20th MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ၂၀ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တစ်နှစ်မဟာဗျူဟာကို ဆောင်ရွက်နေပြီး မြေပြင်မှာ ရှိသော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်မှု အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြားလိုက်

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်း၊တနင်္သာရီ တိုင်း၊ ဧရာဝတီတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များနှင့် CRPH ပညာရေးကော်မတီတွေ့ဆုံဆွေးနွေး

📌 ၄။ ပူတာအိုဒေသမှာ  စကစ နဲ့ KIA PDF တိုက်ပွဲ ဖြစ်ရာမှာ စကစ အထိနာခဲ့၍ အနီးနားရွာများကို ရန်ရှာ

📌 ၅။ အားပေးစကားများဖော်ပြထားတဲ့ ကရင်ဘာသာနဲ့ရေးထားတဲ့ စာအုပ်များကို စစ်ရှောင်အမျိုးသမီးများထံ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပေးအပ်ခဲ့

📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်လာသောကျဆုံးရဲဘော်အတွက်ဂုဏ်ပြုထောက်ပံ့ငွေများအား တပ်ရင်း - ၁၁၀၁မှ သူရဲကောင်းအာဇာနည်ရဲဘော်များ၏ မိသားစုဝင်များကို ပြန်လည်ပေးအပ်

📌 ၇။ ယူကေနိုင်ငံ၊ Landon Comedy Show  ပြပွဲရုံတွင်ရောင်နီလာရာလမ်းရုပ်ရှင်ပြပွဲသို့ ပြည်ထောင်စုဝန်ကြီး များတက်ရောက်ခဲ့

📌 ၈။ မြောင်နယ်တစ်ကြော စစ်ကြောင်းထိုးနေတဲ့ စကစတပ်ရဲ့ ဘီလူးကွန်မန်ဒို စစ်ကြောင်းကို ကာကွယ်ရေးတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်၍ သေဆုံးသူ ၁၇ဦးထိရှိလာ

📌 ၉။ ရေစကြိုမြို့၊အမှတ် ()စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီ တပ်သားများ လောင်ချာနဲ့အပစ်ခံရ၍စစ်ကောင်စစ် တပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်

📌 ၁၀။ မုံရွာစွမ်းရည်ထက်အနီးမှ ထွက်လာသော စကစတပ်များ မိုင်းရှင်းလင်းရေးလုပ်နေစဥ် လက်ထဲမိုင်းထပေါက်၍ သုံးဦးသေ၊ နှစ်ဦးပြင်းထန်ဒဏ်ရာရ

📌 ၁၁။ သတင်းသမား မမှူးရတနာခက်မို့မို့ထွန်း အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူ၍ ဆေးရုံတက်စဥ် ဆေးရုံကုတင်မှာ သံခြေကျင်းခတ်ခံရ

📌 ၁၂။ လက်ပံတောင်းတောင်ဒေသခံ  ပြည်သူများက “PTT ... Stop Paying Blood Money to Junta ” ခေါင်းစဥ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တစ်နှစ်မဟာဗျူဟာကို ဆောင်ရွက်နေပြီး မြေပြင်မှာ ရှိသော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်မှု အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ပြောကြားလိုက်


တစ်နှစ်မဟာဗျူဟာကို ဆောင်ရွက်နေပြီး မြေပြင်မှာရှိသော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်မှု အရေးကြီးတယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က ပြောကြားလိုက်ပါတယ်။ မတ်လ ၁၉ ရက်ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီများ အစည်းအဝေးမှာ ဝန်ကြီးက ပြောပါတယ်။


"တော်လှန်ကာလဖြတ်သန်းမှုအရ တစ်နှစ်မဟာဗျူဟာကို ဆောင်ရွက်နေကြောင်း၊ မြေပြင်မှာရှိသော အဖွဲ့အစည်းများနှင့် ပေါင်းစပ်ဆောင်ရွက်မှုသည် အရေးကြီးကြောင်း၊ အုပ်ချုပ်ရေးဆောင်ရွက်ရာတွင် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူဝါဒများဆောင်ရွက်ရာ၌  မြေပြင်နှင့် ချိတ်ဆက်ဆောင်ရွက်နေသည့် လွှတ်တော်ကိုယ်စားလှယ်များ၏ အကြံပြုချက်များသည် လိုအပ်ပါကြောင်း၊ ဝန်ကြီးဌာနများအတွင်း လုပ်ငန်းဆောင်ရွက်ရာတွင် ထိရောက်မှုရှိစေရေး ကော်မတီများဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်များအနေဖြင့် အခန်းကဏ္ဍများတွင် ပေါင်းစပ်ဆောင်ရွက်ပြီး အကြံဉာဏ်များပေးကြပါရန်"ဝန်ကြီးကဆိုပါတယ်။


အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေး ဖော်ဆောင်မှု ဗဟိုကော်မတီပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်း အတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြု ကော်မတီများ  တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်း၊တနင်္သာရီ တိုင်း၊ ဧရာဝတီတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


မတ်လ ၁၉ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံ ဆွေးနွေးပွဲအစည်းအဝေး (၁၂/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။


 အစည်းအဝေး၌ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မှ အဖွင့်အမှာစကားပြောကြားရာတွင် " မြေပြင်အဖွဲ့များသည် လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်နေကြကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုတွင် ဆက်သွယ်မှု၊ ညွှန်ကြားမှု၊ ညှိနှိုင်းဆွေးနွေးဖော်ဆောင်နေသည့်အတွက် အောင်မြင်မည်ဟု ယုံကြည်ပါကြောင်း၊ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် စိန်ခေါ်မှုတစ်ရပ် ဖြစ်၍ စုပေါင်းညီညွတ်စွာဖြင့် ရှေ့ဆက်လုပ်ဆောင် ကြရန် "တိုက်တွန်းပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးများနှင့် ဒုတိယဝန်ကြီးများမှ အသီးသီး နှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းမှ မြိုနယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေး ဘုတ်အဖွဲ့များနှင့် CRPH ပညာရေးကော်မတီတွေ့ဆုံဆွေးနွေး


မတ်လ ၁၈ ရက်နေ့ ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ပညာရေးကဏ္ဍနှင့်စပ်လျဥ်း၍ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီ၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် ပညာရေးဘုတ်အဖွဲ့များနှင့် CRPH ပညာရေးကော်မတီတို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲတွင် တက်ရောက်လာကြသော တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ပညာရေးဘုတ်အဖွဲ့များ၏ မြေပြင်တွင် ဆောင်ရွက်နေသည့် အခြေအနေများနှင့် ကြုံတွေ့နေရသည့် အခက်အခဲများ၊ တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားပြုကော်မတီတွင် ပညာရေးကော်မတီအား ဖွဲ့စည်းနိုင်ရေးနှင့် ဖွဲ့စည်းရာတွင် ပညာရှင်များနှင့် CDM များပါဝင်ဖွဲ့စည်းနိုင်ရေး၊ လက်ရှိမြေပြင်တွင် စာသင်ကြားပေးနေကြသော ပညာရေးဝန်ထမ်းများ အတွက် လစဥ်ချီးမြှင့်ငွေပေးအပ်နိုင်ရေးနှင့် ဖက်ဒရယ်ပညာရေးစနစ် ဖော်ဆောင်နိုင်ရေးတို့အတွက် အတူတကွပူးပေါင်းဆောင်ရွက်သွားရန် ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပညာရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားပြုကော်မတီအဖွဲ့ဝင်များ၊ တနင်္သာရီတိုင်းဒေသကြီးရှိ မြို့နယ် ပညာရေးဘုတ်အဖွဲ့များနှင့် ရုံးအဖွဲ့များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ပူတာအိုဒေသမှာ  စကစ နဲ့ KIA PDF တိုက်ပွဲ ဖြစ်ရာမှာ စကစ အထိနာခဲ့၍ အနီးနားရွာများကို ရန်ရှာ


ကချင်ပြည်နယ် ပူတာအိုဒေသမှာ  စကစ နဲ့ KIA PDF တိုက်ပွဲ ဖြစ်ရာမှာ စကစ အထိနာခဲ့၍ အနီးနားရွာများကို ရန်ရှာခဲ့တယ်လို့ သိရပါတယ်။ မတ်လ ၁၉ ရက်မှာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်ကအသိပေးဆိုထားပါတယ်။


"ပူတာအိုဒေသမှာ နေ့က စကစ နဲ့ KIA/PDF တိုက်ပွဲ ဖြစ်ရာမှာ စကစ အထိနာခဲ့ပါတယ်။ တိုက်ပွဲပြီးလို့ KIA/PDF ပြန်သွားချိန် လောင်းလာကောက်တဲ့ စကစ စစ်ကူတွေ အနီးဝန်းကျင် ရွာသားတွေကို လိုက်လံ သတ်ဖြတ်နေပါတယ်"လို့ဆိုထားပါတယ်။


မတ်လ၁၈ရက်က ပူတာအို PDFကလည်း စကစတပ်ဖွဲ့ဝင်အရှင်နှစ်ဦးမိထားတယ်လို့လည်း ဖော်ပြထားပါတယ်။


========================


📌📌 ၅။ အားပေးစကားများဖော်ပြထားတဲ့ ကရင်ဘာသာနဲ့ရေးထားတဲ့ စာအုပ်များကို စစ်ရှောင်အမျိုးသမီးများထံ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာနက ပေးအပ်ခဲ့


အားပေးစကားများဖော်ပြထားတဲ့ ကရင်ဘာသာနဲ့ရေးထားတဲ့ စာအုပ်များကို စစ်ရှောင်အမျိုးသမီးများထံ အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာ ဝန်ကြီးဌာနက ပေးအပ်ခဲ့ပါတယ်လို့  ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးက မတ်လ၁၉ရက်မှာ အတည်ပြုဆိုထားပါတယ်။


"Sisters 2 Sisters မှပေးပို့သော ညီအမခြင်းအားပေးစကားများဖော်ပြထားတဲ့ ကရင်ဘာသာနဲ့ရေးထားတဲ့ စာအုပ်ငယ်လေးများအား စစ်ရှောင် အမျိုးသမီးများကိုပေးအပ်ခဲ့ပါတယ်။ အားမလျော့ဖို့ အားပေးစကားများ ပေးပို့လာတဲ့ညီအမများအား ကျေးဇူးတင်ပါတယ်"လို့ဆိုထားပါတယ်။


အမျိုးသမီး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန ဟာစစ်ရှောင်များသာမက အမျိုးသမီးကိုယ်ဝန်ဆောင်သည် သောင်းနဲ့ချီကိုလည်း ထောက်ပံမှုများပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၆။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်လာသောကျဆုံးရဲဘော်အတွက်ဂုဏ်ပြုထောက်ပံ့ငွေများအား တပ်ရင်း - ၁၁၀၁မှ သူရဲကောင်းအာဇာနည်ရဲဘော်များ၏ မိသားစုဝင်များကို ပြန်လည်ပေးအပ်


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်လာသောကျဆုံးရဲဘော်အတွက်ဂုဏ်ပြုထောက်ပံ့ငွေများအားတပ်ရင်း - ၁၁၀၁မှ သူရဲကောင်းအာဇာနည်ရဲဘော်များ၏မိသားစုဝင်များကို ပြန်လည်ပေးအပ်ခဲ့တယ်လို့ မတ်လ၁၉ရက်မှာ တပ်ရင်း - ၁၁၀၁ မှ အသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးအပ်လာသောကျဆုံးရဲဘော်အတွက် ဂုဏ်ပြုထောက်ပံ့ငွေများအား နွေဦးတော်လှန်ရေး ပြည်သူ့ခုခံတော်လှန်စစ်ကာလအတွင်း သူရသတ္တိရဲဝံ့ပြောင်မြောက်စွာဖြင့် အသက်ပေးတိုက်ပွဲဝင်ခဲ့ကြသော တပ်ရင်း - ၁၁၀၁ မှ သူရဲကောင်းအာဇာနည်ရဲဘော်များ၏ မိသားစုဝင်များအား ဒီကနေ့ ပြန်လည်အပ်နှံပေးအပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ ကျဆုံးရဲဘော်များအား ကာကွယ်ရေးဝန်ကြီးဌာနက ဂုဏ်ပြုလွှာနဲ့ထောက်ပံ့ငွေများပေးအပ်လျက်ရှိပါတယ်။


========================


📌📌 ၇။ ယူကေနိုင်ငံ၊ Landon Comedy Show  ပြပွဲရုံတွင်ရောင်နီလာရာလမ်းရုပ်ရှင်ပြပွဲသို့ ပြည်ထောင်စုဝန်ကြီး များတက်ရောက်ခဲ့


ယူကေနိုင်ငံ၊ Landon Comedy Show  ပြပွဲရုံတွင် ၂၀၂၃ ခုနှစ်၊ မတ်လ (၁၈) ရက်နေ့၌  ကျင်းပသောရောင်နီလာရာလမ်းတော်လှန်ရေး ရန်ပုံငွေ ရုပ်ရှင်ပြပွဲသို့ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးနှင့် လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ တက်ရောက်၍ အမှာစကားများ ပြောကြားခဲ့ကြပါတယ်လို့ဆိုပါတယ်။


ယူကေနိုင်ငံ၊ Landon Comedy Show  ပြပွဲရုံတွင်ရောင်နီလာရာလမ်းရုပ်ရှင်ပြပွဲကို ရုံပြည့်ရုံလျှံ ပရိသတ်များ လာရောက်အားပေးခဲ့ကြပါတယ်။ ရောင်နီလာရာလမ်းရုပ်ရှင်ဇာတ်ကားဟာ ဒါရိုက်တာ ကိုပေါက်ရဲ့ ဘဝဇာတ်လမ်းအတွေ့အကြုံကို ရိုက်ကူးထားပြီး ရရှိလာသော ပြသငွေများကို တော်လှန်ရေး ရန်ပုံငွေအတွက် ပြန်လည်ထောက်ပို့သွားမှာဖြစ်ပါတယ်။


========================


📌📌 ၈။ မြောင်နယ်တစ်ကြော စစ်ကြောင်းထိုးနေတဲ့ စကစတပ်ရဲ့ ဘီလူးကွန်မန်ဒို စစ်ကြောင်းကို ကာကွယ်ရေးတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်၍ သေဆုံးသူ ၁၇ဦးထိရှိလာ


မြောင်နယ်တစ်ကြော စစ်ကြောင်းထိုးနေတဲ့ စကစတပ်ရဲ့ ဘီလူးကွန်မန်ဒို စစ်ကြောင်းကို ကာကွယ်ရေးတပ်တွေ ဝိုင်းဝန်းတိုက်ခိုက်၍ သေဆုံးသူ ၁၇ဦးထိရှိလာတယ်လို့ မတ်လ၁၉ရက်မှာ CDSOMမြောင်မှ Ko Nway Oo - Myaung က အသိပေးဆိုထားပါတယ်။


"မတ်လ၁၂ရက်မှ ၁၈ရက်အထိ စကစတပ်ဘီးလူးများဘက်က မတ်လ ၁၅ရက်မှာ ၈ဦးသေဆုံးပြီး ၁၆ရက်မှာ ၉ဦးသေဆုံးပါတယ်"လို့ဆိုပါတယ်။


စစ်ကိုင်းတိုင်း မြောင်မြို့နယ်ကို အင်အားတစ်ရာကျော်ပါသော စကစတပ်ရဲ့ ဘီလူးကွန်မန်ဒိုစစ်ကြောင်းဟာ ရွာများကို ဝင်ရောက်နေ၍ လတ်တလော စစ်ဘေးရှောင်၁၅၀၀၀အထိရှိလာပြီဖြစ်ပါတယ်။


"၈ရက်တာ စစ်ဆင်‌ရေးမှာလည်း ဒီကောင်တွေဟာ အထူး ကွန်မန်ဒိုတွေဖြစ်တာ ထင်ရှားတွေ့ရတယ်"လို့ CDSOMမြောင်က ရဲဘော်တစ်ဦးကလည်းဖြေကြားပါတယ်။


========================


📌📌 ၉။ ရေစကြိုမြို့၊အမှတ် ()စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီ တပ်သားများ လောင်ချာနဲ့အပစ်ခံရ၍စစ်ကောင်စစ် တပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်


ရေစကြိုမြို့၊အမှတ် ()စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီ တပ်သားများ လောင်ချာနဲ့အပစ်ခံခဲ့တယ်လို့စစ်ရေးသတင်းကို Myingyan Black Tiger က မတ်လ၁၉ရက်မှာ အသိပေးဆိုပါတယ်။


"မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့၊အမှတ် ()စည်ပင်သာယာရပ်ကွက်ရှိ ရုံးပေါင်းစုံတွင် တပ်စွဲနေထိုင်သော စစ်ကောင်စီ တပ်သားများအား ကျွန်တော်တို့ Myingyan Black Tiger (MBT)မှ မတ်၁၈ည () နာရီ အချိန်ခန့်တွင် အဝေးပစ် ရှေ့ထွတ် လောင်ချာဖြင့် သွားရောက်ပစ်ခတ်ခဲ့ပါတယ်"လို့ ဖော်ပြပါတယ်။


တိုက်ခိုက်မှုကြောင့်စစ်ကောင်စစ်တပ်သား အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်တယ်လို့ဆိုပါတယ်။


========================


📌📌 ၁၀။ မုံရွာစွမ်းရည်ထက်အနီးမှ ထွက်လာသော စကစတပ်များ မိုင်းရှင်းလင်းရေးလုပ်နေစဥ် လက်ထဲမိုင်းထပေါက်၍ သုံးဦးသေ၊ နှစ်ဦးပြင်းထန်ဒဏ်ရာရ


စစ်ကိုင်းတိုင်း မုံရွာမြို့ စွမ်းရည်ထက်အနီး မှ ထွက်လာသော စကစတပ်များ မိုင်းရှင်းလင်းရေးလုပ်နေစဥ် လက်ထဲမိုင်းထပေါက်၍ သုံးဦးသေ၊ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ရေးသတင်းကို မုံရွာဒေသခံတော်လှန်ရေးတပ်ပေါင်းစုက မတ်လ၁၉ရက်မှာ အသိပေးဆိုပါတယ်။


"မတ်လ(၁၉)ရက်နေ့ နံနက်()နာရီမိနစ်(၃၀)အချိန်စွမ်းရည်ထက် ဆီဆိုင်အနီးမှထွက်လာသော စကစတပ် (၁၅)ဦးအုပ်စုအား- မုံရွာဒေသခံတော်လှန်ရေး တပ်ပေါင်းစု(MLRU) တပ်ခွဲ() ရဲဘော်များမှ ဦးဆောင်ကာ MLRU-တပ်ခွဲ()၊တပ်ခွဲ() တပ်ခွဲ() ရဲဘော်များနှင့်အတူ ၎င်းတို့ စကစတပ် အနီးရှိမြုပ်ထားသော မိုင်းများအား ဖော်ယူနေစဥ်အတွင်းမိုင်းများ ၎င်းတို့လက်ထဲအရောက်မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် စကစဘက်က မိုင်းကိုင်ထားသောငါးဦးတွင် သုံးဦးနေရာတွင်သေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရခဲ့ပါတယ်။


========================


📌📌 ၁၁။ သတင်းသမား မမှူးရတနာခက်မို့မို့ထွန်း အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူ၍ ဆေးရုံတက်စဥ် ဆေးရုံကုတင်မှာ သံခြေကျင်းခတ်ခံရ


သတင်းသမား မမှူးရတနာခက်မို့မို့ထွန်း အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသမှုခံယူ၍ ဆေးရုံတက်စဥ် ဆေးရုံကုတင်မှာ သံခြေကျင်းခတ်ခံခဲ့ရပါတယ်။ မတ်လ ၁၉ရက်မှာ အကျိုးဆောင်ရှေ့နေများထံက သတင်းထုတ်ပြန်ချက်အရသိရပါတယ်။


"ကြည့်မြင်တိုင် ပန်းပင်ကြီးလမ်းမှာ ကားနဲ့တိုက်အဖမ်းခံခဲ့ရတဲ့ မမှူးရတနာဟာ အသက်ရှင်ဖို့ ၁၀%ပဲရှိတဲ့အခြေအနေက ကံကြီးလွန်းလို့ အသက်ရှင်သန်ခွင့်ရခဲ့ပါတယ်။ ကားနဲ့အတိုက်ခံရတဲ့ဒဏ်ရာများအနက် သာမန်ဒဏ်ရာတွေက သက်သာပျောက်ကင်းခဲ့ပေမဲ့ ပြင်းထန်ဒဏ်ရာရရှိခဲ့တဲ့ ဘယ်ဘက်ခြေထောက် ခြေသလုံးရိုးမှာ အရိုးကြေမွသွားတဲ့ဒဏ်ရာက ၃နေရာဖြစ်ပြီး အခုအထိမသက်သာလို့ ချိုင်းထောက်နဲ့၊ Wheel Chair နဲ့  သွားလာနေရတာဖြစ်ပါတယ်။ မတ်လ၁၇ရက်မှာ ဘယ်ဘက်ခြေထောက် ခြေသလုံးရိုးကို အင်းစိန်ပြည်သူ့ဆေးရုံကြီးမှာ ခွဲစိတ်ကုသပြီး စတီးချောင်း အစားထိုးကုသခဲ့ပါတယ်။ ခွဲစိတ်မှုဒဏ်ကြောင့် ရောင်ရမ်းနာကျင်နေပြီး လုံခြုံရေးအရ ဆေးရုံကုတင်မှာ သံခြေကျင်းခတ်တာခံနေရလို့ ခက်ခက်ခဲခဲ အခြေအနေဖြစ်ပါတယ်"လို့ဆိုပါတယ်။


သတင်းသမား မမှူးရတနာခက်မို့မို့ထွန်း ရာဇသတ်ကြီးပုဒ်မ၅၀၅-ကနဲ့ တရားစွဲဆိုခံရပြီး အလုပ်နဲ့ထောင်ဒဏ်၃နှစ် ချမှတ်ခံခဲ့ရကာ နောက်ထပ် သင်္ဃန်းကျွန်းခရိုင်တရားရုံးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀()နဲ့ တရားစွဲဆိုတာကို ရင်ဆိုင်ဖြေရှင်း ကြားနာစစ်ဆေးနေဆဲဖြစ်ပါတယ်။


========================


📌📌 ၁၂။ လက်ပံတောင်းတောင်ဒေသခံ  ပြည်သူများက “PTT ... Stop Paying Blood Money to Junta ” ခေါင်းစဥ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ


လက်ပံတောင်းတောင်ဒေသခံ  ပြည်သူများက “PTT ... Stop Paying Blood Money to Junta ” ခေါင်းစဥ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ မတ်လ ၁၉ ရက် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း ကအသိပေးဆိုထားပါတယ်။


"PTT ... အကြမ်းဖက်စစ်တပ်ကို ကျည်ဆန်ဖိုးတွေပေးတာ ချက်ချင်းရပ်" စာတန်းကို ကိုင်စွဲပြီး စစ်ကိုင်းတိုင်း လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်းက ပြည်သူတွေဟာ မတ်လ  (၁၉) နေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


အာဏာသိမ်း အကြမ်းဖက်စစ်တပ်ထံ ပေးနေတဲ့ ငွေကြေးများကို မပေးဖို့ တောင်းဆိုခဲ့ကြတာ ဖြစ်ပြီး  နိုင်ငံတကာအနေနဲ့ မြန်မာပြည်သူတွေ ရဲ့ တောင်းဆိုချက်တွေကို အလေးထားကာ ဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။ မြန်မာပြည်တွင်းမှာ ရောင်းချနေသည့် PTT ကုမ္ပဏီက ထုတ်လုပ်တဲ့ အင်ဂျင်ဝိုင်အပါဝင်  ထုတ်ကုန် ပစ္စည်းများကို ပြည်သူတွေအနေနဲ့ မဝယ်ယူ မသုံးကြဖို့ရန်လည်း ပြောကြားခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment