11th MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ၁၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့လူမဆန်စွာ သတ်ဖြတ်မှုကြောင့် သေနေရတဲ့ပြည်သူတွေနဲ့ အတူမရှိတဲ့ နိုင်ငံရေးသမားများဟာ မြန်မာ့နိူင်ငံရေးမှာ အသက်ရှင်သန်မှာ မဟုတ်တော့တဲ့ နိုင်ငံရေး သေလူတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်

📌 ၃။ ပကဖ နဲ့ PDF ​ကို တသီးတခြားလို မြင်အောင်စကစလော်ဘီတွေက ရေးနေတာတွေရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဆို

📌 ၄။ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း ဝင်မဖြေတဲ့ သိန်းနဲ့ ချီတဲ့ သူတွေရဲ့ စွန့်လွှတ်စွန့်စားမှုကို အလေးအမြတ်ပြုတယ်လို့ဆို

📌 ၅။ ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေတွင် မြန်မာလုပ်သား ၆၆ ဦးနှင့် အိမ်ရှင်အား ဧည့်စာရင်းဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံရ

📌 ၆။ ပေါက်မြို့နယ်၊ ပျဉ်းချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက ညောင်ဝန်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးနှစ်ဦးသေဆုံး

📌 ၇။ မြင်းခြံမြို့နာရီစင်အနီးမှာ စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦးကို စကစတပ်က ပစ်ခတ်ရာ တစ်ဦးသေဆုံး

📌 ၈။ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ ရာအိမ်မှူး ပျူစောထီးနေအိမ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်ခံရ

📌 ၉။ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးမြို့ပေါ်တွင် လှုပ်ရှား


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များ တွေ့ဆုံဆွေးနွေး


ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မတ်လ ၁၀ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၀/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။ အစည်းအဝေးကို ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနိုင်ထွန်း()နိုင်သုဝဏ္ဏမှ  အဖွင့်အမှာစကား‌ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ဂန့်ဂေါခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ မှ ခရိုင်အတွင်း နယ်မြေကွင်းဆင်းစစ်ဆေးမှုများအပေါ်  လုပ်ငန်းဆောင်ရွက်မှုများ၊ အကြံပြုချက်၊ သုံးသပ်ချက်များကို ချပြရှင်းလင်းပြောကြားခဲ့ပြီးနောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့်  အခက်အခဲများနှင့် သိရှိလိုသည်များကို ဆွေးနွေးခဲ့ကြကာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများမှ ပြန်လည်‌ဖြေကြားခဲ့ကြပါတယ်။


အစည်းအဝေးသို့  ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့လူမဆန်စွာ သတ်ဖြတ်မှုကြောင့် သေနေရတဲ့ပြည်သူတွေနဲ့ အတူမရှိတဲ့ နိုင်ငံရေးသမားများဟာ မြန်မာ့နိူင်ငံရေးမှာ အသက်ရှင်သန်မှာ မဟုတ်တော့တဲ့ နိုင်ငံရေး သေလူတွေဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးပြောကြားလိုက်


အကြမ်းဖက်စစ်တပ်ရဲ့လူမဆန်စွာ သတ်ဖြတ်မှုကြောင့် သေနေရတဲ့ပြည်သူတွေနဲ့ အတူမရှိတဲ့နိုင်ငံရေးသမားများဟာ မြန်မာ့နိုင်ငံရေးမှာ အသက်ရှင်သန်မှာ မဟုတ်တော့တဲ့ နိုင်ငံရေး သေလူတွေဖြစ်တယ်လို့ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကပြောပါတယ်။ မတ်လ ၁၀ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။


" အကြမ်းဖက်စစ်တပ်ရဲ့ လူမဆန်စွာ သတ်ဖြတ်မှုကြောင့် သေနေရတဲ့ ပြည်သူတွေနဲ့ အတူမရှိတဲ့နိုင်ငံရေးသမားဟာ မြန်မာနိုင်ငံမှာ ဘယ်တော့မှ ပြည်သူလူထုရဲ့ မေတ္တာထောက်ခံမှုကို မရတော့မယ့် ဘယ်တော့မှ မြန်မာ့နိုင်ငံရေးမှာ အသက်ရှင်သန်မှာ မဟုတ်တော့တဲ့ နိုင်ငံရေးသေလူတွေပဲ ဖြစ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို နိုင်ငံရေးပါတီအချို့ဟာ ပြိုင်ဆိုင်ဖို့ ပါတီမှတ်ပုံတင် လျက်ရှိနေပါတယ်။


========================


📌📌 ၃။ ပကဖ နဲ့ PDF ​ကို တသီးတခြားလို မြင်အောင်စကစလော်ဘီတွေက ရေးနေတာတွေရှိတယ်လို့ ပြည်ထောင်စုဝန်ကြီးဒေါက်တာတူးခေါင်ဆို


ပကဖ နဲ့ PDF ​ကို တသီးတခြားလို မြင်အောင်စကစလော်ဘီတွေက ရေးနေတာတွေရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ဆိုပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ပြည်ထောင်စုဝန်ကြီးက သုံးသပ်ဆိုထားပါတယ်။


"စကစလော်ဘီတွေ ဗျူဟာခင်းတာတော်တော်ခရီးပေါက်နေပြီ၊ လိုင်းမကောင်း၊ အလုပ်မအားတဲ့ကြားက အွန်လိုင်းမကြည့်ဖြစ်တာကြာ၊ ကိုယ့်ဟာကိုယ်တော့တော်လှန်ရေးတော်တော်ခရီးပေါက်နေပြီလို့ ယူဆနေတာ၊ အွန်လိုင်းကမ္ဘာမှာ ပြည်သူတွေ စိတ်ဓါတ်ကျအောင်ရေးနေတဲ့ပိုစ့်တွေ ပလူပျံနေတာပဲ။ အချုပ်ပြောချင်တာ အဲ့တာတွေ တခုမှ မမှန်ဘူး ဆိုတာပဲ။ တချို့က သတင်းနှိုက်တာ၊ တချို့က အဖျက်အမှောက်လုပ်တာ၊ တချို့ဆိုရင် ပကဖ နဲ့ pdf ​ကို တသီးတခြားလို မြင်အောင်ရေးနေတာတွေရှိတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ တော်လှန်ရေးအင်အားစုတချို့နဲ့ တော်လှန်ရေးရဲဘော်တချို့ကလည်း NUGကို ဝေဖန်ထောက်ပြ ပြောဆို ရေးသားထားတာတွေလည်းရှိနေပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်း ဝင်မဖြေတဲ့ သိန်းနဲ့ ချီတဲ့ သူတွေရဲ့ စွန့်လွှတ်စွန့်စားမှုကို အလေးအမြတ်ပြုတယ်လို့ဆို


စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်းဝင်မဖြေတဲ့ သိန်းနဲ့ ချီတဲ့ သူတွေရဲ့ စွန့်လွှတ်စွန့်စားမှု ကို အလေးအမြတ်ပြုတယ်လို့ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဆိုပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ ဒုဝန်ကြီး ဦးမော်ထွန်းအောင်က ဆိုပါတယ်။


"သိန်းနဲ့ချီတဲ့ သူတွေရဲ့ စွန့်လွှတ်စွန့်စားမှုကို အလေးအမြတ်ပြုပါတယ်။ပညာရတနာ စစ်စစ်ကို ဘဝ တလျှောက်လုံး ဝန်မပိပဲ၊ ဝါသနာပါရာ အသက်မွေးဝမ်းကျောင်းနဲ့ ပြန်လှန်စီစစ် သင်ကြားခြင်းကို အားပေးတဲ့ ပညာရေး စနစ်သစ်တရပ် ပေါ်ပေါက်လာဖို့ မျှော်လင့်ရင်း ဝိုင်းကြိုးစားကြရအောင်"လို့ဆိုပါတယ်။ ယခုနှစ် စစ်ကောင်စီရဲ့ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုခြင်းမပြုတဲ့ ကျောင်းသား၊ ကျောင်းသူသိန်းနဲ့ချီ ရှိပါတယ်။


========================


📌📌 ၅။ ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေတွင် မြန်မာလုပ်သား ၆၆ ဦးနှင့် အိမ်ရှင်အား ဧည့်စာရင်းဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံရ


ထိုင်းနိုင်ငံ မဟာချိုင်နယ်မြေတွင် မြန်မာလုပ်သား ၆၆ဦးနှင့် အိမ်ရှင်အား ဧည့်စာရင်းဥပဒေဖြင့် ဖမ်းဆီးတရားစွဲခံရပါတယ်။ မတ်လ ၁၀ ရက်မှာ AAC ကိုရဲမင်းက အသိပေးဖော်ပြထားပါတယ်။


"ထိုင်းနိုင်ငံမှာ မြန်မာအများဆုံးနေထိုင်ရာ မဟာချိုင်နယ်မြေတွင် ထိုင်းလဝက(​တောမော)မှရှောင်တခင်ဝင်​​​ရောက်စစ်ဆေးပြီး မြန်မာလုပ်သား(66)ဦးနှင့် အိမ်ရှင်အား ဧည့်စာရင်းဥပဒေဖြင့် တရားစွဲခံရပါတယ်"လို့ဖော်ပြပါတယ်။


စာမွတ်ဆာခွန်ခရိုင် လဝက(တောမော) မှမြန်မာ လာအို ကမ္ဘောဒီးယားများနေထိုင်သည့်တိုက်ခန်းများအား ဝင်ရောက်ရှာဖွေ စစ်ဆေးခွင့်လက်မှတ်ဖြင့် စစ်ဆေးမှု စတင်နေတယ်လို့ သိရပါတယ်။ မတ်လအတွင်း တိုက်ခန်းကို ဝင်ရောက်စစ်ဆေးရာ လူဦးရေ မြန်မာလုပ်သားစုစုပေါင်း 66 ဦး နေထိုင်ပြီး အမျိုးသား 29 ဦး အမျိုးသမီး 37 ဦးနှင့်အိမ်ရှင်အား သတ်မှတ်ထားသော ဧည့်စာရင်းတိုင်ဥပဒေအား ချိုးဖောက်ကျူးလွန်သည်ဟုဆိုကာ စာမွတ်ဆာခွန်ခရိုင် လဝက (တောမော)မှ တည်ဆဲဥပဒေအရ တရားစွဲဆိုထားတယ်လို့သိရပါတယ်။


========================


📌📌 ၆။ ပေါက်မြို့နယ်၊ ပျဉ်းချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက ညောင်ဝန်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးနှစ်ဦးသေဆုံး


ပေါက်မြို့နယ်၊ ပျဉ်းချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်းမှာ တပ်စွဲထားတဲ့ အကြမ်းဖက်စစ်အုပ်စုက ညောင်ဝန်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးသမီးနှစ်ဦး သေဆုံးခဲ့ပါတယ်။ မတ်လ ၁၀ ရက်မှာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍ AAPPက ဖော်ပြပါတယ်။


"မတ်လ ရက်နေ့၊ နံနက် နာရီခန့်အချိန်တွင် မကွေးတိုင်း‌၊ ပေါက်မြို့နယ်၊ ပျဉ်းချောင်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ တပ်စွဲထားသည့် အကြမ်းဖက်စစ်အုပ်စု၏စစ်ကြောင်းက ညောင်ဝန်းကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဝင်ရောက်စီးနင်းခဲ့ရာ အဆိုပါ လက်နက်ကြီးကျည်မှာ ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်ကို ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အမျိုးသမီး နှစ်ဦး ကျည်စထိမှန်ပြီး သေဆုံးခဲ့ပါတယ်"လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၁၂၀) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၇။ မြင်းခြံမြို့နာရီစင်အနီးမှာ စိတ်ကျန်းမာရေးမကောင်းသူနှစ်ဦးကို စကစတပ်က ပစ်ခတ်ရာ တစ်ဦးသေဆုံး


မြင်းခြံမြို့နာရီစင်အနီးမှာ စိတ်ကျန်းမာရေး မကောင်းသူနှစ်ဦးကို စကစတပ်က ပစ်ခတ်ရာ တစ်ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ မတ်လ ၁၀ ရက်နေ့မှာ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးဆိုပါတယ်။


"ယမန်နေ့ည ၁၁ နာရီ‌ခန့်က မြင်းခြံမြို့နာရီစင်အနီးမှာ စိတ်ကျမ်းမာရေးမကောင်းသူ ()ဦးကို စကစတပ်များမှ ပစ်ခတ်ခဲ့ရာ ()ဦး သေဆုံးခဲ့ပြီး ၁ဦးထိခိုက်ခဲ့တယ်လို့သိရပါတယ်"လို့ဆိုပါတယ်။ သေဆုံးသူဟာ ဆန္ဒတော်ပြည့်ဘုရားရှေ့မှာ သီချင်းဆို၊ က နေလေ့ရှိတဲ့ စိတ်ကျမ်းမာရေးမကောင်းသူလို့ သိရပါတယ်။


========================


📌📌 ၈။ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ ရာအိမ်မှူး ပျူစောထီးနေအိမ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်ခံရ


သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ ရာအိမ်မှူး ပျူစောထီးနေအိမ်၌ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်ခံရပါတယ်။ မတ်လ ၁၀ ရက် ပဲခူးတိုင်းစစ်ဒေသခွဲ Bago PDFကအသိပေးဖော်ပြပါတယ်။


"ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် ထန်းပင်ကုန်းကျေးရွာရှိ ရာအိမ်မှူး ပျူစောထီးမျိုးဝင်းနေအိမ်၌ တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မတ်လ()ရက်နေ့ နံနက်(:၁၅)နာရီတွင် သာယာဝတီခရိုင် PDF တပ်ရင်း ၃၈၀၂၊ တပ်ခွဲ နှင့်  တပ်ခွဲ၅ တို့ပူးပေါင်း၍ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိုသို့ပစ်ခတ်ရာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုကို ဆက်လက် အတည်ပြုစုံစမ်းလျက်ရှိပါတယ်။ ရာအိမ်မှူး ပျူစောထီးမျိုးဝင်းသည် ၎င်းမိသားစုများအား ခမရ()ထဲသို့ ပြောင်းရွေ့နေထိုင်လျက်ရှိပြီး ၎င်း၏နေအိမ်အား အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့များကို ကင်းစခန်းအဖြစ် အသုံးပြုခွင့်ပေးထားခြင်း ဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၉။ စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးမြို့ပေါ်တွင် လှုပ်ရှား


စစ်အာဏာရှင်ဆန့်ကျင်ရေး လောင်းလုံးမြို့ပေါ်တွင် ထားဝယ်ခရိုင်ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီက လှုပ်ရှားခဲ့ပါတယ်။ မတ်လ ၁၀ ရက်နေ့ နေ့လည်တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့ပေါ်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။


ယင်းလှုပ်ရှားမှုကို အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီမှ အဓမ္မပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်သည့်အနေဖြင့်စစ်ကျွန်ဘဝက လွတ်မြောက်ဖို့ ဖက်ဆစ်ရွေးကောက်ပွဲကို တိုက်ဖျက်စို့ဘန်နာကိုင်စွဲ၍ ချီတက်ခဲ့ကြပါတယ်။ လှုပ်ရှားမှုပြုလုပ်ပြီး မိနစ်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲဝင်အင်အား ၂၀ ခန့်ထွက်လာပြီး ကား စီး၊ ဆိုင်ကယ် စီးဖြင့် လမ်းသွားလမ်းလာများအား ပိတ်ဆို့စစ်ဆေးခဲ့ကြောင်း သိရပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment