31st MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ၃၁ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီဟာ အရှက်တကွဲ ရှုံးနိမ့်မှုတွေကို လိမ်ညာဖုံးကွယ်ပြီး မိုက်မဲတဲ့လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား

📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ အသိအမှတ်ပြု ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်

📌 ၃။ ထန်တလန်မြို့နယ် Khuafo(ခွာဖို)ရွာကို စကစတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၁၀ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ လူ၂၀ဦးထိမြင့်တက်လာ

📌 ၄။ ရွှေကူမြို့နယ် မံဝိန်းကျေးရွာကို အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်

📌 ၅။ ဒီပဲယင်းအနောက်ခြမ်း မန်းကျည်စောက်ရွာထဲသို့ရောက်ရှိနေသော  အကြမ်းဖက်စစ်ကောင်စီတပ်သားများ  မန်းကျည်းစောက်ရွာကို မီးရှို့ဖျက်ဆီး

📌 ၆။ ဆားလင်းကြီးမြို့နယ် ညောင်ပင်တိုရွာမှ ရွာသားများရဲ့ ရိက္ခာများကို အင်အားနှစ်ရာခန့်ရှိတဲ့ စကစတပ် စစ်ကြောင်းက ခိုးယူသယ်ဆောင်

📌 ၇။ မြိုင်နယ်တောင်ပိုင်း နှမ်းဆီကန်ကျေးရွာသို့ ဝင်ရောက်လာသော သရက်ကန်မှ အကြမ်းဖက်စကစတပ်နဲ့ ပျူများ ရမ်းသမ်းပစ်ခတ်၍ နှမ်းဆီကန်ရွာမှ ၄နှစ်သမီးအရွယ် ကလေးအားထိမှန်သေဆုံး

📌 ၈။ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်ကို အမျိုးသားနှစ်ဦးဆိုင်ကယ်နှင့် ဖြတ်သန်းလာချိန် PDFလို့ဆိုကာ စကစတပ်များ ပစ်ခတ်၍ နှစ်ဦးစလုံးသေဆုံး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီဟာ အရှက်တကွဲ ရှုံးနိမ့်မှုတွေကို လိမ်ညာဖုံးကွယ်ပြီး မိုက်မဲတဲ့လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြား


အကြမ်းဖက်စစ်ကောင်စီဟာ အရှက်တကွဲ ရှုံးနိမ့်မှုတွေကို လိမ်ညာဖုံးကွယ်ပြီး မိုက်မဲတဲ့လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်နေတယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းပြောကြားလိုက်ပါတယ်။ မတ်လ ၃၀ရက် အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ် (၁၃/၂၀၂၃)တွင် ဝန်ကြီးချုပ်ကဆိုပါတယ်။


"အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူထားတဲ့ () နှစ်ကျော် ကာလအတွင်းမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ စီးပွားရေး၊ လူမှုဘဝ အဆင့်အတန်းများ၊ ပြည်သူ့ဝန်ဆောင်မှုများ ပြိုကျပျက်စီးခဲ့ရသလို ဒေသတွင်း အတွက်လည်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေပါတယ်။ ဒါပေမယ့် စစ်ကောင်စီဟာ လက်တွေ့ဖြစ်ပျက်နေတာတွေ၊ ပျက်စီးပြိုလဲနေတာတွေ၊ အရှက်တကွဲ ရှုံးနိမ့်မှုတွေကို လိမ်ညာဖုံးကွယ်ပြီး၊ အာဏာကို မစွန့်လွတ်ရစေရေးအတွက် မိုက်မဲတဲ့လုပ်ရပ်တွေကို ဆက်လက် ကျူးလွန်လျက်ရှိနေတာကို တောင်ပေါ်နဲ့ အညာမြေပြန့်၊ ကျေးလက်နဲ့ မြို့ပြမကျန် ခံစားနေရတာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်  ပြည်သူတွေဟာ စစ်မိစ္ဆာတွေလက်အောက် ဘယ်တော့မှ မနေဘူး ဆိုတာကို  အနစ်နာခံမှုတွေ၊ ပေးဆပ်မှုတွေ၊ ဝေမျှထောက်ပံ့မှုတွေကနေ မြင်တွေ့နိုင်တယ်လို့ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၂။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ အသိအမှတ်ပြု ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်


 မတ်လ ၃၀ ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရဲတပ်ဖွဲ့နှင့် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီအသိအမှတ်ပြု ချင်းပြည်နယ်ပြည်သူ့ရဲတပ်ဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်လို့ အသိပေးဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန(MOHAI)လက်အောက်တွင် ဖွဲ့စည်းထားရှိသော ပြည်သူ့ရဲတပ်ဖွဲ့နှင့် ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီမှ အသိအမှတ်ပြု ဖွဲ့စည်းထားသည့် ချင်းပြည်နယ် ပြည်သူ့ရဲတပ်ဖွဲ့တို့သည် နွေဦးတော်လှန်ရေးတွင် ပြည်သူ့ဖက်မှ ရပ်တည်၍ CDM ပြုလုပ်ခဲ့သော ရဲတပ်ဖွဲ့ဝင်အများစုဖြင့် သန္ဓေတည်ပေါက်ဖွားလာသော ရဲတပ်ဖွဲ့များဖြစ်ကြပါတယ်။ မိမိတို့ ပြည်သူ့ရဲတပ်ဖွဲ့များသည် ခိုင်မြဲသော မဟာမိတ် ဆက်ဆံရေးထားရှိပြီး တရားဥပဒေစိုးမိုးရေး၊ လေ့ကျင့်သင်ကြားရေးနှင့် သတင်းဖလှယ်ရေး ကိစ္စများတွင် တပ်ဖွဲ့အချင်းချင်း နက်ရှိုင်းစွာ အတူတကွ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၂၀၂၃ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် ပူးတွဲ ထုတ်ပြန်ခဲ့ပါတယ်လို့ဖော်ပြပါတယ်။


========================


📌📌 ၃။ ထန်တလန်မြို့နယ် Khuafo(ခွာဖို)ရွာကို စကစတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား၁၀ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ လူ၂၀ဦးထိမြင့်တက်လာ


ချင်းပြည်နယ် ထန်တလန်မြို့နယ် Khuafo(ခွာဖို)ရွာကို စကစတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့်အရပ်သား၁၀ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရသူ လူ၂၀ဦးထိမြင့်တက်လာပါတယ်။


မတ်လ ၃၀ ရက်နေ့ မနက် ၁၀ နာရီ ၁၆ မိနစ်ခန့်က ချင်းပြည်နယ် ထန်တလန်မြို့နယ် ခွာဖိုကျေးရွာ (Khuafo Village) ကို စစ်ကောင်စီတပ်က တိုက်လေယာဥ် စီး၊ Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ် စီးတို့ဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ သတင်းအရင်းအမြစ်တွေက အတည်ပြုပါတယ်။


တိုက်လေယာဉ်နဲ့ ၄ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် သေဆုံးခဲ့ရသူထဲမှာ အမျိုးသမီးအရေအတွက် အများဆုံးဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ မတ်လ ၃၀ရက် မနက်ပိုင်းမှာ စကစတပ်က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။


ကုလသမဂ္ဂလူ့အခွင့်အရေးရုံးရဲ့ အဆိုအရ ပြီးခဲ့တဲ့နှစ်အတွင်း အရပ်သား တည်နေရာတွေကို အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ၁၄၁ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ပါတယ်။


========================


📌📌 ၄။ ရွှေကူမြို့နယ် မံဝိန်းကျေးရွာကို အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်


မတ်လ၃၀ရက် မွန်းတည့်၁၂နာရီအချိန် အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကျဲပစ်ခတ်ခဲ့တယ်လို့ ရွှေကူKPDFက အသိပေးဖော်ပြပါတယ်။


"မတ်၃၀ရက်မွန်းတည့် ၁၂၀၀ အချိန်မှစ၍ အကြမ်းဖက်စစ်တပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကျဲပစ်ခတ်ခဲ့မှုကြောင့် ရွှေကူမြို့နယ် မံဝိန်းကျေးရွာရှိ လူနေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ပြီး အခြားအိမ်များသို့ ထပ်မံမီးကူးလောင်ကျွမ်းနိုင်ခြေရှိပါတယ်"လို့ဆိုပါတယ်။


 အကြမ်းဖက်စစ်တပ်သည် လေကြောင်းပစ်အကူအညီကို ယူကာ ဆက်တက်လာပြီး မံဝိန်းရွာတွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း သိရှိရပါတယ်။


========================


📌📌 ၅။ ဒီပဲယင်းအနောက်ခြမ်း မန်းကျည်စောက်ရွာထဲသို့ရောက်ရှိနေသော  အကြမ်းဖက်စစ်ကောင်စီတပ်သားများ  မန်းကျည်းစောက်ရွာကို မီးရှို့ဖျက်ဆီး


ဒီပဲယင်းအနောက်ခြမ်း မန်းကျည်စောက်ရွာထဲသို့ရောက်ရှိနေသော  အကြမ်းဖက်စစ်ကောင်စီတပ်သားများ  မန်းကျည်းစောက်ရွာကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်လို့ မတ်လ၃၀ရက်မှာ ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ထံကသိရပါတယ်။


"စိုင်ပြင်မှ ထွက်လာပြီး ဒီပဲယင်းအနောက်ခြမ်း မန်းကျည်စောက်ရွာထဲသို့ ရောက်ရှိနေသော  အကြမ်းဖက် စစ်ကောင်စီတပ်သားများသည်  မန်းကျည်းစောက်ရွာကို မီးများစတင်ရှို့နေပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ နီးစပ်ရာပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကြောင်းအန္တရာယ်မှ ဘေးလွတ်ရာတွင်သာ ရှောင်တိမ်းပေးကြပါရန် အသိပေးဆိုထားပါတယ်။


ဒီပဲယင်းမြို့နယ် စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့အနေဖြင့် စစ်ဘေးရှောင်များအတွက် ကူညီထောက်ပံ့နိုင်ရန် ဆောင်ရွက်နေပြီး အလှူရှင်များအနေဖြင့် အရေးပေါ်စစ်ဘေးရှောင်များအတွက် ပါဝင်ကူညီပေးကြပါရန် ဆိုထားပါတယ်။


========================


📌📌 ၆။ ဆားလင်းကြီးမြို့နယ် ညောင်ပင်တိုရွာမှ ရွာသားများရဲ့ ရိက္ခာများကို အင်အားနှစ်ရာခန့်ရှိတဲ့ စကစတပ် စစ်ကြောင်းက ခိုးယူသယ်ဆောင်


စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ညောင်ပင်တိုရွာမှ ရွာသားများရဲ့ ရိက္ခာများကို အင်အားနှစ်ရာခန့်ရှိတဲ့ စကစတပ်စစ်ကြောင်းက ခိုးယူသယ်ဆောင်ခဲ့ပါတယ်။ မတ်လ ၃၀ရက်နေ့မှာ ချင်းတွင်းရိုးမ မဟာမိတ်တပ်ပေါင်းစုက ဆိုထားပါတယ်။


"မတ်လ၃၀ရက် ဝမ်ပေါင်ကုမ္ပဏီထဲ ခဏတည်းခိုပြီးညောင်ပင်တိုရွာဘက် ထွက်ခွာသွားသော အင်အားနှစ်ရာခန့်ရှိစကစစစ်ကြောင်းသည် ညနေပိုင်းညောင်ပင်တိုရွာမှ ပြည်သူနေအိမ်များမှ ရိက္ခာများကို ခိုးယူသယ်ဆောင်သွားပါတယ်"လို့ဆိုပါတယ်။


စစ်ကိုင်းတိုင်းရှိ မြို့နယ်များသို့ စစ်ကြောင်းထိုးလာသော စကစတပ်နဲ့၄င်းတို့လက်အောက်ခံ အဖွဲ့အစည်းများသည် အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးရုံသာမက နေအိမ်ရှိ တန်ဖိုးရှိ ပစ္စည်းများကိုလည်း ခိုးယူသယ်ဆောင်လေ့ ရှိနေပါတယ်။


========================


📌📌 ၇။ မြိုင်နယ်တောင်ပိုင်း နှမ်းဆီကန်ကျေးရွာသို့ ဝင်ရောက်လာသော သရက်ကန်မှ အကြမ်းဖက်စကစတပ်နဲ့ ပျူများ ရမ်းသမ်းပစ်ခတ်၍ နှမ်းဆီကန်ရွာမှ ၄နှစ်သမီးအရွယ် ကလေးအားထိမှန်သေဆုံး


မကွေးတိုင်း၊ မြိုင်နယ်တောင်ပိုင်း နှမ်းဆီကန်ကျေးရွာသို့ ဝင်ရောက်လာသော သရက်ကန်မှ အကြမ်းဖက်စကစ တပ်နဲ့ ပျူများ ရမ်းသမ်းပစ်ခတ်၍ နှမ်းဆီကန်ရွာမှ ၄နှစ်သမီးအရွယ် ကလေးအားထိမှန်သေဆုံးခဲ့ပါတယ်လို့ မတ်လ၃၀ရက်မှာ ဒေသခံသတင်းအရင်းအမြစ်များက အတည်ပြုဆိုပါတယ်။


"မတ်လ၃၀ရက်မနက် ၈နာရီ၁၅အချိန် မြိုင်နယ်တောင်ပိုင်း နှမ်းဆီကန်ကျေးရွာသို့ ဝင်ရောက်လာသော သရက်ကန်မှ အကြမ်းဖက်ပျူများနဲ့ စကစတပ်များရမ်းသမ်း ပစ်ခတ်၍ နှမ်းဆီကန်ရွာမှ ၄နှစ်သမီးအရွယ် ကလေးအား ထိမှန်ပြီးသေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။


အိုင်းမရွာသို့ ရောက်ရှိနေသောစကစတပ်စစ်ကြောင်း ဟာ မတ်လ၃၀ရက် ညနေ 6:30ခန့်တွင် စက်မှု()သို့ ဝင်သွားကြောင်း သိရပါတယ်။


========================


📌📌 ၈။ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်ကို အမျိုးသားနှစ်ဦးဆိုင်ကယ်နှင့် ဖြတ်သန်းလာချိန် PDFလို့ဆိုကာ စကစတပ်များ ပစ်ခတ်၍ နှစ်ဦးစလုံးသေဆုံး


တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်ကို အမျိုးသားနှစ်ဦး ဆိုင်ကယ်နှင့် ဖြတ်သန်းလာချိန် PDFလို့ ဆိုကာ စကစတပ်များ ပစ်ခတ်၍ နှစ်ဦးစလုံးသေဆုံးခဲ့ပါတယ်။ မတ်လ၃၀ရက်မှာ လတ်တလောအခြေအနေများနှင့်ပတ်သက်၍ AAPPကဖော်ပြပါတယ်။


"မတ်လ ၂၅ ရက်နေ့၊ နေ့လယ် နာရီခန့်အချိန်တွင် တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာအတွင်းရှိ အကြမ်းဖက်စစ်အုပ်စု၏ စစ်ဆေးရေးဂိတ်ကို အမျိုးသားနှစ်ဦးသည် ဆိုင်ကယ်နှင့် ဖြတ်သန်းလာချိန်၌ အကြမ်းဖက်စစ်အုပ်စု၏တပ်သားက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဟု စွပ်စွဲပြီး ပစ်ခတ်ခဲ့သောကြောင့် ဆိုင်ကယ်နောက်တွင် လိုက်ပါလာသော ကိုသန်းလင်းချစ်သည် ကျည်ထိမှန်၍ ဆိုင်ကယ်ပေါ်မှ ပြုတ်ကျကာ နေရာတွင် သေဆုံးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ဆိုင်ကယ်မောင်းသူ ကိုပြည့်စုံအောင် () အလင်းရောင်မှာ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့၍ ပဝကျေးရွာရှိ ဆေးခန်းကို မောင်းနှင်လာပြီး ဆေးကုသမှုခံယူနေချိန်တွင် သေဆုံးခဲ့တယ်လို့သိရပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၁၈၅) ဦး ရှိခဲ့ပြီ ဖြစ်ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment