14th FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၁၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် ကြိုးစားရမယ်လို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝါရှင်တန်ဒီစီ ရုံးခန်းဖွင့်ပွဲကိုအမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya တက်ရောက်ဖွင့်လှစ်

📌 ၃။ အကြမ်းဖက် ကောင်စီရဲ့ လက်နက်ကိုင်ဆောင် ခွင့်ဟာ နယ်စပ်ဒေသတွေမှာ လက်နက်မှောင်ခို ပိုမိုကြီးထွားပြီး လက်နက်မှောင်ခိုရောင်းချမှု များလာမယ်လို့ဆို

📌 ၄။တော်လှန်ရေးကိုပြတ်ပြတ်သားသား အနိုင်ရဖို့တော်လှန်ရေးရဲ့ ခါးသီးတဲ့အမှန်တရားတွေကိုလည်း သတ္တိရှိရှိရင်ဆိုင်ဖို့လိုတယ်လို့ဆို

📌 ၅။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာများမှာ စကစတပ်နဲ့ PDF ERO ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား 

📌 ၆။ လက်ဖက်ရည်ဆိုင်က ပြန်လာတဲ့စစ်မှုထမ်းဟောင်း စကစခန့်အရာရှိတစ်ဦး ကလေးမြို့ပေါ်မှာ ပစ်ခတ်ခံရပြီး လက်နက်ခဲယမ်းများသိမ်းဆည်းမိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် ကြိုးစားရမယ်လို့ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


ဖေဖော်ဝါရီ ၁၄


ဖေဖော်ဝါရီ (၁၄) ရက်အမျိုးသားညီညွတ်ရေးအစိုးရ၏ /၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်  ယာယီသမ္မတ ဒူဝါလရှီးလက မဟာမိတ်ဆက်ဆံရေးနှင့်ပတ်သက်၍အခုလိုပြောကြားလိုက်ပါတယ်။


"ကျွန်တော်တို့ဟာ နွေဦးတော်လှန်ရေး အဆုံးသတ်အောင်ပွဲကို ဆင်နွှဲနိုင်ဖို့အတွက် ပြည်တွင်းမှာလည်း မဟာမိတ် ညီညွတ်ရေးအင်အားကို တည်ဆောက်ထားနိုင်ရမယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေနဲ့လည်း မဟာမိတ်ဆက်ဆံရေး ဖြစ်ထွန်းအောင် ကြိုးစားရမယ်လို့ ယူဆပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ပြည်တွင်းရေးကိစ္စတွေဟာ ပထဝီနိုင်ငံရေးကိစ္စနဲ့လည်း တိုက်ရိုက် သက်ဆိုင်နေပါတယ်။ ဒါ့ကြောင့် အိမ်နီးချင်းနိုင်ငံတွေထဲမှာ နွေဦးတော်လှန်ရေးအပေါ်  မတူတဲ့သဘောထား ထင်မြင်ချက်တွေ ရှိတာကို နားလည်ပြီး လက်တွေ့ကျတဲ့ သံခင်းတမန်ခင်း မူဝါဒတွေနဲ့ ရှေ့ဆက်ဖို့ လိုတယ်လို့ ယူဆပါတယ်။ အထူးသဖြင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ မိတ်ဖက်နိုင်ငံတွေ အဖြစ် အသွင်ပြောင်းတည်ဆောက်ရေးကို လက်တွေ့ကျကျ လုပ်ရပါလိမ့်မယ်"လို့ဆိုပါတယ်။


ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေရဲ့  မတူညီတဲ့ လူ့အဖွဲ့အစည်းနောက်ခံတွေကို နားလည်ပြီး လက်တွေ့နိုင်ငံရေးမှာ အလုပ်ဖြစ်အောင် လုပ်ဆောင်ရေးယာယီသမ္မတကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၂။ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝါရှင်တန်ဒီစီ ရုံးခန်းဖွင့်ပွဲကိုအမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya တက်ရောက်ဖွင့်လှစ်


ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ညနေပိုင်းမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝါရှင်တန်ဒီစီ ရုံးခန်းဖွင့်ပွဲကို ကျင်းပခဲ့ပါတယ်။


ဖွင့်ပွဲအခမ်းအနားသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊အမျိုးသားညီညီညွတ်ရေးအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်၊ ဒုတိယဝန်ကြီး ဦးမိုးဇော်ဦး၊ ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့အပါအဝင် အမေရိကန်ပြည်ထောင်စု လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Uzra Zeya က တက်ရောက်ဖွင့်လှစ်ပေးခဲ့ပြီး အမှာစကားပြောကြားခဲ့ပါတယ်။

 

NUG နိုင်ငံခြားရေးဝန်ကြီးဌာန၏ ဝါရှင်တန်ဒီစီ ရုံးခန်းဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသောပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကတော့


"ဒီကနေ့ အချိန်ကာလအတွင်းမှာ တသံတည်းညီ တစ်ချီတည်း ရုန်းရတော့မယ်။ကျနော်တို့ရှုံးလို့ကို မဖြစ်ဘဲ ပွဲ ပြီးကိုတိုက်ရမယ်။ဒီပွဲမှာ မပြီးလို့ ကိုယ်ရှုံးရင် မျိုးဆက်သစ်တွေအတွက် အင်မတန်စိုးရိမ်စရာကောင်းပါတယ်။ဒါကြောင့်မို့လို့ နိူင်မှကိုဖြစ်မယ်။နိူင်မှကိုဖြစ်မှာမို့လို့လည်းတသံတည်းညီ တစ်ချီတည်းရုန်းဖို့နှိုးဆော်နေတာဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဆက်လက်ပြီး နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က "ကျမတို့ ပြည်သူလူထုအနေနဲ့ရော အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ရော ဒီနှစ်က တော်လှန်ရေးရဲ့အချိုးအကွေ့ အဆင့်တစ်ခုခုကိုတက်ရမယ်။ဘယ်သူနိူင်မလဲ။ဘယ်သူရှုံးမလဲဆိုတဲ့ အဖြေတစ်ခုထွက်အောင်ကြိုးစားရုန်းကန်ရတဲ့နှစ်ဖြစ်တယ်ဆိုတာတော့အသေအချာပါပဲ။စစ်အုပ်စုကို မြန်မြန်အဆုံးသတ်နိူင်မှ ပြည်သူလူထု ခံစားနေရတဲ့ ဒုက္ခလျော့နည်းသွားမှာလည်းဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် နွေဦးတော်လှန်ရေးတွင်ပြည်သူလူထုအခန်းကဏ္ဍာမှာ အရေးကြီးလှပြီး ပြည်သူလူထုက တော်လှန်ရေးကို နည်းပေါင်းစုံနဲ့ထောက်ခံပါဝင်နေတယ်လို့ ဝန်ကြီးကဆိုခဲ့ပါတယ်။


========================


📌📌 ၃။ အကြမ်းဖက် ကောင်စီရဲ့ လက်နက်ကိုင်ဆောင် ခွင့်ဟာ နယ်စပ်ဒေသတွေမှာ လက်နက်မှောင်ခို ပိုမိုကြီးထွားပြီး လက်နက်မှောင်ခိုရောင်းချမှု များလာမယ်လို့ဆို


ဖေဖော်ဝါရီ ၁၄


အကြမ်းဖက် ကောင်စီရဲ့ လက်နက်ကိုင်ဆောင်ခွင့် ဟာ နယ်စပ်ဒေသတွေမှာ လက်နက်မှောင်ခို ပိုမိုကြီးထွားပြီး လက်နက်မှောင်ခိုရောင်းချမှု များလာမယ်လို့ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်ကဖေဖော်ဝါရီ၁၃ရက်နေ့မှာ သုံးသပ်‌ပြောဆိုထားပါတယ်။


"Policy တခုချရင် economic incentives စျေးကွက်ကပေးတဲ့ အမြတ်ရလိုမှု ကိုသေချာတွက်ချက်ရပါတယ်။ဒီမူဝါဒ အရကတော့ အိမ်နီးနားချင်း နိုင်ငံတွေရဲ့ လက်နက်စက်ရုံ တွေမှာ သွားသက်ရောက်မှာဖြစ်ပြီး နယ်စပ်ဒေသတွေမှာ လက်နက်မှောင်ခို ပိုမိုကြီးထွားပြီး လက်နက်မှောင်ခိုရောင်းချမှု များလာမှာပါ။ တရားဝင် အမှာစာ ကို စာရင်းပိုပြပြီး ကျန်တာတွေ မှောင်ခိုစျေးထဲ ရောက်လာမှာမို့ ပီဒီအက်ဖ်တွေ အတွက် အကျိုးရှိမယ့် ဖရဲသီး ပေါ်လစီပါပဲ"လို့ဆိုပါတယ်။


 လက်နက် ခဲယမ်းကိုင်ဆောင်ခွင့်မူနဲ့ လက်နက်လိုင်စင်ထုတ်ပေးခြင်းမူကို အကြမ်းဖက်စစ်ကောင်စီက ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၄။တော်လှန်ရေးကိုပြတ်ပြတ်သားသား အနိုင်ရဖို့တော်လှန်ရေးရဲ့ ခါးသီးတဲ့အမှန်တရားတွေကိုလည်း သတ္တိရှိရှိရင်ဆိုင်ဖို့လိုတယ်လို့ဆို


ဖေဖော်ဝါရီ ၁၄


တော်လှန်ရေးကိုပြတ်ပြတ်သားသား အနိုင်ရဖို့တော်လှန်ရေးရဲ့ ခါးသီးတဲ့အမှန်တရားတွေကိုလည်း သတ္တိရှိရှိရင်ဆိုင်ဖို့လိုတယ်လို့ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ သဘာပတိအဖွဲ့ဝင် ဆလိုင်းအိုက်ဇက်ခင်က ဖေဖော်ဝါရီ ၁၄ ရက်မှာ သုံးသပ်ပြောဆိုပါတယ်။


"​တော်လှန်ရေးကိုပြတ်ပြတ်သားသား အနိုင်ရဖို့ဆိုရင်တော်လှန်ရေးရဲ့ ခါးသီးတဲ့အမှန်တရားတွေကိုလည်း သတ္တိရှိရှိရင်ဆိုင်ဖို့လိုပါတယ်။တော်လှန်ရေးအောင်မြင်မှုဆိုတာမြေပြင်မှာတွေ့ရတာဖြစ်လို့တော်လှန်ရေးစီမံခန့်ခွဲသူတွေဟာမြေပြင်အရွေ့ကို သိနေရမှာပါ။တော်လှန်ရေးကာလမြေပြင်အရှိတရား​​တွေက ခါးချင်ခါးမယ်။ သို့ပေမယ့် လက်ခံဖို့လိုပါတယ်။ အရှိတရားကို လက်ခံပြီး ထိရောက်အောင်မြင်အောင်ပြုပြင်ဆောင်ရွက်ရပါမယ်။ မဖြစ်နိုင်တဲ့မြော်လင့်ချက်အလွဲတွေမှာ ​​ပျော်မွေ့နေလို့ မရ။လက်တွေ့ကျကျ ချီတက်ကြပါစို့"လို့ဆိုပါတယ်။


ချင်းပြည်နယ်မှာ တော်လှန်ရေးအင်အားစုများကမြေပြင်ထိန်းချုပ်နိူင်မှုအများဆုံးရရှိထားငေည်လည်း အင်အားစုချင်း ညှိနှိုင်းရန်အကြောင်းအရာများ ရှိနေဆဲ ဖြစ်ပါတယ်။


========================


📌📌 ၅။ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာများမှာ စကစတပ်နဲ့ PDF ERO ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွား


ဖေဖော်ဝါရီ ၁၄


ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်ရှိ ကျေးရွာများမှာ စကစတပ်နဲ့ PDF ERO ပူးပေါင်းအဖွဲ့များ ထိတွေ့တိုက်ပွဲ ပြင်းထန်စွာဖြစ်ပွားနေတယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် မနက်ပိုင်းမှာ နှစ်ဖက် ထိတွေ့ပစ်ခတ်မှုတွေရှိတယ်လို့ ဒေသခံသတင်းအရင်းအမြစ်များထံကသိရပါတယ်။


ဖေဖော်ဝါရီ ၁၁ ရက်နေ့မှ စတင်ကာ နမ့်အွန်ကျေးရွာ၊ ခိုးမုန်းကျေးရွာနှင့် နမ့်ဖလွန် ကျေးရွာတို့မှာ ပစ်ခတ်နေကြတာလို့ ဒေသခံတို့ကအတည်ပြုဆိုပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က စစ်ကောင်စီတပ်ပစ်ခတ်လိုက်သည့် လက်နက်ကြီး နမ့်ဖက်ကာကျေးရွာအတွင်း ကြိမ်ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားအမျိုးသမီးတစ်ဦးထိခိုက်ခဲ့ပါတယ်။


========================


📌📌 ၆။ လက်ဖက်ရည်ဆိုင်က ပြန်လာတဲ့စစ်မှုထမ်းဟောင်း စကစခန့်အရာရှိတစ်ဦး ကလေးမြို့ပေါ်မှာ ပစ်ခတ်ခံရပြီး လက်နက်ခဲယမ်းများသိမ်းဆည်းမိ


ဖေဖော်ဝါရီ ၁၄


ဖေဖေါ်ဝါရီ (၁၃) ရက် ကလေးမြို့၊ တောင်သာရပ်ကွက်၊ ကျန်းစစ်သားလမ်း လက်ဖက်ရည်ဆိုင်က ပြန်လာတဲ့စစ်မှုထမ်းဟောင်း စကစခန့်အရာရှိတစ်ဦးကို ပစ်ခတ်ခဲ့တယ်လို့ ကလေးမြို့ မြို့ပြပြောက်ကျား Operation Mo Mo – Kalay ကဖော်ပြပါတယ်။ အဆိုပါ စကစခန့်အရာရှိကို ပစ်ခတ်ရာမှ သေနတ်တစ်လက်၊လက်ပစ်ဗုံးတစ်လုံးနဲ့ကျည်ဆန်များသိမ်းဆည်းရမိခဲ့တယ်လို့ထုတ်ပြန်ပါတယ်။ လတ်တလောမှာ မြို့ပေါ် လုံခြုံရေးတင်းကြပ်လျက်ရှိပြီးတော့ ပြောက်ကျားရဲဘော်များဘေးကင်းစွာဆုတ်ခွာနိူင်ခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment