15th FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၁၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Chain of Command ထဲ မှာ ယခုထက် ပိုမို ကျစ်ကျစ်လစ်လစ်စုစည်းနိုင်အောင် ယာယီသမ္မတ တိုက်တွန်း

📌 ၂။ အစိုးရအနေနဲ့  ထိရောက်အားကောင်းတဲ့ အုပ်ချုပ်ရေးကဏ္ဍပိုမို ဖော်ဆောင်နိုင်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၃။ နိုင်ငံတကာ ရီပါဗလစ်ကန် အင်စတီကျူ (IRI) တာဝန်ရှိသူများနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တွေ့ဆုံဆွေးနွေး

📌 ၄။ ရေစကြိုမြို့နယ် အထက()ကျောင်းရှေ့တွင်ရှိသော စကစတပ်များ မိုင်းထိ၍ လေးဦးထိခိုက်ဒဏ်ရာရ

📌 ၅။ တနင်္သာရီမြို့နယ်၊ ရေဖြူရွာနှင့် ထုံခါးရွာကြား စကစတပ်၏ ယာဥ်တန်း တိုက်ခိုက်ခံရ

📌 ၆။ ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ () နှင့် ဒူးပလာယာခရိုင် တပ်မဟာ () နယ်မြေများအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၅၇) ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ (၂၀၈) လုံး ထက်မနည်းကြဲချခဲ့

📌 ၇။ ရေးမြို့ခမရ ၅၈၇ တပ်ရင်း ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရပြီး ကင်းစခန်းထိမှန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Chain of Command ထဲ မှာ ယခုထက် ပိုမို ကျစ်ကျစ်လစ်လစ်စုစည်းနိုင်အောင် ယာယီသမ္မတ တိုက်တွန်း


ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ Chain of Command ထဲ မှာ ယခုထက် ပိုမို ကျစ်ကျစ်လစ်လစ်စုစည်းနိုင်အောင် ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းဆိုလိုက်ပါတယ်။


ဖေဖော်ဝါရီ ၁၄ ရက် အမျိုးသားညီညွတ်ရေးအစိုးရ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ဒူဝါလရှီးလကပြောပါတယ်။


"ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့  Chain of Command  ထဲ မှာ ယခုထက် ပိုမို ကျစ်ကျစ်လစ်လစ် စုစည်းနိုင်အောင် အစဉ်တစိုက် ကြိုးစားနေဖို့လည်း အထူးလိုအပ်ပါတယ်။ ခုခံတော်လှန်စစ်မှာ အမိန့်ပေးကွပ်ကဲမှု စည်းစနစ်ကျနရေးဟာ အင်မတန် အရေးကြီးပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးနည်းအရ ခေါင်းဆောင်မှုပေးရမှာသော်လည်းကောင်း / စစ်ရေးအရ စီမံကွပ်ကဲရာမှာသော်လည်းကောင်း NUG အစိုးရအဖွဲ့ဝင်တွေ အားလုံး ဂရုတစိုက် လုပ်ဆောင်ရပါလိမ့်မယ်။ အဲသည်လို လုပ်ဆောင်ရာမှာ မိမိတို့ရဲ့ ခေါင်းဆောင်မှုအရည်အသွေးနဲ့ မိမိတို့ရဲ့ နိုင်ငံရေးအမြော်အမြင်ကိုလည်း ပိုမိုအားကောင်းအောင် တည်ဆောက်နေရမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့ပေါင်း ၃၀၃ရင်း၊ မြို့နယ်ပကဖ အဖွဲ့ပေါင်း၂၆၀ ခန့်ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၂။ အစိုးရအနေနဲ့  ထိရောက်အားကောင်းတဲ့ အုပ်ချုပ်ရေးကဏ္ဍပိုမို ဖော်ဆောင်နိုင်ဖို့လိုတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


အစိုးရအနေနဲ့  ထိရောက်အားကောင်းတဲ့ အုပ်ချုပ်ရေးကဏ္ဍပိုမို ဖော်ဆောင်နိုင်ဖို့လိုတယ်လို့ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာဝန်ကြီးချုပ်ကဆိုပါတယ်။


"ကျွန်တော်တို့ အစိုးရအနေနဲ့ အားစိုက်ပြီး ပိုမိုပီပြင်အောင် ဖော်ဆောင်ဖို့ အရေးတကြီး လိုအပ်နေတာကတော့ ထိရောက်အားကောင်းတဲ့ အုပ်ချုပ်ရေးကဏ္ဍ ဖော်ဆောင်နိုင်ဖို့ပဲ ဖြစ်ပါတယ်။ ထိရောက်အားကောင်းတဲ့ အုပ်ချုပ်ရေးကဏ္ဍဟာ စစ်ရေးကိုလည်း ထိထိရောက်ရောက် စိုးမိုးအား ကောင်းလာစေပြီး တိုင်းရင်းသားတွေနဲ့ ညှိနှိုင်းဆောင်ရွက်ရာတွင်လည်း ပိုမိုကောင်းမွန်တဲ့ အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ စာမျက်နှာတွေမှာ ပိုမိုအားကောင်းတဲ့ ထောက်ခံမှုတွေ အတွက်လည်း အထောက်အပံ့ဖြစ်လာမှာမို့ အုပ်ချုပ်ရေးကဏ္ဍ အားကောင်းစေရေးနဲ့ လိုအပ်တဲ့ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ကလည်း တော်လှန်ရေးရဲ့ အရေးပါတဲ့ ထောက်တိုင်တစ်ခု ဖြစ်နေပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


ဒါ့အပြင် ဝန်ကြီးဌာန အသီးသီးအလိုက် ကြိုးပမ်းဆောင်ရွက်မှုတွေ၊ ကော်မတီတွေရဲ့ အားထုတ်နေမှုတွေ အားလုံးအတွက် စုစုစည်းစည်းနဲ့ အနားသတ် ဆုံချက်ရှိဖို့ လိုအပ်တယ်လို့ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၃။ နိုင်ငံတကာ ရီပါဗလစ်ကန် အင်စတီကျူ (IRI) တာဝန်ရှိသူများနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တွေ့ဆုံဆွေးနွေး


နိုင်ငံတကာ ရီပါဗလစ်ကန် အင်စတီကျူ (IRI) တာဝန်ရှိသူများနှင့် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကအသိပေးဖော်ပြပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်သည်  Chin Association of Maryland အမှုဆောင်ဒါရိုက်တာ ဦးဇိုသုန်းမှုန်နှင့်အတူ အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့ရှိ နိုင်ငံတကာ ရီပါဗလစ်ကန် အင်စတီကျူ (International Republican Institute) စီမံကိန်း ဒုတိယဥက္ကဋ္ဌ ဖြစ်သူ Mr. Scott Mastic အာရှ-ပစ္စဖိတ်ဒေသဆိုင်ရာ တွဲဖက်ဒါရိုက်တာ ဖြစ်သူ Mr. Adam King မြန်မာနိုင်ငံဆိုင်ရာ ပရိုဂရမ်မန်နေဂျာ Ms. Sarah Gengler နှင့် မြန်မာနိုင်ငံဆိုင်ရာ ကျွမ်းကျင်သူ ဦးကျော်ဇေယျာဝင်းတို့ ပါဝင်သော ကိုယ်စားလှယ်အဖွဲ့နှင့်ဖေဖော်ဝါရီလ ၁၃ ရက်တွင် တွေ့ဆုံခဲ့တယ်လို့ဆိုပါတယ်။


ထိုသို့တွေ့ဆုံရာတွင် မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားမှုများကို ပံ့ပိုးကူညီရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများကို ဆွေးနွေးခဲ့ကြတယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။


========================


📌📌 ၄။ ရေစကြိုမြို့နယ် အထက()ကျောင်းရှေ့တွင်ရှိသော စကစတပ်များ မိုင်းထိ၍ လေးဦးထိခိုက်ဒဏ်ရာရ


ရေစကြိုမြို့နယ် အထက()ကျောင်းရှေ့တွင်ရှိသော စကစတပ်များ မိုင်းထိ၍ လေးဦးထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်မှာ စစ်ရေးသတင်းကို ရေစကြို ပကဖက အတည်ပြုဆိုပါတယ်။


"ဖေဖော်ဝါရီ ၁၄ ရက်ရေစကြိုမြို့နယ် အထက () ကျောင်းရှေ့တွင်ရှိသော ကျောင်းစောင့်စကစတပ်များအား ယနေ့မနက် နာရီ ၃၀ မိနစ် အချိန်တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြို့မြို့နယ်(.က.)ရဲဘော်များမှ မိုင်းတစ်လုံးဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုဖြစ်စဥ်ကြောင့်စကစတပ်က၄ဦးအပြင်းထန်ဒဏ်ရာရရှိသွားကြောင်းကနဦးသိရှိပြီးသေဆုံးမှုအခြေနေအားဆက်လက်စုံစမ်းလျက်ရှိပါတယ်။


 ကာကွယ်ရေးတပ်ဖွဲ့မှရဲဘော်များအထိခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရေစကြိုမြို့နယ် ပကဖကဖော်ပြပါတယ်။


========================


📌📌 ၅။ တနင်္သာရီမြို့နယ်၊ ရေဖြူရွာနှင့် ထုံခါးရွာကြား စကစတပ်၏ ယာဥ်တန်း တိုက်ခိုက်ခံရ


တနင်္သာရီမြို့နယ်၊ ရေဖြူရွာနှင့်ထုံခါးရွာကြား စကစတပ်၏ ယာဥ်တန်း တိုက်ခိုက်ခံရပါတယ်။


ဖေဖော်ဝါရီ ၁၃ ရက်နေ့   တနင်္သာရီမြို့နယ်၊ ရေဖြူရွာနှင့်ထုံခါးရွာကြား၊ မောတောင်နှင့်ကော့သောင်းလမ်းဆုံနားတွင် တိုက်ခိုက်ခဲ့တယ်လို့ KTLA-Tcjf-Tanintharyi စစ်ကြောင်းကဖော်ပြပါတယ်။


တိုက်ခိုက်မှုမှာ ရန်သူလမ်းကြောင်း    ကြိမ်ချောင်းကျေးရွာမှ တနင်္သာရီမြို့ဘက်သို့ ဦးတည်လာသည့် စကစတပ်၄၀ ကျော်ပါ ယာဥ်တန်း စီးကိုတိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ တိုက်ခိုက်မှုမှာရန်သူဘက်ထိခိုက်ကျဆုံးမှု ထိခိုက်မှုများပြားနိုင် တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ () နှင့် ဒူးပလာယာခရိုင် တပ်မဟာ () နယ်မြေများအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၅၇) ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ (၂၀၈) လုံး ထက်မနည်းကြဲချခဲ့


ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ () နှင့် ဒူးပလာယာခရိုင် တပ်မဟာ () နယ်မြေများအတွင်း အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု (၅၇) ကြိမ်တိုက်ခိုက်ခဲ့ပြီး ဗုံးအလုံးရေ (၂၀၈) လုံး ထက်မနည်းကြဲချခဲ့တယ်လို့သတင်းရရှိပါတယ်။


ဖေဖော်ဝါရီ ၁၄ ရက်မှာ ကေအဲန်ယူဗဟိုကအသိပေးဖော်ပြပါတယ်။


"ကေအဲန်ယူကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေ မူတြော်ခရိုင် တပ်မဟာ () နှင့် ဒူးပလာယာခရိုင် တပ်မဟာ () နယ်မြေများအတွင်း အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ် များမှ တိုက်ခိုက်ရေးသုံး လေယာဉ်များ၊ ရဟတ်ယာဉ်များကိုအသုံးပြုပြီး ပြည်သူလူထုများနေထိုင်သော ကျေးရွာများအတွင်းနှင့် လုပ်ကိုင်စားသောက်သောလုပ်ငန်းခွင်များအတွင်းသို့ လေကြောင်းတိုက်ခိုက်မှု ပေါင်း (၅၇) ကြိမ်ခန့်တိုက်ခိုက်ခဲ့ကာ ဗုံးအလုံးရေ (၂၀၈) ထက်မနည်းကြဲချခဲ့တယ်"လို့ဖော်ပြပါတယ်။


ထို့အပြင်အော်လီဂန်းများဖြင့် အချက်ရေ (၃၀၀၀၀) ထက်မနည်းပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိုလေကြောင်းတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ (၁၃) ခန့်သေဆုံးခဲ့တယ်လို့သိရပါတယ်။


လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူလူထုများပိုင်ဆိုင်သော နေအိမ် (၃၃)လုံးမီးလောင်ပြာကျခဲ့ရပြီး (၂၄)လုံးမှာ ထိခိုက်ပျက်စီးခဲ့ရကာ လေကြောင်းတိုက်ခိုက်မှုများကြောင့် ငွေသားအားဖြင့် ကာလတန်ဖိုး ဘတ် (၁၀) သန်းဖိုးခန့် ထိခိုက် ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။


========================


📌📌 ၇။ ရေးမြို့ခမရ ၅၈၇ တပ်ရင်း ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရပြီး ကင်းစခန်းထိမှန်


မွန်ပြည်နယ် ရေးမြို့ခမရ ၅၈၇ တပ်ရင်း ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်ခံရပြီး ကင်းစခန်းထိမှန်ခဲ့ပါတယ်။


ဖေဖော်ဝါရီ ၁၄ ရက် မနက်ခြောက်နာရီခွဲအချိန် တိုက်ခိုက်ခဲ့တာလို့ မွန်ပြည်နယ်အခြေပြုတော်လှန်ရေးအဖွဲ့အစည်း MSRO က အသိပေးဆိုပါတယ်။


"ဖေဖော်ဝါရီ၁၄ရက် မနက်ခြောက်နာရီခွဲအချိန်ရေးမြို့ အခြေစိုက် ခမရ ၅၈၇ တပ်ရင်းရှိ ကင်းဂိတ်စခန််းကို ဗုံးပစ်လောင်ချာဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်"လို့MSROကဆိုပါတယ်။


ထိခိုက်သေဆုံးမှုစီစစ်နေပြီး MSRO တပ်ဖွဲ့ကအထိအခိုက်မရှိဆုတ်ခွာနိူင်ခဲ့ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment