8th MAR 2023 - Morning Daily News by Radio NUG


၂၀၂၃ မတ်လ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းမျာ


သတင်းခေါင်းစဉ်များ -


📌 ၁။ နိုင်ငံရေးနည်းလမ်းနဲ့ စစ်အာဏာရှင်ကို တော်လှန်နေရသလို၊ လက်နက်ကိုင်လမ်းစဉ်နဲ့လည်း စစ်အာဏာရှင် ယန္တရားကို ဖြိုဖျက်တော်လှန်နေကြရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား

📌 ၂။ အကြမ်းဖက် လူသတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာက များများ သိအောင် ချပြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြား

📌 ၃။ အမှတ်() စစ်ဒေသမှာ (၁၅)လအတွင်း တိုက်ပွဲပေါင်း (၂၄၆၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၆၇) ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်

📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ အစည်းအဝေးမှာ ၂၀၂၂ ပြည်ထောင်စု အခွန်ကောက် ဥပဒေတင်ပြ အတည်ပြုချက် ရယူရန်တင်ပြ

📌 ၅။ တော်လှန်ရေးအငွေ့အသက်အပြည့်နဲ့  အနုပညာလက်ရာမြောက် ပန်းချီကား (၁၀) ကားတိတိ ပြန်လည် ရရှိမယ့်"ကျည်အတွက်ပန်းချီ ပန်းချီရဲ့ ကျည်" ကမ်ပိန်းမှာ လက်မှတ်စောင်ရေပေါင်း တစ်ထောင်ရောင်းချမယ်

📌 ၆။ ရေးမြို့နယ်တံတားကြီးဂိတ်မှာ ရေးဘီလူးအဖွဲ့ ဒရုန်းစစ်ဆင်ရေးဆင်နွှဲ

📌 ၇။ သံလွင်အရှေ့ခြမ်း စွပ်ပိုင်လှေဆိပ်နဲ့ ဟွေပူလောင်းကြား နမ့်ပန်ချောင်းဘေးမှာ အခြေပြုနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဟွေအွမ်စခန်းကျ၍ စကစတပ်များစခန်းစွန့်ထွက်ပြေး

📌 ၈။ ပေါက်မြို့နယ် နှောပေါက်ရွာကနေ ထွက်ခွာသွားတဲ့ စကစတပ်များ အရပ်သားခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

📌 ၉။ ရေစကြိုမြို့နယ် အမှတ်()ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသောစကစတပ်နှင့် ပျူများမိုင်းထိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ နိုင်ငံရေးနည်းလမ်းနဲ့ စစ်အာဏာရှင်ကို တော်လှန်နေရသလို၊ လက်နက်ကိုင်လမ်းစဉ်နဲ့လည်း စစ်အာဏာရှင် ယန္တရားကို ဖြိုဖျက်တော်လှန်နေကြရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြား


နိုင်ငံရေးနည်းလမ်းနဲ့ စစ်အာဏာရှင်ကို တော်လှန်နေရသလို၊ လက်နက်ကိုင်လမ်းစဉ်နဲ့လည်း စစ်အာဏာရှင်ယန္တရားကို ဖြိုဖျက်တော်လှန်နေကြရတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၏( / ၂၀၂၃) အစိုးရအဖွဲ့အစည်းအဝေးမှာ ယာယီသမ္မတ ကပြောပါတယ်။


"ကျွန်တော်တို့ အစိုးရအဖွဲ့ဝင်တွေ အားလုံး သိကြတဲ့အတိုင်း ကျွန်တော်တို့ဟာ လက်ရှိ တော်လှန်ရေး အချိန်ကာလကို ရောက်နေပါတယ်။ တစ်ဖက်မှာလည်း ခုခံတော်လှန်စစ်ကို ဆင်နွှဲနေရတယ်။ နိုင်ငံရေးနည်းလမ်းနဲ့ စစ်အာဏာရှင်ကို တော်လှန်နေရသလို၊ လက်နက်ကိုင်လမ်းစဉ်နဲ့လည်း စစ်အာဏာရှင်ယန္တရားကို ဖြိုဖျက်တော်လှန်နေကြရပါတယ်။ နေ့စဉ်နဲ့ အမျှ လက်နက်ကိုင်ပဋိပက္ခနဲ့ ကျွန်တော်တို့လူ့အဖွဲ့အစည်းက ကြုံတွေ့နေရပါတယ်"လို့ ယာယီသမ္မတကပြောပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ စစ်ရေးအရှိန်ကို မြှင့်တင်လျက်ရှိပြီး တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကို ရေးဆွဲ၍ တော်လှန်ရေးကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် လူသတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာက များများ သိအောင် ချပြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတိုက်တွန်းပြောကြား


အကြမ်းဖက် လူသတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာက များများ သိအောင် ချပြဖို့ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက တိုက်တွန်းပြောကြားလိုက်ပါတယ်။ မတ်လ ရက်နေ့ ကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့ အစည်းအဝေးမှာ ဝန်ကြီးချုပ်ကပြောပါတယ်။


"ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့လည်း စစ်ဒေသ ဘက်မှာ တာဝန်ယူထားသူများနဲ့ စနစ်တကျ ဆွေးနွေးတိုင်ပင်ပြီး ကျွန်တော်တို့ရဲ့ ပြည်သူတွေကို ရနိုင်သလောက် အကောင်းဆုံး နည်းလမ်းတွေ ရှာဖွေပြီး ကာကွယ်ဖို့ ကြိုးစားသွားရမှာ ဖြစ်ပါတယ်။ နိုင်ငံခြားရေးတာဝန်ရှိသူများနဲ့ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၊ တရားရေးဝန်ကြီးဌာနတို့အနေနဲ့လည်း ယခုလိုဆိုးဆိုးရွားရွား အကြမ်းဖက်လူသတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး ကမ္ဘာကများများ သိအောင် ချပြဖို့နဲ့ တရားမျှတမှုတွေ ပြန်လည်ဆောင်ကျဉ်းပေးနိုင်ရန်အတွက် ကြိုးစားပေးကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်"လို့ ဝန်ကြီးချုပ်က ပြောပါတယ်။


မတ်လအတွင်း စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာက ပြည်သူ ၁၇ ဦးကို အကြမ်းဖက်စစ်တပ်မှ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး လမ်းပိုင်းတစ်နေရာမှာ သတ်ဖြတ်ခဲ့ပါတယ်။


========================


📌📌 ၃။ အမှတ်() စစ်ဒေသမှာ (၁၅)လအတွင်း တိုက်ပွဲပေါင်း (၂၄၆၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၆၇) ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်


အမှတ်() စစ်ဒေသမှာ (၁၅)လအတွင်း တိုက်ပွဲပေါင်း (၂၄၆၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၆၇) ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေးဝန်ကြီးဌာနထုတ်ပြန်လိုက်ပါတယ်။ မတ်လ ရက်နေ့မှာ NUG ကာကွယ်ရေးဝန်ကြီးဌာနက စစ်ရေးသတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်ခဲ့ပါတယ်။


" အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ခုနှစ် ဒီဇင်ဘာလအထိ (၁၅)လအတွင်း တိုက်ပွဲပေါင်း (၂၄၆၀) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၄၄၆၇) ဦး သေဆုံး၍ (၄၆၁၈) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


ကာကွယ်ရေးရဲဘော်များဘက်မှ (၃၆၁) ဦး တော်လှန်ရေးအတွက် အသက်ပေးလှုခဲ့ရပြီး (၄၇၆) ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်သူ့ထံမှ လက်နက်မျိုးစုံ (၁၈၉)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပါတယ်။ တိုက်ပွဲများကို အမှတ်() စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ဖော်ပြပါတယ်။


========================


📌📌 ၄။ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ အစည်းအဝေးမှာ ၂၀၂၂ ပြည်ထောင်စု အခွန်ကောက် ဥပဒေတင်ပြ အတည်ပြုချက် ရယူရန်တင်ပြ


အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့ အစည်းအဝေးမှာ ၂၀၂၂ ပြည်ထောင်စု အခွန်ကောက် ဥပဒေတင်ပြ အတည်ပြုချက် ရယူရန်တင်ပြခဲ့ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကြိမ်မြောက် အစိုးရအဖွဲ့အစည်းဝေးမှာ တင်ပြခဲ့ပါတယ်။


အစည်းအဝေးမှာ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီဌာန ဒုဝန်ကြီး ဦးမင်းဇေယျာဦးက ၂၀၂၂ ပြည်ထောင်စု အခွန်ကောက် ဥပဒေတင်ပြ အတည်ပြုချက် ရယူရန်တင်ပြခဲ့ပါတယ်။ အစည်းအဝေးကို ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ အပါအဝင် ပြည်ထောင်စုဝန်ကြီးတွေ၊ ဒုဝန်ကြီးတွေ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၅။ တော်လှန်ရေးအငွေ့အသက်အပြည့်နဲ့  အနုပညာလက်ရာမြောက် ပန်းချီကား (၁၀) ကားတိတိ ပြန်လည် ရရှိမယ့်"ကျည်အတွက်ပန်းချီ ပန်းချီရဲ့ ကျည်" ကမ်ပိန်းမှာ လက်မှတ်စောင်ရေပေါင်း တစ်ထောင်ရောင်းချမယ်


တော်လှန်ရေးအငွေ့အသက်အပြည့်နဲ့  အနုပညာလက်ရာမြောက် ပန်းချီကား(၁၀) ကားတိတိ ပြန်လည် ရရှိမယ့်"ကျည်အတွက်ပန်းချီ ပန်းချီရဲ့ ကျည်" ကမ်ပိန်းမှာ လက်မှတ်စောင်ရေပေါင်းတစ်ထောင် ရောင်းချမယ်လို့သတင်းရရှိပါတယ်။ မတ်လအတွင်းမှာမြို့ပြတော်လှန်ရေးတပ်ဦး (Urabn Revolutionary Front - U.R.F)”ကဖော်ပြပါတယ်။


"နိုင်ငံရပ်ခြားရောက်ရှိနေတဲ့ ပန်းချီဆရာ/ဆရာမများက ပေးပို့လှူဒါန်းလာတဲ့  တော်လှန်ရေးအငွေ့အသက်အပြည့်နဲ့  အနုပညာလက်ရာမြောက် ပန်းချီကား (၁၀) ကားတိတိ ပြန်လည် ရရှိမယ့် အစီအစဉ်မှာ ပါဝင်ပြီးမြို့ပြတော်လှန်ရေးတပ်ဦး (Urabn Revolutionary Front - U.R.F)” အတွက်  ထောက်ကူပေးပါ။ မတ်နဲ့ ဧပြီလ အသီးသီးမှာ လက်မှတ်စောင်ရေပေါင်း ( တစ်ထောင်) ရောင်းရဖို့ ရည်ရွယ်ပါတယ်"လို့ဖော်ပြပါတယ်။


လက်မှတ်တန်ဖိုး မှာတစ်စောင် (၃၀,၀၀၀ - သုံးသောင်း) ကျပ်တိတိဖြစ်ပြီးU.R.F ဖေ့ဘွတ် စာမျက်နှာနှင့် တယ်လီဂရန်ချန်နယ်လ်မှာ လက်မှတ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။


========================


📌📌 ၆။ ရေးမြို့နယ်တံတားကြီးဂိတ်မှာ ရေးဘီလူးအဖွဲ့ ဒရုန်းစစ်ဆင်ရေးဆင်နွှဲ


မွန်ပြည်နယ် ရေးမြို့နယ်တံတားကြီးဂိတ်မှာ ရေးဘီလူးအဖွဲ့ ဒရုန်းစစ်ဆင်ရေး ဆင်နွှဲခဲ့တယ်လို့ သတင်းရရှိပါတယ်။ မတ်လ ရက်မှာ ရေးဘီလူးအဖွဲ့ကအသိပေးဆိုပါတယ်။


"ရေးမြို့နယ်တံတားကြီးဂိတ်မှာ မိူးခြိမ်းတာမဟုတ်ဘူး။ ရေးဘီလူး ဒရုန်းလာဝဲသွားတာ ခေါင်းစိမ်းတို့"လို့ ဆိုထားပါတယ်။


ရေးဘီလူးအဖွဲ့က မွန်ပြည်နယ်ရေးမြို့တွင် မတ်လအတွင်း အသွားအလာသတိပြုရန် အများပြည်သူသို့ အသိပေးကြေညာထားပါတယ်။


========================


📌📌 ၇။ သံလွင်အရှေ့ခြမ်း စွပ်ပိုင်လှေဆိပ်နဲ့ ဟွေပူလောင်းကြား နမ့်ပန်ချောင်းဘေးမှာ အခြေပြုနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဟွေအွမ်စခန်းကျ၍ စကစတပ်များစခန်းစွန့်ထွက်ပြေး


သံလွင်အရှေ့ခြမ်း စွပ်ပိုင်လှေဆိပ်နဲ့ ဟွေပူလောင်းကြား နမ့်ပန်ချောင်းဘေးမှာ အခြေပြုနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဟွေအွမ်စခန်း ကျ၍ စကစတပ်များစခန်းစွန့်ထွက်ပြေးခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ ရက်မှာ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့က အသိပေးထတြ်ပြန်ပါတယ်။


"သံလွင်အရှေ့ခြမ်း စွပ်ပိုင်လှေဆိပ်နဲ့ ဟွေပူလောင်းကြား နမ့်ပန်ချောင်းဘေးမှာ အခြေပြုနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် ရှေ့တန်းခလရ(၅၄)နဲ့ နယ်ခြားစောင့်တပ်တို့ ပူးတွဲထိုင်တဲ့ ဟွေအွမ်တပ်စခန်း တစ်ခုကို ကရင်နီကွန်မန်ဒိုတပ်ဖွဲ့က  မတ် ၆ရက် မနက်အစောပိုင်းမှာ ရုတ်တရက်ဝင်ရောက် စီးနှင်းတိုက်ခိုက်ခဲ့တယ်"

လို့ဖော်ပြပါတယ်။


တိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ၆ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတွေဖြစ်တဲ့ ၆၀ MM ()လက်၊ စနိုက်ဘာ()လက်၊ MA-1()လက်၊ MA-2()လက်၊ MA-4()လက် စုစုပေါင်းသေနတ် ၇လက် သိမ်းဆည်းရမိခဲ့ပါတယ်။ ကျန်ရှိ စကစတပ်သားတွေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့သိရပါတယ်။


========================


📌📌 ၈။ ပေါက်မြို့နယ် နှောပေါက်ရွာကနေ ထွက်ခွာသွားတဲ့ စကစတပ်များ အရပ်သားခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား


မကွေးတိုင်း၊ ပေါက်မြို့နယ် နှောပေါက်ရွာကနေ ထွက်ခွာသွားတဲ့ စကစတပ်များ အရပ်သားခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ မတ်လ ရက်မှာ စကစတပ်များ ကျူးလွန်မှုကို ဒေသခံ သတင်းအရင်းအမြစ်များက အတည်ပြုဆိုပါတယ်။


"မြိုင် ပခုက္ကူ ပေါက် သုံးမြို့နယ်အစပ် မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်တွေဟာ မတ်လ ရက်ညနေ သုံးနာရီခန့်က သုံးမြို့နယ်အစပ်ရှိပေါက်နယ် နှောပေါက်ရွာကနေ ထွက်ခွာသွားပြီး နှောပေါက်ရွာမှ ပြည်သူခြောက်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပါတယ်"လို့ ဆိုပါတယ်။


 မြိုင်နယ်မြောက်ပိုင်းကန်နီရွာ ပျူစခန်းကနေ ထွက်ခွာလာပြီး ကွမ်းတောရွာကို ဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီတပ်တွေဟာလည်း ကွမ်းတောရွာမှ ပြည်သူပိုင် ကားနှင့်ဆိုင်ကယ်တချို့ကို မီးရှို့ဖျက်ဆီးသွားတယ်လို့ သိရပါတယ်။


========================


📌📌 ၉။ ရေစကြိုမြို့နယ် အမှတ်()ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသောစကစတပ်နှင့် ပျူများမိုင်းထိ


ရေစကြိုမြို့နယ် အမှတ်()ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းတွင်တပ်စွဲထားသော စကစတပ်နှင့်ပျူများ မိုင်းထိခဲ့တယ်လို့သတင်းရရှိပါတယ်။ မတ်လ ရက်မှာ စစ်ရေးသတင်းကို ရေစကြို ပြည်သူ့ကာကွယ်ရေးတပ်က အတည်ပြုဆိုပါတယ်။


"ရေစကြိုမြို့နယ် အမှတ်()ရပ်ကွက် ကပ်ကျော်ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသောစကစတပ်နှင့် ပျူများအား မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ၄င်းတို့အများပြားဒဏ်ရာရပါတယ်"လို့ဖော်ပြပါတယ်။


ဘုန်းကြီးကျောင်းပြင်ပသို့ထွက်လာသော စကစတပ်များမိုင်းထိ၍ လေးဦးလွင့်စင်ထွက်သွားပြီး နှစ်ဦးလဲကျသွားခဲ့တယ်လို့ သိရပါတယ်။ စစ်ဆင်ရေးဆောင်ရွက်ခဲ့တဲ့ ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment