25th MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ၂၅ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာဟာ ၄င်းတို့အာဏာ ဆက်လက်တည်မြဲနိုင်ရေးအတွက် ပြုလုပ်မယ့် လုပ်ပွဲတစ်ခုသာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ စစ်အာဏာရှင်နဲ့ အာဏာရှင်ပြုတ်ကျရေးတစ်ခုတည်းနဲ့တင် မလုံလောက်ဘဲ နိုင်ငံရေးအင်အားစု အသီးသီးက ဘုံသဘောတူညီချက် ရှိနေဖို့လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား

📌 ၄။ စစ်ကောင်စီအောက် ပါတီမှတ်ပုံတင်တဲ့နိုင်ငံရေးပါတီတွေ လူထုပျောက်မှာ မကြောက်ဘူးလားလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မေးခွန်းထုတ်

📌 ၅။ ဥဩစစ်ကြောင်း ထား၀ယ်မြို့နယ်မှ အကြမ်းဖက်စစ်တပ်နဲ့အကျိုးတူ လုပ်ငန်းများထုတ်ကုန် အသုံးမပြုကြရန် အသိပညာပေးလှုံ့ဆော်

📌 ၆။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ  လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်

📌 ၇။ ကန့်ဘလူခရိုင်ညောင်ဇင်ကြီးရွာမှ အိမ်ခြေ ၃၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသားတစ်ဦးအား မီးရှို့သတ်ဖြတ်

📌 ၈။ ဘုတ်ငှက်စစ်ဆင်ရေးအဖြစ်တမူးမြို့နယ် ကလေး-တမူးလမ်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ ဘုက္ကန်ရဲကင်းအား သိမ်းပိုက်ရရှိပြီးလက်နက်မျိုးစုံသိမ်းဆည်းရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာဟာ ၄င်းတို့အာဏာ ဆက်လက်တည်မြဲနိုင်ရေးအတွက် ပြုလုပ်မယ့် လုပ်ပွဲတစ်ခုသာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်ဆို


အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာဟာ ၄င်းတို့အာဏာ ဆက်လက် တည်မြဲနိုင်ရေးအတွက် ပြုလုပ်မယ့် လုပ်ပွဲတစ်ခုသာ ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ အစိုးရအဖွဲ့အစည်းအဝေး (၁၁/၂၀၂၃) ကျင်းပရာမှာ ဝန်ကြီးချုပ်က ထည့်သွင်းဆိုပါတယ်။


''ပြည်သူတွေအပေါ် နည်းမျိုးစုံနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုမျိုးစုံ ကျူးလွန်နေတဲ့ အကြမ်းဖက်စစ်အုပ်စုရဲ့ ရွေးကောက်ပွဲဆိုတာဟာ သူတို့အာဏာ ဆက်လက်တည်မြဲနိုင်ရေးအတွက် ပြုလုပ်မယ့် လုပ်ပွဲတစ်ခုသာ ဖြစ်တယ်ဆိုတာကို မြန်မာပြည်သူများသာမက၊ နိုင်ငံတကာကပါ သိရှိနေကြပြီးသား ဖြစ်ပါတယ်။''လို့ဝန်ကြီးချုပ်က ဆိုပါတယ်။


စစ်အုပ်စုဟာ အတုအယောင်ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းများပြုစုလျက်ရှိပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


 မတ်လ၂၄  ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ နှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (၁၂/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးကို ကြားကာလ ဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက် လာကြသော ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများက အမှာစကား အသီးသီးပြောကြားခဲ့ပါတယ်။


ဆက်လက်၍  ရွှေဘိုခရိုင်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ ခရိုင်အတွင်းနယ်မြေကွင်းဆင်းစစ်ဆေးမှုများ အပေါ် လုပ်ငန်းဆောင်ရွက်မှုများ၊ အကြံပြုချက်၊ သုံးသပ်ချက်များကို ချပြရှင်းလင်းပြောကြားခဲ့ ပြီးနောက် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းရှိ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များမှ မြေပြင်ကြုံတွေ့နေရသည့် အခက်အခဲများနှင့်သိရှိလိုသည်များကို မေးမြန်းခဲ့ကြကာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများကပြန်လည်ပြောကြားခဲ့ပါတယ်။


အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှတာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ စစ်အာဏာရှင်နဲ့ အာဏာရှင်ပြုတ်ကျရေးတစ်ခုတည်းနဲ့တင် မလုံလောက်ဘဲ နိုင်ငံရေးအင်အားစု အသီးသီးက ဘုံသဘောတူညီချက် ရှိနေဖို့လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီးပြောကြား


စစ်အာဏာရှင်နဲ့ အာဏာရှင်ပြုတ်ကျရေးတစ်ခုတည်းနဲ့တင် မလုံလောက်ဘဲ နိုင်ငံရေးအင်အားစု အသီးသီးက ဘုံသဘောတူညီချက် ရှိနေဖို့လိုအပ်တယ်လို့ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကဆိုပါတယ်။


မတ်လ၂၄ရက်ကျင်းပတဲ့နွေဦးတော်လှန်ရေးနှင့်အတူ မွေးဖွားလာခဲ့သည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် - ဘာ့ကြောင့်၊ ဘယ်ပုံဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် နှစ်နှစ်ပြည့် အထိမ်းအမှတ် ဆွေးနွေးပွဲမှာ ပြည်ထဲရေးဝန်ကြီးကဆိုပါတယ်။


"လက်ရှိ ပွင့်ပွင့်လင်းလင်းပြောကြရမယ်ဆိုလို့ရှိရင်တော့ တကယ်တမ်းစစ်အာဏာရှင်နဲ့ အာဏာရှင်ပြုတ်ကျရေးတစ်ခုတည်းနဲ့တင်မလုံလောက်ပါဘူး။ ဒီစစ်အာဏာရှင်နဲ့ အာဏာရှင်ပြုတ်ကျရေးကို ဆောင်ရွက်ပြီးတာနဲ့ ဘယ်လို တန်ဖိုးစံရှိတဲ့ နိူင်ငံကိုတည်ဆောက်မလဲဆိုတာ ကျနော်တို့ တိုင်းရင်းသားအဖွဲ့အစည်းတွေရော၊ ဗမာရော၊ နိုင်ငံရေးအင်အားစု အသီးသီးက ဘုံသဘောတူညီချက် ရှိနေဖို့လိုအပ်ပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ဖက်ဒရယ်ချာတာနဲ့အညီ ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၄။ စစ်ကောင်စီအောက် ပါတီမှတ်ပုံတင်တဲ့နိုင်ငံရေးပါတီတွေ လူထုပျောက်မှာ မကြောက်ဘူးလားလို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်မေးခွန်းထုတ်


စစ်ကောင်စီအောက် ပါတီမှတ်ပုံတင်တဲ့ နိုင်ငံရေးပါတီတွေ လူထုပျောက်မှာ မကြောက်ဘူးလားလို့ ပြည်ထောင်စု ဝန်ကြီး ဒေါက်တာတူးခေါင်မေးခွန်းထုတ်လိုက်ပါတယ်။


"ပါတီ နိုင်ငံရေးဆိုတာ လူထုပါဝင်မှုနဲ့ အလုပ်လုပ်ရတာပါ။ ကိုယ်မှန်တယ်လို့ ထင်ရာလုပ်ချင်တယ်ဆိုရင် Activist လုပ်တာက ပိုသင့်တော်မယ်။ စကစ က ပါတီမှတ်ပုံမတင်ရင် ပါတီပယ်ဖျက်မယ်လို့ ခြိမ်းခြောက်တာကြောင့် ပါတီမှတ်ပုံတင်ရပါတယ်ဆိုတာ လူထုပျောက်မှာကိုကျ မကြောက်ကြဘူးလား"လို့ ဆိုပါတယ်။


လက်ရှိမှာ စကစဟာ နိုင်ငံရေးပါတီများကို ပြန်လည်မှတ်ပုံတင်ခိုင်းကာ အတုအယောင်ရွေးကောက်ပွဲကျင်းပဖို့ ပြင်ဆင်လျက်ရှိပါတယ်။


========================


📌📌 ၅။ ဥဩစစ်ကြောင်း ထား၀ယ်မြို့နယ်မှ အကြမ်းဖက်စစ်တပ်နဲ့အကျိုးတူ လုပ်ငန်းများထုတ်ကုန် အသုံးမပြုကြရန် အသိပညာပေးလှုံ့ဆော်


ဥဩစစ်ကြောင်းထား၀ယ်မြို့နယ်မှ အကြမ်းဖက်စစ်တပ်နဲ့ အကျိုးတူလုပ်ငန်းများထုတ်ကုန် အသုံးမပြုကြရန် အသိပညာပေးလှုံ့ဆော်ခဲ့ပါတယ်။ မတ်လ၊၂၄ ရက်မှာ ဥသြစစ်ကြောင်းက တောတွင်းတစ်နေရာမှာ လှုပ်ရှားခဲ့ပါတယ်။


" ဥဩ စစ်ကြောင်းမှ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ၎င်းတို့အကျိုးတူစီးပွားဖက်များ၏ ထုတ်ကုန်များအား မိဘပြည်သူများ အသုံးမပြုကြရန် လက်ကမ်းစာစောင်များ မျှဝေကာ အသိပညာပေးသည့် အစီအစဉ်တရပ်အား အရှေ့တောဒေသတနေရာတွင် ပြုလုပ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ပြည်သူများ အနေဖြင့် စစ်ကောင်စီနှင့် ၎င်းတို့တို့၏အကျိူးတူ စီးပွားဖက်များမှ ထုတ်လုပ်ရောင်းချနေသော ကုန်ပစ္စည်များအား မ၀ယ်ယူမသုံးစွဲခြင်းဖြင့် တော်လှန်ရေးအတွက် ပူးပေါင်းပါ၀င်ပေးကြပါရန် တိုက်တွန်းအပ်ပါတယ်လို့ ဥဩစစ်ကြောင်း ကဆိုပါတယ်။


========================


📌📌 ၆။ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ  လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်


ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ခဲ့ပါတယ်။ မတ်လ၂၄ ရက်နေ့မှာ စကစတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်များကဆိုပါတယ်။


" မတ်လ ၂၄ ရက်မှာ ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းကို စစ်ကောင်စီတပ်မှ  လေကြောင်းတိုက်ခိုက်ပြီး နေအိမ် ( ၁၀၀ ) ဝန်းကျင် မီးလောင်ပျက်စီးခဲ့ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် မတ် (၂၄)ရက်မှာ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းသို့ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ (၁၀)ကြိမ်ကျော် ပစ်ခတ်ခဲ့ရာ သက်ကြီးအမျိုးသား ()ဦး နှင့် အမျိုးသမီး()ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်-ဒီမော့ဆိုက အသိပေးဆိုပါတယ်။


"(ကရင်နီ)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းသို့ မည်သည့်တိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိဘဲ အကြမ်းဖက်စစ်ကောင်စီစစ်တပ်သည် လက်နက်ကြီးကို နေ့စဉ်နှင့်အမျှ ရမ်းသမ်းပစ်ခတ်လေ့ရှိပါတယ်။ မတ်၂၄ရက်နေ့တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများ (၁၀)ကြိမ်ကျော် ပစ်ခတ်ခဲ့ရာမှ သက်ကြီးအမျိုးသား ()ဦး နှင့် အမျိုးသမီး()ဦး ပြင်းထန်ဒဏ်ရာရရှိပြီး နေအိမ်တစ်လုံးထိခိုက်ပျက်စီးခဲ့ပါတယ်"လို့ဆိုပါတယ်။


ဒီမော့ဆိုမြို့နယ်အတွင်း စကစတပ်နဲ့ကာကွယ်ရေးတပ်များ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်ဘေးရှောင်ဦးရေ တိုးမြင့်လာလျက်ရှိနေပြီး မိဘပြည်သူများအားလုံး သတိကြီးစွာဖြင့် နေထိုင်သွားလာကြပါရန် ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) မှအသိပေးနှိုးဆော်အပ်ပါတယ်လို့ ဆိုထားပါတယ်။


========================


📌📌 ၇။ ကန့်ဘလူခရိုင်ညောင်ဇင်ကြီးရွာမှ အိမ်ခြေ ၃၀ ကျော်ကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ မီးရှို့ဖျက်ဆီးပြီး စိတ်ကျန်းမာရေးမကောင်းသည့်အမျိုးသားတစ်ဦးအား မီးရှို့သတ်ဖြတ်


မတ်လ၂၄ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင် ကအသိပေးဖော်ပြပါတယ်။


"မတ်လ ၂၃ ရက်နေ့ညနေ နာရီ ၃၀ မိနစ်ဝန်းကျင်တွင် စစ်ကိုင်းတိုင်း၊ ကန့်ဘလူခရိုင်၊ ထန်းကုန်းတိုက်နယ်၊ညောင်ဇင်ကြီးရွာအား စစ်ကောင်စီတပ်နှင့်ပျူစောထီး စုပေါင်းအင်အား ၁၅၀ ခန့်မှ အကြမ်းဖက်ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ ညောင်ဇင်အရှေ့ကျောင်းမှ  သက်တော် ၆၀ နှစ်ရှိ ကျောင်းထိုင်ဘုန်းကြီး ဥူးသောမလအား ဖမ်းဆီးခေါ်ဆောင်သွားသည့်အပြင် စိတ်မူမမှန်သည့် ၃၅ နှစ်ဝန်းကျင် ကိုမျိုးမင်းဦး()ကိုထွန်းမင်းဦးအား မီးရှို့သတ်ဖြတ်သွားပါတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ အကြမ်းဖက်မီးရှို့ဖျက်ဆီးခြင်းကြောင့် အိမ်ခြေ ၃၀၀ နီးပါးရှိသည့် ညောင်ဇင်ကြီးရွာမှ အပြစ်မဲ့ပြည်သူပိုင်နေအိမ် ၃၂ လုံး နှင့် ဆိုင်ကယ် ၁၇ စီးအပြင် လယ်ယာသုံးလက်တွန်းထွန်စက် စီး ထွန်စက်အကြီး တစ်စီး နှင့် ဘုန်းကြီးကျောင်းတွင် လာထားကြသော ပြည်သူပိုင် စပါးတင်း ရာနှင့်ချီ မီးလောင်‌ပျက်ဆီးဆုံးရှုံးခဲ့ပါတယ်။


========================


📌📌 ၈။ ဘုတ်ငှက်စစ်ဆင်ရေးအဖြစ်တမူးမြို့နယ် ကလေး-တမူးလမ်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ ဘုက္ကန်ရဲကင်းအား သိမ်းပိုက်ရရှိပြီးလက်နက်မျိုးစုံသိမ်းဆည်းရရှိ


ဘုတ်ငှက်စစ်ဆင်ရေးအဖြစ်တမူးမြို့နယ် ကလေး-တမူးလမ်းမှာရှိတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့ ဘုက္ကန်ရဲကင်းအား သိမ်းပိုက်ရရှိပြီးလက်နက်မျိုးစုံသိမ်းဆည်းရရှိခဲ့တယ်လို့ မတ်လ၂၄ရက်မှာ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA)ကအသိပေးဆိုပါတယ်။


"စစ်ကိုင်းတိုင်း တမူးမြို့နယ် ကလေး-တမူးလမ်းမှာရှိတဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ ဘုက္ကန်ရဲကင်းအား မတ်လ ၂၄ရက် နံနက် ၇နာရီ မိနစ် ၂၀မှာ  ရဲစခန်းအား ဝင်ရောက် စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး အပြန်အလှန် ပစ်ခတ်မှု   ၄၅ မိနစ်ခန့် ကြာမြင့်ခဲ့တယ်"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေးသွားခဲ့တယ်လို့ဆိုပါတယ်။ စခန်းအားသိမ်းပြီးနောက်လက်နက်မျိုးစုံ ၁၅လက် နဲ့ ခဲယမ်း အများအပြား သိမ်းဆည်းရရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment