14th FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်းကြားမှာ ဖြစ်ပေါ်တဲ့ ပြဿနာများရှိလာပါက အဆင်ပြေတဲ့ အထိ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမယ့်မူရှိပြီး ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို

📌 ၂။ နွေဦးတော်လှန်ရေးမှာ ပြည်သူကအင်မတန်တာဝန်ကျေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို

📌 ၃။ ယူကရိန်း ပြည်သူလူထုရင်ဆိုင်နေသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းနှင့် မြန်မာပြည်သူလူထုရင်ဆိုင်နေသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းတူညီနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို

📌 ၄။ နိုင်ငံတော်သစ်အတွက် စစ်ဗျူရိုကရက် အုပ်ချုပ်ရေး၊ စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေးများကို ဖြိုချရန်ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးပြောကြား

📌 ၅။ CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူစကစတပ်များကို ကျပ်သိန်း(၁၀၀) ဆုကြေးချီးမြှင့်ပေးအပ်မယ်လို့ကြေညာ

📌 ၆။ ပြည်သူများ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၂၉၈၈ဦးအထိရှိလာ

📌 ၇။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် အချုပ်သားနှစ်ဦးကို ရေဦးပအဖက လွတ်ငြိမ်းချမ်းသာခွင့်

📌 ၈။ မုံရွာမြို့နယ်၊ ညောင်ပင်ဆောက်လဝကရုံးတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ကို ကာကွယ်ရေးတပ်များ အလစ်အငိုက်တိုက်ခိုက်ရာ သုံးဦးသေဆုံး၍ နှစ်ဦးထွက်ပြေး

📌 ၉။ ပုလောမြို့နယ် ပလောက်မြို့မှာ အမျိုးသမီးနှင့်ကလေးအပါအဝင် ပြည်သူ () ဦး အသတ်ခံရခြင်းမှာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) မှ လုပ်ဆောင် သော လုပ်ရပ် မဟုတ်

📌 ၁၀။ ‘’ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံပဲ ဖြစ်ရမယ် ‘’ခေါင်းစဥ်နဲ့ သပိတ်စစ်ကြောင်းကို လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစု ချီတက်ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်းကြားမှာ ဖြစ်ပေါ်တဲ့ ပြဿနာများရှိလာပါက အဆင်ပြေတဲ့ အထိ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမယ့်မူရှိပြီး ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဆို


ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အချင်းချင်းကြားမှာ ဖြစ်ပေါ်တဲ့ ပြဿနာများရှိလာပါက အဆင်ပြေတဲ့ အထိ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးမယ့်မူရှိပြီး ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်အသိပေးဆိုပါတယ်။


ဖေဖော်ဝါရီ ၁၂ရက် အမျိုးသားညီညွတ်ရေးအစိုးရ နှင့် တစ်ကမ္ဘာလုံးရှိ ပြည်သူလူထု၊ အွန်လိုင်းတွေ့ဆုံမေးမြန်းပွဲ၏ ဒုတိယမြောက်နေ့ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။


"ကျနော်တို့အချင်းချင်းကြားမှာ ပကဖတွေ ဖြစ်စေ၊ Local PD​F တွေဖြစ်စေ ပြဿနာပေါ်လာတဲ့အခါမှာ အဆင်ပြေတဲ့ အထိ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးပြီး ညှိနှိုင်းမယ်ဆိုတာမျိုး သမ္မတကြီးတို့၊ ဝန်ကြီးချုပ်တို့က လမ်းညွှန်မှု ပေးထားသလို၊ ဝန်ကြီးဌာန တွေကလည်း ဒီလိုမျိုးတွေ့ဆုံ ညှိနှိုင်းပေးတာဖြစ်တဲ့အတွက် ဒီအပေါ်မှာ ထိုက်သင့်တဲ့ အဖြေရှာနိူင်မယ်ဆိုတာ ယုံကြည်တာရှိပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း ၃၀၃ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၆၀ ကျော်ရှိကြောင်း သိရပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးမှာ ပြည်သူကအင်မတန်တာဝန်ကျေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ဆို


နွေဦးတော်လှန်ရေးမှာ ပြည်သူက အင်မတန်တာဝန်ကျေတယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။


ယင်းမာပင် ဆားလင်းကြီး ရွာပေါင်းစုံသပိတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ရက် ၇၀၀ ပြည့်ကို ပေးပို့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန် ရဲ့ ဂုဏ် ပြုအမှာစကားမှာ ထည့်သွင်းဆိုပါတယ်။


"ဒီတော်လှန်ရေးမှာ ပြည်သူကအင်မတန် တာဝန်ကျေတယ်။ စစ်အာဏာရှင် ဆန့်ကျင်ရေးသမိုင်းတစ်လျှောက် ဒီကနေ့ပြည်သူတွေရဲ့ နိုင်ငံရေးနိုးကြားမှု၊ ဇွဲသတ္တိနဲ့ စွန့်လွှတ် ပေးဆပ်မှုဟာ မကြုံဘူးအောင်ဘဲ ဖြစ်ပါတယ်"လို့ဝန်ကြီးက ဆိုပါတယ်။


ဒါ့အပြင် ကျေးလက်လမ်းမတွေမှာ လူထုရဲ့ကြွေးကြော်မှု တစ်သံတည်းညီ တစ်ချီတည်းရုန်း ဟစ်ကြွေးသံများဟာ တော်လှန်ရေးရဲ့ ခေါင်းဆောင်များနဲ့ အဖွဲ့အစည်းတွေကို တိုက်တွန်းနေတာ ဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ ယူကရိန်း ပြည်သူလူထုရင်ဆိုင်နေသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းနှင့် မြန်မာပြည်သူလူထုရင်ဆိုင်နေသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းတူညီနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို


ယူကရိန်း ပြည်သူလူထုရင်ဆိုင်နေသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းနှင့် မြန်မာပြည်သူလူထုရင်ဆိုင်နေသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်း တူညီနေတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာက ဆိုပါတယ်။


ဖေဖော်ဝါရီ ၁၂ရက် မှာ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာကပြောပါတယ်။


"ယူကရိန်း (Ukraine )အရေးနှင့် မြန်မာ့အရေးသည် ဒီမိုကရေစီအရေး သဘောတရားအားဖြင့် အားလုံးတူညီနေပြီး ကမ္ဘာ့အလယ်မှာ မြန်မာ့အရေးသည် အာရှတိုက်အတွက် ယူကရိန်း (Ukraine) အရေးနှင့် ညီမျှနေပါတယ်။ ယူကရိန်း (Ukraine) ပြည်သူလူထုရင်ဆိုင်နေသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းနှင့် မြန်မာပြည်သူလူထုရင်ဆိုင်နေသော နိုင်ငံရေး၊ စစ်ရေးအကျပ်အတည်းသည်လည်း တူညီလျက်ရှိပါတယ်။ ယူကရိန်း (Ukriane) ပြည်သူလူထုများသည် ရုရှား(Russia) စစ်လက်နက်ကို လွန်ခဲ့သော ၁၂ လအတွင်း ရင်ဆိုင်ခဲ့ရသလို မြန်မာပြည်သူလူထုသည်လည်း လွန်ခဲ့သော ၂၄ လအတွင်း ရုရှား(Russia) စစ်လက်နက်များဖြစ်သော လေကြောင်းဗုံးကြဲတိုက်ခိုက်ခြင်းများကို ရင်ဆိုင်ခဲ့ရပါတယ်"လို့ဆိုပါတယ်။ 


ထို့ကြောင့် International Community (အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ) အထူးသဖြင့် ASEAN နှင့် သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများ အနေဖြင့် မြန်မာ့အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင်  နိုင်ငံတကာက  ယူကရိန်း (Ukraine) အရေးကို ကိုင်တွယ်ဖြေရှင်းရာတွင် အသုံးပြုသော နည်းဗျူဟာများနှင့် မူအားဖြင့် သော်လည်းကောင်း၊ လုပ်ငန်းများ အရေးယူ အကောင်အထည်ဖော်ခြင်းအားဖြင့် သော်လည်းကောင်း လိုက်လျောညီထွေမှုရှိရန် အရေးကြီးလှတယ်လို့ဝန်ကြီးက ဆိုပါတယ်။


========================


📌📌 ၄။ နိုင်ငံတော်သစ်အတွက် စစ်ဗျူရိုကရက် အုပ်ချုပ်ရေး၊ စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေးများကို ဖြိုချရန်ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးပြောကြား


နိုင်ငံတော်သစ်အတွက် စစ်ဗျူရိုကရက် အုပ်ချုပ်ရေး၊ စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေးများကို ဖြိုချရန် ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးပြောကြားခဲ့ပါတယ်။


ဖေဖော်ဝါရီလ ၁၂ရက်အီတလီနိုင်ငံ၊ ရောမမြို့တွင်ပင်လုံစာချုပ် ချုပ်ဆိုခြင်း ၇၆ နှစ်မြောက် အထိမ်းအမှတ်တွေ့ဆုံပွဲမှာ ဝန်ကြီးကဆိုခဲ့ပါတယ်။


အခမ်းအနားတွင်ပြည်ထောင်စုဝန်ကြီးမှ "ပင်လုံစာချုပ်သမိုင်း၊ ဖြစ်ပေါ်လာပုံ၊ မြန်မာနိုင်ငံ စစ်အုပ်ချုပ်ရေး ယန္တရားအောက် ကျရောက်ခြင်း၊ တိုင်းရင်းသားတို့ အခွင့်အရေးဆုံးရှုံးရခြင်း အကြောင်းအရာများကို ပြောကြားကာ နိုင်ငံတော်သစ်အတွက် စစ်ဗျူရိုကရက် အုပ်ချုပ်ရေး၊ စစ်တပ်လက်ဝါးကြီးအုပ်စီးပွားရေးများကို ဖြိုချရန်နှင့် သာတူညီမျှခြင်း၊ တန်းတူညီမျှခြင်းကို အခြေခံသည့် ခိုင်မာသောဖက်ဒရယ်စနစ် ပေါ်ပေါက်လာရန် ကြိုးစားကြရမည်ကြောင်း"ဆိုခဲ့ပါတယ်။


အခမ်းအနားတက်ရောက်လာသူများမှ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တိုင်းရင်းသားများ၏ ပါဝင်မှုများ၊ တော်လှန်ရေးနှင့် ဖက်ဒရယ်ကဏ္ဍ၊ နွေဦးတော်လှန်ရေး အခြေအနေများကို မေးမြန်းခဲ့ကြပြီး ဝန်ကြီးမှ လက်ရှိနိုင်ငံရေးနှင့် တော်လှန်ရေးအခြေအနေများ၊ လိုအပ်ချက်များ၊ လူငယ်များ၏ အရေးပါသော အခန်းကဏ္ဍ၊ အနာဂတ်အစီအစဥ်များကို ရှင်းပြတင်ပြခဲ့ပါတယ်။


========================


📌📌 ၅။ CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူစကစတပ်များကို ကျပ်သိန်း(၁၀၀) ဆုကြေးချီးမြှင့်ပေးအပ်မယ်လို့ကြေညာ


CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူစကစတပ်များကို ကျပ်သိန်း(၁၀၀) ဆုကြေးချီးမြှင့်ပေးအပ်မယ်လို့ ကြေညာလိုက်ပါတယ်။


ဖေဖော်ဝါရီ ၁၃ရက်မှာ ချင်းအမျိူးသားအဖွဲ့ချူပ်က အသိပေးဆိုပါတယ်။


"CNO/CNDF အနေနှင့် စစ်ကောင်စီထံမှ လက်နက်အပြည့်အစုံဖြင့် အလင်းဝင်ရောက်လာသော စစ်သား၊ရဲ များအား ယခင်တွင် ၎င်းတို့၏ အသက်မွေးဝမ်းကြောင်းအတွက် သိန်း (၅၀) ဆုချီးမြှင့်ခဲ့ပါတယ်။ ယခုအခါတွင် CNO/CNDF အနေဖြင့် လက်နက်အပြည့်စုံနှင့် အလင်းဝင်ရောက်သူအားလုံးအား ၎င်းတို့ အသက်မွေးဝမ်းကြောင်းအတွက် ယခင်ဆုကြေးငွေ ကျပ်သိန်း(၅၀)အပြင် ထပ်တိုးချီးမြှင့်ငွေ ဆုကြေး ကျပ်သိန်း(၅၀) စုစုပေါင်း ကျပ်သိန်း (၁၀၀)ထိ ပေးအပ်သွားမှာဖြစ်တယ်"လို့ဖော်ပြပါတယ်။


ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်အခြေပြု ခလရ(၂၆၈)တပ်မှတပ်သား ကောင်းမိုး မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်တွင် ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတော့သဖြင့် ပြည်သူနှင့်အတူပူးပေါင်းရန် CNO/CNDF ထံသို့ (ဒီဇင်ဘာ ၂၆ရက်၊၂၀၂၂)ရက်နေ့တွင် လက်နက်အပြည့်စုံဖြင့် အလင်းဝင်ရောက်ခဲ့ပြီး CNO/CNDF မှ ဆုကြေးငွေ ချီးမြင့်ကာ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပါသေးတယ်။


========================


📌📌 ၆။ ပြည်သူများ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၂၉၈၈ဦးအထိရှိလာ


ပြည်သူများ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ ၂၉၈၈ဦးအထိ ရှိလာတယ်လို့သတင်းရရှိပါတယ်။


ဖေဖော်ဝါရီ ၁၃ရက်မှာ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPPကဖော်ပြပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၂၉၈၈) ဦး ရှိခဲ့ပြီဖြစ်တယ်လို့ဖော်ပြပါတယ်။


ဖေဖော်ဝါရီလ ရက်နေ့ကလည်း ချင်းပြည်နယ်၊ မင်းတပ်မြို့၊ အရှေ့ပြင်ရပ်ကွက်ရှိ မြို့အဝင်ဂိတ်အနီး၌ အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့ (CDF-Mindat) တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် စစ်တပ်မှ သေနတ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သောကြောင့် အဆိုပါမြို့အဝင်ဂိတ်အနီး၌ရှိနေသော အသက် ဆယ်နှစ်အရွယ် မိန်းကလေးတစ်ဦးမှာ ဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး သေဆုံးခဲ့ပါတယ်။


========================


📌📌 ၇။ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ် အချုပ်သားနှစ်ဦးကို ရေဦးပအဖက လွတ်ငြိမ်းချမ်းသာခွင့်


ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့အထိမ်းအမှတ်အဖြစ်် အချုပ်သားနှစ်ဦးကို ရေဦးပအဖက လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပါတယ်။


ဖေဖော်ဝါရီ ၁၃ရက်မှာ ရေဦးမြို့နယ်အမတ် ဦးမြင့်ထွေးက အသိပေးဆိုထားပါတယ်။


"ဗိုလ်ချုပ်အောင်ဆန်း၏ မွေးနေ့အထိမ်းအမှတ်အဖြစ် ပညာရေးစုံညီပွဲနှင့် ဆုချီးမြှင့်ပွဲတက်ရောက်ပြီး ပအဖအဖွဲ့၏ အချုပ်သားနှစ်ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးပြီး ဖမ်းဆီးပစ္စည်းများထဲက ဘိန်းဖြူ ဆပ်ပြာခွက်ငါးခွက်၊ ပုလင်းအ‌သေးသုံးလုံး၊ အကူပစ္စည်းတို့ကို ပကဖ၊ ပလဖတို့နှင့်အတူ မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ ဆိုပါတယ်။


လွတ်ငြိမ်းနှစ်ဦးက မူးယစ်သုံးစွဲသူများသာဖြစ်ပြီး စကစကြောင့် မူးယစ်ဆေးဝါးများအလွယ်တကူဝယ်ယူရရှိနေတာကြောင့်  ဖမ်းဆီးကာ ပညာပေးလုပ်ငန်းကို ပအဖ၊ပလဖ နှင့် ပကဖတို့ပူးပေါင်းဆောင်ရွက်နေတယ်လို့ဆိုပါတယ်။


========================


📌📌 ၈။ မုံရွာမြို့နယ်၊ ညောင်ပင်ဆောက်လဝကရုံးတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ကို ကာကွယ်ရေးတပ်များ အလစ်အငိုက်တိုက်ခိုက်ရာ သုံးဦးသေဆုံး၍ နှစ်ဦးထွက်ပြေး


မုံရွာမြို့နယ်၊ ညောင်ပင်ဆောက်လဝကရုံးတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ကို ကာကွယ်ရေးတပ်များ အလစ်အငိုက်တိုက်ခိုက်ရာ သုံးဦးသေဆုံး၍ နှစ်ဦးထွက်ပြေးခဲ့ပါတယ်။


ဖေဖော်ဝါရီ ၁၃ရက် စစ်ရေးသတင်းကို Chindwin Attack Force ကအသိပေးဖော်ပြပါတယ်။


"ဖေဖော်ဝါရီ ၁၃ရက် မုံရွာမြို့နယ်၊ ညောင်ပင်ဆောက် လဝကရုံးတွင် တပ်စွဲထားသည့်အကြမ်းဖက်စစ်တပ်ကို  အလစ်အငိုက်ဝင်ရောက် တိုက်ခိုက်ခဲ့တယ်လို့"ဆိုပါတယ်။


တိုက်ခိုက်မှုတွင် လမ်းအသွားအလာစစ်ဆေးရန် ထွက်လာသော စကစတပ်ကငါးဦးတွင် သုံးဦးသေဆုံး၍ နှစ်ဦးမှာရုံးအတွင်း ပြေးဝင်သွားခဲ့တယ်လို့ဆိုပါတယ်။


တိုက်ခိုက်မှုကို မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း - အထူးကွန်မန်ဒိုတပ်ဖွဲ့ ( Monywa The Boys ) မှ ဦးဆောင်ပြီး အထူးစုံစမ်းစစ်ဆင်ရေးတပ်ဖွဲ့ (Chindwin Attack Force ) မုံရွာခရိုင်တပ်ရင်း - တပ်ခွဲ - 5 / Teachers People Defense Force PDF   Spring Dove တို့ ပူပေါင်းဆောင်ရွက်ခဲ့ပါတယ်။


========================


📌📌 ၉။ ပုလောမြို့နယ် ပလောက်မြို့မှာ အမျိုးသမီးနှင့်ကလေးအပါအဝင် ပြည်သူ () ဦး အသတ်ခံရခြင်းမှာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) မှ လုပ်ဆောင် သော လုပ်ရပ် မဟုတ်


ပုလောမြို့နယ် ပလောက်မြို့မှာ အမျိုးသမီးနှင့် ကလေးအပါအဝင် ပြည်သူ () ဦး အသတ်ခံရခြင်းမှာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) မှ လုပ်ဆောင် သော လုပ်ရပ် မဟုတ်ဘူးလို့ဆိုပါတယ်။


ဖေဖော်ဝါရီလ ၁၂ ရက်နေ့မှာ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ကသတင်းထုတ်ပြန်ပါတယ်။


"ဖေဖော်ဝါရီလ၊ ၁၁ရက်နေ့ည () နာရီ ဝန်းကျင်တွင် ကျောက်လုံးကြီးကျေးရွာအုပ်စု၊ အလယ်ကုန်းကျေးရွာတွင် အမျိုးသမီးနှင့် ကလေးငယ်များ အပါအဝင် မိသားစုဝင် စုစုပေါင်း () ဦးအား သတ်ဖြတ်မှု ဖြစ်ပေါ်ခဲ့ကြောင်း သိရှိရပါတယ်။ ၎င်းဖြစ်စဉ်သည် ကျွန်တော်တို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (PRDF) မှ လုပ်ဆောင်သောလုပ်ရပ် မဟုတ်သလို နောင်တွင်လည်း ထိုကဲ့သို့ အမျိုးသမီးနှင့် ကလေးငယ်များကို အကြောင်းမဲ့ သက်သက် သတ်ဖြတ်ခြင်းမျိုးကို လုပ်ဆောင်မည် မဟုတ်ကြောင်းလည်း ပြောကြား လိုပါတယ်"လို့ဖော်ပြပါတယ်။


 ထိုဖြစ်စဉ်အတွက် စိတ်မကောင်း ဖြစ်ရသလို ထိုကဲ့သို့ လုပ်ဆောင်ခဲ့သော လုပ်ရပ် အပေါ်တွင် လည်း ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်ပါတယ်လို့ ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့ (P.R.D.F)ကဖော်ပြပါတယ်။


========================


📌📌 ၁၀။ ‘’ စစ်တပ်ဟာ နိုင်ငံရဲ့အစေခံပဲ ဖြစ်ရမယ် ‘’ခေါင်းစဥ်နဲ့ သပိတ်စစ်ကြောင်းကို လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစု ချီတက်ဆန္ဒပြ


စစ်တပ်ဟာ နိုင်ငံရဲ့အစေခံပဲ ဖြစ်ရမယ် ‘’ခေါင်းစဥ်နဲ့ သပိတ်စစ်ကြောင်းကို လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစု ချီတက်ဆန္ဒပြခဲ့ကြပါတယ်။


ဖေဖော်ဝါရီ ၁၃ရက်မှာ လက်ပံတောင်းတောင်ဒေသ သပိတ်အင်အားစုက အသိပေးဆိုပါတယ်။


"လွတ်လပ်ရေးဗိသုကာ ဗိုချုပ်အောင်ဆန်း ၁၀၈ နှစ်ပြည့်နေ့တွင်ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအမိန့်တစ်ခုဖြစ်တဲ့ " စစ်တပ်ဟာ နိုင်ငံရဲ့အစေခံပဲဖြစ်ရမယ် " ဆိုသည့် စာသားကို ရေးခြစ်ကိုင်စွဲပြီး လက်ပံတောင်းတောင်ဒေသခံ ပြည်သူများက အာဏာရှင်ကျရှုံးရေး လူထုသပိတ် ချီတက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။


အဆိုပါသပိတ်ကို ကျေးရွာဒေသခံ ရာနဲ့ချီက ပါဝင်ချီတက်ခဲ့ကြပြီး ဟစ်ကြွေးခဲ့ကြပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment