31st MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ၃၁ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် () နှစ်ပြည့်အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ယာယီသမ္မတ ဒူဝါလရှီးလနှင့်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တက်ရောက်အမှာစကားပြောကြား

📌 ၂။ Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကိုNUG ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်

📌 ၃။ ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများသေကြေပျက်စီးရမှုအပေါ် ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီအနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချ

📌 ၄။ ပညာရေးကဏ္ဍအတွက် ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ အမြန်ဆုံး ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေး

📌 ၅။ နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက် International Peace Sangha Network - IPSN အဖွဲ့ဝင် သံဃာတော်များ ပခုက္ကူခရိုင် ပေါက်မြို့နယ် မြေပြင်၌ ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့

📌 ၆။ အာဏာရှင်အဖွဲ့အစည်း၏ ပြစ်ချက်များစွာပြည့်နှက်နေသည့် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့မည်ဆိုပါက မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြုလိမ့်မည် မဟုတ်ကြောင်း ကန်နိူင်ငံရေးဝန်ကြီးထုတ်ပြန်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် () နှစ်ပြည့်အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ယာယီသမ္မတ ဒူဝါလရှီးလနှင့်ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ တက်ရောက်အမှာစကားပြောကြား


မတ်လ ၃၁ ရက်


မတ်လ ၃၁ ရက်မှာ ကျင်းပ‌သော ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် () နှစ်ပြည့်အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်တွင် ယာယီသမ္မတ ဒူဝါလရှီးလတက်‌ရောက်၍ အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"နွေဦးတော်လှန်ရေး လူထုလှုပ်ရှားမှုကြီးကို ဦးဆောင်နေရာမှာ ကျနော်တို့အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ပါအခြေခံမူတွေကို ဗဟိုပြုပြီး ခေါင်းဆောင်မှုပေးကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ဒါ့အပြင် စစ်အာဏာရှင်စနစ် အမြစ်ပြတ် သုတ်သင်ချေမှုန်းရေးအတွက် မူကိုအခြေခံသော တော်လှန်ရေးတိုက်ပွဲကို ဆင်နွှဲနေကြတာဖြစ်ပါတယ်။ဒါကြောင့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို စစ်အာဏာရှင်တော်လှန်ရေးအတွက် မိစ္ဆာနှင်တဲ့

ကမ္မဝါစာအဖြစ် အသုံးချ တိုက်ပွဲဝင်ရပါလိမ့်မယ်"လို့ဆိုပါတယ်။


ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကတော့ အခုလိုပြောကြားထားပါတယ် "ကျနော်တို့ အနာဂါတ် ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်ရာမှာ အကျိုးစီးပွားအခြေပြုစုဖွဲ့မှုထက် စံတန်ဖိုးကို အခြေပြုတဲ့ ပြည်ထောင်စုတစ်ရပ်၊အနာဂါတ် နိူင်ငံတော်သစ်တစ်ရပ်တည်ဆောက်ကြဖို့ကို ဒီနေရာကနေ အားလုံးကိုတိုက်တွန်းနှိုးဆော်လိုပါတယ်။ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့လည်း FDCကတဆင့် တော်လှန်ရေးကာလ အစိုးရတစ်ရပ်အဖြစ် အာဏာအပ်နှင်းခြင်းခံရသလို FDCကရှင်းလင်းတိကျတဲ့ နိူင်ငံရေးလမ်းပြမြေပုံများနဲ့ အခြေခံမူများအတိုင်းမမှိတ်မသုန် ရှေ့ကိုလျှောက်လှမ်းနေတာ ဖြစ်ကြောင်းကိုလည်းပြောကြားလိုပါတယ်"လို့ဆိုပါတယ်။


ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်ကို ၂၀၂၁ ခုနှစ်၊ မတ်လ (၃၁) ရက်နေ့တွင် စတင်ထုတ်ပြန်ကြေညာခဲ့ပြီးနောက် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ပြန်လည်သုံးသပ်ခဲ့ကြကာ ပြန်လည်ပြင်ဆင်ထားတဲ့ ပဋိညာဉ်ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် ပထမအကြိမ် ပြည်သူ့ညီလာခံမှာ အတည်ပြုခဲ့ကြပါတယ်။ 


ဖက်ဒရယ်ဒီမိုကရေစီ ပဋိညာဉ်တွင် အစိတ်အပိုင်းနှစ်ရပ်ပါဝင်ပြီး အစိတ်အပိုင်း () “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ကြေညာစာတမ်းနှင့် အစိတ်အပိုင်း () “ကြားကာလဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာအစီအမံတို့ဖြစ်ပါတယ်။


========================


📌📌 ၂။ Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကိုNUG ကာကွယ်ရေး ဝန်ကြီးဌာန ထုတ်ပြန်


မတ်လ၃၁ရက်


Project DragonFly နှင့် ပတ်သက်သော နောက်ဆက်တွဲအခြေအနေများကိုNUG ကာကွယ်ရေး ဝန်ကြီးဌာနက မတ်လ ၃၁ရက်နေ့မှာ အခုလိုအသိပေးဖော်ပြပါတယ်။

 

အမျိုးသားညီညွတ်ရေးအစိုးရ၏ ဘဏ္ဍာငွေရှာဖွေရေးအစီအစဉ်များတွင် အတတ်ပညာ၊ အသိပညာ၊ ငွေကြေးအားဖြင့် ပါဝင်ကူညီအားဖြည့်ပေးနေကြသူ တစ်ဦးချင်းစီတိုင်း၏ ကြိုးစားအားထုတ်မှုများကို လေးစားစွာဖြင့် အသိ အမှတ်ပြုအပ်ပါတယ်လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များထံမှ တဆင့် Project DragonFly အတွက် အမေရိကန်ဒေါ်လာ (.) သန်းတိတိကို လက်ခံရရှိသုံးစွဲလျက်ရှိကာ ရရှိထားသော ရန်ပုံငွေများကို လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ (.) သန်းနှင့် တန်ပြန်လေကြောင်း တိုက်ခိုက်ရေးကဏ္ဍအတွက် အမေရိကန်ဒေါ်လာ () သိန်း လျာထား သုံးစွဲလျက်ရှိပါတယ်လို့ဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ Fundraiser များနှင့် ပူးပေါင်း လုပ်ဆောင်ခဲ့သည့် ရန်ပုံငွေရှာဖွေရေးစီမံချက်များမှ ရရှိလာသော ရန်ပုံငွေများကို တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် စနစ်တကျစီမံခန့်ခွဲနေပြီး အလေအလွင့်မရှိ လက်ခံရရှိခဲ့ပါတယ်လို့ဆိုပါတယ်။


Project DragonFly မှ ရရှိခဲ့သော ရန်ပုံငွေများဖြင့် ပြုလုပ်ခဲ့သည့် စစ်ဆင်ရေးအောင်မြင်မှုများကို လုံခြုံရေး အရ သင့်လျော်သည့် အချိန်များတွင် ထုတ်ပြန်သွားမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါတယ်လို့ကာကွယ်ရေးဝန်ကြီးဌာနကဖော်ပြပါတယ်။


========================


📌📌 ၃။ ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ အရပ်သားပြည်သူများသေကြေပျက်စီးရမှုအပေါ် ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီအနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချ


မတ်လ၃၁ရက်


မတ်လ၃၁ရက်မှာ ကြားကာလ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီက ထုတ်ပြန်ချက်အမှတ် (/၂၀၂၃)ကို ထုတ်ပြန်ခဲ့ပါတယ်။


ထိုထုတ်ပြန်ချက်မှာ ၂၀၂၃ ခုနှစ် မတ်လ (၃၀) ရက်နေ့၊ နံနက် (၉း၃၀) နာရီဝန်းကျင်တွင် ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်၊ ခွာဖိုးကျေးရွာကို အကြမ်းဖက်စစ်ကောင်စီမှ တိုက်လေယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး၊ အသက် () နှစ်နှင့် () နှစ်အရွယ် ကလေးသူငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ ဦး ( - ၅၊ ကျား - ) သေဆုံးကာ၊ () နှစ် နှင့် (၁၀) နှစ်အရွယ် ကလေးသူငယ်နှစ်ဦးအပါအဝင် အရပ်သားပြည်သူ အနည်းဆုံး (၂၀) ဦးခန့် ထိခိုက်ဒါဏ်ရာ ရရှိခဲ့ကြောင်းသိရှိရသဖြင့် သေဆုံးဒါဏ်ရာရရှိသူများ၏ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်း ကြေကွဲရပါတယ်လို့ဖော်ပြပါတယ်။


ယခုကဲ့သို့သော အာဏာသိမ်းစစ်ကောင်စီ၏ပြုကျင့်မှုသည် ၎င်းတို့အနေဖြင့် တိုင်းရင်းသားလူမျိုးများ အပါအဝင် အပြစ်မဲ့အရပ်သားပြည်သူများအပေါ် အကြမ်းဖက်ရန် ဝန်မလေးသူများဖြစ်ကြောင်း ထပ်တလဲလဲ ဖော်ပြနေခြင်းဖြစ်ပြီး၊ လူမဆန်သော လုပ်ရပ်သာဖြစ်သဖြင့် မိမိတို့ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံ ကောင်စီအနေဖြင့် ပြင်းထန်စွာ ပြစ်တင်ရှုံ့ချကြောင်းနှင့် မိမိတို့ချင်းတစ်မျိုးသားလုံးအနေဖြင့် အကြမ်းဖက် စစ်ကောင်စီအား တစ်ခဲနက် ဆက်လက် ဆန့်ကျင်တော်လှန်ကြရန်အလေးအနက်တိုက်တွန်းအပ်ပါတယ်လို့ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီကဆိုပါတယ်။


========================


📌📌 ၄။ ပညာရေးကဏ္ဍအတွက် ကြားကာလ ဖက်ဒရယ်ပညာရေးကောင်စီ အမြန်ဆုံး ဖွဲ့စည်းနိုင်ရေး တွေ့ဆုံဆွေးနွေး


မတ်လ၃၁ရက်


မတ်လ၃၀ရက်တွင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) NUCC ရေးရာကော်မတီဝင်များ၊ ကောင်စီဝင်များ၊ JCC Educationမှကိုယ်စားပြုအဖွဲ့ဝင် () ဦးနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၊ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများဟာ ပညာရေးကဏ္ဍအတွက် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမြန်ဆုံး ဖွဲ့စည်းနိုင်ရေးနှင့်စပ်လျဥ်း၍  ဗီဒီယိုကွန်ဖရင့်မှတစ်ဆင့် တွေ့ဆုံကာ  ဆွေးနွေးညှိနှိုင်းခဲ့ကြပါတယ်။


အစည်းအဝေးတွင် NUCC ရေးရာကော်မတီ၊ ဥက္ကဋ္ဌ ဦးနေမျိုး က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး က ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ ဖွဲ့စည်းရန် ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ရှေ့ဆက်လုပ်ဆောင်မည့်လုပ်ငန်းစဥ်များကို ပြောကြားခဲ့ပါတယ်။


ထို့နောက် ပညာရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးများဖြစ်ကြသော ဂျာထွယ်ပန်နှင့် ဒေါက်တာစိုင်းခိုင်မျိုးထွန်းတို့သည် ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ ဖွဲ့စည်းရန် ဆောင်ရွက်ထားရှိမှုအပိုင်းများနှင့် ရှေ့ဆက်လုပ်ဆောင်မည့် အခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြပါတယ်။


၎င်းနောက် တက်ရောက်လာကြသည့် ကော်မတီဝင်များ က ရှင်းလင်းတင်ပြချက်များအပေါ် ဆွေးနွေးမေးမြန်း၍ ကြားကာလဖက်ဒရယ်ပညာရေးကောင်စီ အမြန်ဆုံး ဖွဲ့စည်းနိုင်ရေး လုပ်ငန်းစဥ်များ ချမှတ်ခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၅။ နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက် International Peace Sangha Network - IPSN အဖွဲ့ဝင် သံဃာတော်များ ပခုက္ကူခရိုင် ပေါက်မြို့နယ် မြေပြင်၌ ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့


မတ်လ၃၁ရက်


မတ်လ၃၁ရက်မှာ နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက် International Peace Sangha Networkက အခုလိုသတင်းထုတ်ပြန်အတည်ပြုခဲ့ပါတယ်။


"နိုင်ငံတကာငြိမ်းချမ်းရေးသံဃကွန်ရက် International Peace Sangha Network - IPSN အဖွဲ့ဝင် သံဃာတော်များ ပခုက္ကူခရိုင် ပေါက်မြို့နယ် မြေပြင်၌ ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ကြပါတယ်။ပခုက္ကူခရိုင် တပ်ရင်း ၁၂ မှ လည်း ပတ္တနိက္ကုဇ္ဇနကံဆောင် သံဃာတော်အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုဆက်ကပ်လှူဒါန်းခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


မတ်လ၂၇ရက်နေ့ညပိုင်းက ပြည်တွင်းပြည်ပ သံဃာထုက အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်အပါအဝင် ပတ်သက်သူတို့အား ပတ္တနိက္ကုဇ္ဇနကံဆောင်ခဲ့ရာ အထမြောက်အောင်မြင်ခဲ့ပါတယ်


========================


📌📌 ၆။ အာဏာရှင်အဖွဲ့အစည်း၏ ပြစ်ချက်များစွာပြည့်နှက်နေသည့် ရွေးကောက်ပွဲ ကျင်းပဖြစ်ခဲ့မည်ဆိုပါက မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြုလိမ့်မည် မဟုတ်ကြောင်း ကန်နိူင်ငံရေးဝန်ကြီးထုတ်ပြန်


မတ်လ၃၁


မတ်လ ၃၀ ရက်မှာမြန်မာနိုင်ငံတွင် နိုင်ငံရေးပါတီများဖျက်သိမ်းမှုနဲ့ပတ်သက်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဂျေ ဘလင်ကန်က အခုလိုထုတ်ပြန်ပြောဆိုခဲ့ပါတယ်။


"မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ ထိန်းချုပ်မှုအောက်တွင်ရှိသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ၄၀ ကို ဖျက်သိမ်းရန်ဆုံးဖြတ်ခြင်းအပေါ် မိမိတို့ ပြင်းထန်စွာ ရှုတ်ချပါတယ်။ပြည်သူများသည် ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် NLD နှင့် အခြားပါတီများကိုသာ တခဲနက် ပြန်လည်ရွေးချယ်ပြီး ထောက်ခံမဲပေးခဲ့ကြပါတယ်။ နိုင်ငံရေးပါတီများကို ဖျက်သိမ်းသည့် စစ်အာဏာရှင်အဖွဲ့အစည်း၏ ဆုံးဖြတ်ချက်သည် မြန်မာနိုင်ငံအတွင်းမှ ပြည်သူအများ၏ ဆန္ဒသဘောထားနှင့် ပါတီစုံဒီမိုကရေစီစနစ်ကို ဆက်လက်ပြီးမထေမဲ့မြင်ပြုကြောင်း ဖော်ပြလျက်ရှိပါတယ်။ အာဏာရှင်အဖွဲ့အစည်း၏ ပြစ်ချက်များစွာပြည့်နှက်နေသည့် ရွေးကောက်ပွဲသည် ကျင်းပဖြစ်ခဲ့မည်ဆိုပါကလည်း မြန်မာနိုင်ငံတွင်းမှ မဲဆန္ဒရှင်များ၏ ဆန္ဒကို ကိုယ်စားပြုလိမ့်မည် မဟုတ်ကြောင်း ယခုလုပ်ရပ်က ထပ်လောင်းဖော်ပြလျှက်ရှိတယ်"လို့ဆိုထားပါတယ်။


ဒါ့အပြင် ယခုလျှောက်လှမ်းလျက်ရှိသည့် လမ်းကြောင်းကို နောက်ကြောင်းပြန်လှည့်ရန်၊ မြန်မာပြည်သူများအပေါ် အကြမ်းဖက်ခြင်းကို ရပ်တန့်ရန်၊ မတရား ဖမ်းဆီးထိန်းသိမ်းထားသူများကို လွှတ်ပေးရန်နှင့် အပြည်ပြည်ဆိုင်ရာဥပဒေအရ လိုက်နာဆောင်ရွက်ရမည့်အချက်များကို လေးစားလိုက်နာရန် စစ်အာဏာရှင်အဖွဲ့အစည်းကို အမေရိကန်ပြည်ထောင်စုက တောင်းဆိုတယ်လို့ဖော်ပြဆိုထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment