17th FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စစ်ကောင်စီ၏ လူသားမျိုးနွယ်များအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို  တရားစွဲဆို တရားစီရင်နိုင်ရေးကို အတတ်နိုင်ဆုံး ကြိုးစားရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား

📌 ၂။ US Capitol မှာ တာဝန်ရှိသူအချို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေး

📌 ၃။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်ခင်မမမျိုး အီတလီရှိ မြန်မာအသိုက်အဝန်းနှင့် ITALIA-BIRMANIA.INSIEME (IBI) တို့၏ ဖိတ်ကြားချက်အရ ရောမမြို့သို့ လာရောက်ခဲ့

📌 ၄။ နယူးယောက်မြို့၌ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် Columbia တက္ကသိုလ်ကျောင်းသားများတွေ့ဆုံ

📌 ၅။ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းရဲဘော်များကို လက်နက်တပ်ဆင်မှုများဆက်တိုက်ပြုလုပ်

📌 ၆။ မြန်မာပြည်သူများအတွက်  အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့သွားမယ်

📌 ၇။ ရေဦးမြို့နယ်အတွင်း စကစတပ်က နေအိမ်ပေါင်း ၃၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက် ဆောင်းတွင်းကာလ လူနေ ယာယီအဆောက်အဦများ အမြန်လိုအပ်နေ

📌 ၈။ ဟားခါးမြို့ ၂၆၆ တပ်ရင်းမှ တပ်သားနှစ်ဦးသေနတ်တစ်လက် အပါအဝင် ဗုံးများ၊ မိုင်းများယူဆောင်လာ၍ ပြည်သူ့ရင်ခွင်ဝင်လာ

📌 ၉။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ပလိုင်းရွာနှင့်ရေတော်မူရွာတို့ကို အကြမ်းဖက်စကစဘက်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး

📌 ၁၀။ လက်ပံတန်းမြို့နယ်တွင် လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်‌နေသော ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ

📌 ၁၁။ Federal Revolution Force မှထုတ်လုပ်လိုက်တဲ့ ၆၀ မမစိန်ပြောင်းများ ကျပေါက်စနစ်... အကွာအဝေး ၁၂၀၀ ကိုက်မှ ၁၄၀၀ ကိုက်... ထိခိုက်ဧရိယာရှိကြောင်း အာမခံ

📌 ၁၂။ ဝေဟင်ပစ်ကူ တိုက်ခိုက်ရေးလေယာဉ်ငယ်ကမ်ပိန်းမှတိုက်ခိုက်ရေးလေယာဉ်ငယ်များ စီးစာ ကျပ်သိန်း ၃၀၀ ရရှိခဲ့


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စစ်ကောင်စီ၏ လူသားမျိုးနွယ်များအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို  တရားစွဲဆို တရားစီရင်နိုင်ရေးကို အတတ်နိုင်ဆုံး ကြိုးစားရန် ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


စစ်ကောင်စီ၏ လူသားမျိုးနွယ်များအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို  တရားစွဲဆို တရားစီရင်နိုင်ရေးကို အတတ်နိုင်ဆုံး ကြိုးစားရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောပါတယ်။ ဖေဖော်ဝါရီလ ၁၆ ရက်အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အစည်းအဝေး အမှတ်စဉ် (/၂၀၂၃)မှာဝန်ကြီးချုပ်က ဆိုပါတယ်။


"ကြားကာလဗဟိုကော်မတီသည် မြေပြင်အုပ်ချုပ်ရေးအဖွဲ့များနှင့် ထိတွေ့မှု အများဆုံးကော်မတီဖြစ်သောကြောင့် မြေပြင်ပြဿနာ၊ အခက်အခဲ၊ စိန်ခေါ်မှုများကို အများဆုံးကြားသိနေရသော ကော်မတီ ဖြစ်ကြောင်း၊ သို့ဖြစ်၍ အစည်းအဝေးများသို့ သက်ဆိုင်ရာဝန်ကြီးဌာန တာဝန်ရှိသူများမှ ကြိုစားတက်ရောက်ရန်လိုကြောင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူသားချင်းစာနာထောက်ထားမှုနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဝန်ကြီးဌာနများမှ ပြည်သူများကို ဝန်ဆောင်မှုပေးရာတွင် အားရဖွယ်ရှိကြောင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းအတွင်းကျန်ရှိနေသော ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် စတင်တွေ့ဆုံမှု ပြုလုပ်နေသည့်အတွက် ဝမ်းသာမိကြောင်း၊ အုပ်ချုပ်ရေးလုပ်ငန်းများသည် နေရာဒေသတစ်ခုနှင့်တစ်ခု မတူညီသဖြင့် သူ့အရပ်ဒေသနှင့် ကိုက်ညီသော မူဝါဒ၊ လက်စွဲများဖြစ်ရန် အရေးကြီးကြောင်း၊ စစ်ကောင်စီ၏ လူသားမျိုးနွယ်များအပေါ် ကျူးလွန်နေသော စစ်ရာဇဝတ်မှုများကို စနစ်တကျ မှတ်တမ်းတင်ထုတ်ပြန်ရန်လိုကြောင်း၊ နိုင်ငံတကာရာဇဝတ်တရားရုံးများသို့တင်ကာ စစ်တပ်ကို တရားစွဲဆို တရားစီရင်နိုင်ရေးကို အတတ်နိုင်ဆုံး ကြိုးစားရမည်ဖြစ်ကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟို ကော်မတီအဖွဲ့ဝင်များမှ (/၂၀၂၃)တွင် ချမှတ်ထားသော ဆုံးဖြတ်ချက်၊ ရှေ့လုပ်ငန်းစဥ်များနှင့် ပတ်သက်၍ ပြီးစီးမှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိနေသည့် လုပ်ငန်းစဥ်များကို ချပြရှင်းလင်းပြီး တက်ရောက် လာသောတာဝန်ရှိသူများမှ အကျယ်တဝင့်ဆွေးနွေးခဲ့ကြပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါတယ်။


========================


📌📌 ၂။ US Capitol မှာ တာဝန်ရှိသူအချို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်အသိပေး


US Capitol မှာ တာဝန်ရှိသူအချို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကအသိပေးဆိုပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာ NUG အစိုးရ ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်က ဆိုထားပါတယ်။


"US Capitol မှာ တာဝန်ရှိသူအချို့နဲ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ထိုသို့တွေ့ဆုံရာမှာ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ ဥက္ကဌ ဦးအောင်ကြည်ညွန့်ပါဝင်ခဲ့တယ်လို့သိရပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကလည်း NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်နဲ့ အမေရိကန် နိုင်ငံခြားရေးဒုဝန်ကြီးဝင်ဒီရှားမန်းတို့ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၃။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်ခင်မမမျိုး အီတလီရှိ မြန်မာအသိုက်အဝန်းနှင့် ITALIA-BIRMANIA.INSIEME (IBI) တို့၏ ဖိတ်ကြားချက်အရ ရောမမြို့သို့ လာရောက်ခဲ့


စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်ခင်မမမျိုး အီတလီရှိ မြန်မာအသိုက်အဝန်းနှင့် ITALIA-BIRMANIA.INSIEME (IBI) တို့၏ ဖိတ်ကြားချက်အရ ရောမမြို့သို့ လာရောက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖော်ပြအသိပေးပါတယ်။


အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့၏ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး ဒေါ်ခင်မမမျိုး၊ ITALIA-BIRMANIA.INSIEME Enzo Scotti နှင့် Cecilia Brighi တို့အား နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန အာရှရေးရာ ညွှန်ကြားရေးမှူးချုပ် Alessandra မှ သံအမတ်ကြီး Alessandra Schiavo ဆွေးနွေးပွဲမှာ တွေ့ဆုံခဲ့ကြတယ်လို့ဆိုပါတယ်။


ဆွေးနွေးပွဲမှာ အီတလီနှင့် အီးယူတို့က အသိအမှတ်ပြုခြင်း၏ အရေးတကြီး လိုအပ်မှုနှင့် လိုအပ်ချက်များ တို့ကို ဆွေးနွေးပွဲတွင် ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် ဘဏ္ဍာရေး၊ အာမခံနှင့် လောင်စာဆီ (လေကြောင်းတိုက်ခိုက်မှုအတွက် အသုံးပြုသည်) ထောက်ပံ့ရေးကဏ္ဍများတွင် စစ်အာဏာရှင်များအပေါ် နောက်ထပ် ပိတ်ဆို့အရေးယူမှုများ ချမှတ်ရန်တို့ကိုလည်းပြောကြားခဲ့ပါတယ်။


ITALIA-BIRMANIA.INSIEME တည်ထောင်သူ အဖွဲ့ဝင်အချို့နှင့်လည်း အမျိုးသားညီညွတ်ရေး အစိုးရနှင့် မြန်မာ့ဒီမိုကရက်တစ်အဖွဲ့အစည်းများကို ပံ့ပိုးကူညီရန် ဘုံအစပျိုးမှုများကို သဘောတူညီခဲ့ပါတယ်။


========================


📌📌 ၄။ နယူးယောက်မြို့၌ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် Columbia တက္ကသိုလ်ကျောင်းသားများတွေ့ဆုံ


အမေရိကန်နိုင်ငံ နယူးယောက်မြို့၌ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းနှင့် Columbia တက္ကသိုလ်ကျောင်းသားများတွေ့ဆုံခဲ့ပါတယ်။


အမေရိကန်ပြည်ထောင်စု ထိပ်တန်းတက္ကသိုလ်တစ်ခုဖြစ်သော Columbia University မှကျောင်းသားများနှင့် ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် မြန်မာ သံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တွေ့ဆုံပွဲကို School of International and Public Affairs (SIPA) စီစဉ်မှုဖြင့် Columbia Law School ရှိ William and June Warren Hall တွင် ဖေဖော်ဝါရီလ ၁၅ ရက် ဒေသစံတော်ချိန် ညနေ နာရီမှ နာရီအထိ ကျင်းပခဲ့ပါတယ်။ သံအမတ်ကြီးမှ ယေဘူယျအားဖြင့် အချက် ချက်ပေါ်မူတည်ပြီး မိန့်ခွန်းထဲတွင် တင်ပြဆွေးနွေးပေးခဲ့ပါတယ်။


သံအမတ်ကြီး ဦးကျော်မိုးထွန်းမှ -သံတမန်တစ်ဦးအနေနဲ့ လက်ရှိတာဝန်ယူထားရတဲ့ အခန်းကဏ္ဍများအားသုံးသပ်ခြင်းနဲ့ မြန်မာပြည်တွင် စစ်အာဏာရှင်များမှ တရားမဝင်အာဏာသိမ်းမှူဖြစ်စဉ်ကို ကျောင်းသားများအားမျှဝေပြောကြားခြင်း၊ မြန်မာပြည်၏ အနာဂတ်အခြေအနေအား သုံးသပ်ပြောကြားခြင်းတို့ကိုလုပ်ဆောင်ခဲ့ပါတယ်။


ထို့နောက် အာဏာသိမ်းမှုကာလ နှစ်ကျော်ကြာလာခဲ့သော်လည်း မြန်မာပြည်သူတို့ ကြံကြံခံတွန်းလှန်နေမှုများကို နိုင်ငံတကာအနေနှင့် ယခုထက်ပိုမိုပြီး ထိထိရောက်ရောက် ကူညီပေးဖို့မျှော်လင်ကြောင်း ထပ်လောင်းပြောကြားခဲ့ပါတယ်။ သံအမတ်ကြီး၏ဆွေးနွေးပြောကြားမှုအပြီးတွင် ကျောင်းသားများမှ စိတ်ဝင်တစားမေးခွန်းများအပြန်အလှန်မေးမြန်းကြကာ သံအမတ်ကြီးမှ ပြန်လည်ဖြေကြားခဲ့ကြောင်း သတင်းရရှိပါတယ်။


========================


📌📌 ၅။ ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းရဲဘော်များကို လက်နက်တပ်ဆင်မှုများဆက်တိုက်ပြုလုပ်


ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းရဲဘော်များကို လက်နက်တပ်ဆင်မှုများဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး () ရဲဘော်စောရှားနှင့် တောင်ပိုင်းစစ်ဒေသ၊ တာဝန်ရှိပုဂ္ဂိုလ်များမှ စစ်ဒေသခွဲအမှတ် ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းများမှ တိုက်ပွဲဝင်ရဲဘော်များထံသို့ လက်နက်များ တပ်ဆင်ပေးအပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။


အခမ်းအနားတွင်  တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ကျားဖြူစစ်ကြောင်းနှင့် နဂါးဖြူစစ်ကြောင်းတို့မှ ရဲဘော်များသည် ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်အား အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန် ချက်အား ရွတ်ဆို၍ သစ္စာအဓိဌာန်ပြုခဲ့ကြပါတယ်။


ထို့နောက် တောင်ပိုင်းစစ်ဒေသ၊ ဒုစစ်ဒေသမှူး () ရဲဘော်စောရှားက စစ်ဒေသခွဲအမှတ် အတွင်း စစ်ဆင်ရေးနှင့်ပတ်သက်၍ ပြင်ဆင်ဆောင်ရွက်နေမှုများနှင့် ယခင်အကြမ်းဖက်စစ်ကောင်စီနှင့် ဖြစ်ပွားခဲ့သော ထိတွေ့ရင်ဆိုင်တိုက်ပွဲများတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF စစ်ကြောင်းများနှင့် မဟာမိတ်များပူးပေါင်းချိတ်ဆက်ကာ စစ်ရေးဖော်ဆောင်နိုင်ခဲ့မှုသည် Chain of Command အားကောင်းလာမှုကို ဖော်ညွှန်းနေပြီး စစ်ဆင်ရေးစီမံမျက်များကို အောင်မြင်စွာဖြင့် အကောင်ထည်ဖော်နိုင်ခဲ့ကြောင်းနှင့် နွေဦးတော်လှန်ရေး နှစ် ကျော်ကာလအတွင်း အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် ရဲဘော်များ၏ စိတ်ဓာတ်မာကျောနေမှုများကို ဂုဏ်ပြုစကားပြောကြားခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနသည် တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ကြောင်းများအား စစ်ဆင်ရေးရည်မှန်းချက်များ အောင်မြင်စွာဖြင့် ကောင်အထည်ဖော်ဆောင်နိုင်ရန်အတွက် လက်နက်များနှင့် ခဲယမ်းများကို ဖြည့်တင်းဆောင်ရွက်ခြင်းနှင့် ရဲဘော်များ၏ စွမ်းရည်ပြည့်ဝစေရန်အတွက် မွမ်းမံသင်တန်းများ ပြုလုပ်ကာ လေ့ကျင့်သင်ကြားပေးခြင်းများ ဆောင်ရွက်လျက်ရှိပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်နေ့မှစတင်ကာ ပြည်သူ့ကာကွယ်ရေးတပ်မတော် Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း၊ တောင်ညိုစစ်ကြောင်း၊ နဂါးနီစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်းနှင့် ကျားဖြူစစ်ကြောင်းရှိ တိုက်ပွဲဝင်ရဲဘော်များထံသို့ လက်နက်များ အသီးသီးတပ်ဆင်ပေးအပ်ခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၆။ မြန်မာပြည်သူများအတွက်  အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့်လူသားချင်းစာနာမှုဆိုင်ရာ အကူအညီ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့သွားမယ်


မြန်မာပြည်သူများအတွက်  အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့်လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့သွားမယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာ အမေရိကန်ပြည်ထောင်စုမှ ထုတ်ပြန်ချက်ကို အမေရိကန်သံရုံးရန်ကုန်က ဖော်ပြပါတယ်။


မြန်မာနိုင်ငံတွင် တိုးမြင့်လာသည့်နေရပ်စွန့်ခွာရမှုများ၊ လက်နက်ကိုင်ပဋိပက္ခများနှင့် စားနပ်ရိက္ခာပိုမိုရှားပါးလာမှုများက ရှိရင်းစွဲ လိုအပ်ချက်များနှင့်ပေါင်းစပ်လျက်ရှိသည့် ဒေသများအတွက် လူသားချင်းဆိုင်ရာအကူအညီအဖြစ် အရေးပေါ်စားနပ်ရိက္ခာနှင့် အာဟာရအထောက်အပံ့များအတွက် အမေရိကန်ပြည်ထောင်စုသည် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် အမေရိကန်ဒေါ်လာ သန်း ၅၀ ကို အသစ်ထပ်မံထောက်ပံ့သွားပါမယ်လို့ ဆိုထားပါတယ်။


ကမ္ဘာ့ကုလသမဂ္ဂမှ လတ်တလောထုတ်ပြန်ခဲ့သည့် လူသားချင်းစာနာမှုဆိုင်ရာ လိုအပ်ချက်များအပေါ် ခြုံငုံသုံးသပ်ချက်အရ မြန်မာနိုင်ငံတွင် လူဦးရေ ၁၇ သန်းကျော် - လူသုံးဦးတွင် တစ်ဦးခန့် - သည် ယခု ၂၀၂၃ တွင် လူသားချင်းစာနာမှုဆိုင်ရာအထောက်အပံ့များကို လိုအပ်လျက်ရှိတယ်လို့ဆိုပါတယ်။


ယခုထောက်ပံ့မှုဖြင့် USAID သည် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်နှင့်အတူ ပဋိပက္ခဖြစ်ပွားလျက်ရှိသော ပြည်နယ်များမှ လူပေါင်း ၇၅၀,၀၀၀ ကျော်ကို အာဟာရချို့တဲ့မှု ကုစားရန်နှင့် ကာကွယ်ရန် ကူညီနိုင်မှာဖြစ်ပါတယ်။ ယခုထောက်ပံ့မှုတွင် လစဉ်စားနပ်ရိက္ခာခွဲတမ်းများပေးအပ်ခြင်းနှင့် အသက်ငါးနှစ်အောက်ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် နို့တိုက်မိခင်များအတွက် အာဟာရဖြစ်စားသုံးကုန်များပေးအပ်ခြင်းများ ပါဝင်ပါတယ်။


========================


📌📌 ၇။ ရေဦးမြို့နယ်အတွင်း စကစတပ်က နေအိမ်ပေါင်း ၃၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက် ဆောင်းတွင်းကာလ လူနေ ယာယီအဆောက်အဦများ အမြန်လိုအပ်နေ


ရေဦးမြို့နယ်အတွင်း စကစတပ်က နေအိမ်ပေါင်း ၃၀၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး မီးဘေးသင့်ပြည်သူများအတွက် ဆောင်းတွင်းကာလ လူနေ ယာယီအဆောက်အဦများ အမြန်လိုအပ်နေတယ်လို့ဆိုပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာ ရေဦးမြို့နယ်အမတ် ဦးမြင့်ထွေးက အသိပေးဆိုထားပါတယ်။


"စကစတပ်များ လူမဆန်စွာ ရေဦးမြို့နယ်အတွင်း ပြည်သူ့တို့၏ နေအိမ်ပေါင်း (၃၁၇၁)လုံး၊ ကျေးရွာပေါင်း(၅၀)တိတိကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယခုလအထိ မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ပြည်သူတို့အနေဖြင့် ဆောင်းတွင်းကာလအမြန် လူနေဖြစ်ရုံ ယာယီအဆောက်အဦများ လိုအပ်ပါတယ်"လို့ဆိုပါတယ်။


ပြည်သူမှပြည်သူသို့ ကူညီပေးကြပါရန် တိုက်တွန်းပန်ကြားထားပြီး (PDF/ပကဖ/ပအဖ နှင့် ပြည်သူတို့ ပူးပေါင်းဆောင်ရွက်နေသော်လည်း လုံလောက်သည့် အခြေအနေမရှိသေးဘူးလို့သိရပါတယ်။


========================


📌📌 ၈။ ဟားခါးမြို့ ၂၆၆ တပ်ရင်းမှ တပ်သားနှစ်ဦးသေနတ်တစ်လက် အပါအဝင် ဗုံးများ၊ မိုင်းများယူဆောင်လာ၍ ပြည်သူ့ရင်ခွင်ဝင်လာ


ချင်းပြည်နယ် ဟားခါးမြို့ ၂၆၆ တပ်ရင်းမှ တပ်သားနှစ်ဦးသေနတ်တစ်လက် အပါအဝင် ဗုံးများ မိုင်းများယူဆောင်လာ၍ ပြည်သူ့ရင်ခွင်ဝင်လာတယ်လို့ သိရပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာ CDF Senthang ကအသိပေးဖော်ပြဆိုပါတယ်။


"ဖေဖော်ဝါရီ ၁၆ ရက် ဟားခါးမြို့ ၂၆၆ တပ်ရင်းမှ တပ်သားနှစ်ဦး M A2 သေနတ်၁လက်၊ ကျည်၊ ဗုံးသီး၊ နင်းမိုင်း၊ ထောင်မိုင်းနဲ့ ပြည်သူ့ရင်ခွင်သို့ လာရောက်ပူးပေါင်းလာတယ်"လို့ဆိုပါတယ်။ အဆိုပါတပ်သားနှစ်ဦးကို ထိုက်တန်သော ဆုကြေးငွေချီးမြှင့်၍ လုံခြုံသောနေရာဒေသ သို့ပို့ဆောင်ပြီးဖြစ်တယ်လို့ သိရပါတယ်။


========================


📌📌 ၉။ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ပလိုင်းရွာနှင့်ရေတော်မူရွာတို့ကို အကြမ်းဖက်စကစဘက်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ပလိုင်းရွာနှင့် ရေတော်မူရွာတို့ကို အကြမ်းဖက်စကစဘက်မှ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာ စကစတပ်များကရွာကို မီးရှို့ခဲ့တာလို့ Shwebo Freedom Force ကအသိပေးဆိုပါတယ်။ 


"ဖေဖော်ဝါရီ၁၆ရက်မှာ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းရှိ ပလိုင်းရွာနှင့်ရေတော်မူရွာတို့ကို အကြမ်းဖက်စကစဘက်မှ ခြေလျင်အင်းအားအလုံးအရင်းနှင့် စစ်ကြောင်းထိုးပီး ပြည်သူပိုင် အိုးအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်"လို့ဆိုပါတယ်။ လက်ရှိပလိုင်းကျေးရွာရှိ စာသင်ကျောင်းထဲတွင် စကစတပ်က အင်အား (၁၀၀) ကျော်ခန့်အင်အား တိုးထားတယ်လို့သိရပါတယ်။


========================


📌📌 ၁၀။ လက်ပံတန်းမြို့နယ်တွင် လောင်းကစားဝိုင်းများ ဦးဆောင်ပြုလုပ်‌နေသော ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရ


လက်ပံတန်းမြို့နယ်တွင် လောင်းကစားဝိုင်းများဦးဆောင်ပြုလုပ်‌နေသော ပျူစောထီးခေါင်းဆောင် ပစ်ခတ်ခံရတယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာ ပဲခူးတိုင်းစစ်ဒေသခွဲက အသိပေးဖော်ပြပါတယ်။


"ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ နတ်ဖန်ကွင်းကျေးရွာအုပ်စု၊ ရွှေကြို့ပင်ကျေးရွာမှ ပျူစောထီး ခေါင်းဆောင် ကြီးမြင့်()ကတုံးအား ရွှေကြို့ပင်ရွာအနီး လယ်ကွင်းပြင်၌ လောင်းကစားဝိုင်းများ ဦး‌ဆောင်ပြုလုပ်နေစဉ် ဖေဖော်ဝါရီ(၁၄)ရက်နေ့ (၁၀)နာရီ‌ကျော်ခန့်တွင် လက်ပံတန်းမြို့နယ် ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ဒေါင်းလေးတပ်ဖွဲ့) နှင့် သာယာဝတီ(ခရိုင်) ဂဠုန်တပ်ဖွဲ့  (အဖွဲ့-) တို့ ပူးပေါင်း၍ နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သေနတ်ဖြင့်()ချက် ပစ်ခတ်ခဲ့တယ်"လို့ဆိုပါတယ်။


ပျူစောထီးခေါင်းဆောင် ကြီးမြင့်()ကတုံးသည် သေနတ်ဒဏ်ရာ အပြင်းအထန်ရရှိခဲ့ပြီး သာယာဝတီဆေးရုံမှတဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီ (၁၅) ရက်နေ့တွင် အထူးစိုးရိမ်ရလူနာအဖြစ် ပို့ဆောင်လိုက်တယ်လို့သိရပါတယ်။ ကြီးမြင့်()ကတုံးသည် ပျူစောထီးအဖွဲ့ဝင်(၅၇)ဦး၏ ခေါင်းဆောင်ဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်‌ရေးသပိတ်‌တိုက်ပွဲကာလအတွင်း တော်လှန်သောပြည်သူများကို မှတ်တမ်းယူ၍ စစ်ကောင်စီထံပေးပို့ကာ ဖမ်းဆီးရန် စေခိုင်းခဲ့သူဖြစ်ပါတယ်။


========================


📌📌 ၁၁။ Federal Revolution Force မှထုတ်လုပ်လိုက်တဲ့ ၆၀ မမစိန်ပြောင်းများ ကျပေါက်စနစ်... အကွာအဝေး ၁၂၀၀ ကိုက်မှ ၁၄၀၀ ကိုက်... ထိခိုက်ဧရိယာရှိကြောင်း အာမခံ


Federal Revolution Force မှထုတ်လုပ်လိုက်တဲ့ ၆၀ မမစိန်ပြောင်းများ ကျပေါက်စနစ်... အကွာအဝေး ၁၂၀၀ ကိုက်မှ ၁၄၀၀ ကိုက်... ထိခိုက်ဧရိယာရှိကြောင်း အာမခံရှိတယ်လို့ သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၅ မှာ Federal Revolution Force က အသိပေးဆိုပါတယ်။


"Federal Revolution Force မှထုတ်လုပ်လိုက်တဲ့ ၆၀မမစိန်ပြောင်း၊ ထိပ်ဖူး၊ လက်ပစ်မိုင်း၊ ရှေ့ထွက်မိုင်း ပစ္စည်းတွေအားလုံးရဲ့အာမခံချက်က ပထမဆုံး အရေးကြီးတဲ့ စည်းကမ်းချက်တွေအတိုင်း အသုံးပြုရင် အသုံးပြုသူအတွက် ထိခိုက်မှု လုံးဝမဖြစ်နိုင်တဲ့အကြောင်း ၁၀၀% အာမခံချက်ပေးပါတယ်။ ၆၀ မမ စိန်ပြောင်း... ကျပေါက်စနစ်... အကွာအဝေး ၁၂၀၀ကိုက်မှ ၁၄၀၀ကိုက်... ထိခိုက်ဧရိယာ ပတ်လည် ၂၀ ပေ(အချင်း၄၀ပေအကျယ်အဝန်း) ထိရောက်မှုရှိပါတယ်"လို့ဆိုပါတယ်။


Federal Revolution Force အဖွဲ့အနေနဲ့ ထုတ်လုပ်ရေးကို အဓိကထားလုပ်ဆောင်နေပြီး ဗုံးသီးများလည်း ထုတ်လုပ်နေတယ်လို့သိရပါတယ်။


========================


📌📌 ၁၂။ ဝေဟင်ပစ်ကူ တိုက်ခိုက်ရေးလေယာဉ်ငယ်ကမ်ပိန်းမှတိုက်ခိုက်ရေးလေယာဉ်ငယ်များ စီးစာ ကျပ်သိန်း ၃၀၀ ရရှိခဲ့


ဝေဟင်ပစ်ကူ တိုက်ခိုက်ရေးလေယာဉ်ငယ်ကမ်ပိန်းမှ တိုက်ခိုက်ရေးလေယာဉ်ငယ်များ စီးစာ ကျပ်သိန်း ၃၀၀ ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ၁၆ ရက်မှာဝေဟင်ပစ်ကူ တိုက်ခိုက်ရေးလေယာဉ်ငယ် Drone ထုတ်လုပ်မှု့အတွက် ကျပ် ၁၀၀၀ campaign တစ်ပတ်စာ ရရှိငွေရှင်းတမ်းကို People’s Voices က အသိပေးဆိုပါတယ်။


"တိုက်ခိုက်ရေးလေယာဉ်ငယ်များ တစီးစာတွက် ကုန်ကျငွေ ကျပ်သိန်း ၆၀(USD 2000) နှုန်းဖြင့် စီးစာ ကျပ်သိန်း ၃၀၀ ရရှိခဲ့ပါတယ်။ ဒါ့အပြင် ကျပ် ၁၀၀၀ campaign မှ ထောက်ပို့ငွေ ထည့်ဝင်သူ ၁၆၀ ဦးရှိခဲ့တယ်"လို့ဆိုပါတယ်။


Drone ထုတ်လုပ်ရေးအတွက် ကောက်ခံရရှိငွေ အားလုံးဆိုရင် ကျပ် ၃၈၆ သိန်းကျော်ရှိကာ စစ်ရေးအခြေနေအရ အမြန်တပ်ဆင်ဖို့ လိုတဲ့အတွက် ရရှိငွေထဲမှ ကျပ်သိန်း ၃၀၀ ကိုလည်း သက်ဆိုင်ရာ ထုတ်လုပ်ရေးတာဝန်ရှိသူများထံ ကနဦး လွှဲပြောင်းပြီး ဖြစ်ကြောင်း People’s Voicesက အသိပေးဖော်ပြပါတယ်။ ထို့အပြင်ကျပ် ၁၀၀၀ campaign ကိုလည်း ၁၂ ရက် လုပ်မှာ ဖြစ်တဲ့အတွက် ကျန်တဲ့ ရက် မှာ ပြည်သူများဆက်လက်ပါဝင်နိူင်ကြောင်းလည်းသိရပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment