1st APL 2023 - Morning Daily News by Radio NUG


၂၀၂၃ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာတဲ့ လူထုတော်လှန်ရေးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို

📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး သွေးခွဲသပ်လျှိုမှုများပိုမိုပြင်းထန်လာမယ်လို့ဝန်ကြီးချုပ်ဆို

📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ်မှ တဆင့် (၁၅) တာ ကာလအတွင်း ဘဏ္ဍာငွေ ခန့်မှန်းအမေရိကန်ဒေါ်လာ (.၄၂) သန်း ရရှိခဲ့

📌 ၅။ CDM ပညာရေးဝန်ထမ်းများအတွက် အရေးပေါ် ကျန်းမာရေး ကူညီ ထောက်ပံ့ဖို့ရန်ကုန်မှာ ပြန်ဆုံဖို့ CDM တွေကို ဖေးကူစို့ရန်ပုံငွေ ကံစမ်းမဲ လက်မှတ် မဲအစောင်ရေ (၃၀၀၀)ရောင်းချပေးသွားမယ်

📌 ၆။ ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှာ စကစတပ်ဖွဲ့ဝင်ငါးဦးကိုအရှင်ဖမ်းဆီးရမိ

📌 ၇။ ဒီပဲယင်းမြို့နယ် အေးသာယာ(ပျံကျ) ရွာတွင် ကျန်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ပျံကျရွာကို မီးရှို့ဖျက်ဆီး

📌 ၈။ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇)တပ်အား KA KNDF တို့မှပူးပေါင်းတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင် (၁၅)ဦးနှင့်အထက် သေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာတဲ့ လူထုတော်လှန်ရေးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆို


နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက် လာတဲ့ လူထုတော်လှန်ရေးဖြစ်တယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလဆိုပါတယ်။ မတ်လ ၃၁ရက်မှာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် () နှစ်ပြည့် အခမ်းအနားတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလ ပြောပါတယ်။


"နွေဦးတော်လှန်ရေးဟာ လူထုရဲ့ လွတ်လပ်ခွင့်နဲ့ လူထုရဲ့ အကျိုးစီးပွားကို အခြေခံပြီး ပေါ်ထွက်လာတဲ့ လူထုတော်လှန်ရေးကြီးဖြစ်ပါတယ်။ အုပ်စုအကျိုးစီးပွားတွေနဲ့ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးမဟုတ်ဘူးဆိုတာကို ပြတ်ပြတ်သားသား နားလည်ထားကြဖို့ လိုပါတယ်။ အုပ်စုအသီးသီးရဲ့ အကျိုးစီးပွားအတွက် မဟုတ်ဘဲ လူထုရဲ့ လွတ်လပ်ခွင့်အတွက်သာ ကျွန်တော်တို့ဟာ တိုက်ပွဲဝင်နေခြင်းဖြစ်ပါတယ်။ လူထုရဲ့ အကျိုးစီးပွားအတွက်သာ တော်လှန်နေခြင်းဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အင်မတန် ကျယ်ပြန့်သော / အင်မတန် အင်အားကြီးသော လူထုလှုပ်ရှားမှုပုံစံကို အလျင်အမြန် ရောက်ရှိလာခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အားလုံးပါဝင်ရေးမူကို ကိုင်စွဲသလို၊ စုပေါင်းခေါင်းဆောင်မှု စံနှုန်းကိုလည်း အခြေပြုထားပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ဟာ နွေဦးတော်လှန်ရေးကာလ အတွင်းမှာ ပေါ်ထွန်းလာခဲ့တဲ့ နိုင်ငံရေးပဋိညာဉ်တစ်ရပ်ဖြစ်ပြီး  ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ဆီကို ဦးတည်လျှောက်လှမ်းတဲ့နေရာမှာ နိုင်ငံရေးလမ်းပြ မြေပုံအဖြစ် တည်ရှိနေတယ်လို့ဆိုပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး သွေးခွဲသပ်လျှိုမှုများပိုမိုပြင်းထန်လာမယ်လို့ဝန်ကြီးချုပ်ဆို


အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး သွေးခွဲသပ်လျှိုမှုများပိုမိုပြင်းထန်လာမယ်လို့ ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် () နှစ်ပြည့်အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက ပြောပါတယ်။ မတ်လ ၃၁ရက် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် () နှစ်ပြည့် အခမ်းအနားတွင် ဝန်ကြီးချုပ်ကဆိုပါတယ်။


 "ပိုမိုပြင်းထန်လာမယ့် အကြမ်းဖက်စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး သွေးခွဲသပ်လျှိုမှုများ၊ နိုင်ငံတကာမှ ဖိအားများ အားဖြင့် ဝေဝါးစေခြင်းများကို ကျွန်တော်တို့ တော်လှန်ရေးအင်အားစုများ အနေနဲ့ ပိုမိုခံစားလာရမှာ မလွဲမသွေဖြစ်ပြီး ဒါဟာလည်း စစ်အာဏာရှင်တို့ရဲ့ လမ်းဟောင်း နည်းဟောင်းများသာလျှင်ပဲဖြစ်ပါတယ်။ တော်လှန်ရေး အင်အားစုများအားလုံးကို စုစည်းပေးထားတဲ့ ဒီ FDC ဟာ ကျွန်တော်တို့အတွက် ပင်မသွေးကြောတမျှ အရေးကြီးပြီး ဒီအခြေခံကနေတဆင့် ဆက်လက်လုပ်ဆောင်ရန် လိုအပ်တဲ့ နိုင်ငံရေးဖြစ်စဥ်များ၊ ပြည်ထောင်စုစံတန်ဖိုးများအပေါ်မှာ အခြေတည်သော နိုင်ငံရေးသဘောတူညီမှုများ အချိန်နဲ့တပြေးညီ ရရှိဖို့ရန်မှာ အသက်တမျှ အရေးကြီးတဲ့ တော်လှန်ရေးလုပ်ငန်းစဥ်များဖြစ်ပါတယ်"လို့ဆိုပါတယ်။ 


ဒါ့အပြင်FDC ဟာ မြန်မာ့နွေဦးတော်လှန်ရေးရဲ့ နိုင်ငံရေးပဋိညာဉ်တစ်ခုဖြစ်သလို၊ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲဝင်နေတဲ့ တော်လှန်ရေးအင်အားစုအားလုံးရဲ့ နိုင်ငံရေးသဘောတူညီချက် (Political Pact) ဆုံချက်တစ်ခုလည်းဖြစ်တယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၃။ ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မတ်လ ၃၀ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးမှုအစည်းအဝေးကို  ကျင်းပခဲ့ပါတယ်။အစည်းအဝေးတွင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် နှင့် ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်တို့မှ အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး တက်ရောက်လာကြသော ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကြကာ ပြည်ထောင်စုဝန်ကြီးများနှင့် ဝန်ကြီးဌာန၏ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေး‌ ဖြေကြားခဲ့ကြပါတယ်။


 အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ခရိုင်/မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့များတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ်မှ တဆင့် (၁၅) တာ ကာလအတွင်း ဘဏ္ဍာငွေ ခန့်မှန်းအမေရိကန်ဒေါ်လာ (.၄၂) သန်း ရရှိခဲ့


ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ်မှတဆင့် (၁၅) လတာ ကာလအတွင်း ဘဏ္ဍာငွေ ခန့်မှန်းအမေရိကန်ဒေါ်လာ (.၄၂) သန်း ရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ (၃၁) ရက်မှာ PRF - ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစုမှ ရရှိသော ဘဏ္ဍာငွေ သုံးစွဲမှုများနှင့် စပ်လျဥ်း၍ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၏ ဘဏ္ဍာငွေ ရှာဖွေရေး အစီအစဉ်တစ်ခု ဖြစ်သည့် PRF - ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ် စတင်ခဲ့သည့်အချိန်ကပင် ယနေ့ထက်တိုင် လစဉ်မပျက် ထည့်ဝင်ပေးခဲ့ကြသော ထောက်ပို့ မိသားစု ရဲဘော်များ Fundraiser များ နှင့် OFP အဖွဲ့ဝင်များအားလုံးကို ကျေးဇူး အထူး တင်ရှိပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါတယ်လို့ဆိုပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ်မှ တဆင့် (၁၅) တာ ကာလအတွင်း ဘဏ္ဍာငွေ ခန့်မှန်းအမေရိကန်ဒေါ်လာ (.၄၂) သန်း ရရှိခဲ့ပါတယ်လို့ဖော်ပြပါတယ်။ အဆိုပါ ဘဏ္ဍာငွေများကို ပြည်သူ့ ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၏ ရိက္ခာထောက်ပံ့ငွေအဖြစ် သုံးစွဲခဲ့ပြီး စုစုပေါင်း ရိက္ခာ ထောက်ပံ့ငွေ ၇၅ ရာခိုင်နှုန်းခန့်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့သိရပါတယ်။


ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့တော်လှန်ရေး ထောက်ပို့ မိသားစု အစီအစဉ်မှ ရရှိသည့် ဘဏ္ဍာငွေ များကို စနစ်တကျလက်ခံ၍ တပ်ရင်းများ၏ ရိက္ခာဖူလုံရေးကိစ္စရပ်များတွင် အဓိက အသုံးပြုနေပြီး လစဉ် အသုံးပြုနေ မှုများကို သတင်းထုတ်ပြန်သွားမယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကအသိပေးဆိုပါတယ်။


========================


📌📌 ၅။ CDM ပညာရေးဝန်ထမ်းများအတွက် အရေးပေါ် ကျန်းမာရေး ကူညီ ထောက်ပံ့ဖို့ရန်ကုန်မှာ ပြန်ဆုံဖို့ CDM တွေကို ဖေးကူစို့ရန်ပုံငွေ ကံစမ်းမဲ လက်မှတ် မဲအစောင်ရေ (၃၀၀၀)ရောင်းချပေးသွားမယ်


CDM ပညာရေးဝန်ထမ်းများအတွက် အရေးပေါ် ကျန်းမာရေး ကူညီ ထောက်ပံ့ဖို့ရန်ကုန်မှာ ပြန်ဆုံဖို့ CDM တွေကို ဖေးကူစို့ရန်ပုံငွေ ကံစမ်းမဲ လက်မှတ် မဲအစောင်ရေ (၃၀၀၀)ရောင်းချပေးသွားမယ်လို့ မတ်လ၃၁ရက်မှာ CDMမြန်မာဆရာများအဖွဲ့က အသိပေးဖော်ပြပါတယ်။


"ရန်ကုန်တိုင်းတွင်းရှိ အခြေခံပညာ CDMပညာရေးဝန်ထမ်းများ အရေးပေါ်ကျန်းမာရေးဖြစ်ပါက လွန်စွာမှ ခက်ခဲဒုက္ခရောက်လျက်ရှိပါတယ်။ သို့ပါသောကြောင့်  ယခု ရန်ပုံငွေ ကံစမ်းမဲ အစီအစဥ်ကို ဆောင်ရွက်ရခြင်းဖြစ်ပါတယ်။ ရရှိလာသော ရန်ပုံငွေများကို ရန်ကုန်တိုင်းတွင်းရှိ အခြေခံပညာ CDM ပညာရေးဝန်ထမ်းများ အရေးပေါ် ကျန်းမာရေးအတွက် ကူညီထောက်ပံ့ပေးသွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဧပြီ၁ရက်နေ့ မှ ၃၀ ရက်နေ့အထိ လျာထား မဲအစောင်ရေ (၃၀၀၀) လျာထားပြီးမဲလက်မှတ်တစ်စောင်၃၀၀၀ကျပ်နဲ့ ရရှိလာသော မဲလက်မှတ်ရောင်းရငွေများကို CDM ပညာရေးဝန်ထမ်းများအတွက် အရေးပေါ် ကျန်းမာရေးအတွက် ကူညီ ထောက်ပံ့သွားမှာဖြစ်ပါတယ်။


========================


📌📌 ၆။ ဂန့်ဂေါမြို့နယ် ကန်ရွာရဲစခန်းသိမ်းတိုက်ပွဲမှာ စကစတပ်ဖွဲ့ဝင်ငါးဦးကိုအရှင်ဖမ်းဆီးရမိ


မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် ကန်ရွာ နယ်မြေရဲစခန်း၊ စခန်းသိမ်းတိုက်ပွဲမှာစကစတပ်ဖွဲ့ဝင်ငါးဦးကိုအရှင်ဖမ်းဆီးရမိခဲ့တယ်လို့ မတ်လ၃၁ရက်မွန်းလွဲပိုင်းမှာ ဒေသခံ သတင်းအရင်းအမြစ်များထံကသိရပါတယ်။


"ဂန့်ဂေါမြို့နယ် ကန်ရွာမှာ စခန်းသိမ်း တိုက်ပွဲမှာ စကစတပ်တွေကရဟတ်ယာဥ်၂စီး တိုက်လေယာဥ်၁စီး စုစုပေါင်းသုံးစီးနဲ့ ပစ်ခတ်ပါတယ်။ စကစတပ်ဖွဲ့ဝင်ငါးဦးအရှင်ဖမ်းမိပြီး ကိုယ့်ဘက်က ရဲဘော် ၂ယောက်ကျ တယ်"လို့ဆိုပါတယ်။ စကစတပ်ရဲ့စခန်းကို မီးရှို့နိူင်ခဲ့ပြီးစကစတပ်ဘက်က ရဲအများအပြားသေဆုံးတယ်လို့သိရပါတယ်။


========================


📌📌 ၇။ ဒီပဲယင်းမြို့နယ် အေးသာယာ(ပျံကျ) ရွာတွင် ကျန်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ပျံကျရွာကို မီးရှို့ဖျက်ဆီး


စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အေးသာယာ(ပျံကျ) ရွာတွင် ကျန်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ပျံကျရွာကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မတ်လ၃၁ရက်မှာ ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက အသိပေးဆိုပါတယ်။


"ဒီပဲယင်းမြို့နယ် အေးသာယာ(ပျံကျ) ရွာတွင် ကျန်ရှိနေသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှ ပျံကျရွာကိုမီးတင်ရှို့နေသည်ဟုသိရပြီး ပျံကျရွာမှ ကြည် ဘုရားထွက်(သာစည်) ရွာကို ဝင်ရောက်လာသော အကြမ်းဖက် စစ်ကောင်စီတပ်သားများမှ ကြည် ဘုရားထွက်ရွာကို မီးတင်ရှို့နေတယ်"လို့ဆိုပါတယ်။


ဒီပဲယင်းမြို့နယ်တွင်  စကစ၏ မီးရှို့ဖျက်စီးခဲ့မှုမှာ စုစုပေါင်းအိမ်ခြေ ၄၈၁၉အိမ် မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်ကိုင်းတိုင်းတွင်း ထိခိုက်ပျက်စီးမှုအများဆုံးရှိသော မြို့နယ်တစ်ခုလည်းဖြစ်ပါတယ်။


========================


📌📌 ၈။ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇)တပ်အား KA KNDF တို့မှပူးပေါင်းတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင် (၁၅)ဦးနှင့်အထက် သေဆုံး


ဒီမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇)တပ်အားKA KNDF တို့မှပူးပေါင်းတိုက်ခိုက်ရာအကြမ်းဖက်စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင် (၁၅)ဦးနှင့်အထက် သေဆုံးခဲ့ပါတယ်။ မတ်လ၃၁ရက်မှာ စစ်ရေးသတင်းကို KNDFကအသိပေးဆိုပါတယ်။


"ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ ဒေါလျားခူကျေးရွာ အရှေ့မျက်နှာစာ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့အား မတ်လ (၂၉) ရက်နေ့မှစ၍ ကရင်နီတပ်မတော် (KA) KNDF ဗျူဟာ ()မှ တပ်ရင်းများဖြစ်သော KNDF/B (10) KNDF/B (15) နှင့် ဗျူဟာ () မှ တပ်ရင်းများဖြစ်သော KNDF/B01 KNDF/B05 KNDF/B06 KNDF/B (07) များပူးပေါင်း၍ နှစ်ရက်တာ အပြင်းအထန် တိုက်ခိုက်ခဲ့ပါ တယ်"လို့ဆိုပါတယ်။


ဒေါလျာခူကျေးရွာအနီးရှိ ညေးဘူးခူတောင်ပေါ်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ ခလရ (၂၈၇)တပ်အား KA KNDF တို့မှ မတ်လ (၂၉) (၃၀) ရက်နေ့တို့တွင် တစ်နေကုန်နီးပါး တိုက်ခိုက်ခဲ့ပြီး နှစ်ရက်တိုင်တိုင် ထိတွေ့တိုက်ပွဲများ ပြင်းထန်ခဲ့ကာ စစ်ကောင်စီဖက်မှ တပ်ဖွဲ့ဝင် (၁၅)ဦးနှင့်အထက် သေဆုံးပြီး ထိခိုက်ဒဏ်ရာ ရရှိသူများပြားခဲ့ပါတယ်။ ၎င်းတို့ ထံမှ MA-1 သေနတ် () လက် MA-2 သေနတ် ()လက် MA-3 သေနတ် ()လက် နှင့် ဆက်စပ် ခဲယမ်းမီးကျောက်များ အသုံးဆောင်များအား သိမ်းဆည်ရရှိတယ်လို့ဆိုပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment