8th MAR 2023 - Evening Daily News by Radio NUG


၂၀၂၃ မတ်လ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ဖက်ဆစ်စစ်တပ်က ဒုက္ခပေးနှိပ်စက်နေတဲ့ ပြည်သူတွေအတွက် ဘက်ပေါင်းစုံက ရှိသမျှ ခွန်အားနဲ့ အကာအကွယ်ပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ဝန်ကြီးချုပ်ဆို

📌 ၂။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဓာတ်ပုံ ကမ်ပိန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးများပါဝင်လှုပ်ရှား

📌 ၃။ အမျိုးသမီးများရဲ့အခွင့်အရေးကို ထိပါးနှောင့်ယှက်ခံရတယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြား

📌 ၄။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက လူ့အခွင့်အရေးကောင်စီမှာ တင်ပြပြောဆိုသွားတဲ့ အစီရင်ခံစာကို ကြိုဆိုထောက်ခံကြောင်း လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းဆို

📌 ၅။ စစ်တပ်မှ အစဉ်တစိုက် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ခြေရာခံရန် ခက်ခဲနေတယ်လို့ ကုလမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား

📌 ၆။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပခုက္ကူခရိုင်အတွင်းပခုက္ကူလူထုတိုက်တိုက်ပွဲကော်မတီနှင့် BEGSC တို့ ဦးဆောင်ဆန္ဒပြ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ဖက်ဆစ်စစ်တပ်က ဒုက္ခပေးနှိပ်စက်နေတဲ့ ပြည်သူတွေအတွက် ဘက်ပေါင်းစုံက ရှိသမျှ ခွန်အားနဲ့ အကာအကွယ်ပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေး အစိုးရမှာ အပြည့်အဝ တာဝန်ရှိတယ်လို့ ဝန်ကြီးချုပ်ဆို


မတ်လ ရက်နေ့ကျင်းပတဲ့အစိုးရအဖွဲ့အစည်းအဝေးမှာပြည်ထောင်စုဝန်ကြီးချုပ် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းက အခုလိုဆိုလိုက်ပါတယ်။


''မြေပြင်မှာ လက်တွေ့ခံစားနေရတဲ့ ဒေသခံပြည်သူတွေရဲ့ အသံကို ကြားရတာ အင်မတန် စိတ်ထိခိုက်ရပါတယ်။ ဖက်ဆစ်စစ်တပ်က ဒီလို ဒုက္ခပေးနှိပ်စက်နေတဲ့ ပြည်သူတွေအတွက် ဘက်ပေါင်းစုံက ရှိသမျှ ခွန်အားနဲ့ အကာအကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရမှာ အပြည့်အဝ တာဝန်ရှိပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်ရင်း၊ တပ်ဖွဲ့များကို တိုးချဲ့ဖွဲ့စည်းလျက်ရှိပါတယ်။


========================


📌📌 ၂။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ဓာတ်ပုံ ကမ်ပိန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးများပါဝင်လှုပ်ရှား


မတ်လ


မတ်လ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဖြစ်ပြီး နိုင်ငံတကာ၌ နှစ်စဉ် နှစ်တိုင်း အဆိုပါနေ့တွင် အမျိုးသမီးနှင့် ဂျန်ဒါ အခွင့်အရေးနှင့် တန်းတူညီမျှမှု တို့အတွက် ရည်ရွယ်ကာ လှုပ်ရှားမှုများ ပြုလုပ်လေ့ရှိတာလည်းဖြစ်သလို ယခုနှစ်ဓာတ်ပုံ ကမ်ပိန်းမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင် ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးများပါဝင်လှုပ်ရှားခဲ့ကြပါတယ်။


အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဓာတ်ပုံ ကမ်ပိန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ဝင်များမှ ထွေးပွေ့ပုံသဏ္ဍန်ဖြင့် ပါဝင်ခဲ့ကြတယ်လို့သတင်းရရှိပါတယ်။ ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့အတွက် ဆောင်ပုဒ်မှာညီမျှခွင့်တူ ဖမ်းဆုပ်ယူ-Embrace Equity" ဟူ၍ဖြစ်ပြီး အမျိုးသမီးများ၏ တန်းတူညီမျှမှုနှင့် ရပိုင်ခွင့်များအတွက် ဖမ်းဆုပ်မြဲမြံနိုင်ရန် လှုပ်ရှားသွားရန် လိုအပ်ကြောင်းအားလည်း မီးမောင်းထိုးပြနေပါတယ်။


========================


📌📌 ၃။ အမျိုးသမီးများရဲ့အခွင့်အရေးကို ထိပါးနှောင့်ယှက်ခံရတယ်လို့ ပြည်ထောင်စုဝန်ကြီး နော်စူဆန်နာလှလှစိုးပြောကြား


မတ်လ ရက်


စစ်အာဏာရှင်တွေဟာ နိူင်ငံကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အချိန်ကစပြီးတော့ အမျိုးသမီးများရဲ့ အခွင့်အရေးထိပါးနှောင့်ယှက်ခံရတယ်လို့ ပြည်ထောင်စုဝန်ကြီးနော်စူဆန်နာ လှလှစိုးက မတ်လ ရက်ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား တိုက်ရိုက်ထုတ်လွှင့်မှုအစီအစဉ်မှာ ပြောကြားခဲ့ပါတယ်။


"ဒီစစ်အာဏာရှင်တွေက နိူင်ငံကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့အချိန်ကစပြီးတော့ ကျမတို့ရဲ့ အမျိုးသမီးတွေဟာ အမျိုးမျိုးသောထိပါးနှောင့်ယှက်မှုတွေ၊ လူ့အခွင့်အရေးနှောင့်ယှက် မှုတွေ၊ချိုးဖောက်ခံရမှုတွေကိုအများကြီး ကြုံဆုံခံစားနေရပါတယ်"လို့ဆိုပါတယ်။


မတ်လ ရက်အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ၊ဂျဲန်ဒါမူဝါဒဆိုင်ရာပေါင်းစပ်ညှိနှိုင်းရေးကော်မတီ နှင့် အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေးသူငယ်ရေးရာ၀န်ကြီးဌာန ပူးတွဲ ထုတ်ပြန် ကြေညာချက်မှာဖော်ပြပါရှိချက်အရ "အာဏာရှင်ကိုတွန်းလှန်နေသည့် နွေဦးတော်လှန်ရေးကာလအတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်မှုများကြောင့် ယနေ့အချိန်အထိ အမျိုးသမီး သေဆုံးသူဦးရေ (၄၈၃) ဦးရှိပါတယ်။ အကျဉ်းထောင်များအတွင်း မတရားဖမ်းဆီးခံထားရဆဲ အမျိုးသမီးဦးရေ (,၁၂၅) ဦးရှိပြီး သေဒဏ်ချမှတ်ခံထားရသူ (၁၁) ဦးရှိပါတယ်။ ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ခံထားရသူ (၁၅) ဦးရှိပြီးတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ လိင်ပိုင်ဆိုင်းရာစော်ကားခံရသူ အမျိုးသမီးဦးရေ (၁၂၂) ဦးရှိခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှုများကို တားဆီးရန်၊ အပြစ်ပေးရန်၊ အသိပညာပေးရန် လုပ်ငန်းများကို ယခုနှစ် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ ဆောင်ပုဒ်ဖြစ်သော Embrace Equity ဆိုသည့်အတိုင်း တိုင်းရင်းသားပြည်သူများ၊ အရပ်ဖက်အဖွဲ့အစည်းများနှင့် နိုင်ငံတ- ကာအဖွဲ့အစည်းများ၏ ပူးပေါင်းဆောင်ရွက်မှု များ နှင့်အတူ ခွင့်တူညီမျှစွာ အခွင့်အလမ်းများကို ဖမ်းဆုပ်ပိုင်ဆိုင်ခွင့်ရစေဖို့ လုပ်ဆောင် သွားမယ်လို့လည်းထုတ်ပြန်ချက်မှာဆိုထားပါတယ်။


========================


📌📌 ၄။ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက လူ့အခွင့်အရေးကောင်စီမှာ တင်ပြပြောဆိုသွားတဲ့ အစီရင်ခံစာကို ကြိုဆိုထောက်ခံကြောင်း လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းဆို


မတ်လ ရက်


မတ်လ ရက် မှာ NUG လူ့အခွင့်ရေးရာဝန်ကြီး ဦးအောင်မျိုးမင်းက အခုလိုပြောကြားထားပါတယ်။


"လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက လူ့အခွင့်အရေးကောင်စီမှာ တင်ပြပြောဆိုသွားတဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေး အခြေအနေက တကယ့်ကို အရမ်းဆိုးရွားလှတဲ့ အခြေအနေဆိုးထိကိုရောက်ရှိနေတယ်လို့ ပြောကြားသွားပါတယ်။ ဒါ့အပြင် အရပ်သားပြည်သူတွေနေထိုင်တဲ့နေရာတွေကို လေကြောင်းတိုက်ခိုက်မှုက ၁၄၁ % ထိ မြင့်မားခဲ့ပြီးတော့ လက်နက်ကြီးတွေနဲ့ ဆေးရုံတွေ၊ ကျောင်းတွေ၊ ဘုရားရှိခိုးသည့်နေရာတွေကို တိုက်ခိုက်မှုကလည်း ၁၀၀ % တိုးမြင့်လာတယ်လို့ ပြောကြားခဲ့ပါတယ်။ဒါမျိုးလုပ်ဆောင်ချက်တွေဟာ တကယ်ကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ စနစ်တကျ ချိုးဖောက်မှုတွေ ရက်စက်ယုတ်မာမှုတွေ ဖြစ်တယ်လို့ ဆိုသွားခဲ့ပါတယ်။အမှန်တရားတွေမို့လို့ ကြိုဆိုပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


စကစတပ်များဟာ ကလေးသူငယ်တွေ အရပ်သားပြည်သူတွေကို ဓားစာခံ အဖြစ်ဖမ်းဆီးမှုတွေလည်းလုပ်ဆောင်ခဲ့ပြီးတော့ အရှင်လတ်လတ် မီးရှို့မှုတွေ ရှိတယ်ဆိုတဲ့အကြောင်းကို လူ့အခွင့်အရေးဆိုင်ရာမဟာမင်းကြီးက လူ့အခွင့်အရေးကောင်စီမှာပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ စစ်တပ်မှ အစဉ်တစိုက် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကို ခြေရာခံရန် ခက်ခဲနေတယ်လို့ ကုလမှာ သံအမတ်ကြီးဦးကျော်မိုးထွန်းပြောကြား


မတ်လ


မတ်လ ရက်‌နေ့တွင် နယူးယောက်မြို့ အခြေစိုက် ကုလသမဂ္ဂဌာနချုပ်တွင်ကျင်းပသည့် (၆၇) ကြိမ်မြောက် Commission of the Status of Women (CSW67) အစည်းအဝေး၏ ဖွင့်ပွဲမှာကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက အခုလိုပြောကြားခဲ့ပါတယ်။


"မြန်မာနိူင်ငံမှာလျှပ်စစ်မီးပြတ်တောက်ခြင်းနှင့် ဒစ်ဂျစ်တယ်ပစ္စည်းများ အသုံးပြုခွင့်မရရှိသောကြောင့် စစ်တပ်မှ အစဉ်တစိုက် ကျူးလွန်နေသည့် ရက်စက်ကြမ်းကြုတ်မှုများကိုလည်း ခြေရာခံရန် ခက်ခဲလျက်ရှိကြောင်း ဖက်ဆစ်စစ်တပ်၏ တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူများ၏ လက်ကိုင်ဖုန်းများကို နေရာမရွေး စိတ်ကြိုက် တရားဥပဒေမဲ့စစ်ဆေးလျက်ရှိသည်ဟု သိရှိရသဖြင့် လွန်စွာစိတ်ပျက်ရကြောင်း၊ ယခုအခါ ပြည်သူများအနေဖြင့် အပြင်ထွက်သည့်အခါများတွင် လက်ကိုင်ဖုန်းများကို ကိုင်ဆောင်ရန် ကြောက်ရွံ့လျက်ရှိကြောင်း၊ အဆိုပါအခြေအနေမှာ လက်ခံနိုင်ဖွယ်မရှိကြောင်း၊ ယင်းမှာ မိမိတို့ပြည်သူများမှ အကြောက်တရားဖြင့် နေ့စဉ်ဖြတ်သန်းနေရသည့် အခြေအနေပင်ဖြစ်ကြောင်း"သံအမတ်ကြီးကဆိုပါတယ်။


ဒါ့အပြင် လူမဆန်သည့်စစ်တပ်အား ခုခံတော်လှန်နေသည့် ယခုတော်လှန်ရေးကို လူငယ်လူရွယ် မျိုးဆက်သစ်များမှ ငြိမ်းချမ်းသည့်နည်းလမ်းအစုံ၊ အထူးသဖြင့် ဒစ်ဂျယ်တယ်လမ်းကြောင်းကို အသုံးပြု၍ ဦးဆောင်ခဲ့ခြင်းဖြစ်သည်ကို အလေးထားမှတ်ကျောက်တင်ရန်လိုကြောင်းလည်း သံအမတ်ကြီး ဦးကျော်မိုးထွန်းကဆိုခဲ့ပါတယ်။


========================


📌📌 ၆။ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပခုက္ကူခရိုင်အတွင်းပခုက္ကူလူထုတိုက်တိုက်ပွဲကော်မတီနှင့် BEGSC တို့ ဦးဆောင်ဆန္ဒပြ


မတ်လ ရက်


မတ်လ () ရက်နေ့ မနက်ပိုင်းကအပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပခုက္ကူခရိုင်အတွင်းပခုက္ကူလူထုတိုက်တိုက်ပွဲကော်မတီနှင့် BEGSC တို့ ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်ပွဲကိုကျင်းပခဲ့တယ်လို့သိရှိရပါတယ်။


အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် ပခုက္ကူခရိုင်အတွင်း၌ ကျွန်ုပ်တို့ပခုက္ကူလူထုတိုက်တိုက်ပွဲကော်နှင့် BEGSC တို့ ဦးဆောင်၍ ဒေသခံပြည်သူများနှင့်အတူ 

ညီမျှခွင့်တူဖမ်းဆုပ်ယူ 

"တန်းတူညီမျှ ဖက်ဒရယ်ရေး အမျိုးသမီးပါဝင်မှုအလေးပေး" 

ငါတို့အညာ ငါတို့ပိုင်တယ်

အာဏာရှင်ပြတ်သုဉ်း နှစ်ဆယ့်သုံး

ဖက်ဒယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး……..ဒို့အရေး 

ဟူသော ကြွေးကြော်သံ များ ဆိုင်းဘုတ်များကိုင်ဆွဲခဲ့ကြတယ်လို့ဆိုပါတယ်။


အဆိုပါ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှု မှာ အနီးနားကျေးရွာမှ ဒေသခံအမျိုးသမီးများလည်း ပူးပေါင်းပါဝင်ခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment