၂၀၂၃ ဧပြီလ ၁၈ ရက်နေ့ ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ
သတင်းခေါင်းစဉ်များ -
📌 ၁။ မြန်မာနိူင်ငံကို သေနတ်သံမကြားရတဲ့ ငြိမ်းချမ်းတဲ့နိူင်ငံဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ရည်မှန်းချက်ပန်းတိုင်ထားတယ်လို့ ယာယီသမ္မတပြောကြား
📌 ၂။ ကမ္ဘာကျော် Time မဂ္ဂဇင်းက အကြမ်းဖက် ခေါင်းဆောင် Min Aung Hlaing ကို Taliban ထက်ဆိုးရွားကြောင်းကို ကမ္ဘာသိအောင် အနုနည်းနဲ့ ကြေငြာလိုက်ခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
📌 ၃။ ပြည်တွင်း၊ ပြည်ပမှ ထောက်ပံငွေများကိုပဇီကြီးကျေးရွာမှ အိမ်ထောင်စုတစ်စုလျှင် (၁) သိန်းနှုန်းဖြင့် အိမ်ထောင်စု ၁၂၆ စုအထိ လှူဒါန်းပေးအပ်နိူင်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့အသိပေး
📌 ၄။ နေပြည်တော်ရှိ အေလာလေတပ်စခန်း တိုက်ခိုက်ခံရကြောင်းမှန်ကန်
📌 ၅။ မြဝတီခရိုင် မဲကနယ်မှာ ယနေ့မနက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်ကနှစ်ဦးသေဆုံး
📌 ၆။ ၉ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “တောင်ပိုင်းဒေသ တပ်ဖွဲ့များ” အတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်
📌 ၇။ ရေးမြို့ရဲစခန်း ၄၀မမနဲ့ပစ်ခက်တိုက်ခိုက်ခဲ့
ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်
========================
📌📌 ၁။ မြန်မာနိူင်ငံကို သေနတ်သံမကြားရတဲ့ ငြိမ်းချမ်းတဲ့နိူင်ငံဖြစ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရဟာ ရည်မှန်းချက်ပန်းတိုင်ထားတယ်လို့ ယာယီသမ္မတပြောကြား
ဧပြီ၁၈ရက်
ဧပြီ၁၇ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလက တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အခုလိုထည့်သွင်း ပြောကြားခဲ့ပါတယ်။
"ကျနော်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်က ဒီတိုင်းပြည်ဟာ အနာဂါတ်မှာ ညီညီညွတ်ညွတ်နဲ့သေနတ်သံမကြားရတဲ့ ငြိမ်းချမ်းတဲ့နိူင်ငံ၊စီးပွားရေးအင်မတန်ကောင်းမွန်တဲ့နိူင်ငံ၊လူငယ်များရဲ့မျှော်လင့်ချက် အပြည့်အဝရှိတဲ့နိူင်ငံအဖြစ် ထူထောင်ဖို့လိုတဲ့အတွက်ကြောင့် ကျနော်တို့ အဲဒါတွေကို သတိထားလုပ်ဖို့လိုပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင်နယ်နမိတ်ခြင်းထိစပ်နေတဲ့ အိမ်နီးချင်းနိူင်ငံများအနေနဲ့ ပြည်သူလူထုဘက်ကလိုက်ပြီး စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်ခြင်းမပြုဘဲ မြန်မာပြည်သူလူထုနဲ့မြန်မာနိူင်ငံကို အကူအညီပေးဖို့ကိုလည်း ယာယီသမ္မတ ဒူဝါလရှီးလဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ယာယီသမ္မတက ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီဟာ နွေဦးတော်လှန်ရေးရဲ့ မဟာမိတ်စုဖွဲ့ မှုနဲ့ ကိုယ်စားပြုမှု အခန်းကဏ္ဍမှာ အင်မတန် အရေးပါတဲ့ နေရာမှာ ရှိနေတယ်လို့ ဧပြီ၁၈ရက် ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခြင်း (၂) နှစ်ပြည့်အထိမ်းအမှတ် အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
" ဒါ့အပြင် ချင်းလူထုနဲ့ ချင်းပြည်နယ်ကို နိုင်ငံရေးအရ ဦးဆောင်လမ်းညွှန်တဲ့ မူဝါဒ အဆုံးအဖြတ်ပိုင်းကို ပြုနေရတဲ့ ခေါင်းဆောင်မှုနေရာမှာ ရှိနေပါတယ်။ ဒါ့ကြောင့် အမြော်အမြင်ရှိသော တော်လှန်ရေးအမြင်တွေနဲ့ ရှေ့ဆက် တက်လှမ်းနိုင်ဖို့ ကျွန်တော့်အနေနဲ့ အထူး ယုံကြည်ထားပါတယ်။ နိုင်ငံရေးအရ အမြော်အမြင် ရှိရှိ၊ အမြင်ကျယ်ကျယ်နဲ့ နိုင်ငံရေးသတိ အမြဲထားပြီး ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီရဲ့ မူဝါဒ လမ်းညွှန် အကြံပြုချက်တွေအောက်မှာ ချင်းအမျိုးသားလွတ်မြောက်ရေးကိုလည်း ဖော်ဆောင်နိုင်သလို၊ တစ်နိုင်ငံလုံးအတိုင်းအတာအထိ ကြုံတွေ့ခံစားနေရတဲ့ စစ်အာဏာရှင်တော်လှန်ရေးကိုလည်း အပြည့် အဝ ပါဝင်နေတာဟာ အလွန်အားတက်စရာ ကောင်းလှပါတယ်"လို့ဆိုပါတယ်။
ဒါ့အပြင် နွေဦးတော်လှန်ရေးအစမှာ ချင်းလူမျိုးတွေရဲ့ လက်နက်ကိုင်ခုခံတော်လှန်ရေးဟာ အစောဆုံး / ပထမဦးဆုံးဖြစ်တာကို တွေ့ရတယ်လို့လည်း ယာယီသမ္မတ ကဆိုပါတယ်။
========================
📌📌 ၂။ ကမ္ဘာကျော် Time မဂ္ဂဇင်းက အကြမ်းဖက် ခေါင်းဆောင် Min Aung Hlaing ကို Taliban ထက်ဆိုးရွားကြောင်းကို ကမ္ဘာသိအောင် အနုနည်းနဲ့ ကြေငြာလိုက်ခြင်းဖြစ်တယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဆာဆာဆို
ဧပြီ၁၈ရက်
ဧပြီ၁၇ရက်မှာ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာက တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ အကြမ်းဖက်မင်းအောင်လှိုင်နှင့်ပတ်သက်ပြီး အခုလိုပြောပြထားပါတယ်။
"ကမ္ဘာကျော် Time မဂ္ဂဇင်းက အကြမ်းဖက် ခေါင်းဆောင် Min Aung Hlaing ကို Taliban တွေထက်ဆိုးရွား သော ကမ္ဘာ့လူဆိုးကြီးဖြစ်ကြောင်းကို ကမ္ဘာသိအောင်အနုနည်းနဲ့ ကြေငြာလိုက်ခြင်းဖြစ်ပါတယ်။ ကမ္ဘာမှာ Taliban ထက်ဆိုးရွား သောသူသည် Taliban တွေရဲ့မိတ်ဆွေ ကမ္ဘာ့လူဆိုးကြီး Osama Bin Laden ပဲရှိပါတယ်။ Min Aung Hlaing နဲ့ Osama Bin Laden ဟာ အတူတူဖြစ်ပါတယ်။ အကြမ်းဖက် ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်တဲ့ အကြမ်းဖက်အဖွဲ့အစည်း စစ်ကောင်စီ -SAC ဟာ ကမ္ဘာ့ အကြမ်းဖက် ခေါင်းဆောင် Osama Bin Laden ဦးဆောင်တဲ့ ကမ္ဘာ့အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် AL-Qaeda နဲ့ ၎င်းတို့ရဲ့ မိတ်ဖက်ဖြစ်သည့် ISIS တို့နဲ့ တူညီနေပါတယ်ဆိုတာကို ကမ္ဘာသိအောင် သွယ်၀ိုက်နည်းနဲ့ကြေငြာလိုက်ခြင်းပဲ ဖြစ်ပါ တယ်"လို့ဝန်ကြီးကဆိုပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်အုပ်စုဟာ လူပေါင်းသုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်းနှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။
========================
📌📌 ၃။ ပြည်တွင်း၊ ပြည်ပမှ ထောက်ပံငွေများကိုပဇီကြီးကျေးရွာမှ အိမ်ထောင်စုတစ်စုလျှင် (၁) သိန်းနှုန်းဖြင့် အိမ်ထောင်စု ၁၂၆ စုအထိ လှူဒါန်းပေးအပ်နိူင်ခဲ့တယ်လို့ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့အသိပေး
ဧပြီ၁၈ရက်
ဧပြီ၁၈ရက်မှာ ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်က အခုလို အသိပေးဆိုပါတယ်။
"ပဇီကြီးကျေးရွာအတွက် ပြည်တွင်းပြည်ပမှလာရောက်လှူဒါန်းထားကြသော အလှူငွေများအား ပဇီကြီးကျေးရွာမှ အိမ်ထောင်စုတစ်စုလျှင် (၁) သိန်းနှုန်းဖြင့် အိမ်ထောင်စု ၁၂၆ စုအထိ လှူဒါန်းပေးအပ်ပြီး၊ကျန်ရှိနေသေးသော အိမ်ထောင်စုများအား ရရှိသမျှ အလှူငွေဖြင့် ထပ်မံခွဲဝေပေးသွားမည်ဖြစ်ကြောင်းအသိပေးအပ်ပါတယ်ဗျ။ဆေးဝါးလှူဒါန်းမှုနှင့် တခြားလှူဒါန်းမှုများကိုလဲ ဆက်လက်ဖော်ပြပေးသွားပါမယ်"လို့ဆိုပါတယ်။
ဧပြီ၁၁ရက်နေ့ ပဇီကြီးရွာကို စကစတပ်ကလေကြောင်းတိုက်ခိုက်မှုမှာ လူဦးရေ၁၆၈ဦး သေဆုံးခဲ့ရပြီးအများစုမှာ အမျိုးသမီးနဲ့ကလေးငယ်များဖြစ်ကြပါတယ်။
========================
📌📌 ၄။ နေပြည်တော်ရှိ အေလာလေတပ်စခန်း တိုက်ခိုက်ခံရကြောင်းမှန်ကန်
ဧပြီ၁၈ရက်
နေပြည်တော်ရှိ အေလာလေတပ်စခန်းတိုက်ခိုက်ခံရကြောင်းမှန်ကန်တယ်လို့ နေပြည်တော်ရှိ တော်လှန်ရေးအင်အားစုများထံကသိရပါတယ်။
ဧပြီလ၁၆ရက် ည၁၁နာရီအချိန် နေပြည်တော်ရှိ အေလာလေတပ်စခန်းတွင်းသို့ လက်နက်ကြီးများကျရောက်ပေါက်ကွဲခဲ့တာ ဟုတ်မှန်တယ်လို့ဆိုပါတယ်။
"ပျက်စီးဆုံးရှုံးမှု အတိအကျ ကိုအတည်ပြုနေတုန်းမို့ပါ"လို့တော်လှန်ရေးရဲဘော်တစ်ဦးကပြောပါတယ်။
လတ်တလောမှာ သတင်းထွက်ပေါ်မှုအရ တပ်ဝန်းအတွင်းရှိ ဆီလှောင် ကန်ပေါ်ကျရောက်ပေါက်ကွဲကာ မီးလောင်ကျွမ်းမှုဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။
ဧပြီ၁၆ရက် ညနေပိုင်းကလည်းဇမ္ဗူသီရိမြို့နယ် သီရိရတနာအဆင့်မြင်ဈေး၀န်းကမ္ဘာ့ရတနာဘဏ်ရှေ့ကနေ ဒက္ခိဏသီရိမြို့နယ် သံတမန်ဇုန်သို့ထွက်သည့်လမ်းဆုံရဲဂိတ်ကို ကို ဒက္ခိဏသီရိမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် စစ်တောင်းမြို့ပြပြောက်ကျားအဖွဲ့(နေပြည်တော်)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စကစဘက်က၆ဦးသေဆုံးခဲ့ပါတယ်။
========================
📌📌 ၅။ မြဝတီခရိုင် မဲကနယ်မှာ ယနေ့မနက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်ကနှစ်ဦးသေဆုံး
ဧပြီ၁၈ရက်
မြဝတီခရိုင် တောင်ပိုင်းတိုင်း စစ်ဒေသ မဲကနယ်မှာ ယနေ့မနက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားရာ စကစဘက်ကနှစ်ဦးသေဆုံးခဲ့ပါတယ်။
"ကရင်ပြည်နယ် မြဝတီခရိုင် တောင်ပိုင်းတိုင်း စစ်ဒေသ မဲကနယ်တွင် ယနေ့ ၁၈ရက်နေ့ နံနက်၆နာရီ၃၀ခန့်က အကြမ်းဖက် စစ်ကောင်စီတပ်မှKNUယူနီဖောင်းများဝတ်ဆင်ပုံမှားရိုက်အယောင်ဆောင် ထိုးတက်လာရာ VenomPDFစစ်ကြောင်းနှင့် ထိတွေ့မှုဖြစ်ပွားခဲ့တယ်"လို့Venom PDFစစ်ကြောင်းကအသိပေးဆိုပါတယ်။
ထိတွေ့မှုမှာအကြမ်းဖက်စစ်ကောင်စီဘက်မှ၂ဦးသေဆုံးပီး40မမတလက်Akတလက်တို့သိမ်းဆည်းရမိခဲ့တယ်လို့သတင်းရရှိပါတယ်။
========================
📌📌 ၆။ ၉ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “တောင်ပိုင်းဒေသ တပ်ဖွဲ့များ” အတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားမယ်
ဧပြီ၁၈ရက်
ဧပြီလအတွင်းမှာ NUG Payကနေ အခုလို အသိပေးဆိုထားပါတယ်။
"ပြည်သူများ၏ ၉ ကြိမ်မြောက် For Our People လှုပ်ရှားမှုတွင် “တောင်ပိုင်းဒေသ တပ်ဖွဲ့များ” အတွက် ပြည်သူနဲ့ အတူ NUGPay က ပါဝင်ကူညီသွားပါမယ်။လှူဒါန်းမှုများကို ဧပြီ၁၇ရက်မှစ၍ ၂၀၂၃ ခုနှစ် ဧပြီ ၃၀ ရက်နေ့ထိ လက်ခံသွားမှာ ဖြစ်ပြီး မြေပြင်အရောက် ပေးပို့သွားမှာ ဖြစ်ပါတယ်"လို့ဆိုပါတယ်။
NUGPay နှင့် ပြည်သူများ၏ “စစ်ကိုင်းတိုက်ပွဲ လွတ်လပ်ရေး အောင်ပွဲ” Campaign မှာ အလှူငွေ စုစုပေါင်း ၂၃၀ သိန်း ရရှိခဲ့ပြီး၊ တော်လှန်ရေးအင်အားစုများထံ လှူဒါန်းခဲ့ပြီး ဖြစ်ပါတယ်။
========================
📌📌 ၇။ ရေးမြို့ရဲစခန်း ၄၀မမနဲ့ပစ်ခက်တိုက်ခိုက်ခဲ့
ဧပြီ၁၈ရက်
မွန်ပြည်နယ် ရေးမြို့နယ်မြို့မရဲစခန်းကို ၄၀မမနဲ့အပစ်ခံရတယ်လို့ ဧပြီ၁၈ရက်မှာ ရေးဘီလူးအဖွဲ့ခေါင်းဆောင်က Radio NUG ကိုအခုလိုပြောပါတယ်။
((((((ရေးဘီလူး-အဖွဲ့ခေါင်းဆောင်))))))
ဧပြီ၁၇ရက်နေ့မနက်ပိုင်းမှာ ရေးမြို့ရဲစခန်းကို တိုက်ခိုက်ခဲ့ပြီး ထိခိုက်ပျက်စီးမှုကိုအတည်ပြုစုံစမ်းနေဆဲ ဖြစ်ပါတယ်။
ဧပြီ ၄ရက် နံနက်အစောပိုင်းကလည်း အာယုတောင်ရွာနှင့် တောင်စွန်းကျေးရွာအကြားကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးမှုရှိခဲ့ပါတယ်။
ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။
No comments:
Post a Comment