4th MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်ကောင်စီဘက်က သတင်းအတုယောင်နဲ့ information warfare ပါ အရှိန်မြှင့်လာ တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သတိပေး

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး

📌 ၃။ ချက်နိုင်ငံရေးဝန်ကြီးဌာနက အာရှရေးရာတာဝန်ခံ Mr.Marek Libřický နဲ့ NUG လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးတို့ မြန်မာအရေးတွေ့ဆုံဆွေးနွေးခဲ့

📌 ၄။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဟာ စစ်အာဏာရှင်ကလုပ်ဆောင်နေတာကို တစ်သံမှမထွက်ပဲ ငြိမ်နေပြီး အလုပ်မဖြစ်တဲ့အဖွဲ့လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးရှုတ်ချပြောဆို

📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီမှဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း အပါအဝင် လေးဦးအား ပါတီဝင်အဖြစ်မှအပြီးအပိုင် ထုတ်ပယ်

📌 ၆။ တနင်္သာရီဒေသတစ်ခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၂၈,၀၀၀ ကျော်အထိရှိလာ

📌 ၇။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ၌ နေထိုင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို  ထောက်ခံသူများကို ပျူစောထီးများကသတ်ဖြတ်၍ ရွာချင်းဆက်လမ်းဘေးတွင် ပစ်ထားခဲ့

📌 ၈။ ပုလဲမြို့နယ်အတွင်း ဂိတ် () ဂိတ်မှ အခွန်ငွေ တစ်ရာသုံးဆယ့်နှစ်သိန်းခြောက်သောင်းကျော်ရရှိ

📌 ၉။ မုံရွာ - မန္တလေး အမြန်လမ်း  မုံရွာတောင်အထွက် ဆီတန်းတွင် ပဒေသာမိုင်း () လုံးဖြင့်  စစ်ကားယာဥ်တန်း (၁၅) စီးကို မိုင်းခွဲ

📌 ၁၀။ မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စကစတပ်စစ်ကြောင်းကို အီနာဂါ ဗုံးသီးများ အဆက်မပြတ်ကြဲချတိုက်ခိုက်

📌 ၁၁။ စစ်ကိုင်းမှမုံရွာဘက်သို့ထွက်လာသောစကစတပ်ဖွဲ့ကားများအကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်ကောင်စီဘက်က သတင်းအတုယောင်နဲ့ information warfare ပါ အရှိန်မြှင့်လာ တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သတိပေး


အကြမ်းဖက်စစ်ကောင်စီဘက်က သတင်းအတုယောင်နဲ့ information warfare ပါ အရှိန်မြှင့်လာတယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်သတိပေးဆိုလိုက်ပါတယ်။ မတ်လ ရက်နေ့မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောကြားထားပါတယ်။


"စကစ ဘက်က မဘသ မြေပြင်အကြမ်းဖက်မှုက အစ online သတင်းအတုယောင်နဲ့ information warfare ပါ အရှိန်မြှင့်လာပါတယ် လျော့မတွက်စေချင်ဘူး"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက်စစ်အုပ်စုကို ထောက်ခံသူများနဲ့ ၄င်းတို့လက်ဝေခံ များဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ပုံဖျက်ဖော်ပြမှုများအပြင် EROနဲ့ တော်လှန်ရေးအင်အားစုများအကြား သွေးခွဲရေးကိုပါ အဓိကထား 

လုပ်ဆောင်လာကြပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေး


ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ နှင့်စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေး (/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးတွင် လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းမှပြောကြားရာတွင် "မြေပြင်မှာရှိသူများ၏ လုပ်ဆောင်မှု၊ ကြိုးပမ်းမှုနှင့်အတူ တာဝန်ရှိသူများနှင့် အပြန်အလှန် ဆွေးနွေးပြောကြားမှုကို ကြည့်ခြင်းအားဖြင့် မြေပြင်၏ အခြေအနေကို သိနိုင်ပါကြောင်း၊ ဒါ့အပြင် လိုအပ်သည့် လုပ်ဆောင်မှုများကို ကြိုးပမ်းဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ပြည်သူများ၏ လူ့အခွင့်ရေးရာ ဖော်ဆောင်မှု၊ ကာကွယ်ပေးမှု၊ တရားဥပဒေစီရင်မှုတွေကို ကြိုးပမ်းလုပ်ဆောင်ပါကြောင်း၊ ထိုသို့လုပ်ဆောင်ရာတွင် မြေပြင်မှာ ရှိနေသူများနှင့် ပူးပေါင်းမှုတွေ၊ ကြိုးပမ်းလုပ်ဆောင်မှုတွေမရှိဘဲ ဆောင်ရွက်နိုင်မည် မဟုတ်ကြောင်း၊ မြေပြင်မှာ ဖြစ်ပျက်နေမှုများကို အမှန်အတိုင်း သိရှိပြီး တစ်ဖက်မှလည်း စစ်ကောင်စီမှ မူဝါဒဖြန့်ဝေမှုအားလုံးကို ကျော်လွှား၍ ကမ္ဘာသို့အမှန်အတိုင်းသိရှိရန်၊ ပြည်သူ့တွေရဲ့ခံစားမှုကို တင်ပြနိုင်ရန် ဖြစ်ကြောင်း"ဆိုခဲ့ပါတယ်။


ဒါ့အပြင် အမျိုးသမီးလူငယ်နှင့် ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နော်ဆူဇန်နာလှလှစိုးမှလည်း "ဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ၂၀၂၃ခုနှစ်၊ မတ်လ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ကမ်ပိန်း ဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပါတယ်။ အစည်းအဝေးသို့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ အဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အမြဲတမ်းအတွင်းဝန်များ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်များ၊ အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၃။ ချက်နိုင်ငံရေးဝန်ကြီးဌာနက အာရှရေးရာတာဝန်ခံ Mr.Marek Libřický နဲ့ NUG လူ့အခွင့်ရေးဆိုင်ရာ ဝန်ကြီးတို့ မြန်မာအရေးတွေ့ဆုံဆွေးနွေးခဲ့


ချက်နိုင်ငံရေးဝန်ကြီးဌာနက အာရှရေးရာတာဝန်ခံ Mr.Marek Libřický နဲ့ NUG လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးတို့ မြန်မာအရေးတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ရက်နေ့မှာ NUG လူ့အခွင့်ရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းကပြောပါတယ်။


"ဘယ်တော့မှ အရူံးမပေးနဲ့ဆိုတဲ့ ခေါင်းစဥ်နဲ့ဆွေးနွေးပွဲမှာ မြန်မာပြည်သူတွေရဲ့ မိတ်ဆွေကြီး Igor Blazevic နဲ့အတူ ချက်နိုင်ငံရေးဝန်ကြီးဌာနက အာရှရေးရာတာဝန်ခံ Mr.Marek Libřickýတို့နဲ့  စကားပြော ဖြစ်ခဲ့ပါတယ်။ နိုင်ငံငယ်ပေမယ့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအတွက်ဆိုရင် ရှေ့တန်းက အားပေးနေတဲ့ ချက်နိုင်ငံအစိုးရနဲ့ ပြည်သူများကို ကျေးဇူးတင်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင် လူ့အခွင့်အရေးကောင်စီရဲ့ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားတဲ့ ချက်နိုင်ငံအနေနဲ့ တနေ့တခြားပိုမို ရက်စက်ယုတ်မာလာနေတဲ့ အကြမ်းဖက်စစ်ကောင်စီကို ထိရောက်တဲ့အရေးယူဆောင်ရွက်မှုတွေ ထွက်ပေါ်လာအောင်အစွန်းကုန် ဆက်လက်ကြိုးပမ်းစေလိုတယ်လို့ဝန်ကြီးကဆိုပါတယ်။


========================


📌📌 ၄။ မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဟာ စစ်အာဏာရှင်ကလုပ်ဆောင်နေတာကို တစ်သံမှမထွက်ပဲ ငြိမ်နေပြီး အလုပ်မဖြစ်တဲ့အဖွဲ့လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးရှုတ်ချပြောဆို


မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဟာ စစ်အာဏာရှင်က လုပ်ဆောင်နေတာကို တစ်သံမှမထွက်ပဲငြိမ်နေပြီး အလုပ်မဖြစ်တဲ့အဖွဲ့လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဦးအောင်မျိုးမင်းက ရှုတ်ချပြောဆိုလိုက်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့ (GANHRI) နှစ်ပတ်လည်အစည်းအဝေးသို့ စစ်ကောင်စီလက်အောက်ခံ လူ့အခွင့်အရေးကော်မရှင်အား ဖိတ်ကြားမှုနှင့် ပတ်သက်၍ မှတ်ချက်ပြုစကားမှာ ဝန်ကြီးကဆိုထားပါတယ်။


"မြန်မာနိုင်ငံလူ့အခွင့်အရေးကော်မရှင်ဆိုတာ ကိုဗစ်ကာလကတည်းက ငြိမ်ပြီးတော့ Quarantine ဝင်ထားသလို အခုချိန်ထိစစ်အာဏာရှင်က ရက်ရက်စက်စက်လုပ်ဆောင်နေတာကို တစ်သံမှမထွက်ပဲငြိမ်နေတဲ့ အလုပ်မဖြစ်တဲ့၊ အလုပ်မလုပ်တဲ့၊ နိုင်ငံတကာစံချိန်စံညွှန်းနဲ့မညီတဲ့ ကော်မရှင်ကို ကမ္ဘာလုံးဆိုင်ရာ နိုင်ငံအဆင့် လူ့အခွင့်အရေးဌာနများ မဟာမိတ်အဖွဲ့(GANHRI) နှစ်ပတ်လည်အစည်းအဝေးကို တက်ရောက်ဖို့ အခုလို ဖိတ်ကြားခြင်းက မြန်မာပြည်သူလူထုကို စော်ကားလိုက်တာပဲ"လို့ဆိုပါတယ်။


 ဒါ့အပြင် လူ့အခွင့်အရေးကော်မရှင်အမည်ခံပြီး လူ့အခွင့်အရေးကိစ္စမလုပ်ဆောင်တဲ့ ကော်မရှင်တစ်ရပ်ကို အခုလိုဖိတ်ကြားခြင်းက မြန်မာနိုင်ငံလက်ရှိအခြေအနေ ဘယ်လောက်ထိဆိုးရွားနေတာမသိသလို လူ့အခွင့်အရေးမလုပ်တဲ့ ကော်မရှင်ကို ဖိတ်ကြားခြင်းက မှားယွင်းတဲ့ အကြောင်းအရာဖြစ်တယ်လို့လည်း ဝန်ကြီးကထပ်လောင်းဆိုပါတယ်။


========================


📌📌 ၅။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီမှဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း အပါအဝင် လေးဦးအား ပါတီဝင်အဖြစ်မှအပြီးအပိုင် ထုတ်ပယ်


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီမှဦးဖြိုးမင်းသိန်း၊ ဒေါ်စန္ဒာမင်း အပါအဝင် လေးဦးအား ပါတီဝင်အဖြစ်မှအပြီးအပိုင် ထုတ်ပယ်လိုက်တယ်လို့ မတ်လ( ) ရက်နေ့မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်ကော်မတီက ကြေညာခဲ့ပါတယ်။


ပါတီ၏ အပတ်စဉ်ပုံမှန်အစည်းအဝေးများတွင် တက်ရောက်လာသည့် ဗဟိုကော်မတီဝင်များ၊ တိုင်းနှင့် ပြည်နယ် အလုပ်အမှုဆောင်များ၊ ဗဟိုရေးရာကော်မတီများကလည်း အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပေါ် မမှန်မကန်သက်သေ ထွက်ဆိုသူများနှင့် ပြည်သူ့ဆန္ဒကို ကျောခိုင်းပြီး ပါတီ၏မူဝါဒများကို ဆန့်ကျင် လုပ်ဆောင်နေသူများအား အရေးယူပေးရန် တင်ပြလာချက်များအရ ၄င်းတို့ကို ထုတ်ပယ်အရေးယူခြင်းဖြစ်တယ်လို့ဖော်ပြပါတယ်။


ထုတ်ပယ်ခံရသူလေးဦးမှာ -

(က) ဦးဖြိုးမင်းသိန်း (ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)

() ဒေါ်စန္ဒာမင်း (ဗဟိုကော်မတီဝင်)

() ဦးတိုးလွင် (ဗဟိုကော်မတီဝင်)

() ဦးဝင်းမြင့်အောင် (ဗဟိုကော်မတီဝင်)တို့ဖြစ်ကြပါတယ်။


========================


📌📌 ၆။ တနင်္သာရီဒေသတစ်ခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၂၈,၀၀၀ ကျော်အထိရှိလာ


တနင်္သာရီဒေသတစ်ခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၂၈,၀၀၀ ကျော်အထိ ရှိလာတယ်လို့ သတင်းရရှိပါတယ်။ မတ်လ ရက်နေ့မှာ ဒေါနတနင်္သာရီ - စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့ ကအသိပေးဆိုပါတယ်။


"စစ်ကောင်စီတပ်များမှ စစ်ကြောင်းထိုးဝင်ရောက်ခြင်း၊ ကျေးရွာများအား မီးရှို့ဖျက်ဆီးခြင်း၊ ရွာသားများအား ဖမ်းဆီးခေါ်ဆောင်ခြင်းများ ပိုမိုပြုလုပ်လာခဲ့ကြသဖြင့် စစ်ဘေးရှောင်အရေအတွက်သည် ယခင်လကထက် 

ပိုများလာခဲ့ပါတယ်။၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် ဒေါနတနင်္သာရီမှ မြေပြင်အခြေအနေနှင့် ကိုးကားချက်များအရ တနင်္သာရီဒေသတစ်ခုလုံးအတွင်း စစ်ဘေးရှောင်ပြည်သူဦးရေ ၂၈,၀၀၀ ကျော်အထိရှိနေပြီ ဖြစ်ပါတယ်"လို့ဆိုပါတယ်။


ပြီးခဲ့သည့် ဖေဖော်ဝါရီလ ရက် အာဏာသိမ်း နှစ်နှစ်ပြည့်နေ့က တနင်္သာရီဒေသအတွင်းရှိ ပုလောမြို့နယ်နှင့် တနင်္သာရီမြို့နယ်တို့ကို စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး အဆိုပါဒေသတို့တွင် စစ်ရေးအရှိန်အဟုန်ပိုမိုမြင့်တက်လာခဲ့ပါတယ်။


========================


📌📌 ၇။ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ၌ နေထိုင်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို  ထောက်ခံသူများကို ပျူစောထီးများကသတ်ဖြတ်၍ ရွာချင်းဆက်လမ်းဘေးတွင် ပစ်ထားခဲ့


မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ၌ နေထိုင်သောအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို  ထောက်ခံသူများကို ပျူစောထီးများက သတ်ဖြတ်၍ ရွာချင်းဆက်လမ်းဘေးတွင် ပစ်ထားခဲ့ပါတယ်။ စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ မတ်လ ရက်နေ့မှာ AAPP က ဖော်ပြအသိပေးဆိုပါတယ်။


 ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၁၀ နာရီခန့်အချိန်တွင် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ လေးရွာဆုံကျေးရွာ၌ နေထိုင်သော ကိုစိုးသူဝင်း၊ ကိုဖိုးအေး၊ ကိုမောင်မောင်နှင့် မခင်ယုမွန် တို့လေးဦးကို အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ပျူစောထီးများမှ ဆိုင်ကယ်ဖြင့် လာရောက်ဖမ်းဆီးခဲ့ပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခဲ့တယ်လို့ဆိုပါတယ်။


ထို့နောက် ရုပ်အလောင်းများအား လေးရွာဆုံ ကျေးရွာနှင့် ဗလုံးကျေးရွာကြားရှိ လမ်းဘေးတွင် စွန့်ပစ်ခဲ့ပြီးသေဆုံးသူများမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို  ထောက်ခံသူများဖြစ်သည့်အပြင် အကြမ်းဖက်စစ်အုပ်စုအား ဆန့်ကျင်သော လှုပ်ရှားမှုများတွင် ပါဝင်သူများဖြစ်ကြပါတယ်။


၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများ နှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၀၈၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၈။ ပုလဲမြို့နယ်အတွင်း ဂိတ် () ဂိတ်မှ အခွန်ငွေ တစ်ရာသုံးဆယ့်နှစ်သိန်းခြောက်သောင်းကျော်ရရှိ


ပုလဲမြို့နယ်အတွင်း ဂိတ် () ဂိတ်မှ အခွန်ငွေ တစ်ရာသုံးဆယ့်နှစ်သိန်းခြောက်သောင်းကျော်ရရှိခဲ့ပါတယ်။ မတ်လ ရက်နေ့မှာ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးဆိုပါတယ်။


"အမျိုးသားညီညွတ်ရေးအစိုးရ၊ ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ မြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ ဘဏ္ဍာခွဲဝေရေးနှင့် လစဉ်အစည်းအဝေးကို မတ်လ ရက်‌နေ့တွင်ကျင်းပခဲ့ပါတယ်။ဘဏ္ဍာရေးတာဝန်ခံမှ ပုလဲမြို့နယ်အတွင်း ဂိတ်()ဂိတ်ဖြင့် ကောက်ခံရရှိသော အခွန်ငွေရှင်းတမ်းပြုလုပ်ပြီး NUG ရဲ့ ဘဏ္ဍာခွဲရေးမူဝါဒနှုန်းထားအတိုင်း ခွဲဝေပေးခဲ့ပါတယ်။၂၀၂၃ ခုနှစ်,ဖေဖော်ဝါရီလ ရရှိအခွန်ငွေ စုစုပေါင်းမှာ ဂိတ် (9) ဂိတ် အသုံးစရိတ်နုတ်ပြီး တစ်ရာသုံးဆယ့်နှစ်သိန်းခြောက်သောင်းသုံးထောင်ကျပ် ရရှိပါတယ်"လို့ဖော်ပြပါတယ်။


"ပအဖ"လုပ်ငန်းစဉ်အတွက်ရရှိသော အခွန်ငွေများကို လူသားစာနာ၊ ကျန်းမာရေး၊ ပညာရေး၊ ဖွံ့ဖြိုးရေး၊ ရုံးအသုံးစရိတ်တို့အတွက် အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် ခွဲတမ်းချ၍ သက်ဆိုင်ရာတာဝန်ခံများကို ခွဲဝေပေးခဲ့တယ်လို့သိရပါတယ်။


"ပကဖ"လုပ်ငန်းစဉ်အတွက်ရရှိသော အခွန်ငွေများကို  မြို့နယ် "ပကဖ" အဖွဲ့ဝင်များ၊ ပုလဲမြို့နယ်အ‌ခြေစိုက် PDFတပ်ရင်းများနှင့် တိုက်နယ် "ပကဖ"များ မျက်နှာစုံညီ ခွဲတမ်းချ အသုံးပြုသွားမယ်လို့ဆိုပါတယ်။


========================


📌📌 ၉။ မုံရွာ - မန္တလေး အမြန်လမ်း  မုံရွာတောင်အထွက် ဆီတန်းတွင် ပဒေသာမိုင်း () လုံးဖြင့်  စစ်ကားယာဥ်တန်း (၁၅) စီးကို မိုင်းခွဲ


မုံရွာ - မန္တလေး အမြန်လမ်း  မုံရွာတောင်အထွက် ဆီတန်းတွင် ပဒေသာမိုင်း () လုံးဖြင့်  စစ်ကားယာဥ်တန်း (၁၅) စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ရက်နေ့မှာစစ်ရေးသတင်းကို Urban Hunter Force - UHF က အသိပေးဆိုပါတယ်။


"မတ်လ ရက်မုံရွာ - မန္တလေး အမြန်လမ်း  မုံရွာတောင်အထွက် ဆီတန်းတွင် ပဒေသာမိုင်း ()လုံးဖြင့် မုံရွာမြို့အထွက် စစ်ကားယာဥ်တန်း (၁၅) စီးကို မိုင်းခွဲတိုက်ခိုက်ခဲ့ပါတယ်။ စကစတပ်ကား ထိခိုက်ပျက်စီးပြီး သေဆုံးမှု အတိအကျ မသိရသေးပါ"လို့ဆိုပါတယ်။ တိုက်ခိုက်မှုတွင် Urban Hunter Force - UHF ဗန္ဓုလနှင့်အဖွဲ့သားများ၊ THE ANTS Local People Defense Forceတို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


========================


📌📌 ၁၀။ မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စကစတပ်စစ်ကြောင်းကို အီနာဂါ ဗုံးသီးများ အဆက်မပြတ်ကြဲချတိုက်ခိုက်


မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုးနေတဲ့ စကစတပ်စစ်ကြောင်းကို အီနာဂါ ဗုံးသီးများ အဆက်မပြတ်ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ မတ်လ ရက်နေ့မှာ စစ်ရေးသတင်းကို Pakokku Special Task Force ကအသိပေးဆိုပါတယ်။


"ပေါက်မြို့နယ် ထန်းပေါက်ကုန်းကျေးရွာမှထွက်ခွာလာသောစကစတပ် အင်အား(၆၀) ခန့်ပါသော စစ်ကြောင်းဟာ မြိုင်မြို့နယ်တောင်ပိုင်းရှိ ကျေးရွာများကို လှည့်လည်စစ်ကြောင်းထိုးရာ ဆယ်ပြားကျေးရွာအရောက်တွင် Pakokku Special Task Forceနှင့် Hero New G.Z ဝံပုလွေပြောက်ကျားတပ်ဖွဲ့-မြိုင်အလင်းတန်း ပြောက်ကျားတပ်ဖွဲ့ -မြိုင်Black Cheetah People's Defence Forceတို့ ပူးပေါင်း၍ ဒရုန်းများကို အသုံးပြု၍ အီနာဂါဗုံးသီး(၁၀)လုံးဖြင့် ဝင်ရောက် တိုက် ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


ထိုစစ်ကြောင်းအား ရွာတန်းရှည်ရွာအရောက်တွင် အီနာကာဗုံးသီး(၁၀)လုံးဖြင့်နေ့လည် နာရီခန့်အချိန်တွင် ဒုတိယအကြိမ်ထပ်မံ တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၁၁။ စစ်ကိုင်းမှမုံရွာဘက်သို့ထွက်လာသောစကစတပ်ဖွဲ့ကားများအကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရ


စစ်ကိုင်းမှမုံရွာဘက်သို့ ထွက်လာသောစကစတပ်ဖွဲ့ကားများအကြိမ်ကြိမ် မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့သတင်းရရှိပါတယ်။ မတ်လ ရက်နေ့မှာ People’s knight Defense Force Myinmu က စစ်ရေးသတင်းကို အတည်ပြုဆိုပါတယ်။


"မတ်လ ရက် ၂၀၂၃ခု နှစ် နေ့ နာရီ ၄၀ မိနစ်အချိန်ခန့်တွင်စစ်ကိုင်းမှ မုံရွာဘက်သို့ဦးတည် ထွက်ခွာလာသောခွေးကား ၁၈ စီးကို မြင်းမူနှင့် ဝမ်းပြည့်ကြားတွင် ၃တြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဝမ်းပြည့်နှင့် အလ္လကပ္ပကျေးရွာကြားတွင် ကြိမ်မိုင်းဆွဲခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


စစ်ကောင်စီကား ပထမကားနှင့် တတိယ ကားကိုထိထိမိမိ မှန်ခဲ့ပြီးကားမှာ လုံးဝပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။ ညနေ ၄နာရီ၄၀မိနစ်အချိန်ခန့်တွင် မုံရွာ မှ စစ်ကိုင်းဘက်သို့ ဦးတည်ထွက်ခွာလာသော

စကစတပ်ကား ၃၂ စီးကို အလ္လကပ္ပနှင့်ဝမ်းပြည့်ကျေးရွာကြားတွင် ၄ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားကြီး၂စီးနှင့်ကားလေး ၁စီး ကိုထိထိမိမိမှန်ခဲ့ပြီး ဝမ်းပြည့်ကျေးရွာအရောက်တွင်ကားမှာ လုံးဝပျက်စီးသွားခဲ့တယ်လို့ဆိုပါတယ်။


ထိခိုက်သော စကစတပ်များကိုမြင်းမူဆေးရုံတွင်ကားသုံးစီးဖြင့် ဆေးကုသဖို့ ထားသွားတယ်လို့သိရပါတယ်။ စုစုပေါင်း ၁၂ကြိမ်တိုင် မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ကား၅စီးပျက်စီးသွားခဲ့ကာ စကစတပ်များ ထိခိုက်သေဆုံးမှုများပြားနိုင်တယ်လို့ဆိုပါတယ်။


စစ်ဆင်ရေးများကို  People's knight Defense Force Myinmu (PKDF-MMU) နှင့်အတူ  People's Army To  Fight Dictatorship  (PAFD) Dog Killers  Defense Force ( DKPDF -MMU) TAUNGTHA People Defense Force (TTAPDF) D.B.B.F-MMU စသော မဟာမိတ်အဖွဲ့များက ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းမင်းက ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment