16th FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၁၆ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တိကျတဲ့ နိုင်ငံရေး ရလဒ်တွေကို ပြည်သူတွေထံ ပေးဝေဖို့ လိုနေပြီလို့အစိုးရအဖွဲ့ကို ယာယီသမ္မတ ပြောကြား

📌 ၂။ NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အမေရိကန် နိူင်ငံခြားရေးဒုဝန်ကြီးဝင်ဒီရှားမန်းတို့ ထပ်မံတွေ့ဆုံဆွေးနွေး

📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ

📌 ၄။ NUG မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီတို့ အလွတ်သဘောတွေ့ဆုံဆွေးနွေး

📌 ၅။ ထိုင်းကကျင်းပမယ့် Cobra Gold 2023 စစ်ရေးလေ့ကျင့်မှုထိုင်ခုံကန့်သတ်မှုကြောင့် မြန်မာစစ်တပ်မပါဘူးလို့ ထိုင်းနိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲပြောကြား

📌 ၆။ ဂျပန်နိုင်ငံနှင့်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပ

📌 ၇။ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာဘက်သို့ ကူးလာသော စကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦးထက်မနည်းသေဆုံး

📌 ၈။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကစယ့်သူး(တောင်ညို)စစ်ကြောင်းမွမ်းမံသင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တိကျတဲ့ နိုင်ငံရေး ရလဒ်တွေကို ပြည်သူတွေထံ ပေးဝေဖို့ လိုနေပြီလို့အစိုးရအဖွဲ့ကို ယာယီသမ္မတ ပြောကြား


ဖေဖော်ဝါရီ ၁၅


တိကျတဲ့ နိုင်ငံရေး ရလဒ်တွေကို ပြည်သူတွေထံ ပေးဝေဖို့ လိုနေပြီလို့အစိုးရအဖွဲ့ကို ယာယီသမ္မတ ဒူဝါလရှီးလပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက် အစိုးရအဖွဲ့အစည်းဝေးမှာ ယာယီသမ္မတ ကဆိုခဲ့ပါတယ်။


"နွေဦးတော်လှန်ရေး () နှစ်ပြည့်ပြီးလို့ () နှစ်တာ ကာလထဲကို ချည်းနင်း ဝင်ရောက်လာမှုမှာ တိကျတဲ့ နိုင်ငံရေးရလဒ်တွေ ထွက်အောင် ကြိုးစားကြဖို့ လိုအပ်ကြောင်း ပြောကြားချင်ပါတယ်။ ကျွန်တော်တို့ဟာ ယေဘုယျရှုမြင်ချက်တွေနဲ့ပဲ ရှေ့ဆက်လို့ မရပါဘူး။ တိတိကျကျ ဆုပ်ဆုပ်ကိုင်ကိုင်ပြလို့ ရမယ့် နိုင်ငံရေး ရလဒ်တွေကို ပြည်သူတွေကို ပေးဝေဖို့ လိုနေပါပြီ"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် စက်တင်ဘာ၇ရက်မှာ ပြည်သူ့ခုခံတွန်းလှန်စစ်များစတင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ကြေညာခဲ့ပါတယ်။ လက်ရှိမှာ တစ်နှစ်တာမဟာဗျူဟာ စီမံချက်ကိုရေးဆွဲ အကောင်အထည်ဖော်ဆောင်လျက်ရှိပြီး စစ်ရေးအရှိန်မြှင့်တင်သွားမယ်လို့ ထုတ်ပြန်ထားပါတယ်။


========================


📌📌 ၂။ NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အမေရိကန် နိူင်ငံခြားရေးဒုဝန်ကြီးဝင်ဒီရှားမန်းတို့ ထပ်မံတွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီ ၁၅


NUG နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အမေရိကန် နိူင်ငံခြားရေးဒုဝန်ကြီးဝင်ဒီရှားမန်းတို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ NUG တိုင်းရင်းသားအဖွဲ့များနှင့် အရပ်ဘက်လူ့အဖွဲ့အစည်းများအပါအဝင် မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် အမေရိကန်ကထောက်ခံကြောင်း ကို နိူင်ငံရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့တွေ့ဆုံခဲ့တယ်လို့ Twitter မှာဖေဖော်ဝါရီ၁၅ရက် က ဝင်ဒီရှားမန်းကဖော်ပြရေးသားထားပါတယ်။


နိူင်ငံခြားရေးဒုဝန်ကြီးက NUG ဝါရှင်တန်တွင် ဆက်ဆံရေးရုံးဖွင့်လှစ်ခြင်းအား ကြိုဆိုခဲ့ပြီး မြန်မာနိုင်ငံရှိ ဒီမိုကရေစီလိုလားသူများနှင့် မတူကွဲပြားသော တိုင်းရင်းသားအုပ်စုများနှင့် ထိတွေ့ဆက်ဆံမှု အပြည့်အ၀ နက်ရှိုင်းလာစေရန် အမေရိကန်ပြည်ထောင်စု၏ ကတိကဝတ်ကို အလေးပေးပြောကြားခဲ့တယ်လို့ အမေရိကန် နိူင်ငံခြားရေးဝန်ကြီးဌာနက တရားဝင်သတင်းထုတ်ပြန်ထားပါတယ်။


ဒါ့အပြင်အမေရိကန် နိူင်ငံခြားရေးဒုဝန်ကြီးဝင်ဒီရှားမန်းကစစ်ကောင်စီ၏ ရက်စက်ယုတ်မာမှုများအတွက် တာဝန်ခံမှုမြှင့်တင်ရန်နှင့် မြန်မာနိုင်ငံအကျပ်အတည်းကို တရားမျှတပြီး ငြိမ်းချမ်းစွာအဆုံးသတ်ရန် စစ်ကောင်စီအပေါ် ဖိအားပေးမှုများ တိုးမြှင့်လုပ်ဆောင်ရန် အမေရိကန်၏ ကြိုးပမ်းမှုများကိုလည်း အလေးပေးပြောကြားခဲ့ပါတယ်။ အာဆီယံအပါအဝင် မဟာမိတ်များ၊ မိတ်ဖက်များ၊ နိုင်ငံတကာအသိုက်အဝန်းနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ကတိပြုဆိုခဲ့ပါတယ်။


========================


📌📌 ၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပ


ဖေဖော်ဝါရီ ၁၅ ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၃) ကိုကျင်းပခဲ့ပါတယ်။ အစည်းအဝေး၌ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနမှ ဌာန၏ ဖွဲ့စည်းပုံ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မူဝါဒနှင့်ထုတ်ပြန်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးမှ ဦးဆောင်ကာ၊ပြည်ထောင်စုဝန်ကြီးများ၊ဒုတိယပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့်ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ NUG မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီတို့ အလွတ်သဘောတွေ့ဆုံဆွေးနွေး


ဖေဖော်ဝါရီ ၁၅ ရက်


NUG မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီတို့ အလွတ်သဘောတွေ့ဆုံဆွေးနွေးခဲ့တယ်လို့သတင်းရရှိပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ မဟာမိတ်ဆက်ဆံရေးကော်မတီနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC) တို့အလွတ်သဘော တွေ့ဆုံဆွေးနွေးတဲ့ အစည်းအဝေးကို ဖေဖော်ဝါရီ ၁၄ ရက် မှာ ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ မဟာမိတ်ဆက်ဆံရေးကော်မတီရဲ့ တာဝန်ရှိသူတစ်ဦးနဲ့ ကရင်နီပြည် အတိုင်ပင်ခံကောင်စီရဲ့ တာဝန်ရှိသူတစ်ဦးတို့က နှုတ်ခွန်းဆက်စကားပြောကြားတာနဲ့ စတင်ခဲ့ကြပြီးနောက် လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး၊ စစ်ရေးကိစ္စရပ်တွေအပေါ် ကဏ္ဍအလိုက်‌ ဆွေးနွေးခဲ့ကြပါတယ်။ 


ထို့နောက် ဆွေးနွေးမှုတွေအပေါ် အခြေခံပြီး ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ခဲ့ကြပါတယ်။ ဆွေးနွေးပွဲကို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ(KSCC) ရဲ့ ဥက္ကဌ အောင်ဆန်းမြင့်၊ ဒုဥက္ကဌ အယ်ဗလင်းတို့ ဦးဆောာင်တဲ့အဖွဲ့ တက်ရောက်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ ထိုင်းကကျင်းပမယ့် Cobra Gold 2023 စစ်ရေးလေ့ကျင့်မှုထိုင်ခုံကန့်သတ်မှုကြောင့် မြန်မာစစ်တပ်မပါဘူးလို့ ထိုင်းနိုင်ငံရဲ့ စစ်ဖက်ဆိုင်ရာ အကြီးအကဲပြောကြား


ဖေဖော်ဝါရီ ၁၅


ထိုင်းကကျင်းပမယ့် Cobra Gold 2023 စစ်ရေးလေ့ကျင့်မှုထိုင်ခုံကန့်သတ်မှုကြောင့် မြန်မာစစ်တပ်မပါဘူးလို့ ထိုင်းနိုင်ငံရဲ့ စစ်တပ်အကြီးအကဲပြောကြားလိုက်ပါတယ်။ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ကစတင် စစ်ရေးလေ့ကျင့်မယ့် Cobra Gold 2023 ကို မတ်လ ၁၀ရက်နေ့အထိ ထိုင်းနိူင်ငံမှာကျင်းပမှာဖြစ်ပါတယ်။


"ထိုင်ခုံအရေအတွက် ကန့်သတ်ထားတာကြောင့် မြန်မာနိုင်ငံကို ဖိတ်ကြားထားတာမရှိဘူး"လို့ ထိုင်းစစ်တပ်ရဲ့ဗိုလ်ချုပ် Thitichai Tiantongကသတင်းထုတ်ပြန်ဆိုထားပါတယ်။ စစ်ရေးလေ့ကျင့်မှု ၇ခုမှာ ထိုင်း၊ အမေရိကန်၊ စင်္ကာပူ၊ ဂျပန်၊ အင်ဒိုနီးရှား၊ တောင်ကိုရီးယားနဲ့ မလေးရှားတို့ပါဝင်မှာဖြစ်ပါတယ်။


========================


📌📌 ၆။ ဂျပန်နိုင်ငံနှင့်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပ


ဖေဖော်ဝါရီ ၁၅


ဂျပန်နိုင်ငံနှင့်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး မြန်မာ့အရေးဆွေးနွေးပွဲ ကျင်းပခဲ့ပါတယ်။ New Era Asia Peace Academy မှ ဦးဆောင်ကျင်းပသော မြန်မာ့အရေးဆွေးနွေးပွဲရပ်ကို ဂျပန်နိုင်ငံနှင့်ကိုရီးယား နှစ်နိုင်ငံပူးပေါင်းပြီး ဖေဖော်ဝါရီလ (၁၅) ရက်မှာ ကျင်းပခဲ့ပါတယ်။


ဆွေးနွေးပွဲသို့ဂျပန်နိုင်ငံသို့ရောက်ရှိနေသော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ ကိုယ်စား လှယ်ရုံး၏အကြံပေး ပါမောက္ခ Mr.EUN HONG PARK၊ဂျပန်နိုင်ငံ ဆိုင်ရာ (NUG)ကိုယ်စားလှယ် စောဘလှသိန်းနှင့် ကိုရီးယားသမ္မတနိုင်ငံဆိုင်ရာ (NUG)ကိုယ်စားလှယ် ဦးရန်နိုင်ထွန်းတို့မှအသီးသီး အဖွင့်အမှာစကား ပြောကြားကြပြီး နှစ်နိုင်ငံမှလုပ်ဆောင်ချက်များ လုပ်ဆောင်သင့်သည်များကိုဆွေးနွေးခဲ့ကြပါတယ်။


ထိုဆွေးနွေးပွဲတွင် ကိုရီးယားမြန်မာ့ဒီမိုကရေစီထောက်ခံရေးလွှတ်တော် အမတ်များသမဂ္ဂမှ ကိုရီးယားလွှတ်တော်အမတ်များနှင့် နှစ်နိုင်ငံမှ မြန်မာ့အရေးလုပ်ဆောင်နေကြသောသူများ ကျောင်းသားများနှင့်သတင်းသမားများမှ တိုက်ရိုက်သော်လည်ကောင်း (Online) ဖြင့်သော်လည်ကောင်းအသီးသီးဆွေးနွေးခဲ့ကြတယ်လို့သိရပါတယ်။


📌📌 ၇။ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာဘက်သို့ ကူးလာသော စကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ ဦးထက်မနည်းသေဆုံး


ဖေဖော်ဝါရီ ၁၅


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာဘက်သို့ ကူးလာသော စကစတပ်များကို မိုင်းဆွဲတိုက်ခိုက်ရာ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်မှာ စစ်ရေးသတင်းကို ကန့်ဘလူ စွန်ရဲအဖွဲ့က အသိပေးဆိုပါတယ်။ 


"ဖေဖော်ဝါရီ၁၅ရက် ကန့်ဘလူမြို့နယ် အင်းလယ်ကြီးကျေးရွာဘက်သို့ ကူးလာသော အင်အား ၁၅၀ ပါ စကစတပ်များအား အင်းလယ်ကြီးကျေးရွာ အနောက်မြောက်ဘက် ဆည်တိုကွင်း၌ MDF ကန့်ဘလူ စွန်ရဲ မှ ညနေ၀၄:၀၃ မိနစ် အချိန်တွင်း ပဒေဿာမိုင်းများဖြင့် တိုက်ခိုက်ခဲ့ရာ စကစတပ်က ၁၀ ဦးထက်မနည်းထိခိုက်ခဲ့ပြီး ဦးသေဆုံးခဲ့တယ်"လို့ဆိုပါတယ်။ ထို့နောက် ပြည်သူလုံခြုံရေး ပလဖ အဖွဲ့မှလည်းပဒေဿာမိုင်းများဖြင့် ထပ်မံမိတ်ဆက်ပေးခဲ့ရာ စကစတပ်က ၅ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၈။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကစယ့်သူး(တောင်ညို)စစ်ကြောင်းမွမ်းမံသင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပ


ဖေဖော်ဝါရီလ (၁၅) ရက်


တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကစယ့်သူး(တောင်ညို)စစ်ကြောင်းမွမ်းမံသင်တန်းဆင်းပွဲ အောင်မြင်စွာကျင်းပခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၅ ရက်မှာ တောင်ညိုစစ်ကြောင်း၏ သင်တန်းဆင်းပွဲအခမ်းအနားကိုကျင်းပခဲ့ပါတယ်။ အခမ်းအနားသို့ ကစယ့်သူး(တောင်ညို)စစ်ကြောင်း၏ စစ်ကြောင်းမှူး၊ ဒုစစ်ကြောင်းမှူးနှင့် ကရင်အမျိုးသားအစည်းအရုံး KNU / KNLA မှ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ပါတယ်။


သင်တန်းဆင်းပွဲအခမ်းအနားတွင် တောင်ညိုစစ်ကြောင်းရှိ ရဲဘော်များမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုသစ္စာဆိုခြင်းနှင့် တာဝန်ရှိသူများမှ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး သင်တန်းဆင်းရဲဘော်များကို တစ်ဦးချင်း သစ္စာရေ တိုက်ကျွေးမှု ပြုလုပ်ခဲ့ပါတယ်။ ထို့နောက် သင်တန်းဆင်းရဲဘော်များမှ စစ်ကြောင်းပုံစံဖြင့် အလေးပြု၍ အခမ်းအနားအစီအစဥ်အား အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။


ယခု တင်ပြခဲ့တဲ့ သတင်းတွေကို ရေုဒီယိုအန်ယူဂျီသတင်းထောက် မင်းမင်းက ပေးပို့တာ ဖြစ်ပါတယ်ခင်ဗျာ






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment