4th MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ထိတွေ့ ဆွေးနွေးနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကအသိပေးပြောကြား

📌 ၂။ အကြမ်းဖက်စစ်အုပ်ရဲ့နည်းလမ်းဟောင်းကြီးကို သတိမပြတ်ဖို့လိုတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို

📌 ၃။ မြန်မာစစ်တပ်က ကိုယ့်ပြည်သူ ကိုယ်ပြန်ပြီး အကြမ်းဖက်သတ်ဖြတ်နေတာတွေ မရပ်သရွေ့ အမေရိကန်က ဖိအားပေးနေမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ပြော

📌 ၄။ စစ်အာဏာရှင်အဖွဲ့အစည်းကို စောင့်ကြည့်ရေးနည်းပညာများ ဖြည့်ဆည်းပေးခြင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းသုံးခုကို အမေရိကန် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့

📌 ၅။ ခင်ဦးမြို့နယ် အနောက်ခြမ်း  အင်းပတ်ကျေးရွာအတွင်းသို့ယနေ့မနက်စကစတပ်များ ၆၀ မမ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ရာ အမျိုးသား၁ဦးနှင့် အမျိုးသမီး၁ဦး ထိခိုက်ဒဏ်ရာရ

📌 ၆။ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှ ကျေးရွာသားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ စကစတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ၆၀ မမ၊ လက်နက်ကြီးများနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့

📌 ၇။ မိုးကုတ်လမ်းပိုင်း တိုက်ပွဲများပြင်းထန်လာနိုင်၍မလိုအပ်ဘဲခရီးမသွားကြရန် ပြင်ဦးလွင်ခရိုင်ပကဖအသိပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ထိတွေ့ ဆွေးနွေးနေတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလကအသိပေးပြောကြား


မတ်လ ရက်


တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အားလုံးနဲ့ ထိတွေ့ ဆွေးနွေးနေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ၏ ယာယီသမ္မတ ဒူဝါလရှီးလက မတ်လအတွင်းမှာ ပြောကြားထားပါတယ်။


"ကျနော်တို့နဲ့ ထိတွေ့မှုမရှိတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဆိုတာမရှိပါဘူး။အားလုံးနဲ့တွေ့နေပါတယ်။အခုထပ်ပြီးတော့လည်း တချို့ထဲထဲဝင်ဝင် ဆွေးနွေးနေတာရှိပါတယ်။နောက်ပိုင်းဆိုအားလုံးကိုပါဝင်ဖို့ဖြစ်ပါတယ်။ကျနော်တို့ရဲ့မူကအားလုံးပါဝင်ဖို့ဖြစ်တဲ့အတွက်ကြောင့် အားလုံးပါဝင်တဲ့မဟာဗျူဟာ ဖြစ်ပါတယ်။ဒါမှသာ တော်လှန်ရေးအောင်မှာဖြစ်ပါတယ်"လို့ဆိုပါတယ်။ လက်ရှိမှာ KNUKIA အပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများဟာ အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ရေး၊နိူင်ငံရေးများပူးပေါင်းဆောင်ရွက်လျက်ရှိနေပါတယ်။


========================


📌📌 ၂။ အကြမ်းဖက်စစ်အုပ်ရဲ့နည်းလမ်းဟောင်းကြီးကို သတိမပြတ်ဖို့လိုတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဆို


အကြမ်းဖက်စစ်အုပ်ရဲ့နည်းလမ်းဟောင်းကြီးကို သတိမပြတ်ဖို့လိုတယ်လို့ လူ့အခွင့်ရေးရာဝန်ကြီးဦးအောင်မျိုးမင်းက မတ်လ ရက်နေ့မှာ  သုံးသပ်ပြောကြားထားပါတယ်။


"အကြမ်းဖက်စစ်အုပ်ဟာမြေပြင်အကြမ်းဖက်မှုတွေတိုးလုပ် ပြသလို  online မှာ သတင်းအတုအယောင်တွေနဲ့ အထင်မှားအောင် လုပ်နေတဲ့အရှိန်မြင့်လာပါတယ်။နည်းလမ်းဟောင်းဖြစ်ပေမဲ့ သတိမပြတ်ဖို့လိုပါတယ်။လျော့မတွက်စေချင်ဘူး"လို့ လူမှုကွန်ရက်မှာဆိုထားပါတယ်။


အကြမ်းဖက်စစ်အုပ်စုဟာ အရပ်သားများအပေါ် စစ်ကိုင်းတိုင်းမှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတို့တိုးမြှင့်ကျူးလွန်ခဲ့ပါတယ်။


========================


📌📌 ၃။ မြန်မာစစ်တပ်က ကိုယ့်ပြည်သူ ကိုယ်ပြန်ပြီး အကြမ်းဖက်သတ်ဖြတ်နေတာတွေ မရပ်သရွေ့ အမေရိကန်က ဖိအားပေးနေမယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပြော


အမေရိကန်နိုင်ငံအနေနဲ့ အမေရိကန်ရဲ့မိတ်ဖက်နိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ နဲ့ အခြားဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအဖွဲ့တွေနဲ့ ထိတွေ့ဆက်ဆံကြဖို့ တိုက်တွန်းနေတယ်လို့  အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က RFA နဲ့ သီးသန့်တွေ့ဆုံမေးမြန်းခန်းမှာ ပြောဆိုလိုက်ပါတယ်။


"ကျွန်တော်တို့နဲ့ မိတ်ဖက်နိုင်ငံတွေကိုလည်း မြန်မာနိုင်ငံက ဒီမိုကရေစီလိုလားတဲ့ အတိုက်အခံအင်အားစုတွေ၊ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနဲ့ တရားဝင်ပဲဖြစ်ဖြစ်၊ တရားမဝင်ပဲဖြစ်ဖြစ် ထိတွေ့ဆက်ဆံဖို့ လမ်းကြောင်းတွေ ဖွင့်ထားကြဖို့ တိုက်တွန်းနေပါတယ်။ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ သူတို့နဲ့ အင်တာနက်ပေါ်ကနေရော၊ လူကိုယ်တိုင်ပါ တွေ့ဆုံခဲ့ပြီးပါပြီ။ ဝါရှင်တန်ဒီစီမှာရော၊ နယူးယောက်မှာရော၊ အခြားနိုင်ငံတွေမှာပါ ထိတွေ့ဆက်ဆံမှုတွေ လုပ်ခဲ့ပြီးပါပြီ။ ကျွန်တော်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေကိုလည်း ဒီအတိုင်းလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။" လို့ သူကပြောပါတယ်။


မြန်မာစစ်တပ်ဟာ ကိုယ့်ပြည်သူကို ကိုယ်ပြန်ပြီး အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကနေ မပြောင်းလဲသရွေ့ ကျွန်တော်တို့ မြန်မာစစ်တပ်အတွက် ဝင်ငွေရှာလို့ မရတော့အောင် ဖိအားပေး အရေးယူလို့ရမယ့် နည်းလမ်းတွေကို စဉ်ဆက်မပြတ် ရှာဖွေနေတယ်လို့လည်းသူကပြောပါတယ်။ သြစတြေးလျ၊ ယူကေနဲ့ ဥရောပသမဂ္ဂတို့နဲ့ ပူးပေါင်းပြီး၊ မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေအတွက် လောင်စာဖြစ်စေတဲ့ ဝင်ငွေတွေရှာဖို့ ပိုပြီး ခက်ခဲလာအောင် အတူတကွ ပူးပေါင်းပြီး ဖိအားပေးဆောင်ရွက်သွားဖို့ လုပ်နေတယ်လို့ဆိုပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကဒီမိုကရေစီလိုလားတဲ့ အတိုက်အခံ အင်အားစုတွေကို အရည်အသွေး မြှင့်တင်ပေးတဲ့အပိုင်းနဲ့ မြန်မာပြည်သူတွေအတွက် လူသားချင်းစာနာမှု အကူအညီပေးတဲ့ အပိုင်းတွေကို စူးစိုက် လုပ်ဆောင်သွားမယ်လို့လည်း သူကပြောပါတယ်။


========================


📌📌 ၄။ စစ်အာဏာရှင်အဖွဲ့အစည်းကို စောင့်ကြည့်ရေးနည်းပညာများ ဖြည့်ဆည်းပေးခြင်းဆောင်ရွက်တဲ့ အဖွဲ့အစည်းသုံးခုကို အမေရိကန် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့


မတ်လ ရက်နေ့မှာ အမေရိကန်သံရုံးရန်ကုန်က အခုလိုသတင်းထုတ်ပြန်ဖော်ပြပါတယ်။


"မြန်မာစစ်အာဏာရှင်အဖွဲ့အစည်းကို စောင့်ကြည့်ရေးနည်းပညာများ ဖြည့်ဆည်းပေးခြင်းဖြင့် အာဏာရှင်အဖွဲ့အစည်းက မြန်မာနိုင်ငံအတွင်းမှ လူပုဂ္ဂိုလ်များကို ခြေရာခံခြင်း၊ စီစစ်ဖော်ထုတ်ခြင်းနှင့် လူခွင့်အရေးချိုးဖောက်မှုများကျူးလွန်ခြင်းတို့ကို ဆောင်ရွက်နိုင်စေခဲ့သည့် အဖွဲ့အစည်းသုံးခုကို အမေရိကန် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းတွင် ထည့်သွင်းခဲ့ပါတယ်"လို့ဖော်ပြပါတယ်။ လက်ရှိမှာ စကစရဲ့ ကာကွယ်ရေးနှင့် ပြည်ထဲရေးဝန်ကြီးဌာနများ၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်တို့ကို Entity List တွင် ထည့်သွင်းထားပါတယ်။


========================


📌📌 ၅။ ခင်ဦးမြို့နယ် အနောက်ခြမ်း  အင်းပတ်ကျေးရွာအတွင်းသို့ယနေ့မနက်စကစတပ်များ ၆၀ မမ လုံး ရမ်းသမ်းပစ်ခတ်ခဲ့ရာ အမျိုးသား၁ဦးနှင့် အမျိုးသမီး၁ဦး ထိခိုက်ဒဏ်ရာရ


မတ်လ ရက်မှာ Khin U Special force Organization_KSO က အခုလိုအသိပေးဆိုပါတယ်။


"ယနေ့မနက် နာရီဝန်းကျင်တွင် ရေဦးမြို့ကြာပန်းဝိုင်းမှ စကစတပ်က-၇ဦးခန့်ဟာ မူးမြစ်ကူးတံတား အလယ်မှ ခင်ဦးမြို့နယ် အနောက်ခြမ်း  အင်းပတ်ကျေးရွာအတွင်းသို့ ၆၀မမ ၂လုံး ရမ်းသမ်းပစ်ခတ်ခဲ့ရာ အမျိုးသား၁ဦးနှင့် အမျိုးသမီး၁ဦး ထိခိုက်ဒဏ်ရာရရှိ၍ ဆေးကုသမှု ခံယူနေရပါတယ်"လို့ဆိုပါတယ်။ ထို့အပြင်အင်းပတ်ကွေ့ဈေးတန်းအထိုင်ချစကစတပ်များမှလည်း လှုပ်ရှားမှု ရှိနေကြောင်း သိရပါတယ်။ ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများအနေဖြင့် မြေပြင်သတင်းနားစွင့်၍ လက်နက်ကြီးအကာအကွယ်ရှိရာများသို့ နေပေးကြရန် အသိပေးကြေညာထားပါတယ်။


========================


📌📌 ၆။ စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှ ကျေးရွာသားများကို အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့ စကစတပ်စစ်ကြောင်းကို ကာကွယ်ရေးတပ်များ ၆၀ မမ၊ လက်နက်ကြီးများနဲ့လိုက်လံပစ်ခတ်တိုက်ခိုက်ခဲ့


မတ်လ ရက်မှာ စစ်ရေးသတင်းကို Myin Mu Defence Force  MMDF က အခုလြိအတည်ပြုဆိုပါတယ်။


"စစ်ကိုင်းတိုင်း တာတိုင်ကျေးရွာမှ ကျေးရွာသား များကို ဖမ်းဆီးသ|တ်ဖြတ် ခဲ့သော စကစတပ် (၄င်းတို့ အခေါ် စစ်ကိုင်းဘီလူး ကွန်မန်ဒိုအဖွဲ့)  အား Myin Mu Defence Force  MMDF နှင့် Golden Eagle Defence Force GEDF တို့မှ ၆၀ မမ တို့ဖြင့် လိုက်လံပစ်ခတ်ခဲ့ပါတယ်"လို့ဆိုပါတယ်။


လတ်တလောမှာ ထိခိုက်မှုအား စုံစမ်းအတည်ပြုနေဆဲ ဖြစ်ပါတယ်။ စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာမှ ကျေးရွာသား၁၅ဦးကို စကစတပ်များဟာ ဖမ်းဆီးခေါ်ဆောင်၍ လမ်းတဝက်မှာသတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၇။ မိုးကုတ်လမ်းပိုင်း တိုက်ပွဲများပြင်းထန်လာနိုင်၍မလိုအပ်ဘဲခရီးမသွားကြရန် ပြင်ဦးလွင်ခရိုင်ပကဖအသိပေး


မတ်လ ရက်နေ့မှာ ပြင်ဦးလွင်ခရိုင် ပကဖကအခုလို အသိပေးဆိုထားပါတယ်။


"မိုးကုတ်-မန်းလေး    ကားလမ်း၊မိုးကုတ်-မိုးမိတ် ကားလမ်း၊မိုးကုတ်-ပြင်ဦးလွင် ကားလမ်းထိုလမ်းပိုင်းကိုအသုံးပြုနေကြသော မိဘပြည်သူများအနေနဲ့ လက်ရှိအနေအထားအရ တိုက်ပွဲများပြင်းထန်လာနိုင်ပါသဖြင့် မလိုအပ်ဘဲခရီးမသွားကြဖို့"ဆိုထားပါတယ်။


ဒါ့အပြင် အရေးပေါ်အတွက် ခရီးသွားလာပါက ကားမှန်ချပြီးမောင်းနှင်ပေးရန်နဲ့စကစ ကားများနှင့်ကပ်မလိုက်ရန်အသိပေးထားတယ်လို့သိရပါတယ်။ ဒါ့အပြင်လမ်းပိုင်းများကိုမနက်၆နာရီမှ ည၆နာရီအထိသာအသုံးပြုပေးရန်လည်းဆိုထားပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက်မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment