5th FEB 2023 - Evening Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းမှုဟာ မအောင်မြင်ဘဲ ဘက်ပေါင်းစုံက ကျရှုံးနေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား

📌 ၂။ နွေဦးတော်လှန်ရေးကို NUGကအချိန်ဆွဲမထားဘူးလို့ နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆို

📌 ၃။ PDF တွေအနေနဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေဝင်ရောက်ပါဝင်ခြင်းနဲ့ အခွန်ကောက်ခံခွင့်ကို လုံးဝခွင့်မပြုထားဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်

📌 ၄။ Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို) နောက်ဆုံးထပ်တိုး အခန်းများအားလုံးရောင်းကုန်

📌 ၅။ မြို့နယ်ပေါင်း၁၅မြို့နယ်မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့ရအောင် NUG ရဲ့ MOCIT ကအင်တာနက်များရရှိအောင် ဆောင်ရွက်ပေးခဲ့

📌 ၆။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်မှုများဟာ အကြမ်းဖက်စစ်အုပ်စုကိုယ်တိုင်မအုပ်ချုပ်နိူင်တော့ဘူးလို့ ဝန်ခံလိုက်တာဖြစ်တယ်လို့ဆို

📌 ၇။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် () အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဒေါနစစ်ကြောင်း၊ ချေမှုန်းရေးတပ်ခွဲ () အား တပ်စုဖွဲ့တာဝန်ပေးအပ်၍လက်နက်များတပ်ဆင်

📌 ၈။ အမေရိကန်နိူင်ငံ ဆန်ဖရန်ဘးဧရိယာ မြန်မာမိသားစုများ နွေဦးတော်လှန်ရေး နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒထုတ်ဖော်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းမှုဟာ မအောင်မြင်ဘဲ ဘက်ပေါင်းစုံက ကျရှုံးနေပြီလို့ ယာယီသမ္မတ ဒူဝါလရှီးလအသိပေးပြောကြား


ဖေဖော်ဝါရီ ရက်။


ဖေဖော်ဝါရီလ ရက်‌နေ့တွင်ပြုလုပ်သော ပြည်သူ့ခုခံတော်လှန်စစ် မေးကြဖြေကြမယ် Myanmar Global Townhall တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ယာယီသမ္မတ ဒူဝါလရှီးလကအခုလို‌ပြောကြားခဲ့ပါတယ်။


"ကျနော်တို့က လူထုရဲ့ အပူအပင်တွေကို ထပ်တူခံစားကြရမှာဖြစ်ပါတယ်။နွေဦးတော်လှန်ရေးဟာ ၂နှစ်တာ ကာလအတွင်းကိုရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ကျနော်တို့မှာ ေအာင်အောင်မြင်မြင် ခုခံတော်လှန်နိူင်တာတွေရှိသလို အပြီးတိုင်မတော်လှန်နိူင်သေးတာလည်းရှိနေပါတယ်။ဒါပေမယ့် ကျနော်တို့ရဲ့ ညီညွတ်မှု၊ပြင်းပြတဲ့ခုခံတော်လှန်မှုများကြောင့် အကြမ်းဖက် မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်အုပ်စုရဲ့ အာဏာသိမ်းမှုဟာ မအောင်မြင်သေးတာ အားလုံးအသိပဲ ဖြစ်ပါတယ်။ဒါ့အပြင် အကြမ်းဖက်စစ်အုပ်စုဟာ ဘက်ပေါင်းစုံကလည်း ကျရှုံး နေပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ရက်နေ့မှာ စစ်တပ် အာဏာလုယူမှုပေါ်ပေါက်ခဲ့ပြီး စစ်အာဏာရှင်ဆန့်ရေး လူထုလှုပ်ရှားမှုနဲ့အတူ နွေဦးတော်လှန်ရေးဟာ ပေါ်ပေါက်ခဲ့ပါတယ်။


========================


📌📌 ၂။ နွေဦးတော်လှန်ရေးကို NUGကအချိန်ဆွဲမထားဘူးလို့ နိူင်ငံခြားရေးဝန်ကြီးဒေါ်ဇင်မာအောင်ဆို


ဖေဖော်ဝါရီ ရက်။


ဖေဖော်ဝါရီ ရက်တွင် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ယူကေရောက် မြန်မာများ တွေ့ဆုံပွဲမှာ နွေဦးတော်လှန်ရေးနှင့်ပတ်သက်ပြီး ဝန်ကြီးကအခုလိုဆိုခဲ့ပါတယ်။


"တော်လှန်ရေးနဲ့ပတ်သက်လို့ ပြည်သူလူထုအနေနဲ့ စိတ်မပူစေချင်ဘူး။NUGက အချိန်ဆွဲထားမလားလို့ စိတ်မပူစေချင်ဘူး။ကျမတို့က အခုကိုနိူင်လိုက်ချင်ပြီ။နောက်တစ်ရက်ဆို နောက်တစ်ရက် ပြည်သူလူထု အသက်တွေ ရင်းနှီးပေးဆပ်နေရတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုများနယ်စပ်ဖြတ်ကျော် တိမ်းရှောင်မှု အလွန်များပြားလာပြီးအိမ်နီးချင်းနိူင်ငံများ၏ လဝကဥပဒေနဲ့ရင်ဆိုင်နေရကြောင်း၊NUGအစိုးရအနေနဲ့ အိမ်နီးချင်းနိူင်ငံများကို ညှိနှိုင်းသော်လည်း အဆင်ပြေချောမွေ့မှုမရှိသေးဘူးလို့ ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၃။ PDF တွေအနေနဲ့ အုပ်ချုပ်ရေးကိစ္စရပ်တွေဝင်ရောက်ပါဝင်ခြင်းနဲ့ အခွန်ကောက်ခံခွင့်ကို လုံးဝခွင့်မပြုထားဘူးလို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ပြောကြားလိုက်


ဖေဖော်ဝါရီ ရက်


ဖေဖော်ဝါရီလ၅ရက်‌နေ့တွင်ပြုလုပ်သော ပြည်သူ့ခုခံတော်လှန်စစ် မေးကြဖြေကြမယ် Myanmar Global Townhall တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကPDFများနှင့်ပတ်သက်ပြီးအခုလိုဆိုပါတယ်။


"PDF အနေနဲ့ အုပ်ချုပ်ရေးကိစ္စတွေမှာ လုံးဝပါဝင်ခွင့်မပြုပါဘူး။အုပ်ချုပ်ရေး ကိစ္စကအရပ်ဖက်က ဆောင်ရွက်ရမယ့် ကိစ္စဖြစ်တယ်။အဲဒီအတွက် အုပ်ချပြ်ရေးတာဝန်ယူနိူင်ဖို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်း ထူထောင်တာဖြစ်ပါတယ်။အုပ်ချုပ်ရေးနဲ့တွဲပြီးပါလာတာတော့ အခွန် ကောက်ခံတဲ့ကိစ္စတွေရှိတယ်။အခွန်ကောက်ခံတဲ့ ကိစ္စဆိုလည်းဒါစစ်ဖက်ရဲ့ကိစ္စမဟုတ်ဘူး။PDFတို့၊ပကဖတို့အခွန်ကောက်ခံခွင့်လုံးဝမပြုပါဘူး"လို့ဝန်ကြီးကဆိုပါတယ်။


လတ်တလောမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်းတပ်ဖွဲ့ပေါင်း၃၀၃ရင်းရှိပြီး မြို့နယ်ပကဖ အဖွဲ့ပေါင်း ၂၆၀ ရှိပြီဖြစ်ပါတယ်။


========================


📌📌 ၄။ Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို) နောက်ဆုံးထပ်တိုး အခန်းများအားလုံးရောင်းကုန်


ဖေဖော်ဝါရီ ရက်


Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို) နောက်ဆုံးထပ်တိုး အခန်းများအားလုံးရောင်းကုန်ပြီလို့ ဖေဖော်ဝါရီ၅ရက်မှာ EODကအသိပေးဖော်ပြခဲ့ပါတယ်။


"ပထမ ၇၇၀၊ ထပ်တိုး ၂၃၀ စုစုပေါင်း ကွန်ဒို အခန်း ၁၀၀၀..။ပြည်သူ့ လိုက်ပါမှုနဲ့ အောင်ပွဲဆင်နိုင်ခဲ့ပါတယ်"လို့စီမံ၊ဘဏ္ဍာဝန်ကြီး ဦးတင်ထွန်းနိူင်ကဆိုပါတယ်။


Spring Valour Condominium (ရဲရင့်နွေဦး ကွန်ဒို) နောက်ဆုံးထပ်တိုး အခန်းများ စုစုပေါင်း ၂၃၀ ရောင်းချပြီးစီးခဲ့တယ်လို့ EODကဖေဖော်ဝါရီ၅ရက်မနက်ပိုင်းမှာအသိပေးဆိုပါတယ်။ ဒါ့အပြင် ဖေဖော်ဝါရီ၁၁ရက်တွင်ဖွင့်လှစ်ရောင်းချပေးမည့် Spring Bliss (နွေဦးစံရိပ်မွန်) အိမ်ရာများတွင် ဆက်လက် ထောက်ပို့ပါဝင်ပေးကြပါရန် တိုက်တွန်းထားပါသေးတယ်။


========================


📌📌 ၅။ မြို့နယ်ပေါင်း၁၅မြို့နယ်မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့ရအောင် NUG ရဲ့ MOCIT ကအင်တာနက်များရရှိအောင် ဆောင်ရွက်ပေးခဲ့


ဖေဖော်ဝါရီ ရက်


မြို့နယ်ပေါင်း ၁၅ မြို့နယ်မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့ရအောင် အင်တာနက်များရရှိအောင် ဆောင်ရွက်ပေးခဲ့တယ်လို့ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကပြောပါတယ်။ ဖေဖော်ဝါရီ ရက်တွင်ပြုလုပ်‌တဲ့ ပြည်သူ့ခုခံတော်လှန်စစ် မေးကြဖြေကြမယ် Myanmar Global Townhall တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင်ကဆိုလိုက်တာဖြစ်ပါတယ်။


"အထူးသဖြင့် အင်တာနက် ဖြတ်တောက်ထားတဲ့ဒေသတွေမှာ အင်တာနက်ရရှိဖို့ကိုဆောင်ရွက်နေတာ အခုဆိုလို့ရှိရင် မြို့နယ်ပေါင်း၁၅မြို့နယ်မှာ အုပ်ချုပ်ရေးယန္တရား လည်ပတ်လို့ရအောင် ကျနော်တို့အနေနဲ့ အင်တာနက်ကိုပေးခဲ့တာ အခုဆိုဆက်သွယ်နိူင်ပြီဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


ဒါ့အပြင် ဆက်သွယ်ရေး၊ သတင်းအချက်အလက်နဲ့နည်းပညာဝန်ကြီးဌာနအနေဖြင့် သတင်းအချက်အလက်များဖလှယ်ခြင်းကိုလည်း ဝန်ကြီးဌာန အသီးသီးအပါအဝင် တော်လှန်ရေးအင်အားစုများနဲ့လည်း ဆောင်ရွက်နေတယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ စစ်အုပ်ချုပ်ရေး ထုတ်ပြန်မှုများဟာ အကြမ်းဖက်စစ်အုပ်စုကိုယ်တိုင်မအုပ်ချုပ်နိူင်တော့ဘူးလို့ ဝန်ခံလိုက်တာဖြစ်တယ်လို့ဆို


ဖေဖော်ဝါရီ ရက်


စစ်အုပ်ချုပ်ရေး ထုတ်ပြန်မှုများဟာ အကြမ်းဖက်စစ်အုပ်စုကိုယ်တိုင်မအုပ်ချုပ်နိူင်တော့လို့ ဝန်ခံလိုက်တာဖြစ်‌ကြောင်းကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ဖေဖော်ဝါရီ ရက်နေ့မှာ Radio NUG ကိုဖြေကြားခဲ့ပါတယ်။


  

(((((ဦးကျော်ဇော်-သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ))))



အကြမ်းဖက် စစ်တပ်ဟာ စစ်ကောင်စီကို ပြန်လည်ဖွဲ့စည်းပြီးနောက် ၃၇မြို့နယ်ကို စစ်အုပ်ချုပ်ရေး ထုတ်ပြန်ခဲ့ပါတယ်။


========================


📌📌 ၇။ တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် () အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဒေါနစစ်ကြောင်း၊ ချေမှုန်းရေးတပ်ခွဲ () အား တပ်စုဖွဲ့တာဝန်ပေးအပ်၍လက်နက်များတပ်ဆင်


ဖေဖော်ဝါရီ ရက်။


ဖေဖော်ဝါရီ ရက်မှာ ဒေါနစစ်ကြောင်းက လက်နက်များတပ်ဆင်ခဲ့မှုနှင့်ပတ်သက်ပြီးတရားဝင်သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဖေဖော်ဝါရီလ () ရက်နေ့က ကျင်းပခဲ့သော တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲအမှတ် () အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ ဒေါနစစ်ကြောင်း၊ ချေမှုန်းရေးတပ်ခွဲ () ရှိ ရဲဘော်များအား ဒေါနစစ်ကြောင်းမှူးမှ တပ်စုဖွဲ့တာဝန်ပေးအပ်ခြင်း နှင့် လက်နက်တပ်ဆင်ခြင်း အခမ်းအနားကျင်းပခဲ့တယ်လို့ဖော်ပြပါတယ်။


အခမ်းအနားအစီစဥ်တွင်  ဒေါနစစ်ကြောင်းမှ ရဲဘော်များက ပြည်သူ့ကာကွယ်ရေးတပ်မတော် အလံတော်ကို အလေးပြုခြင်းနှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော်၏ သစ္စာအဓိဌာန်အား ရွတ်ဆို၍ သစ္စာပြုခြင်း ၊ဒေါနစစ်ကြောင်း၏ စစ်ကြောင်းမှူးမှ ရဲဘော်များကို ဂုဏ်ပြုစကားပြောဆိုခြင်း၊ စစ်ဘက်ဆိုင်ရာကိစ္စများကို တိုးချဲ့ဆောင်ရွက်ရန်အတွက် ရဲဘော်အသီးသီးထံသို့ တာဝန်များပေးအပ်ခြင်း၊ ဒေါနစစ်ကြောင်းရှိ ဒု-စစ်ကြောင်းမှူးမှလည်း ရဲဘော်များကို လက်နက်များပေးအပ်ခြင်းတို့ဆောင်ရွက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


ထို့နောက် ဒေါနစစ်ကြောင်း၊ စစ်ဆင်ရေးတာဝန်ခံမှ စစ်အာဏာရှင်စနစ် အမြစ်ပြတ်ချေမှုန်းရေးအတွက် ဒေါနစစ်ကြောင်း ရဲဘော်များကို စစ်ဆင်ရေးနှင့်သက်ဆိုင်သော ကိစ္စများအား ရှင်းလင်းပြောကြားပြီးနောက် ရှေ့တန်းစစ်မြေပြင်တွင် ရွပ်ရွပ်ချွန်ချွန်ကြိုးစားတိုက်ပွဲဝင်ခဲ့သော ရဲဘော်များကိုလည်း ဂုဏ်ပြုဆုများပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၈။ အမေရိကန်နိူင်ငံ ဆန်ဖရန်ဘးဧရိယာ မြန်မာမိသားစုများ နွေဦးတော်လှန်ရေး နှစ်ပြည့် အထိမ်းအမှတ် ဆန္ဒထုတ်ဖော်


ဖေဖော်ဝါရီ ရက်


ဖေဖေါ်ဝါရီလ ရက်နေ့တွင် အမေရိကန်နိူင်ငံ ဆန်ဖရန်ဘးဧရိယာ မြန်မာမိသားစုများအနေဖြင့်နွေဦးတော်လှန်ရေး နှစ်ပြည့်အထိမ်းအမှတ် ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ အဆိုပါဆန္ဒထုတ်ဖော်ပွဲအခမ်းအနားများကို အမေရိကန်ပြည်ထောင်စုရောက် မြန်မာဖွားများက စုပေါင်းဆောင်ရွက်ခဲ့တာလို့ မခင်သီရိနန္ဒာစိုးကအခုလို‌ ပြောပါတယ်။


((((((မခင်သီရိနန္ဒာစိုး))))))



နွေဦးတော်လှန်ရေးမှာ ပြည်ပနိူင်ငံအသီးသီးရောက်ရှိနေတဲ့ မြန်မာများလည်း ငွေအား၊လူအားနဲ့ပါဝင်ခဲ့ကြတာ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment