5th FEB 2023 - Morning Daily News by Radio NUG


၂၀၂၃ ဖေဖော်ဝါရီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အိမ်နီးချင်းနိူင်ငံတွေနဲ့ အဆင်ပြေချောမွေ့အောင် ဆက်ဆံမယ်ဆိုတဲ့ မူဝါဒရှိပြီးသားဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင် သတင်းမီဒီယာစာမျက်နှာများအား အသိပေးကြေညာ

📌 ၃။ နွေဦးတော်လှန်ရေးမှာပြည်သူလူထုဆီက လာတဲ့ ရန်ပုံငွေတွေကြောင့်ပဲ ပြည်သူလူထုက အမျိုးသားညီညွတ်ရေးအစိုးရကို ပိုမိုထိန်းကျောင်းလာနိူင်တယ်လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို

📌 ၄။ အမှောင်ခေတ်တွင် ထင်ပေါ်ချင်၍ ပြည်သူကိုကောင်းကျိူး မပြုသောအဆိုတော်များကို အားမပေးကြနဲ့လို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက တိုက်တွန်း

📌 ၅။ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အား မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရာမှာ HPDF -124 မှ ရဲဘော်တစ်ဦးကျဆုံး

📌 ၆။ စိုင်နိုင်ကွေ့ မှ ရွှေဘိုဘက်ထွက်ခွာလာသော စကစတပ်များပါလာတဲ့ ၁၂ ဘီးကားတစ်စီးကို စိုင်နိုင်ကြီး စိုင်နိုင်လေးကြားအရောက် ပဒေသာမိုင်းများခွဲ၍တိုက်ခိုက်

📌 ၇။ နဘူးအိုင်မှ မြင်းခြံသို့ထွက်ခွာလာသော အိမ်စီးကားကို မိုင်းခွဲတိုက်ခိုက်ရာ စကစတပ်က နှစ်ဦးသေဆုံး

📌 ၈။ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကနင်ကမော့နှင့် အောင်သာယာကျေးရွာအကြား ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းဆီးရမိ

📌 ၉။ (နွေဦးစံရိပ်ငြိမ် - ) တောင်ဒဂုံနဲ့ (နွေဦးစံရိပ်မွန် - ) လှိုင်သာယာ အိမ်ရာစီမံကိန်းများကို EODစတင်မိတ်ဆက်အသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အိမ်နီးချင်းနိူင်ငံတွေနဲ့ အဆင်ပြေချောမွေ့အောင် ဆက်ဆံမယ်ဆိုတဲ့ မူဝါဒရှိပြီးသားဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


အိမ်နီးချင်းနိူင်ငံတွေနဲ့ အဆင်ပြေချောမွေ့အောင် ဆက်ဆံမယ်ဆိုတဲ့မူဝါဒရှိပြီးသားဖြစ်တယ်လို့ယာယီသမ္မတ ဒူဝါလရှီးလကဆိုပါတယ်။ ဖေဖော်ဝါရီလ () ရက်နေ့အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလနှင့် တွေ့ဆုံမေးမြန်းမှုတစ်ခုမှာ ယာယီသမ္မတက ဆိုခဲ့ပါတယ်။


"ကျနော်တို့အနေနဲ့ခံယူထားတာကလည်း အိမ်နီးချင်းနိူင်ငံတွေ၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းစသဖြင့် အိမ်နီးချင်းနိူင်ငံတွေနဲ့ အဆင်ပြေချောမွေ့အောင် ကျနော်တို့ ဆက်ဆံမယ်ဆိုတဲ့ မူဝါဒရှိပြီးသားဖြစ်ပါတယ်။ ဒါကြောင့် တရုတ်ပြည်သူ သမ္မတနိူင်ငံနဲ့လည်း ကျနော်တို့ကအတတ်နိူင်ဆုံး အဆင်ပြေအောင်၊ချောမွေ့အောင် ဆက်ဆံဖို့ရှိပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် တရုတ်နိူင်ငံနဲ့ NUG အစိုးရဟာ သတင်းဖလှယ်နေတာတွေရှိတယ်လို့လည်း ယာယီသမ္မတ ကဆိုပါတယ်။


========================


📌📌 ၂။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင် သတင်းမီဒီယာစာမျက်နှာများအား အသိပေးကြေညာ


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင် သတင်းမီဒီယာစာမျက်နှာများအား အသိပေးကြေညာလိုက်ပါတယ်။ ဖေဖော်ဝါရီ ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီကဖော်ပြပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ယခင်က အသုံးပြုခဲ့သော တွစ်တာစာမျက်နှာ :https://twitter.com/CrphMyanmar အစား https://twitter.com/CRPHinMyanmar ကို တရားဝင် အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ပြည်သူများအနေဖြင့် Follow လုပ်ထားပေးကြပါရန် မေတ္တာရပ်ခံ အသိပေးတင်ပြအပ်ပါတယ်လို့ဆိုထားပါတယ်။ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ၏ တရားဝင် Website ကိုလည်း အသစ်ပြုပြင်၍ ၃၀--၂၀၂၃ ရက်နေ့မှစပြီး www.crphmyanmar.org တွင် ထပ်မံထုတ်လွှင့်ခဲ့တယ်လို့ဖော်ပြပါတယ်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီအနေဖြင့် ပြည်သူများ သိသင့်သိထိုက်သော၊ မှန်ကန်သော သတင်းအချက်အလက်များကိုလည်း တရားဝင် စာမျက်နှာများမှတစ်ဆင့် အစီရင်ခံ တင်ပြလျက်ရှိတယ်လို့ထုတ်ပြန်ပါတယ်။


========================


📌📌 ၃။ နွေဦးတော်လှန်ရေးမှာပြည်သူလူထုဆီက လာတဲ့ ရန်ပုံငွေတွေကြောင့်ပဲ ပြည်သူလူထုက အမျိုးသားညီညွတ်ရေးအစိုးရကို ပိုမိုထိန်းကျောင်းလာနိူင်တယ်လို့ နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ဆို


နွေဦးတော်လှန်ရေးမှာပြည်သူလူထုဆီက လာတဲ့ ရန်ပုံငွေတွေကြောင့်ပဲ ပြည်သူလူထုက အမျိုးသားညီညွတ်ရေးအစိုးရကို ပိုမိုထိန်းကျောင်းလာနိူင်တယ်လို့နိူင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကပြောပါတယ်။ ဖေဖော်ဝါရီ ရက် NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင် နှင့် ယူကေရောက် မြန်မာများ တွေ့ဆုံပွဲမှာဝန်ကြီးကဆိုပါတယ်။


"ပြည်သူလူထုဆီက လာတဲ့ ရန်ပုံငွေတွေကြောင့်ပဲ ပြည်သူလူထုက ကျမတို့ကိုပိုမိုထိန်းကြောင်းလာနိူင်တယ်လို့မြင်တယ်။ ဒီတော်လှန်ရေးဟာ လူထုတော်လှန်ရေးဖြစ်တယ်။ လူထုတော်လှန်ရေးဖြစ်တဲ့အတွက် ပြည်သူလူထုက သူတို့လွတ်လပ်ခွင့်နဲ့လွတ်လပ်မှုတွေအတွက် အမြဲတမ်းပေးဆပ်နေတာဖြစ်တယ်။လုပ်အားနဲ့ပါဝင်နိူင်တဲ့လူကလုပ်အားပေးတယ်။အသက်ပေးနိူင်တဲ့လူက အသက်ပေးသွားတယ်။ဒီတော်လှန်ရေးဟာ ထူးကဲတဲ့တော်လှန်ရေးဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။ လက်ရှိမှာ အထူးငွေတိုက်စာချုပ်အပါအဝင် EODရှယ်ယာများ ရောင်းချရငွေမှ NUGအစိုးရဟာ အမေရိကန်ဒေါ်လာ သန်း၁၀၀ ကျော်ရရှိခဲ့ပြီးဖြစ်ပါတယ်။


========================


📌📌 ၄။ အမှောင်ခေတ်တွင် ထင်ပေါ်ချင်၍ ပြည်သူကိုကောင်းကျိူး မပြုသောအဆိုတော်များကို အားမပေးကြနဲ့လို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက တိုက်တွန်း


အမှောင်ခေတ်တွင် ထင်ပေါ်ချင်၍ ပြည်သူကို ကောင်းကျိူးမပြုသော အဆိုတော်များကို အားမပေးကြနဲ့လို့ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ပြည်သူလူထုကို တိုက်တွန်းလိုက်ပါတယ်။ ဖေဖော်ဝါရီ ရက်နေ့မှာ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းကတာဝန်ရှိသူတစ်ဦးက  ဖြေကြားခဲ့ပါတယ်။


"ဒီတစ်ခါမှာတော့ အမည်နာမတပ်ထားတာရယ်မဟုတ်ပဲ အခုလိုအမှောင်ခေတ်မှာ ထင်ပေါ်ချင်နေတဲ့ ဘား၊ကလပ်တွေအတွက် တိုက်ရိုက်သောလည်ကောင်း၊သွယ်ဝိုက်၍သော်လည်ကောင်း ကြော်ငြာပေးနေသော ဂီတရပ်ဝန်းအကုန်လုံးက အဆိုတော်များကို ဆိုလိုပါတယ်ရှင်"လို့ဆိုပါတယ်။ ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းလူ့မှုကွန်ရက်စာမျက်နှာတွင်လည်း"အမှောင်ခေတ်တွင် ထင်ပေါ်ချင်၍ ပြည်သူကိုကောင်းကျိူးမပြုသောအဆိုတော်များကို အားမပေးကြနှင့်"လို့ဖော်ပြထားပါတယ်။


========================


📌📌 ၅။ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အား မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရာမှာ HPDF -124 မှ ရဲဘော်တစ်ဦးကျဆုံး


စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်၊ရွှေပြည်အေးမြို့အား မြို့သိမ်းတိုက်ပွဲ ဆင်နွှဲရာမှာ HPDF -124 မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ရက် ခန္တီးခရိုင်တပ်ရင်း () ကအသိပေးဖော်ပြပါတယ်။


ဖေဖော်ဝါရီ ရက်နေ့မှ စတင်ကာ ဟုမ္မလင်းမြို့နယ်၊ ရွှေပြည်အေးမြို့အား ခန္တီးခရိုင်တပ်ရင်း() နှင့် PDF မဟာမိတ်တပ်ပေါင်းစုများမှ မြို့သိမ်းတိုက်ပွဲဆင်နွဲခဲ့ကြပါတယ် ရက်နေ့ထိ ရန်သူ၏ ရေ၊လေ၊ ကုန်း စစ်ကြောင်းကြီး သုံးကြောင်းဖြင့် ဆက်တိုက် ထိုးစစ်ဆင်ရာ တိုက်ပွဲတွင်  HPDF -124မှ ရဲဘော် နိုင်လူ အသက်(၂၆)နှစ် သည် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း နံနက်(၁၁) နာရီ အချိန်ခန့်က တိုက်ပွဲတွင်ဂုဏ်ရောင်ပြောင်စွာဖြင့် ကျဆုံးသွားခဲ့ပါတယ်"လို့ဆိုပါတယ်။


ရဲဘော် နိုင်လူအတွက်  ဟုမ္မလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့  HPDF-124 ရဲဘော်များအားလုံးမှ မိသားစုနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၆။ စိုင်နိုင်ကွေ့ မှ ရွှေဘိုဘက်ထွက်ခွာလာသော စကစတပ်များပါလာတဲ့ ၁၂ ဘီးကားတစ်စီးကို စိုင်နိုင်ကြီး စိုင်နိုင်လေးကြားအရောက် ပဒေသာမိုင်းများခွဲ၍တိုက်ခိုက်


စိုင်နိုင်ကွေ့ မှ ရွှေဘိုဘက်ထွက်ခွာလာသော စကစတပ်များပါလာတဲ့ ၁၂ ဘီးကားတစ်စီးကို စိုင်နိုင်ကြီးစိုင်နိုင်လေးကြားအရောက် ပဒေသာမိုင်းများခွဲ၍တိုက်ခိုက်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ရက်မှာ စစ်ရေးသတင်းကို ရွှေဘိုခရိုင်အမှတ် ၂၃ တပ်ရင်းကအတည်ပြုဆိုပါတယ်။


"ဖေဖော်ဝါရီ၄ရက်နံနက်၈နာရီအချိန်ခန့်တွင် စိုင်နိုင်ကွေ့ မှ ရွှေဘိုဘက်ထွက်ခွာလာသော ၁၂ဘီးကားတစ်စီးကို စိုင်နိုင်ကြီး စိုင်နိုင်လေးကြားအရောက် ရွှေဘိုခရိုင်အမှတ်၂၃တပ်ရင်းမှဗိုလ်နေမင်းနှင့်ဗိုလ်ရေးဝေးဦးဆောင်သောတပ်စုနှင့် ဒေသခံပကဖများမှပူးပေါင်း၍ ပဒေသာမိုင်း၆လုံးဖြင့်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


မိုင်းထိ၍  ၁၂ ဘီးကားလမ်းဘေးသို့ထိုးရပ်ကာ စက်လတ်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့၍ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ဆိုပါတယ်။ ဒေသခံပြည်သူများပြောကြားချက်အရ စကစတပ်က၃ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာရရှိသူအများအပြားရှိနိုင်ကြောင်းသိရပါတယ်။


========================


📌📌 ၇။ နဘူးအိုင်မှ မြင်းခြံသို့ထွက်ခွာလာသော အိမ်စီးကားကို မိုင်းခွဲတိုက်ခိုက်ရာ စကစတပ်က နှစ်ဦးသေဆုံး


နဘူးအိုင်မှ မြင်းခြံသို့ထွက်ခွာလာသော အိမ်စီးကားကို မိုင်းခွဲတိုက်ခိုက်ရာ စကစတပ်ကနှစ်ဦးသေဆုံးခဲ့ပါတယ်။ ဖေဖော်ဝါရီ ရက်နေ့မှာ စစ်ရေးသတင်းကို ရွှေခြံသားပြောက်ကြားတပ်ဖွဲ့ကဆိုပါတယ်။ 


"ဖေဖော်ဝါရီ၄ရက် မွန်းလွဲ ၁၂ နာရီ ၃၀အချိန် နဘူးအိုင်မှ မြင်းခြံသို့ထွက်ခွာလာသော အိမ်စီးကားလေးတစ်စီးသည် စကစတပ်က၆ဦးကိုတင်ဆောင်လာကြောင်း သတင်းအရရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ ပဒေသာမိုင်း၆လုံးတွဲဖြင့် နဘူးအိုင်-မြင်းခြံလမ်းပိုင်းတစ်နေရာတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။ မိုင်းထိ၍ စကစတပ်ကနှစ်ဦးသေပြီး ဒဏ်ရာရရှိခဲ့သူတွေလည်းရှိတယ်လို့ မြေပြင်သတင်းအရသိရှိခဲ့ပါတယ်။


========================


📌📌 ၈။ မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကနင်ကမော့နှင့် အောင်သာယာကျေးရွာအကြား ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းဆီးရမိ


မွန်ပြည်နယ်၊လမိုင်းမြို့နယ်ခွဲ၊ကနင်ကမော့နှင့်အောင်သာယာကျေးရွာအကြား ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးကို အရှင်ဖမ်းဆီးရမိခဲ့တယ်လို့သတင်းရရှိပါတယ်။ ဖေဖော်ဝါရီ ရက် မွန်းလွဲပိုင်း ရေးမှမော်လမြိုင်သို့ အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာသော Mark 2-ရွှေငါးအဖြူရောင်ကို စစ်ဆေးရန် ကားတားရာမှ အကြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးဗိုလ်ကြီးဆိုသူကို ဖမ်းမိခဲ့တယ်လို့ ရေးပြောက်ကျားတပ်ဖွဲ့ ကဆိုပါတယ်။


"မွန်ပြည်နယ်၊ လမိုင်းမြို့နယ်ခွဲ၊ ကနင်ကမော့နှင့် အောင်သာယာကျေးရွာအကြား၌ သတင်းအရစောင့်ဆိုင်းနေစဥ် ရေးမှမော်လမြိုင်သို့ အာရှလမ်းမကြီးအတိုင်းမောင်းနှင်လာသော Mark 2-ရွှေငါးအဖြူရောင်အားစစ်ဆေးရန် ရပ်တန့်ရာစတင်ပစ်ခတ်ပြီး ပြန်လှည့်မောင်းပြေးသဖြင့် YGF - ရေးပြောက်ကျားတပ်ဖွဲ့နှင့် ပူးပေါင်းအဖွဲ့တို့မှမိနစ် (30) ခန့်ဝိုင်းဝန်းပစ်ခတ်ခဲ့ကြပါတယ်။ ထိုသို့ပစ်ခတ်မှုကြောင့်ကားမှာလမ်းဘေးမြောင်းထဲသို့ထိုးကျသွားပြီး ကားပေါ်ပါအကြမ်းဖက်စကစတပ်ဖွဲ့ဝင် ၅ဦးမှထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာ ဗိုလ်ကြီးအဆင့်ရှိသူ(စိစစ်ဆဲ)အား လက်ရဖမ်းဆီးရမိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


 ကျန် ဦးမှာထွက်ပြေးလွတ်မြောက်သွားခဲ့ပြီး ကားအားသိမ်းဆည်းရန် ကြိုးစားခဲ့သော်လည်းအမြှောက်တပ် ၃၁၇ မှ လက်နက်ကြီး ပစ်ကူပေးခြင်း၊စစ်ကူများလိုက်တက်လာကြောင်းသတင်းရရှိသဖြင့်ကားအားမီးရှို့ဖျက်ဆီးခဲ့တာ်လို့ဆိုပါတယ်။


========================


📌📌 ၉။ (နွေဦးစံရိပ်ငြိမ် - ) တောင်ဒဂုံနဲ့ (နွေဦးစံရိပ်မွန် - ) လှိုင်သာယာ အိမ်ရာစီမံကိန်းများကို EODစတင်မိတ်ဆက်အသိပေး


(နွေဦးစံရိပ်ငြိမ် - ) တောင်ဒဂုံနဲ့ (နွေဦးစံရိပ်မွန် - ) လှိုင်သာယာ အိမ်ရာစီမံကိန်းများကို EODစတင်မိတ်ဆက်အသိပေးလိုက်ပါတယ်။ ဖေဖော်ဝါရီ ရက်နေ့မှာ EOD ကအသိပေးဖော်ပြပါတယ်။


"နွေဦးစံရိပ်ငြိမ် အိမ်ရာအစုတွေထဲမှာ တမူထူးခြားတယ်လို့ ပြောလို့ရတဲ့ အိမ်ရာကတော့ Spring Bliss - 2  ပဲလို့ဆိုရပါမယ်။ ယခင် ဖေါ်ဆောင်ရောင်းချထားတဲ့ နွေဦးအောင်လံမြေကွက်များနဲ့ ဆက်စပ်တည်ရှိနေမယ့် အိမ်ရာများ ဖြစ်လို့ပါ။ နွေဦးအောင်လံမြေကွက်များဆိုရင် ယနေ့အချိန်ထိ စုစုပေါင်း ဒေါ်လာ . သန်းကျော်ဖိုး ရောင်းချပေးထားရပြီး နေ့စဉ်နဲ့အမျှလည်း ဆက်လက်ဝယ်ယူနေကြဆဲဖြစ်ပါတယ်။နေရာကတော့ တောင်ဒဂုံမှာထိပ်တန်းလို့ ဆိုလို့ရမယ့် အမှတ်() လမ်းမကြီးနဲ့ ကျန်စစ်သားလမ်းဒေါင့်မှာ တည်ရှိနေတယ်"လို့ဆိုပါတယ်။ Dynamic ဖြစ်တဲ့ လူငယ်၊ လူလတ်တွေ အကြိုက်ဖြစ်ကာ မိသားစု သိုက်သိုက်ဝန်ဝန်းနေချင်တဲ့ လူတွေအတွက်လည်း သင့်လျော်တယ်လို့ဆိုထားပါတယ်။


"Spring Bliss -1 (နွေဦးစံရိပ်မွန် - ) လှိုင်သာယာ၊ လှိုင်သာယာလို့ ကြားလိုက်တာနဲ့ နွေဦးတော်လှန်ရေးအစဦးမှာ ဆန္ဒပြပွဲတွေ ခြိမ့်ခြိမ့်သဲ ဖေါ်ထုတ်ခဲ့ရာ၊ အဓမ္မဖြိုခွင်းမှုတွေကို ရွပ်ရွပ်ချွံချွံ တွန်းလှန်ရင်း ပြည်သူရာဂဏန်းမျှအသက်ပေးတိုက်ပွဲဝင်သွားခဲ့ကြတာတွေကို အရင်ဆုံးအောက်မေ့ရင်း လေးမြတ်ဦးညွှတ်မိပါတယ်။တော်လှန်ထောက်ပို့ပြည်သူများ ခွန်အားအပြည့်နဲ့ ထည့်ဝင်နိုင်ဖို့ ရောင်းချပေးမယ့် နွေဦးစံရိပ်မွန် - လှိုင်သာယာ ရဲ့စိတ်ဝင်စားဖွယ် အခင်းအကျင်းလေးများကို ရှင်းပြလိုက်ပါတယ်။ လှိုင်မြစ်ကမ်းနဲ့ တစ်ခေါ်စာ အကွာအဝေး၊ ဘုရင့်နောင်တံတားအဆင်း ဘယ်ဖက်၊ FMI City နဲ့ မျက်နှာချင်းဆိုင်မှာ တည်ရှိပါတယ်"လို့ဆိုပါတယ်။ လတ်တလောမှာ ဝယ်ယူလိုသူများအနေနဲ့ EOD ကိုယ်စားလှယ်များကို အမြန်ဆုံးဆက်သွယ်စာရင်းပေးသွင်းနိူင်ပြီဖြစ်ပါတယ်။


အခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment