24th MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စုနဲ့ အလိုတူအလိုပါ အဖွဲ့အစည်းတွေ အားလုံးဟာ ပြည်သူ့သစ္စာ စူးရောက်မယ့် သမိုင်းတရားခံများသာ ဖြစ်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ ကရင်နီဒေသ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဖက်သို့  စစ်ကြောင်း ()ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသော တိုက်ပွဲများအတွင်း KNDF တပ်ရင်း အမှတ် (၁၀)မှ ရဲဘော် ()ဦးကျဆုံးခဲ့

📌 ၃။ မုံရွာ ကျောက္ကာရွာများအား စစ်ကြောင်းထိုး၍ ပြန်လာသော စကစတပ် ကား စီးအားမုံရွာ မန္တလေး ကားလမ်းမပေါ်တွင် မိုင်းဆွဲတိုက်ခိုက်

📌 ၄။ တမူးမြို့နယ်၊ တမူး-ကလေး ကားလမ်းပေါ်မှာရှိတဲ့ ဘုက္ကန်ရွာရှိ ရဲစခန်းကို ပြည်သူ့ရဲဘော်များတိုက်ခိုက်သိမ်းပိုက်နိူင်ခဲ့

📌 ၅။ သံဖြူဇရပ်မြို့နယ် မွန်ကျေးရွာများတွင် (YGF) ဗိုလ်ကျန်ရစ်အဖွဲ့အမည်အသုံးပြု၍ ငွေကြေးများလိုက်လံတောင်းခံနေတယ်လို့ သတိပေး

📌 ၆။ မေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်၊ Fort Wayne မြို့မှာ ပွဲဦးထွက် စတင်ပြသမယ့် "မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" ရုပ်ရှင်ကို U.S.A ​ရောက် ညီအကိုမောင်နှမများလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုနဲ့ အလိုတူအလိုပါ အဖွဲ့အစည်းတွေ အားလုံးဟာ ပြည်သူ့သစ္စာ စူးရောက်မယ့် သမိုင်းတရားခံများသာ ဖြစ်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


မတ်လ၂၄


မတ်လအတွင်းကျင်းပတဲ့ အစိုးရအဖွဲ့အစည်းအဝေးမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ အလိုတူအလိုပါ အဖွဲ့အစည်းတွေ အားလုံးဟာ ပြည်သူ့သစ္စာ စူးရောက်မယ့် သမိုင်းတရားခံများသာ ဖြစ်မယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားခဲ့ပါတယ်။


"ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာဟာ သူတို့အာဏာ ဆက်လက် တည်မြဲနိုင်ရေးအတွက် ပြုလုပ်မယ့် လုပ်ပွဲတစ်ခုသာ ဖြစ်တယ်ဆိုတာကို မြန်မာပြည်သူများသာမက၊ နိုင်ငံတကာကပါ သိရှိနေကြပြီးသား ဖြစ်တဲ့အတွက် ၎င်းတို့နဲ့ အလိုတူအလိုပါ အဖွဲ့အစည်းတွေ အားလုံးဟာ ပြည်သူ့သစ္စာ စူးရောက်မယ့် သမိုင်းတရားခံများသာ ဖြစ်မယ်ဆိုတာကို ထပ်လောင်း ပြောကြား လိုပါတယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက် စစ်တပ်ဟာ နွေဦးတော်လှန်ရေး နှစ်တာ ကာလအတွင်းမှာ ရဟန်း သံဃာတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသမီး၊ ကလေးသူငယ်၊ မသန်စွမ်းများအပါအဝင် ပြည်သူ ၃၂၀၀ နီးပါးကို နည်းပေါင်းစုံနဲ့ သတ်ဖြတ်ခဲ့တဲ့အပြင် အဲဒီ့ထဲမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု ဖြစ်စဉ် ၆၀ ကျော် ပါဝင်ခဲ့ပါတယ်။


========================


📌📌 ၂။ ကရင်နီဒေသ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဖက်သို့  စစ်ကြောင်း ()ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသော တိုက်ပွဲများအတွင်း KNDF တပ်ရင်း အမှတ် (၁၀)မှ ရဲဘော် ()ဦးကျဆုံးခဲ့


မတ်လ၂၄ ရက်


မတ်လ၂၄ ရက်မှာ KNDF က အခုလိုအသိပေးဖော်ပြခဲ့ပါတယ်။


"မတ်လမှစ၍ ဒေါညေးခူ၊ ဒေါတမကြီးကျေးရွာဖက်သို့  စစ်ကြောင်း ()ကြောင်းဖြင့် ထိုးစစ်ဆင်လာခဲ့သော အကြမ်းဖက် စစ်ကောင်စီအား ခုခံတိုက်ခိုက်နေသော တိုက်ပွဲများအတွင်း မိမိတို့ KNDF တပ်ရင်း အမှတ် (၁၀)မှ ရဲဘော် ()ဦးသည် တိုင်းပြည်နှင့် လူမျိုးအတွက် မြင့်မြက်စွာ ကျဆုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။


 KNDF တပ်ရင်း အမှတ် (၁၀) ရဲဘော်များဖြစ်သော ရဲဘော်ခူးဦးရယ် မှာ  မတ်လ (၂၁)နေ့တိုက်ပွဲအတွင်လည်ကောင်း ရဲဘော် နိုရယ် မှာ မတ်လ (၂၂)ရက်နေ့တိုက်ပွဲတွင်း လည်းကောင်း စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း ကျဆုံးခဲ့ရပါတယ်။


"တိုင်းပြည်နှင့် လူမျိုးအတွက် အကြမ်းဖက်စစ်ကောင်စီအား ရဲရင့်စွာတိုက်ခိုက်ရင်း မြင့်မြတ်စွာ ကျဆုံးခဲ့ရသော ရဲဘော်ဦးရယ် နှင့် ရဲဘော်နိုရယ် တို့အား မိမိတို့ KNDF တပ်ရင်းအမှတ် (၁၀)မှ အာဇာနည်သူရဲကောင်းအဖြစ် အစဥ်အမြဲ ဂုဏ်ယူမှတ်တမ်းတင်ထားမှာဖြစ်ပါတယ်"လို့ဆိုထားပါတယ်။


========================


📌📌 ၃။ မုံရွာ ကျောက္ကာရွာများအား စစ်ကြောင်းထိုး၍ ပြန်လာသော စကစတပ် ကား စီးအားမုံရွာ မန္တလေး ကားလမ်းမပေါ်တွင် မိုင်းဆွဲတိုက်ခိုက်


မတ်လ၂၄ ရက်


မတ်လ၂၄ ရက်မှာ စစ်ရေးသတင်းကို Aung San Force - A.S.Fက အခုလိုအတည်ပြုဆိုပါခဲ့တယ်။


" မတ်လ ၂၃ ညနေ နာရီခန့်တွင် မုံရွာမြို့နယ်၊ မုံရွေး ကျောက္ကာရွာများအား စစ်ကြောင်းထိုး၍ ပြန်လာသော စကစတပ် ကား စီးအားမုံရွာ မန္တလေး ကားလမ်းမပေါ်တွင် ကျွန်ုပ်တို့ မုံရွာခရိုင် အမှတ် တပ်ရင်း၊ တပ်ခွဲ မှ ပဒေသာမိုင်းတွဲဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုကြောင့် စကစဘက်က ကား၁ စီး ပျက်စီးကာ စကစတပ်သားအချို့အထိအခိုက်အကျဆုံးရှိကြောင်း သိရပါတယ်။


========================


📌📌 ၄။ တမူးမြို့နယ်၊ တမူး-ကလေး ကားလမ်းပေါ်မှာရှိတဲ့ ဘုက္ကန်ရွာရှိ ရဲစခန်းကို ပြည်သူ့ရဲဘော်များတိုက်ခိုက်သိမ်းပိုက်နိူင်ခဲ့


မတ်လ၂၄


စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ တမူး-ကလေး ကားလမ်းပေါ်မှာရှိတဲ့ ဘုက္ကန်ရွာရှိ ရဲစခန်းကို ပြည်သူ့ရဲဘော်များတိုက်ခိုက်သိမ်းပိုက်နိူင်ခဲ့တယ်လို့ မတ်လ၂၄ ရက်မှာ  ဒေသခံ သတင်းအရင်းအမြစ်များကအတည်ပြုဆိုပါတယ်။


"ဒီမနက်က တမူးမြို့နယ်၊ တမူး-ကလေး ကားလမ်းပေါ်မှာရှိတဲ့ ဘုက္ကန်ရွာ (Zohmun)ရွာတွင် ပြည်သူ့ရဲဘော်များနဲ့ စကစတပ်တို့ တစ်နာရီခွဲကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ဘုက္ကန်ရွာ (Zohmun)ရွာ ရဲစခန်းအား ပြည်သူ့ရဲဘော်များက သိမ်းပိုက်နိုင်ကြောင်း သိရှိရပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ စကစဘက်က လေကြောင်းပစ်ကူများပါ အသုံးပြုလာနိူင်ဖွယ်ရှိနေပါတယ်။


========================


📌📌 ၅။ သံဖြူဇရပ်မြို့နယ် မွန်ကျေးရွာများတွင် (YGF) ဗိုလ်ကျန်ရစ်အဖွဲ့အမည်အသုံးပြု၍ ငွေကြေးများလိုက်လံတောင်းခံနေတယ်လို့ သတိပေး


မတ်လ၂၄ ရက်မှာ ရေးပြောက်ကျားတပ်ဖွဲ့က ဗိုလ်ကျန်ရစ်က ပြည်သူများကိုအခုလိုအသိ‌ပေးဆိုထားပါတယ်။


"ယခုအချိန်ကာလသည်(YGF)တပ်ဖွဲ့အနေဖြင့် စစ်ရေးအရှိန်မြင့်ဆောင်ရွက်နေသည့်အချိန်ဖြစ်ပြီးမစ်ရှင်များဆက်တိုက်ပြုလုပ်နေသည့်အချိန်လည်းဖြစ်ပါတယ်။မိမိတို့အဖွဲ့ပုံရိပ်ကိုဖျက်ဆီးလိုသည့်အနေဖြင့် ရေးမြို့နယ်မြောက်ပိုင်းမွန်ကျေးရွာများနှင့်သံဖြူဇရပ်မြို့နယ် မွန်ကျေးရွာများတွင်(YGF) ဗိုလ်ကျန်ရစ်အဖွဲ့ဆိုပြီး ငွေကြေးများလိုက်လံတောင်းခံနေကြောင်း ကြားသိနေရပါတယ်။မိမိတို့(YGF)တပ်ဖွဲ့အနေဖြင့်လည်းယခုလိုအဖွဲ့အမည်အသုံးချ၍ ငွေကြေးတောင်းခံနေမှုအား လိုက်လံစုံစမ်းနေပြီးမိမိတို့အဖွဲ့မှလည်းယခုကဲ့သိုတောင်းခံမှုမျိုးလုံးဝ(လုံးဝ)ပြုလုပ်ခဲ့ခြင်းမရှိပါ"လို့ဆိုပါတယ်။


ထို့အပြင်ငွေကြေးတောင်းခံမှုမျိုးရှိလာပါက(YGFPage)နှင့် ဗိုလ်ကျန်ရစ်အကောဒ်သို့တိုက်ရိုက်ဆက်သွယ်မေးမြန်းတိုင်ကြားနိုင်ပါကြောင်း အသိပေးကြေညာထားပါတယ်။


========================


📌📌 ၆။ မေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်၊ Fort Wayne မြို့မှာ ပွဲဦးထွက် စတင်ပြသမယ့် "မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" ရုပ်ရှင်ကို U.S.A ​ရောက် ညီအကိုမောင်နှမများလာရောက်ကြည့်ရှုဖို့ဖိတ်ခေါ်


မတ်လ၂၄ ရက်


မတ်လ၂၄ ရက်မှာ ရုပ်ရှင်ပြသရေးအဖွဲ့က အခုလိုအသိပေးဖော်ပြထားပါတယ်။


"မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်" Short Film ရဲ့ ပထမဆုံး ᴡᴏʀʟᴅ ᴘʀᴇᴍɪᴇʀ ꜱʜᴏᴡ နေနဲ့ အခုလာမယ့် မတ်လ ( ၂၆ ရက် - တနင်္ဂနွေနေ့ ) မှာ မေရိကန်ပြည်ထောင်စု၊ Indiana ပြည်နယ်၊ Fort Wayne မြို့မှာ ပွဲဦးထွက် စတင်ပြသသွားမှာ ဖြစ်ပါတယ်။အာဏာရှင်စနစ် ပျက်သုဥ်းဖို့အရေး ခုချိန်ထိသွေးအေးမသွားဘဲ ဇွဲစိတ်သန်သန်နဲ့ ပါဝင်နေဆဲဖြစ်တဲ့ U.S.A ​ရောက် ညီအကိုမောင်နှမ မိဘပြည်သူများရဲ့ အားပေးကြည့်ရှုမှုကို ကျနော်တို့ အဖွဲသားအားလုံးက ယုံကြည်စွာနဲ့မျှော်လင့်ရင်ခုန်နေလျှက်ပါ"လို့ဆိုထားပါတယ်။


ဒါရိုက်တာဏကြီးရိုက်ကူးသောမပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်ရုပ်ရှင်မှာ မအေးမြအဖြစ် သရုပ်ဆောင်ပိုင်ဖြိုးသုက ပါဝင်သရုပ်ဆောင်ထားပြီး  ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များလည်းပါဝင်သရုပ်ဆောင်ထားပါတယ်။ ၄င်းရုပ်ရှင်ကို အမေရိကန်၊ပြင်သစ်၊ ကနေဒါ၊ ယူကေစတဲ့ နိူင်ငံများမှာလည်း ပြသ သွားမှာဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment