၂၀၂၃ ဇန်နဝါရီလ ၃ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ ယာယီသမ္မတပြောကြား
📌 ၂။ ရန်သူကိုနေရာအနှံ့ နိုင်ငံအဝှမ်း ထိုးစစ်ဆင် တိုက်ခိုက်နိုင်တဲ့ အခြေအနေရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အသိပေးပြောကြား
📌 ၃။ မြန်မာနိုင်ငံ အလုပ်ရှင်များ အလုပ်သမားအခွင့်ရေးကို အပြည့်အဝပေးဖို့သာလိုအပ်တယ်လို့ဒုဝန်ကြီး မော်ထွန်းအောင်ဆို
📌 ၄။ ဒီပဲယင်းမြို့နယ် ယင်းတွေကျေးရွာကိုစကစတပ်များကယနေ့မနက် ဒုတိယအကြိမ်မီးရှို့ဖျက်ဆီး
📌 ၅။ မုံရွာမြို့နယ် တောပုကျေးရွာရှိ စကစတပ်နှင့် ပျူ များအားလက်နက်ကြီးအလုံး ( ၃၀ ) ကျော်ပစ်ခတ်တိုက်ခိုက်
📌 ၆။ စစ်ကိုင်းတိုင်းထဲက Brave Heart Army စခန်းတစ်ခု စကစတပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် သိန်းနှစ်ရာ နီးပါးမီးလောင်ဆုံးရှုံးကာ အရပ်သားနှစ်ဦး အသတ်ခံရ
📌 ၇။ အရေးပေါ်ဆေးရိက္ခာအတွက် ရက် ၆၀ သိန်း၂၀၀ ကမ်ပိန်း တပ်ရင်းသုံးရင်းစာအတွက် People Defence Force -Htilin(YRPA) ကစတင်
📌 ၈။ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးလျက်ရှိတဲ့ နွေဦးလက်ဖက်ရည်ဝိုင်း ဇန်နဝါရီ ၈ ရက်နေ့ကျင်းပမယ်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ ယာယီသမ္မတပြောကြား
လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ ယာယီသမ္မတဒူဝါလရှီးလကပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၃ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ (၈၁) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတဒူဝါလရှီးလကပြောကြားခဲ့ပါတယ်။
"ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေအားလုံးဟာ အပြောနဲ့အလုပ်ညီအောင် ပြုမူကျင့်ကြံ ကြိုးစားကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း ယခင် နှစ်ဟောင်းကဲ့သို့ အလုပ်နဲ့ သက်သေပြပါလို့ နှိုးဆော်ချင်ပါတယ်။ သက်ဆိုင်ရာ ကော်မရှင် / ကော်မတီတွေအတွက် မူနဲ့ လူ ကိုက်ညီခြင်း ရှိ / မရှိ စိစစ်သုံးသပ်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ အလွန်အရေးကြီး ကြောင်း ပြောကြားလိုပါတယ်"လို့ဆိုပါတယ်။
လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ကာကွယ်ရေးအသုံးစရိတ်ကို၉၅ရာခိုင်နှုန်းအထိ အသုံးပြုလျက်ရှိပြီး ပြည်သူလူထုမှ ထည့်ဝင်လှူဒါန်းငွေ အပါအဝင် EODရှယ်ယာများ၊ အထူးငွေတိုက်စာချုပ်ရောင်းရငွေများမှတဆင့် တော်လှန်ရေး ရန်ပုံငွေလည်ပတ်လျက်ရှိပါတယ်။
========================
📌📌 ၂။ ရန်သူကိုနေရာအနှံ့ နိုင်ငံအဝှမ်း ထိုးစစ်ဆင် တိုက်ခိုက်နိုင်တဲ့ အခြေအနေရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း အသိပေးပြောကြား
စစ်ရေးအင်အား သာလွန်လျက်ရှိပြီး ရန်သူကိုနေရာအနှံ့ နိုင်ငံအဝှမ်း ထိုးစစ်ဆင် တိုက်ခိုက်နိူင်တဲ့ အခြေအနေရှိတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ဇန်နဝါရီလအတွင်း နှစ်သစ် နှုတ်ခွန်းဆက်စကားမှာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကဆိုပါတယ်။
"လက်ရှိ ဆင်နွှဲလျက်ရှိတဲ့ စစ်ရေး၊ နိုင်ငံခြားရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး ကဏ္ဍာအသီးသီးမှာ အကြမ်းဖက် စစ်တပ်အနေနဲ့ နလံမထူနိုင်အောင် ဟန်ကိုယ့်ဖို့ ဖြစ်နေရတဲ့အနေအထား ဖြစ်နေတယ်ဆိုတာ အားလုံးလည်းသိရှိပြီး ဖြစ်ပါတယ်။ကျနော်တို့အနေနဲ့ စစ်ရေးအင်အား၊ စစ်ဗျူဟာမှာ သာလွန်လျက်ရှိပြီး ရန်သူကိုနေရာအနှံ့ နိုင်ငံအဝှမ်း ထိုးစစ်ဆင် တိုက်ခိုက်နိူင်တဲ့ အခြေအနေရှိသော်လည်း လေကြောင်းရန် ကာကွယ်ခြင်း၊ခေတ်မီ လက်နက်ခဲယမ်း တပ်ဆင်နိုင်ရေးတွေမှာ စိန်ခေါ်ချက်များ ရှိနေဆဲ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်နေ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်စတင်ခဲ့ပြီး ခုခံတွန်းလှန်စစ် တစ်နှစ်ကျော် ကာလအတွင်း စကစတပ်က တပ်ဖွဲ့ဝင် အင်အား နှစ်သောင်းကျော် သေဆုံးခဲ့ပါတယ်။ လက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအနေနဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း စတဲ့ ဒေသများမှ လမ်းမကြီးများကို စိုးမိုးထိန်းချုပ်နိုင်ပြီး မြို့နယ်များကိုလည်း နယ်မြေစိုးမိုးနိုင်မှုတို့ရှိတယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၃။ မြန်မာနိုင်ငံ အလုပ်ရှင်များ အလုပ်သမားအခွင့်ရေးကို အပြည့်အဝပေးဖို့သာလိုအပ်တယ်လို့ဒုဝန်ကြီး မော်ထွန်းအောင်ဆို
မြန်မာနိုင်ငံ အလုပ်ရှင်များ အလုပ်သမားအခွင့်ရေးကို အပြည့်အဝပေးဖို့သာလိုအပ်တယ်လို့ဒုဝန်ကြီး မော်ထွန်းအောင်က ဇန်နဝါရီလအတွင်းမှာ သုံးသပ် ပြောဆိုထားပါတယ်။
"မြန်မာပြည်က အလုပ်ရှင် တွေလည်း အလုပ်သမားတွေကို နိဗ္ဗာန် ပို့ပေးဖို့ မလိုပါဘူး။ တပါတ် နှစ်ရက်အားရက်၊ အားလပ်ရက်ခွင့်၊ ရှောင်တခင်ခွင့်၊ ဖျားနာခွင့်၊ မီးဖွားစောင့်ရှောက်ခွင့်၊ ပင်စင်ထည့်ဝင်ငွေ၊ သင့်တင့်မျှတသောလစာ၊ သမ္မဂ္ဂဖွဲ့စည်းခွင့် စတာတွေကို ပဲ လိုက်နာသင့်ပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် အလုပ်ရှင်တွေအနေနဲ့ အလုပ်သမားတွေကို တဆင့်နိမ့်ဆက်ဆံတာမျိုးတွေ၊ မတရား စည်းမျည်း၊စည်းကမ်း တွေနဲ့ ဆက်ဆံတာမျိုးတွေဟာ အင်မတန်ကြည့်ရဆိုးတယ်လို့လည်း ဒုဝန်ကြီးကထပ်လောင်းဆိုပါတယ်။
========================
📌📌 ၄။ ဒီပဲယင်းမြို့နယ် ယင်းတွေကျေးရွာကိုစကစတပ်များကယနေ့မနက် ဒုတိယအကြိမ်မီးရှို့ဖျက်ဆီး
ဇန်နဝါရီ ၃ ရက် မနက်ပိုင်းမှာ စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် ယင်းတွေကျေးရွာကိုစကစတပ်များက မီးရှို့ဖျက်ဆီးနေတယ်လို့ ဒီပဲယင်းမြို့နယ် ညီနောင်များအဖွဲ့ကအတည်ပြုဆိုပါတယ်။ "စကစတပ်များဟာ ယနေ့ နံနက်စောစောမှာပဲ နဘဲလှကျေးရွာမှ ယင်းတွေကျေးရွာကို အနောက်ပေါက်က ဝင်လာပြီးမီးရှို့ဖျက်ဆီးနေတယ်လို့ သိရပါတယ်။
ယင်းတွေကျေးရွာ ပထမအကြိမ် မီးရှို့ခံရစဉ် နေအိမ်(၅၀)မီးလောင်ဆုံးရှုံးခဲ့ရပါတယ်။ ဒီပဲယင်းမြို့နယ်မှာ စကစတပ်များဟာ နေ့စဥ်ရက်ဆက်ကျေးရွာများကိုမီးရှို့ဖျက်ဆီးလျက်ရှိပါတယ်။
========================
📌📌 ၅။ မုံရွာမြို့နယ် တောပုကျေးရွာရှိ စကစတပ်နှင့် ပျူ များအားလက်နက်ကြီးအလုံး ( ၃၀ ) ကျော်ပစ်ခတ်တိုက်ခိုက်
"ဇန်နဝါရီ၁ရက်ည ( ၉ : ၃၀ ) တွင် စစ်ကိုင်းတိုင်းမုံရွာမြို့နယ် တောပုကျေးရွာရှိ စကစနှင့် ပျူ များအားလက်နက်ကြီးအလုံး ( ၃၀ ) ကျော် နှင့် လက်နက်ငယ်များအပါအဝင်ပူးပေါင်းစစ်ဆင်ရေးပြုလုပ်ခဲ့ပါတယ်"ဇန်နဝါရီ၂ရက်နေ့မှာ စစ်ရေးသတင်းကို Chindwin Attack Forceကအတည်ပြုဆိုပါတယ်။
စစ်ဆင်ရေးကိုမုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - ၄ အထူးကွန်မန်ဒိုတပ်ဖွဲ့ (Monywa The Boys ) ၊ မုံရွာခရိုင်တပ်ရင်း - ၄ တပ်ခွဲ - ၄ 5 / Teachers People Defense Force PDF ၊ Monywa Fighter Group ၊ Spring Dove ၊ ဝရဇိန်လက်နက်ပြည်ကာကွယ်ရေးတပ်ဖွဲ့ (မုံရွာ) အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။
========================
📌📌 ၆။ စစ်ကိုင်းတိုင်းထဲက Brave Heart Army စခန်းတစ်ခု စကစတပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် သိန်းနှစ်ရာ နီးပါးမီးလောင်ဆုံးရှုံးကာ အရပ်သားနှစ်ဦး အသတ်ခံရ
စစ်ကိုင်းတိုင်းထဲက Brave Heart Army စခန်းတစ်ခု စကစတပ်က ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးမှုကြောင့် သိန်းနှစ်ရာ နီးပါးမီးလောင်ဆုံးရှုံးကာ အရပ်သားနှစ်ဦး အသတ်ခံခဲ့ရတယ်လို့ သတင်းရရှိပါတယ်။ ဇန်နဝါရီ ၃ ရက်နေ့မှာ Brave Heart Armyက တပ်ဖွဲ့ဝင်တစ်ဦးကအတည်ပြုပြောပါတယ်။
"၃၀ ရက်နေ့ ညနေပိုင်းမှာ အမြင့်ဘက်က လေယာဥ်နဲ့သယ်လာတဲ့ စကစတပ်တွေကို ကျနော်တို့စခန်းနား အင်အားလာချသွားတယ်။နောက်ပြီးတော့ လေယာဥ်နဲ့ပစ်တယ်။ ကျနော်တို့အဖွဲ့နဲ့အပြန်အလှန်ပစ်ကြတယ်။ ဆုံးရှုံးတာက ကျနော်တို့ဝယ်ထားတဲ့ ခဲယမ်းတွေ သိန်းတစ်ရာကျော်ဖိုးလောက်ရှိတယ်။ကားလည်းမီးထဲပါသွားတယ်။အားလုံးသိန်းနှစ်ရာနီးပါးပဲဆုံးရှုံးပါတယ်"လို့ဆိုပါတယ်။ တိုက်ပွဲတွင် ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာရကာ စကစတပ်များက အပြစ်မဲ့အရပ်သားနှစ်ဦးကိုသတ်ဖြတ်သွားခဲ့တယ်လို့လည်း သတင်းရရှိပါတယ်။
========================
📌📌 ၇။ အရေးပေါ်ဆေးရိက္ခာအတွက် ရက် ၆၀ သိန်း၂၀၀ ကမ်ပိန်း တပ်ရင်းသုံးရင်းစာအတွက် People Defence Force -Htilin(YRPA) ကစတင်
အရေးပေါ်ဆေးရိက္ခာအတွက် ရက်၆၀ သိန်း၂၀၀ ကမ်ပိန်း တပ်ရင်းသုံးရင်းစာအတွက် People Defence Force -Htilin(YRPA) ကစတင်လိုက်ကြောင်းကို ဇန်နဝါရီ ၂ ရက်နေ့မှာ အသိပေးဆိုပါတယ်။
"ရှေ့တန်းစစ်မြေပြင်မှာတော့ ဆေးပစ္စည်းနဲ့ ဆေးတပ်သားတွေဟာ မရှိမဖြစ်ပါဘဲ။ ရှေ့တန်းရောက်လို့ ကျည်ထိ လက်နက်ကြီးထိလာခဲ့ရင် သာမန်နှာစေးချောင်းဆိုးလို ဆေးပေးရုံနဲ့လည်းမရပါဘူး။ ဒီလိုအချိန်မျိူးမှာ Emergency Caseအတွက် လိုအပ်တဲ့ ဆေးပစ္စည်းများရှိနေမှသာ ရဲဘော်တွေရဲ့အသက်တွေကို ကယ်နိုင်မှာဖြစ်ပါတယ်။ဒီ campaignဟာ People Defence Force -Htilin(YRPA) ခရိုင်အမှတ် (၂)(၄)(၁၀)တပ်ရင်းသုံးရင်းလုံးစာဘဲဖြစ်ပါတယ်ခင်ဗျ"လို့ဆိုပါတယ်။
တိုက်စစ်ကာလအတွင်း ရှေ့တန်းဆေးရိက္ခကာလုံလုံလောက်လောက်ရှိစေဖို့ အရေးပေါ်ဆေးဝါး (၄)လစာကြိုတင်၀ယ်ယူစုဆောင်းဖို့အတွက် တိုက်စစ်ကာလမှာ မောင်းတင်ကျည်ဖြည့်ဆေးရှိမှဖြစ်မယ်သိန်း(၂၀၀)Campaignကို ပြည်သူများပါဝင်ဖို့တိုက်တွန်းနှိုးဆော်ထားပါတယ်။
========================
📌📌 ၈။ တော်လှန်ရေးရန်ပုံငွေရှာဖွေပေးလျက်ရှိတဲ့ နွေဦးလက်ဖက်ရည်ဝိုင်း ဇန်နဝါရီ ၈ ရက်နေ့ကျင်းပမယ်
အမေရိကန်နိုင်ငံကနေ လစဥ် တော်လှန်ရေးရန်ပုံငွေရှာဖွေပေးလျက်ရှိတဲ့ နွေဦးလက်ဖက်ရည်ဝိုင်း ဇန်နဝါရီ ၈ ရက်နေ့ကျင်းပမယ်လို့သတင်းရရှိပါတယ်။ နွေဦးလက်ဖက်ရည်ဝိုင်းအတွက် အားပေးလိုတဲ့ ပြည်ထောင်စုသားများအနေနဲ့ဇန်နဝါရီ ၅ရက်နေ့မတိုင်မီကြိုတင်မှာယူပေးဖို့ နွေဦးလက်ဖက်ရည်ဝိုင်းမိသားစုကနေ အသိပေးနှိုးဆော်ထားပါတယ်။
"နွေဦးလဖက်ရည်ဝိုင်းမိသားစုလေး လည်ပတ်ပီးမြန်မာပြည်က တိုင်းရင်းသားညီအကို မောင်နှမတွေကိုကူညီခဲ့တာ တစ်နှစ်ပြည့်ခဲ့ပါပြီ။ကျနော်တို့မိသားစုတွေ အားလုံး ကြိုးကြိုးစားစားပူးပေါင်း ကူညီပြီးအလှူရှင်တွေ၊လုပ်အားပေးတွေ ၊ဝယ်ယူအားပေးသူတွေအားလုံး တိုင်းပြည်ကိုချစ်တဲ့စိတ်နဲ့ လူသားချင်းစာနာစိတ်တွေနဲ့မတရားမှု တွေကို ကြည့်မနေနိုင်လို့ဝိုင်းဝန်းကြိုးစားခဲ့ကြတာကြောင့်လစဉ် လုပ်နိုင်ခဲကြတာ မို့ အားလုံးကို လေးစားဂုဏ်ယူပါတယ်။ဆက်လက်ဝယ်ယူအားပေးခြင်းဖြင့်တော်လှန်ရေး ကိုတတ်နိုင်တဲ့နေရာကနေပါဝင်ကြပါ"လို့ မိသားစုဝင်တစ်ဦးကဆိုထားပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ နွေဦးလဖက်ရည်ဝိုင်းမှာ အစားအစာ ၅၂ မျိုးအထိရရှိနိုင်ပြီး တိုင်းရင်းသားအစားအစာများလည်းပါဝင်မှာဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment