၂၀၂၃ ဖေဖော်ဝါရီလ ၉ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။သူရဲကောင်း CDMerများအနေနဲ့အခက်အခဲတွေကြားကဆက်လက်ကြံ့ကြံ့ခံပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြား
📌 ၂။ စစ်ကောင်စီရဲ့ ယန္တရားကိုရပ်ပစ်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
📌 ၃။ နွေဦးတော်လှန်ရေးမှာ လက်နက်တော်လှန်ရေးတင်မက ခေတ်အဆက်ဆက်ရိုက်သွင်းခဲ့တဲ့ အတွေးအခေါ်တော်လှန်ရေး၊ သမိုင်းတော်လှန်ရေးတွေပါ တပေါင်းထဲသွားရမယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တူးခေါင်ဆို
📌 ၄။ NUG ကိုတရားဝင်အစိုးရအဖြစ် နိူင်ငံတကာအစိုးရများကအသိအမှတ်ပြုနိူင်ဖို့ကြိုးစားနေတယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဆို
📌 ၅။ စစ်ကောင်စီရဲ့ ပိုင်ဆိုင်မှုများလွှဲပြောင်းရန် UAE အစိုး ရထံ စစ်ကောင်စီက တိတ်တဆိတ် သံတမာန်စေလွှတ်ထားချိန်မှာ စစ်ကောင်စီ သံရုံးဖွင့်လှစ်ခွင့်ကို UAE အစိုးရကခွင့်ပြု
📌 ၆။ ဒီကနေ့ မနက်အစောပိုင်းချင်းပြည်နယ်ထန်တလန် ရဲစခန်းအား CDF နှင့် CNA သိမ်းပိုက်၍ဒရုန်းပစ်လက်နက်အပါအဝင် လက်နက် ၄၀ ကျော်သိမ်းဆည်းရရှိ
📌 ၇။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့အနီးပတ်ဝန်းကျင်က ထိတွေ့တိုက်ပွဲတွေကြောင့် ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ ခန့်ဟာ နေထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ ခိုလှုံနေကြရ
📌 ၈။ ရေဦးမြို့နယ်မှာ စကစတပ်များရမ်းသန်းပစ်ခတ်တဲ့လက်နက်ကြီးကြောင့် မုံတိုင်ပင်အုပ်စု ဇီးကန်ရွာတွင်ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ
📌 ၉။ စစ်တပ်ထုတ်ကုန်ကင်းစင်ရေး လှုပ်ရှားမှုလောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင်လုပ်ဆောင်
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။သူရဲကောင်း CDMerများအနေနဲ့အခက်အခဲတွေကြားကဆက်လက်ကြံ့ကြံ့ခံပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြား
ဖေဖော်ဝါရီ ၉ ရက်
သူရဲကောင်း CDMer များအနေနဲ့အခက်အခဲတွေကြားကဆက်လက်ကြံ့ကြံ့ခံပါဝင်ပေးကြဖို့ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းကဆိုပါတယ်။ ဖေဖော်ဝါ ရီလ ၈ ရက် ကျင်းပတဲ့CDM လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအ နားမှာ ပြည်ထောင်စုဝန်ကြီးချုပ်ကဆိုပါတယ်။
"ဒီကနေ့ နွေဦးတော်လှန်ရေး ဒီနေရာကိုရောက်လာတာဟာဆိုရင် အာဏာသိမ်းစစ်တပ်ရဲ့အရည်အသွေး ညံဖျင်းမှုသာမကဘဲ ကျနော်တို့ တော်လှန်ရေးရဲဘော်များ၊ CDM များရဲ့ အခန်းကဏ္ဍာဟာလည်း လွန်စွာမှ အရေးပါလှတယ်ဆိုတာ အထူးပြောနေဖို့မလိုလောက်အောင်အားလုံးသိရှိပြီး ဖြစ်ပါတယ်။ကျနော်တို့ရဲ့ သူရဲကောင်း CDMerများအနေနဲ့လည်း အခက်အခဲတွေကြားကဆက်လက်ကြံ့ကြံ့ခံပါဝင်ပေးကြဖို့ ကျနော့်အနေနဲ့တိုက်တွန်းလိုပါတယ်"လို့ဝန်ကြီးချုပ်ကဆိုပါတယ်။ ဒါ့အပြင် CDM များအနေနဲ့အခက်အခဲများရှိပါက သက်ဆိုင်ရာ Focalများကတဆင့်တက်ပြနိူင်ပြီး အရေးကြီးလျင်ကြီးသလို တတ်စွမ်းသမျှဖြည့်ဆည်းဆောင်ရွက်ပေးရန် လမ်းညွှန်ထားတယ်လို့ ဝန်ကြီးချုပ်ကထပ်လောင်းဆိုပါတယ်။
CDM လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအ နားကို CDMတစ်ထောင်ကျော်တက်ရောက်ခဲ့ပြီးအခမ်းအနားကို PSSTF က ဦးဆောင်ကျင်းပခဲ့ကာ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီမှ ဒေါ်ဖြူဖြူသင်းနှင့် အနုပညာရှင်များ၊ CDMဝန်ထမ်းများတက်ရောက်ခဲ့ကြပါတယ်။
========================
📌📌 ၂။ စစ်ကောင်စီရဲ့ ယန္တရားကိုရပ်ပစ်မယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးဆို
ဖေဖော်ဝါရီ ၉
စစ်ကောင်စီရဲ့ ယန္တရားကိုရပ်ပစ်မယ်လို့ CDM များကို ကိုယ်စားပြုကာပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကဆိုပါတယ်။ ဖေဖော်ဝါ ရီလ ၈ ရက် ကျင်းပတဲ့ CDM လှုပ်ရှားမှု ၂ နှစ်ပြည့် နှစ်ပတ်လည်နေ့ အခမ်းအ နားမှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။
"ဒီနေ့တော်လှန်ရေးကို အဆုံးထိတိုက်ရမှာကျနော်တို့တာဝန်ပါ။ဒီကနေ့ တိုက်ပွဲကို တိုက်ဖို့ရာ ကျနော်တို့ဆုံးဖြတ်ပြီးသားဖြစ်တယ်။စစ်ကောင်စီကိုဖယ်ရှားမယ်။စစ်ကောင်စီရဲ့ ယန္တရားကိုရပ်မယ်။စစ်ကောင်စီ ယန္တရားမရှိတော့တဲ့နေရာတွေမှာ CDM တွေကပါဝင်မယ်"လို့ဝန်ကြီးကဆိုပါတယ်။ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်အာဏာလုယူမှု ဖြစ်ပွားပြီးနောက်ပိုင်း စစ်အာဏာရှင် ဆန့်ကျင်ရေး CDM လှုပ်ရှားမှုနဲ့အတူ ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းသိန်းနဲ့ချီပါဝင်ခဲ့ကြပါတယ်။
========================
📌📌 ၃။ နွေဦးတော်လှန်ရေးမှာ လက်နက်တော်လှန်ရေးတင်မက ခေတ်အဆက်ဆက်ရိုက်သွင်းခဲ့တဲ့ အတွေးအခေါ်တော်လှန်ရေး၊ သမိုင်းတော်လှန်ရေးတွေပါ တပေါင်းထဲသွားရမယ်လို့ပြည်ထောင်စုဝန်ကြီး ဒေါက်တူးခေါင်ဆို
ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တူးခေါင်က အခုလိုသုံးသပ်ပြောဆိုလိုက်ပါတယ်။
"သူများနိုင်ငံမှာ လူမျိုးစုပြည်နယ်တွေမရှိဘူး၊ မြန်မာတွေသဘောထားကြီးလို့ လူမျိုးစုပြည်နယ်တွေပေးထားတာပါလို့ တချို့ထင်တတ်ကြတယ်။ အမှန်က လာအို၊ ဗီယက်နာမ်၊ ကမ္ဘောဒီး နဲ့ ထိုင်း မြောက်ပိုင်း တွေဟာ အရင််က အင်ဒိုချိုင်းနားနယ် (ပြင်သစ်ကိုလိုနီနယ်) တခုထဲမှာ နိုင်ငံတခုလို အစိုးရ အုပ်ချုပ် ယန္တရားတခုထဲမှာ ရှိနေခဲ့တာပါ။ ကျနော်တို့မှာရှိတဲ့ ရှမ်း၊ ကချင်၊ ချင်း တောင်တန်း တွေ လို သီခြားလွတ်လပ်တဲ့တောင်တန်းဒေသ (Hill tribes regulation) နဲ့ အိန္ဒိယ အစိုးရအောက် ပြည်နယ်တခုအနေနဲ့ရှိခဲ့တဲ့ ဗမာပြည် (Proper Burma) နဲ့ တောင် အခြေအနေကွာသေးတယ်၊ မတူဘူး။ ကယား ဆိုတာလဲ လွတ်လပ်ရေးမရခင်ထိ သီးခြားလွတ်လပ်တဲ့ နိုင်ငံ တခုပါပဲ။ ဆိုလိုချင်တာက ကျနော်တို့က သူတို့လို နိုင်ငံ တခု အနေနဲ့တောင် မရှိခဲ့ဖူးဘူး။ဒီတော်လှန်ရေးမှာ လက်နက်တော်လှန်ရေးတင်မက ခေတ်အဆက်ဆက်ရိုက်သွင်းခဲ့တဲ့ အတွေးအခေါ်တော်လှန်ရေး၊ သမိုင်းတော်လှန်ရေးတွေပါ တပေါင်းထဲသွားရမဲ့ တော်လှန်ရေး ဖြစ်တာကြောင့် ကြန့်ကြာနိုင်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။
ဒါ့အပြင် ပင်လုံစာချုပ်ဆိုတာ ဟောင်းသွားရိုးထုံစံ မရှိဘူးလို့ ဝန်ကြီးကထပ်လောင်းဆိုထားပါတယ်။
========================
📌📌 ၄။ NUG ကိုတရားဝင်အစိုးရအဖြစ် နိူင်ငံတကာအစိုးရများကအသိအမှတ်ပြုနိူင်ဖို့ကြိုးစားနေတယ်လို့ NUG လူ့အခွင့်ရေးရာဝန်ကြီးဆို
ဖေဖော်ဝါရီလအတွင်းတွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းကNUGကိုတရားဝင်အစိုးရအဖြစ်နိူင်ငံတကာအစိုးရများကအသိအမှတ်ပြုနိူင်ဖို့ကိစ္စနှင့်ပတ်သက်ပြီးအခုလို ပြောဆိုထားပါတယ်။
"ကျနော်တို့ဖြစ်ချင်တာ၊ ကျနော်တို့ရည်မှန်းတာကတော့ NUGကိုတရားဝင်အစိုးရအဖြစ်အသိအမှတ်ပြု ဖို့ပါ။အခုထိတော့နိူင်ငံတွေကနေ အစိုးရအဖြစ်အသိအမှတ်ပြုတဲ့အဆင့်မရောက်နိူင်သေးဘူး။မရောက်ဘူးလားဆိုတော့ ရောက်နိုင်ဖို့လည်း ကျနော်တို့ကြိုးစားနေတယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ ဂျပန်၊ ကိုရီးယား၊ သြစတြေးလျနိူင်ငံ၊ ချက်နိူင်ငံ၊ ပြင်သစ်နိူင်ငံ၊ အမေရိကန်နိူင်ငံတို့မှာ NUGအစိုးရ ကိုယ်စားလှယ်ရုံးများ ဖွင့်လှစ်နိူင်ခဲ့ပြီဖြစ်ပါတယ်။
========================
📌📌 ၅။ စစ်ကောင်စီရဲ့ ပိုင်ဆိုင်မှုများလွှဲပြောင်းရန် UAE အစိုး ရထံ စစ်ကောင်စီက တိတ်တဆိတ် သံတမာန်စေလွှတ်ထားချိန်မှာ စစ်ကောင်စီ သံရုံးဖွင့်လှစ်ခွင့်ကို UAE အစိုးရကခွင့်ပြု
စစ်ကောင်စီရဲ့ ပိုင်ဆိုင်မှုများလွှဲပြောင်းရန် UAE အစိုး ရထံ စစ်ကောင်စီက တိတ်တဆိတ် သံတမာန်စေလွှတ်ထားချိန်မှာ စစ်ကောင်စီ သံရုံးဖွင့်လှစ်ခွင့်ကို UAE အစိုးရကခွင့်ပြုလိုက်တယ်လို့ ဖေဖော်ဝါရီလအတွင်း ခိုင်လုံသော ပြည်တွင်းသတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။
"စင်ကာပူ နှင့်ထိုင်းတို့မှ တပ်နှင့်ပတ်သက်သောစီးပွါးရေးများ ဘဏ်အကောင့်များပိတ်ဆို့လာမှု့ကြောင့် စစ်ကောင်စီမှ UAE နိုင်ငံ ကို ၎င်း တို့ ပိုင်ဆိုင်မှု့များ ရွှေ့ပြောင်းနိုင်ရန် များမကြာမီက ပူးတွဲသံအမတ်အဖြစ်ခန့်အပ်ခဲ့သော ဆော်ဒီသံအမတ်ကြီး ဦးတင်ယုနှင့် သံအဖွဲ့ဝင်များကို တိတ်တစ်ဆိတ်စေလွှတ်ကာ သံတမာန်ဆက်ဆံရေးကိုတည်ဆောက်ခဲ့တာလို့"သတင်းရရှိပါတယ်။
လတ်တလောမှာ UAE နိူင်ငံတွင် စကစရဲ့ တရားဝင်သံရုံးကို UAE အစိုးရက ခွင့်ပြုလိုက်တယ်လို့ အခိုင်အမာသတင်းရရှိပါတယ်။ သံရုံးဖွင့်လှစ်နိူင်ရန်Golding land travel agencyကလိုက်လံကူညီဆောင်ရွက်ပေးနေတယ်လို့သိရပါတယ်။
========================
📌📌 ၆။ ဒီကနေ့ မနက်အစောပိုင်းချင်းပြည်နယ်ထန်တလန် ရဲစခန်းအား CDF နှင့် CNA သိမ်းပိုက်၍ဒရုန်းပစ်လက်နက်အပါအဝင် လက်နက် ၄၀ ကျော်သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ ၉
ဒီကနေ့ မနက်အစောပိုင်းမှာချင်းပြည်နယ် ထန်တလန် ရဲစခန်းအား CDF နှင့် CNA သိမ်းပိုက်၍ဒရုန်းပစ်လက်နက်အပါအဝင် လက်နက် ၄၀ကျော်သိမ်းဆည်းရရှိခဲ့ကြောင်းကို ဖေဖော်ဝါရီ ၉ ရက် မနက်တစ်နာရီအချိန်မှာ အတည်ပြုဖော်ပြပါတယ်။
ဖေဖော်ဝါရီလ ၈ ရက် ည ၁၀နာရီလောက်မှာ ထန်တလန်မြို့လယ် ဇုန်မွှန်ရပ်ကွက်က အဲ့ဒီရဲစခန်းကို CDFနဲ့ CNA တပ်ဖွဲ့၀င်တွေက ၀င်ရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါတယ်။ စခန်းသိမ်းတိုက်ပွဲမှာ CNA ဒုဗိုလ်တစ်ဦးကျဆုံးခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၄ဦး သေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဖြစ်စဥ်တွင်စခန်းတခုလုံးကို သိမ်းဆည်းမိကာဒရုန်းပစ်လက်နက်အပါအဝင် လက်နက် ၄၀ကျော် ရရှိခဲ့တယ်လို့သိရပါတယ်။
========================
📌📌 ၇။ ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့အနီးပတ်ဝန်းကျင်က ထိတွေ့တိုက်ပွဲတွေကြောင့် ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ ခန့်ဟာ နေထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ ခိုလှုံနေကြရ
ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့အနီးပတ်ဝန်းကျင်က ထိတွေ့တိုက်ပွဲတွေကြောင့် ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ ခန့်ဟာ နေထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ ခိုလှုံနေကြရတယ်လို့ UNOCHA Myanmar က ထုတ်ပြန်ခဲ့ပါတယ်။
"၂၀၂၂ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းကစပြီး ကြာအင်းဆိပ်ကြီးမြို့နယ်နဲ့အနီးပတ်ဝန်းကျင်မှာ စစ်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားနေတာကြောင့် ကရင်ပြည်နယ်အတွင်း လုံခြုံရေးနဲ့လူသားချင်းစာနာမှုဆိုင်ရာအခြေအနေတွေက စိုးရိမ်စရာဖြစ်နေပါတယ်။ တိုက်ပွဲတွေကြောင့် ကျေးရွာ ၂၀ က လူဦးရေ ၁၇,၀၀၀ ခန့်ဟာ နေရပ်စွန့်ခွာတိမ်းရှောင်နေရပြီး လက်ရှိမှာ ထိုင်း-မြန်မာနယ်စပ်အနီးက တောတောင်တွေထဲမှာ ခုံလှုံနေကြရကာ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အမိုးအကာအကူအညီတွေ အရေးပေါ်လိုအပ်လျက်ရှိပါတယ်"လို့ဖော်ပြပါတယ်။
၂၀၂၃ခုနှစ် ဇန်နဝါရီလ ၃၀ ရက်နေ့အထိ ကုလသမဂ္ဂနောက်ဆုံးကိန်းဂဏန်းတွေအရ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းမှာ အိုးအိမ်စွန့်ခွာနေထိုင်ရသူဦးရေ ၃၆၁,၀၀၀ အထိများပြားလာပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းမှာတော့ ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၅ သန်းကျော် ရှိလာပြီဖြစ်ပြီး ဒီအထဲကမှ လူဦးရေ ၁ ဒသမ ၂ သန်းက ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့မလုံခြုံမှုတွေကြောင့် နေရပ်စွန့်ခွါထွက်ပြေးကြရသူတွေ ဖြစ်ပါတယ်။
========================
📌📌 ၈။ ရေဦးမြို့နယ်မှာ စကစတပ်များရမ်းသန်းပစ်ခတ်တဲ့လက်နက်ကြီးကြောင့် မုံတိုင်ပင်အုပ်စု ဇီးကန်ရွာတွင်ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရ
ရေဦးမြို့နယ်မှာ စကစတပ်များရမ်းသန်းပစ်ခတ်တဲ့လက်နက်ကြီးကြောင့် မုံတိုင်ပင်အုပ်စု ဇီးကန်ရွာတွင်ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးနှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရခဲ့တယ်လို့ဖေဖော်ဝါရီ ၉ ရက်နေ့မှာ ရေဦး ပကဖက စစ်ရေးသတင်းကို ထုတ်ပြန်ပါတယ်။
"စကစတပ်များ လက်နက်အားကိုးပြီး ပစ်ခတ်မူကြောင့် ၈ရက်နေ့ ညပိုင်းအချိန်တွင် မုံတိုင်ပင်အုပ်စု ဇီးကန်ရွာတွင် လက်နက်ကြီးကျရောက်ပေါက်ကွဲရာ အမျိုးသမီးနှစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရခဲ့ပါတယ်"လို့ဆိုပါတယ်။ ထို့အပြင်ရွာအတွင်းနွား ခြောက်ကောင် နှင့် လူနေအိမ်အချို့ပျက်ဆီးကြောင်း ပကဖ(ရေဦး)ကအတည်ပြုဆိုပါတယ်။
========================
📌📌 ၉။ စစ်တပ်ထုတ်ကုန်ကင်းစင်ရေး လှုပ်ရှားမှုလောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင်လုပ်ဆောင်
ဖေဖော်ဝါရီ ၉ ရက်
စစ်တပ်ထုတ်ကုန်ကင်းစင်ရေး လှုပ်ရှားမှုလောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင်လုပ်ဆောင်ခဲ့ပါတယ်။ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီကလုပ်ဆောင်ခဲ့တယ်လို့သတင်းရရှိပါတယ်။
"ယနေ့ ဖေဖော်ဝါရီ ၉ ရက်နေ့ မနက်ပိုင်းတွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ စည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီမှ ဦးဆောင်၍ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာ(၅)ရွာတွင် စစ်တပ်ထုတ် ကုန်ပစ္စည်းစာရင်းများအား ကျေးရွာအတွင်း ဓါတ်တိုင်များနှင့် လူစည်ကားသည့်နေရာများတွင် လိုက်လံကြေညာခြင်းဖြင့် စစ်တပ်ထုတ်ကုန်ကင်းစင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့တယ်"လို့ဖော်ပြပါတယ်။
စည်းရုံးလှုံ့ဆော်ရေးဆပ်ကော်မတီအနေဖြင့် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း ကျေးရွာပေါင်း(၁၇)ရွာနှင့် ကျေးရွာဈေးပေါင်း(၁၀)ဈေးသို့ သွားရောက်၍ စစ်တပ်ထုတ်ကုန် ရောင်းချခြင်း/ဝယ်ယူသုံးစွဲခြင်း မပြုကြရန် လူထုစည်းရုံးရေး အသိပညာပေးလှုပ်ရှားမှုများ ပြုလုပ်ခဲ့ပြီးဖြစ်ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment