23rd MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ၂၃ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH) တို့လွှတ်တော်လုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး

📌 ၂။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ရှိ စကစတပ်များမရောက်ရှိသည့်နေရာများမှပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေပြီလို့ဆို

📌 ၃။ ကရင်နီ ပြည်အမြန်ဆုံးလွတ်မြောက်စေဖို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုး ဆုမွန်ကောင်းတောင်း

📌 ၄။ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ပြည်သူလူထုက ဖတ်ရှုလေ့လာဖို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင် အသိပေးပြောကြား

📌 ၅။ အုတ်တွင်းမြို့နယ်မှာ မီးရထားမိုင်းထိတဲ့ဖြစ်စဥ် စစ်တပ်လော်ဘီများ ဝါဒဖြန့်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ အုတ်တွင်းအမတ်ဒေါ်ချိုချိုဆို

📌 ၆။ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်) PPDF-KDရဲ့ ဒရုန်းစစ်ဆင်ရေးမှာ စကစ ဦး သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒါဏ်ရာရရှိ

📌 ၇။ ခင်ဦးမြို့နယ် အင်းပတ်ဘူတာအနီး စကစတပ်များက လမ်းသွားလမ်းလာ ပြည်သူများနှင့် တောသွားပြည်သူများအားလိုက်လံပစ်ခတ်ပြီးနောက် မြကန်ရွာကိုမီးရှို့

📌 ၈။ မြန်မာကျပ်ငွေ သိန်း သောင်း ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တဲ့ "စည်းရိုး The Fence ပရောဂျက်ကိုဧပြီ ရက်နေ့အထိလုပ်ဆောင်မယ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH) တို့လွှတ်တော်လုပ်ငန်းများ ပိုမိုချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် တွေ့ဆုံဆွေးနွေး


မတ်လ ၂၃


ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ (CRCH) တို့ တွေ့ဆုံဆွေးနွေးပွဲကို  မတ်လ ၂၂ ရက်နေ့တွင် ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် ကျင်းပခဲ့ပါတယ်။


တွေ့ဆုံပွဲတွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နှင့် ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌ ဦးပါထန်းတို့က အဖွင့်နှုတ်ခွန်းဆက်စကားများ အသီးသီး ပြောကြားခဲ့ကာ တက်ရောက်လာကြသည့် CRCH အဖွဲ့ဝင်များက ချင်းပြည်နယ်၏ လက်ရှိနိုင်ငံရေးအခြေအနေများ၊ မြေပြင်အခြေအနေများ၊ အဖွဲ့အစည်းဆိုင်ရာကိစ္စရပ်များ၊ လွှတ်တော်အခန်းကဏ္ဍတွင် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဥ်များအား တင်ပြခြင်းနှင့် NDAA နှင့်စပ်လျဥ်း၍ ဘတ်ဂျက်ဆိုင်ရာကိစ္စရပ်များအပေါ် သိရှိလိုသည်များအား မေးမြန်းခဲ့ပါတယ်။


တွေ့ဆုံဆွေးနွေးပွဲသို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ချင်းပြည်နယ်လွှတ်တော်ကိုယ်စားပြုကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၂။ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ရှိ စကစတပ်များမရောက်ရှိသည့်နေရာများမှပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေပြီလို့ဆို


မတ်လ ၂၃


စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့ရစကစတပ်များမရောက်ရှိသည့်နေရာများမှာပြန်လည်ထူထောင်ရေးလုပ်ငန်းများလုပ်ဆောင်နေပြီလို့ ပြောပါတယ်။ မတ်လအတွင်း NSTရဲ့အစီအစဥ်မှာ ပညာရေးနဲ့ ကျန်းမာရေးဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုပြောကြားခဲ့ပါတယ်။


"စစ်ကိုင်းတို့၊မကွေးတို့မှာ စကစတပ်တွေ မြေပြင်မှာမရောက်တဲ့နေရာ အများကြီးရှိတယ်။အဲဒီနေရာတွေမှာလည်း ပြန်လည်ထူထောင်ရေးလုပ်ဖို့လိုတယ်။လုပ်ကြရမယ်။လုပ်နေပြီလို့လည်းပြောချင်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


အမျိုးသား ညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာန အနေဖြင့် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း စုစုပေါင်း ငွေကျပ် (၃၇၈.၁၁) သန်း တန်ဖိုးရှိ လူသားချင်းစာနာမှု အကူအညီများ ထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၃။ ကရင်နီ ပြည်အမြန်ဆုံးလွတ်မြောက်စေဖို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာ လှလှစိုး ဆုမွန်ကောင်းတောင်း


မတ်လ ၂၃


မတ်လ၂၃ ရက်နေ့မှာ အမျိုးသမီး လူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးမှ ကရင်နီ ပြည်အမြန်ဆုံးလွတ်မြောက်စေဖို့ အခုလိုဆိုထားပါတယ်။


"အလှတရားတွေနဲ့ပြည့်၀နေတဲ့ ကရင်နီ ပြည်...အမြန်ဆုံးလွတ်မြောက်နိုင်ပါစေ"လို့ ဆုမွန်ကောင်းတောင်းဆိုထားပါတယ်။ (ကရင်နီ)ပြည်နယ်၊ ဒီမောဆိုအရှေ့ခြမ်းဒေသအတွင်း စစ်ကောင်စီတပ်များမှ စစ်ကြောင်း ()ကြောင်းဖြင့် စစ်ဆင်ရေးများလုပ်ဆောင်လျက်ရှိပါတယ်။


လက်ရှိ ဒီမောဆိုအရှေ့ဖက်ခြမ်း စစ်ရေးအခြေနေတင်းမာမှုများကြောင့် စစ်ဘေးရှောင် ဦးရေ (၁၅၀၀၀)ကျော်အထိ တိုးလာပြီဖြစ်ပါတယ်။ ကရင်နီအရပ်ဘက် အဖွဲ့အစည်း(KCSN) ရဲ့ ထုတ်ပြန်ချက်အရ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ်လဆန်းအထိ ကရင်နီ စစ်ဘေးတိမ်းရှောင်သူ ဦးရေ သိန်းကျော် ရှိလာပြီလို့ သိရပါတယ်။


========================


📌📌 ၄။ ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ်ကို ပြည်သူလူထုက ဖတ်ရှုလေ့လာဖို့ ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင် အသိပေးပြောကြား


မတ်လ ၂၃


"လူ့ဘောင်လောက မှာ လူ့အသိုင်းအဝိုင်း က အမျိုးမျိုး အဖုံဖုံသော စုဖွဲ့မှုတွေနဲ့ မိမိ နေထိုင်ရာ အစုအဖွဲ့ ရဲ့ ဘုံကောင်းကျိုးချမ်းသာကို ဖော်ဆောင်ကြတယ်။လူသားအချင်းချင်းတန်းတူရည်တူရှိမှု၊ လူ့အခွင့်အရေးကို အာမခံတဲ့၊ အာဏာသည် ပြည်သူက ဆင်းသက်တဲ့ အုပ်ချုပ်မှု မျိုးသာလျှင် လူ့တန်ဖို့းအာမခံတဲ့၊ လူသားဖွံ့ဖြိုးမှုကို သေချာစေတဲ့ အုပ်ချုပ်မှုမျိုးဖြစ်တယ်။ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် က အထက်ပါအုပ်ချုပ်မှုမျိုး ကို အာမခံ သည့် စာချုပ်စာတမ်းကဲ့ သို့သော စာတမ်းတစောင်ဖြစ်ပါတယ်။ဒါ‌ကြောင့်ပြည်သူတွေ လေ့လာဖတ်ရှုကြရအောင်  ဒုတိယဝန်ကြီး ဦးမော်ထွန်းအောင်က အသိပေးပြောကြားထားပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ် အစိတ်အပိုင်း () နဲ့ အစိတ်အပိုင်း () တို့ကို web application မှာ ဘာသာစကားမျိုးစုံနဲ့ ဖတ်ရှုနိုင်ပြီဖြစ်ပါတယ်။ App ကို ဖုန်းမှာ Install ပြုလုပ်ဖို့အတွက် QR code ကို scan ဖတ်ပြီးသော်လည်းကောင်း၊ app.federaldemocracycharter.com ကို ဝင်ရောက်ပြီးတော့သော်လည်းကောင်း ပြုလုပ်နိုင်ပါတယ်။


========================


📌📌 ၅။ အုတ်တွင်းမြို့နယ်မှာ မီးရထားမိုင်းထိတဲ့ဖြစ်စဥ် စစ်တပ်လော်ဘီများ ဝါဒဖြန့်သလို ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ယောက်အနေနဲ့ ပါဝင်ပတ်သက်ခြင်းမရှိဘူးလို့ အုတ်တွင်းအမတ်ဒေါ်ချိုချိုဆို


မတ်လ၂၃ ရက်


မတ်လ ၂၃ ရက်မှာ အုတ်တွင်းအမတ် ဒေါ်ချိုချိုက အခုလို ရှင်းလင်းပြောကြားထားပါတယ်။


"အုတ်တွင်းမြိုနယ်မှာဖြစ်တဲ့ မီးရထားမိုင်းပေါက်ကွဲမှုဖြစ်စဉ်ကို သတင်းတွင်တွေ့ရမှ ကျမသိရပါတယ်။ဒါဏ်ရာရတဲ့ အပြစ်မဲ့ပြည်သူနှစ်ဦးအတွက်လဲ လွန်စွာမှာကို စိတ်မကောင်း ဖြစ်ရပါတယ်။အမြန်ဆုံးကျန်းမာသက်သာစေဖို့ကိုဘဲ ဆုတောင်းပေးနေတာ ဖြစ်ပါတယ်။ပြည်သူကရွေးချယ်မဲ့ပေးထားတဲ့ ပြည်သူကိုယ်စားလှယ် ဖြစ်သည့်အတွက် အခုလို အပြစ်မဲ့ပြည်သူတွေထိခိုက်စေမယ့် အလုပ်မျိုးကို ကျူးလွန်ခိုင်းဖို့ဝေးစွ စိတ်နှင့်တောင်မပြစ်မှားဘူးပါ"လို့ဆိုထားပါတယ်။


မတ်လ(၂၂) ရက်နေ့ရန်ကုန်ကနေ မန္တလေးဘက်ကို ထွက်ခွာလာတဲ့ အမှတ်() အဆန်လူစီးရထားဟာ ရထားလမ်းမိုင်တိုင်အမှတ် ၁၄၂/ နဲ့ ၁၄၂/၁၀ ကြားမှာ မိုင်းထိမှန်ခဲ့၍ အမျိုးသားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၆။ ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်) PPDF-KDရဲ့ ဒရုန်းစစ်ဆင်ရေးမှာ စကစ ဦး သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒါဏ်ရာရရှိ


မတ်လ၂၃


မတ်လ၂၃ ရက်မှာ စစ်ရေးသတင်းကို ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်) PPDF-KDကအခုလို အတည်ပြုဆိုပါတယ်။


"ပအိုဝ်းပြည်သူ့ကာကွယ်ရေးတပ်(ခမ်းဒေါမ်) PPDF-KD သည် သက်ဆိုင်ရာတပ်နယ်အလိုက် မိတ်ဖက်အဖွဲ့အစည်းများ၊ မဟာမိတ်များ၊ EROs များနှင့်လက်တွဲကာ စစ်ရေးလှုပ်ရှားမှုများကို ဖော်ဆောင်လျက်ရှိပါတယ်။PPDF-KD Drone Team အနေဖြင့် KNLA+ PDF + မိတ်ဖက်တော်လှန်ရေးအဖွဲ့အစည်းများနှင့်  ပူးတွဲ၍ Drone Mission များထဲမှ Mission တစ်ခုကို ဆောင်ရွက်ရာမှာထို Mission တွင် စကစ ဦး သေဆုံးခဲ့ပြီး ဦး ထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


PPDF-Kham Dom Drone Team အနေဖြင့် လိုအပ်ချက်များကိုဖြည့်ဆည်းပြီး စစ်ဆင်ရေးများကို ပိုမိုတိုးတက်ကောင်းမွန်စွာဖော်ဆောင်နိုင်ရေးအတွက် ပြည်တွင်းပြည်ပမှ ကူညီထောက်ပံ့မှုများကိုလည်း ဖိတ်ခေါ်အပ်ပါတယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ခင်ဦးမြို့နယ် အင်းပတ်ဘူတာအနီး စကစတပ်များက လမ်းသွားလမ်းလာ ပြည်သူများနှင့် တောသွားပြည်သူများအားလိုက်လံပစ်ခတ်ပြီးနောက် မြကန်ရွာကိုမီးရှို့


မတ်လ၂၃


"ယနေ့မနက် :၃၀ ဝန်းကျင်မှ စ၍ ခင်ဦးမြို့နယ် အနောက်ခြမ်း အင်းပတ်ကွေ့ဈေးတန်းအထိုင်ချအကြမ်းဖက်စကစတပ်သားနှင့် ရွာသစ်ကုန်းပျူ၄၀ခန့်သည် အင်းပတ်ဘူတာအနီး ကင်းဝပ်ကာ လမ်းသွားလမ်းလာ ပြည်သူများနှင့် တောသွားပြည်သူများအားလိုက်လံပစ်ခတ်၍ ၈နာရီ၂၀မိနစ်တွင် မြကန်ကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့ပါ့တယ်"လို့ ဒေသခံ သတင်းအရင်းအမြစ်များက အတည်ပြုဆိုပါတယ်။


ရေဦးမြို့ တိုင်းရင်းဆေးရုံမှလည်း လက်နက်ကြီး၆လုံး ခင်ဦးနယ်အနောက်ခြမ်းဘက်သို့ ပစ်ခတ်ခဲ့ပြီး လတ်တလောမှာ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။


========================


📌📌 ၈။ မြန်မာကျပ်ငွေ သိန်း သောင်း ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တဲ့ "စည်းရိုး The Fence ပရောဂျက်ကိုဧပြီ ရက်နေ့အထိလုပ်ဆောင်မယ်


မတ်လ ၂၃


မတ်လ ၂၃ ရက်မှာ စည်းရိုးပရော့ဂျက်က အခုလို အသိပေးဖော်ပြထားပါတယ်။


"စစ်ကောင်စီတပ်တွေနဲ့ ထိတွေ့တိုက်ပွဲတွေများပြားလျှက်ရှိနေတဲ့ ကရင်နီပြည်နယ်ကို ဝန်းရံဖို့ ကမ်ပိန်းစတင်နေပါပြီ။ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗျူဟာ ()အတွက် ၂၁ ရက်အတွင်း လက်နက်ခဲယမ်းဖြည့်တင်းရန် မြန်မာကျပ်ငွေ သိန်း သောင်း ကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ရည်ရွယ်ပြုလုပ်တဲ့ "စည်းရိုး The Fence ပရောဂျက်ကို  မတ်လ ၂၀ ရက်နေ့မှ ဧပြီ ရက်နေ့အထိ ပြုလုပ်သွားမှာဖြစ်ပါတယ်"လို့ဆိုပါတယ်။


KNDF မှ ဦးဆောင်ပြီး OFP fundraiser များဖြစ်တဲ့ CSC နှင့် Support Our Heroes အဖွဲ့တို့မှ ပူးပေါင်းစီစဉ်ကာ နိုင်ငံတကာမှ OFP fundraiser များစွာမှ ကူညီကောက်ခံပေးလျှက်ရှိပါတယ်။ ကမ်ပိန်းအကြောင်းအပြည့်အစုံနဲ့ နိုင်ငံတကာ fundraiser list ကို  "စည်းရိုး - The Fence" Page တွင်ကြည့်ရှုနိုင်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment