3rd JAN 2023 - Morning Daily News by Radio NUG


၂၀၂၃ ဇန်နဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတွေရဲ့ ဆန္ဒဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးမူဝါဒကို ပြောင်းလဲမှာမဟုတ်ဘူးလို့

 ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေးလိုက်တဲ့သတင်း

📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်တဲ့သတင်း

📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ က ပြည်သူလူထုသို့ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာပေးပို့ခဲ့တဲ့သတင်း

📌 ၄။ လောင်းလုံးရဲစခန်းမှာ ရဲနဲ့စစ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဦးသေဆုံး ဦးဒဏ်ရာရတဲ့သတင်း

📌 ၅။ အာဏာသိမ်းပြီး ၂၃ အကြာမှာ လူပေါင်း တစ်သောင်းခြောက်ထောင်ကျော် အဖမ်းခံခဲ့ရပြီး သုံးထောင်ကျော်သာ ပြန်လွတ်ခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတွေရဲ့ ဆန္ဒဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးမူဝါဒကို ပြောင်းလဲမှာမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ် ကတိပေးလိုက်တဲ့သတင်း


အမျိုးသားညီညွတ်ရေးအစိုးရဟာ တိုင်းရင်းသားတွေရဲ့ ဆန္ဒဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကိုဖော်ဆောင်မှာဖြစ်ပြီး မူဝါဒပြောင်းလဲမှာမဟုတ်ဘူးလို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ကတိပေးပြောကြားလိုက်ပါတယ်။ ဇန်နဝါရီလ ရက်နေ့မှာ ထုတ်လွှင့်သွားတဲ့ DVB သတင်းဌာနနဲ့တွေ့ဆုံမေးမြန်းခန်းတစ်ခုအတွင်း ပြည်ထောင်စုဝန်ကြီးချုပ်က အခုလိုပြောဆိုသွားတာဖြစ်ပါတယ်။

ပြည်ထောင်စုဝန်ကြီးချုပ်က စစ်ကောင်စီပြုတ်ကျရေးကို သာအဓိကလုပ်ဆောင်နေပြီး တိုင်းရင်းသားတွေစိုးရိမ်နေသလို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လာခဲ့ရင်လည်း အမျိုးသားညီညွတ်ရေးအစိုးရ ရဲ့ ဖက်ဒရယ်ဒီမိုကရေစီဖော်ဆောင်ရေးမူဝါဒ ပြောင်းလဲသွားမှာမဟုတ်ဘူးလို့ အခိုင်အမာ ပြောဆိုလိုက်တာပါ။

 "ငါ့ခံယူချက်ကတော့ ဒီကောင်တွေပြုတ်ကျဖို့ကိုပဲ ခေါင်းထဲမှာထည့်တယ်။ တိုင်းရင်းသားတွေ စိုးရိမ်တယ်ဆိုတာတော့ မှန်တယ်။ ငါတို့ကိုလည်းတွေ့တဲ့အခါမေးတယ်။ တကယ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြန်ထွက်လာရင်ပြောင်းမှာလား။ မပြောင်းစေရဘူး။ သူထွက်လာလည်း သေချာရှင်းပြမယ် တိုင်းရင်းသားတွေရဲ့ဆန္ဒတစ်ခုဖြစ်တယ်ဆိုတာ။ အဲ့တိုင်းပဲ သူတို့ငါ့မေးတဲ့အချိန်မှာ ငါဖြေထားတယ်။ မပြောင်းကို မပြောင်းစေရပါ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း လူထုရဲ့

ဆန္ဒကိုအလေးထားမယ်တဲ့။ အဲ့တော့ ပြည်သူ့ဆန္ဒကဘာလဲ ဖက်ဒရယ်ဒီမိုကရေစီသွားချင်တာ၊ အဲ့တာကြောင့် ဘယ်လိုမှ ပြောင်းလဲ စရာမရှိပါဘူး၊ ငါတို့ကတိပေးပါတယ်။"လို့ ပြည်ထောင်စုဝန်ကြီးချုပ်က DVB သတင်းဌာနမှ ကိုအောင်သူရဲ့ 

မေးမြန်းမှုကို ဖြေကြားသွားပါတယ်။ ဒီတော်လှန်ရေးမှာ ပြည်သူလုထုရဲ့ အင်အားနှင့် ပံ့ပိုးမှုတွေကြောင့် ဒီအခြေအနေအထိခရီးရောက်ခဲ့တာဖြစ်ပြီး ပြည်သူကသာ အဓိက ဖြစ်တယ်ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရက လက် ခံ ယုံကြည် ထားတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။


========================


📌📌 ၂။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲကျင်းပပြုလုပ်တဲ့သတင်း


၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊မကွေးတိုင်း၊ ပဲခူးတိုင်းရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးမှုအစည်းအဝေး (/၂၀၂၃) ကို  ဇန်နဝါရီလ ရက်နေ့  မနက်(၁၀:၀၀)နာရီအချိန်တွင် ကျင်းပပြုလုပ်ခဲ့ရာအစည်းအဝေး၌ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ခူးထဲဘူးမှ အဖွင့်အမှာစကားပြောကြားပါတယ်။

ဆက်လက်၍ လုပ်ငန်းများကို  အကောင်အထည်ဖော်ရာတွင် အချိတ်အဆက်မိမိဖြင့်အကောင်အထည်ဖော်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ တော်လှန်ရေးတွင် အားလုံးစုစည်းပြီး ပါဝင်လာကြသည့်အတွက်များစွာ အားတက်ရကြောင်း၊ မြေပြင်လုပ်ငန်းများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားသွားရန်ဖြစ်ကြောင်း၊ အချင်းချင်းပေါင်းစပ်ညှိနှိုင်းပြီး သတင်းအချက်အလက်များ မျှဝေဆောင်ရွက်ကြန်လိုကြောင်း၊ တော်လှန်ရေးတွင် တက်ညီ လက်ညီဖြင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။

ဆက်လက်၍ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူမှ ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် တက်ရောက်လာသော မြို့နယ် ပအဖ အဖွဲ့ဝင်များကမြေပြင်အုပ်ချုပ်ရေးဆောင်ရွက်နေမှုများ၊ ကြုံတွေ့နေရသည့် အခက်အခဲများနှင့် လိုအပ်ချက်များ စသည်တို့ကို ရှင်းလင်းတင်ပြပြီး မူဝါဒပိုင်းဆိုင်ရာ သိရှိလိုသည်များအား မေးမြန်းကြကာ ဝန်ကြီးဌာနမှ သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ပါတယ်။

အစည်းအဝေးသို့  ဒုတိယဝန်ကြီး ခူးထဲဘူးမှ ဦးဆောင်ကာ ပြည်သူ့အုပ်ချုပ်ရေးဦးစီးဌာန၊ပြည်သူ့ရဲတပ်ဖွဲ့၊ မီးသတ်ဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ အထူးစုံစမ်း‌ ထောက်လှမ်းရေး ဦးစီးဌာနတို့မှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းတို့မှ မြိုနယ်ပြည်သူ့အုပ်ချုပ်‌ရေးအဖွဲ့ဝင်များ  တက်ရောက်ခဲ့ပြီအစည်းအဝေးအား ​​​နေ့လည်(၁၁:၀၀)နာရီအချိန်တွင် အောင်မြင်စွာ ရပ်နားခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၃။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီ က ပြည်သူလူထုသို့ ၂၀၂၃ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာပေးပို့ခဲ့တဲ့သတင်း


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က  ပြည်သူလူထုထံသို့ပေးပို့သော ၂၀၂၃ ခုနှစ် နှစ်သစ်ကူးသဝဏ်လွှာကို အောက်ပါအတိုင်း ရေးသားထုတ်ပြန်ခဲ့ပါတယ်။

၁။၂၀၂၂ ခုနှစ်ကုန်ဆုံးပြီး ၂၀၂၃ ခုနှစ်သို့ ကူးပြောင်းသည့်အခါသမယ၌ မြန်မာပြည်သူပြည်သား အပေါင်းတို့၏ မျှော်လင့်ချက်များပြည့်ဝ၍ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာသော ဘဝများရရှိပါစေကြောင်း ဆုတောင်းမေတ္တာ ပေးပို့အပ်ပါသည်။

၂။ယနေ့အချိန်အခါသည် ပြည်သူလူထုတစ်ရပ်လုံး စိန်ခေါ်မှုပေါင်းများစွာရင်ဆိုင်နေရပြီး  အနာဂတ်တွင် မျှော်လင့်ချက်ပေါင်းများစွာရရှိစေရေးအတွက် စုပေါင်းအင်အားဖြင့် စစ်အာဏာရှင် စနစ်ဆိုးကို တွန်းလှန်နေရသော အချိန်အခါလည်းဖြစ်ပါသည်။

၃။၁၉၈၈ ခုနှစ် ပြည်သူ့အရေးတော်ပုံကြီးမှ ပေါက်ဖွားလာသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် ပြည်သူလူထုအကျိုးစီးပွားကိုသာ ထာဝစဉ် ဦးထိပ်ပန်ဆင်ထားသော ပါတီဖြစ်ပါသည်။

၄။ပါတီစတင်တည်ထောင်ခဲ့ချိန်မှ ယနေ့တိုင် နိုင်ငံတစ်ဝန်းမှီတင်းနေထိုင်ကြသော တိုင်းရင်းသား ပြည်သူလူထုတစ်ရပ်လုံး မျှော်မှန်းထားရှိခဲ့သည့် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်နိုင်ရေးတို့အတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ကြုံလာသမျှ အခက်အခဲ ဘေးအန္တရာယ်မှန်သမျှတို့ကို မတွန့်မဆုတ် ကြံ့ကြံ့ခံရင်ဆိုင်ကျော်ဖြတ်ခဲ့ပါသည်။

၅။ယခင်ထက်ပိုမိုဆိုးရွားစွာ ရင်ဆိုင်နေရသော ယနေ့ကာလတွင်လည်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်သည် ချမှတ်ထားပြီးသောမူဝါဒများ၊ လက်တွေ့ကျသောလုပ်ငန်းစဉ်များကို ပါတီဝင် အသီးသီးက ရောက်ရှိရာနေရာတွင် ကျရာတာဝန်များကို ဦးလည်မသုဉ် ထမ်းရွက်လျက်ရှိပါသည်။

၆။တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး၏ ရည်မှန်းချက်ပြည့်ဝစေရန်အတွက် စစ်အာဏာရှင် စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်သွားရန်  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် မူဝါဒချမှတ်ပြီးနိုင်ငံရေးအင်အားစုအသီးသီးနှင့် တန်းတူညီမျှလက်တွဲ၍ ဆောင်ရွက်လျက်ရှိပါကြောင်း နှစ်သစ်ကူးဆုတောင်းနှင့်အတူ သတင်းစကားပါးအပ်ပါသည်။

ဗဟိုအလုပ်ကော်မတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟူ၍ ပြည်သူလူထုထံရေးသားပေးပို့သော သဝဏ်လွှာမှာ ဖော် ပြပါရှိပါတယ်ခင်ဗျာ


========================


📌📌 ၄။ လောင်းလုံးရဲစခန်းမှာ ရဲနဲ့စစ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပြီး ဦးသေဆုံး ဦးဒဏ်ရာရတဲ့သတင်း


တနင်္ဿာရီတိုင်း လောင်းလုံးမြို့နယ်ရဲစခန်းထဲမှာ ဇန်နဝါရီလ ရက်နေ့ ညက ရဲနဲ့စစ်ကောင်စီတပ်သား အချင်းချင်းပစ်ခတ်မှုဖြစ်ပွားပြီး ဦးသေဆုံး၊ ဦးဒဏ်ရာရှိခဲ့တယ်လို့  မြို့ခံတွေထံမှသိရှိရပါတယ်။ နာရီခွဲလောက်မှာ ရဲစခန်းထဲကနေ သေနတ်ပစ်သံတွေ ချက်ခန့် ဆက်တိုက်ကြားရတာကြောင့် အချင်းချင်းပစ်ခတ်မှုဖြစ်ပွားကြောင်းသိရပြီး ဒီနေ့မနက်မှ ထိခိုက်မှုကိုသိရှိရတာပါ။ 

"ပစ်သံက တိတ်ဆိတ်နေတဲ့အချိန်ဆိုတော့ ဟိန်းနေတာပဲ။ ပစ်သံကြားပြီးတာနဲ့ အော်သံတွေ၊ ရန်ဖြစ်သံတွေ၊ ဆဲဆိုသံတွေ ခပ်ဝေးဝေးကတောင်ကြားရတယ်။ စခန်းတစ်ခုလုံး ဆူညံနေတာပဲ" လို့လောင်းလုံးမြို့ခံတစ်ဦးကပြောပါတယ်။ အဲ့ဒီနောက်မှာ  အရေးပေါ်လူနာတင်ကားတစ်စီးရောက်လာပြီး ရဲစခန်းကဗီဂိုးတစ်စီးနဲ့ သေဆုံးသူနဲ့ဒဏ်ရာရသူကိုတင်ဆောင်ပြီး ထားဝယ်ဘက်ကို အရှိန်ပြင်းမောင်းနှင်သွားတယ်လို့သိရပါတယ်။ 

ပစ်ခတ်ခံရသူဟာ ရဲလား စစ်ကောင်စီတပ်သားလားဆိုတာမသိရသေးသလို ဒဏ်ရာရရှိသူရဲ့နောက်ဆက်တွဲအခြေအနေကိုလည်းမသိရသိပါဘူး။ လောင်းလုံးရဲစခန်းမှာ စစ်ကောင်စီတပ်သားနဲ့ ရဲ စုစုပေါင်း ၃၀ ဝန်းကျင်ရှိပြီး ပျူစောထီးအဖွဲ့ဝင်တွေလည်း လာရောက်နေထိုင်တာ ဝင်ထွက်သွားလာတာမျိုးရှိပါတယ်။ တနိုင်ငံလုံးအနှံ့မှာ ပြည်သူ့ခုခံတွန်းလှန်စစ်တိုက်ပွဲများ ဖြစ်ပွားလျက်ရှိနေပြီး တနင်္သာရီတိုင်းလောင်းလုံမြို့နယ်တွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီတို့ မကြာခဏဆိုသလို တိုက်ပွဲပြင်းထန်ရာဒေသတခုလည်း ဖြစ်ပါတယ်။

အာဏာသိမ်းနှစ်နှစ်နီးပါးကာလအတွင်း တနင်သာရီတိုင်းတွင်းမှာသေဆုံးသူအရပ်သား အရေအတွက် ၃၃၁ ယောက်ရှိခဲ့ပြီးထိခိုက်ဒဏ်ရာရသူ အရေအတွက် ၁၂၇ ယောက် ရှိခဲ့ပြီဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်တွေထံမှ သိရှိရပါတယ်။


========================


📌📌 ၅။ အာဏာသိမ်းပြီး ၂၃ အကြာမှာ လူပေါင်း တစ်သောင်းခြောက်ထောင်ကျော် အဖမ်းခံခဲ့ရပြီး သုံးထောင်ကျော်သာ ပြန်လွတ်ခဲ့


စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍  နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီရဲ့ ဇန်နဝါရီလ ရက်နေ့ ထုတ်ပြန်ချက်အကျဉ်းချုပ်အရသိရတာပါ။

စစ်ကောင်စီကြောင့် စုစုပေါင်းသေဆုံးသူ ,၆၈၈ ဦး ရှိခဲ့ပြီ ဖြစ်ပြီး  ထိုအနက်ကမှ  စစ်ကိုင်းတိုင်းက ,၀၀၀ ကျော် ပါဝင် ပါတယ်။ ကလေးပေါင်း ၂၇၄ ဦး သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်းဟာ စုစုပေါင်းသေဆုံးမှုရဲ့ ၁၀. ရာခိုင်နှုန်းရှိတယ်လို့ AAPP စာရင်းများက ဆိုပါတယ်။

ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် AAPP မှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့်အချက်အလက်နှင့် ကိန်းဂဏန်းအရေအတွက်များမှာ ယခုထက်ပိုမိုများပြားနိုင်ပါတယ်လို့ အေအေပီပီက ထုတ်ပြန်ထားပါတယ်


အခုတင်ပြပေးခဲ့တဲ့သတင်းတွေကိုတော့ သတင်းဌာနများမှ ဖော်ပြလာသော အချက်အလက်တွေအပေါ်အခြေခံပြီး Radio NUG သတင်းထောက် လွတ်လပ်နွေဦးက ပေးပို့ထားတာဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

Related Posts:

No comments:

Post a Comment