏ်ချမှတ်ခံရတဲ့ ကျောင်းသားပြည်သူတွေနဲ့အတူ ရပ်တည်ရင်း စစ်ကောင်စီရဲ့ အဓမ္မ သေဒဏ်ချမှတ်နေမှု၊ စီရင်နေမှုတွေကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်လို့ လူမှုကွန်ယက်မှာ ဖော်ပြ ရေးသားခဲ့ပါတယ်။ ဒီလိုတစစ အတင့်ရဲပြီး ထောင်တွင်း လူသတ်မှုတွေရဲ့  အဓိကတရားခံဖြစ်တဲ့ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်ဖို့အတွက် တော်လှန်ရေးကို အရှိန်မြှင့်ကြဖို့လည်း သူက တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားသူတွေကိုစစ်ကောင်စီက ပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ်တွေချမှတ်နေတဲ့အပြင်  အမြင့်ဆုံးပြစ်ဒဏ်ဖြစ်တဲ့ သေဒဏ်တွေလည်း ချမှတ်မှုတွေဟာ တနေ့တခြား များပြားလာနေပါတယ်။  လွန်ခဲ့တဲ့ နိုဝင်ဘာလ ၃ဝ ရက်နေ့မှာ  ဒဂုံတက္ကသိုလ်ကျောင်းသားတွေကို သေဒဏ်ချမှတ်ခဲ့ကြောင်းသိရပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ထုတ်ပြန်တဲ့ စာရင်းတွေအရ သေဒဏ်ချမှတ်ခံရသူ စုစုပေါင်းဟာ ၁၃၀ ကျော် ရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်ခင်ဗျာ။


========================


📌📌 ၇။ နယူးယောက်မြို့မှာ အမျိုးသမီးနဲ့ ကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုပြုလုပ်ခဲ့ကြတဲ့သတင်း


အမျိုးသားညီညွတ်ရေးအစိုးရ၊ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ဦးစီးပြီး Helping Hands for Burma (H2B)အဖွဲ့က အမျိုးသမီးနဲ့ ကလေးငယ်များအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှုကို အမေရိကန် ပြည်ထောင်စု၊ နယူးယောက်မြို့မှာ ဒီဇင်ဘာ ရက်က ပြုလုပ်ခဲ့ကြပါတယ်။


အဲဒီလိုပြုလုပ်ရာမှာ နယူးယောက်မြို့ ဝါရှင်တန်စကွဲပတ်ခ်မှာ ၁၁ နာရီကနေ ၁၂ နာရီခွဲအထိကြာမြင့်ခဲ့ပြီး နယူးယောက်မြို့ ယူနီယံစကွဲပတ်ခ်မှာ နာရီ ကနေ နာရီခွဲအထိ လုပ်ဆောင်ခဲ့ကြတာပါ။ ဒီလိုပြုလုပ်ရတာက မြန်မာပြည်တွင်း စစ်အာဏာသိမ်းမှုကစလို့ အမျိုးသမီးတွေနဲ့ ကလေးသူငယ်တွေအပေါ် အကြမ်းဖက် စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုများကို နိုင်ငံတကာက သိရှိစေဖို့နဲ့ အသိပညာပေးရန်အတွက် ရည်ရွယ်တယ်လို့ ကမ်ပိန်းပြု လုပ်သူတွေက ပြောပါတယ်။ ကမ်ပိန်းမှာ အသံတိတ်သရုပ်ဖော်လှုပ်ရှားမှုနဲ့ အကြမ်းဖက် စစ်အစိုးရရဲ့ ညှင်းပန်းနှိပ်စက်မှု ဓါတ်ပုံတွေကို ခင်းကျင်းပြသခဲ့ပါတယ်။


========================


📌📌 ၈။ အမေရိကန်နိုင်ငံမှာ တနှစ်တာအတွင်း နွေဦး လက်ဘက်ရည်ဝိုင်းမှ တော်လှန်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တော်လှန်ရေးအတွက်ထောက်ပို့ပေးနိုင်ခဲ့


အမေရိကန်နိုင်ငံမှာ တနှစ်တာအတွင်း နွေဦး လက်ဘက်ရည်ဝိုင်းမှ တော်လှန်ရေး ရန်ပုံငွေ အမေရိကန်ဒေါ်လာ တစ်သိန်းကျော်တော်လှန်ရေးအတွက်ထောက်ပို့ပေးနိုင်ခဲ့တယ်လို့ ဒီဇင်ဘာလအတွင်း ဆန်ဖရန်ဘေးဧရိယာ မြန်မာနွေဦးတော်လှန်ရေးမိသားစုကသတင်းထုတ်ပြန်ခဲ့ပါတယ်။


"ဒီလက တနှစ်ပြည့်တဲ့ နွေဦး လဘက်ရည်ဝိုင်းဖြစ်ပါတယ်"လို့ဆန်ဖရန်ဘေးဧရိယာ မြန်မာနွေဦးတော်လှန်ရေးမိသားစုဝင်တစ်ဦးက အခုလိုပြေဆိုပါတယ်။


((((((မြန်မာနွေဦးတော်လှန်ရေးမိသားစုဝင်တစ်ဦး))))))


ဒီဇင်ဘာလအတွက် တေည်လှန်ရေးရန်ပုံငွေ အမေရိကန်ဒေါ်လာတစ်သောင်းခွဲရရှိခဲ့ကာ တစ်နှစ်တာအတွင်း နွေဦးလက်ဘက်ရည်ဝိုင်းက တော်လှန်ရေးရန်ပုံငွေအမေရိကန်ဒေါ်လာ စုစုပေါင်း (၁၇၂,၈၂၂ )ဒေါ်လာကိုဈေးရောင်းပြီး ထောက်ပို့ နိုင်ခဲ့တာဖြစ်ပါတယ်။ နွေဦး လက်ဘက်ရည်ဝိုင်းမှ တော်လှန်ရေး ရန်ပုံငွေအတွက် စျေးရောင်းရှာဖွေပေးခဲ့တာ တနှစ်တာကာလပြည့်ပြီဖြစ်တယ်လို့လည်းသတင်းရရှိပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို ဝန်ကြီးဌာနများနှင့် ခိုင်လုံသောသတင်းရင်းမြစ်တွေအပေါ် အခြေခံပြီး ရေဒီယိုသတင်းတာဝန်ခံလွတ်လပ်နွေဦးက ပေးပို့ထားတာ ဖြစ်ပါတယ်ခင်ဗျာ။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment