22nd APR 2023 - Evening Daily News by Radio NUG


၂၀၂၃ ဧပြီလ ၂၂ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ "တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မူလရည်ရွယ်ချက် မပျောက်စေရန် အထူးသတိထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြော

📌 ၂။ ငြိမ်းချမ်းတည်ငြိမ်စွာ ပညာသင်ကြားခွင့်နှင့်အတူ တိုးတက်မှုအရှိန်အဟုန်တို့ဟာအနာဂတ်ကာလရဲ့ ပုံရိပ်များဖြစ်လာမယ်လို့ပြောကြား

📌 ၃။ စစ်ကိုင်းမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က အိမ်ခြေ ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီး

📌 ၄။ မြင်းခြံမြို့နယ် ကျောက်ကန်ရွာတွင်  ပြည်သူလူထုထံမှ ဆက်ကြေးတောင်းခံနေတဲ့ စကစတပ်များ မိုင်းခွဲခံရ၍ ၁၂ဦးသေဆုံး

📌 ၅။ ကျားသစ်နက်စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေများသို့  ဂျက်ဖိုက်တာ လေယာဥ်များနဲ့ နှစ်ရက်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်

📌 ၆။ တောင်တွင်းဒေသ မအူပျူရွာ၊ စကစတပ်နဲ့ပျူရှေ့တန်းစခန်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ရာ စကစရဲ့ အရေးပေါ် ရဟတ်ယာဥ် ဆင်းကွင်း ၂ခုပါ အောင်မြင်စွာဖျက်စီးနိုင်ခဲ့

📌 ၇။ နွေဦးအင်းလျား ကွန်ဒို လအတွင်း ကြိမ်ခွဲ၍လည်း ပေးသွင်းနိုင်


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ "တော်လှန်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ မူလရည်ရွယ်ချက် မပျောက်စေရန် အထူးသတိထားဖို့ ပြည်ထောင်စုဝန်ကြီးချုပ်ပြောကြား


ဧပြီ၂၂ရက်


ဧပြီလအတွင်း ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၁၆/၂၀၂၃)ကျင်းပရာမှာပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကအခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"တော်လှန်ရေးတွင် လုပ်ငန်းများ ဆောင်ရွက်ရာ၌ မူလရည်ရွယ်ချက်မပျောက်စေရန် အထူးသတိထားရန်လိုအပ်ပါကြောင်း၊ မတရားမှု၊ လက်နက်နှင့်အနိုင်ကျင့်ခြိမ်းခြောက်မှု၊ လူ့အခွင့်အရေးဆုံးရှုံးမှု၊ ပြည်သူ့၏ဆန္ဒကိုလက်နက်အားကိုးပြီးဖယ်ရှားခဲ့မှုကြောင့် အကြမ်းဖက်စစ်ကောင်စီကို လက်နက်ကိုင် တိုက်ခိုက်ရင်း တိုင်းရင်းသားအားလုံး၏ အိမ်မက်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို ထူထောင်ရန်လက်တွေ့ကျကျလုပ်ဆောင်နေကြခြင်း ဖြစ်ပါကြောင်း၊ လုပ်ငန်းများဆောင်ရွက်ရာတွင်ကိုယ်ပိုင်ခံစားချက်ကို အတတ်နိုင်ဆုံး ထိန်းချုပ် လုပ်ဆောင်ကြရန် တိုက်တွန်းလိုကြောင်း"ဝန်ကြီးချုပ်ကဆိုပါတယ်။


လက်ရှိမှာ တော်လှန်ရေးအင်အားစုများ အနေဖြင့် စိတ်ရောကိုယ်ပါ ပင်ပန်းနေကြပေမယ့် ကြံ့ကြံ့ခံပြီးစစ်ကောင်စီ၏ သွေးထိုးမှု၊ ဝါဒဖြန့်ဝေမှု၊ တော်လှန်‌ရေးအပေါ် စစ်မှန်သည့်သဘောထားမရှိသူများ၏ သပ်လျှိုသွေးခွဲမှုတွေကြားမှာ ယုံကြည်ချက် ခိုင်ခိုင်မာမာနှင့်ဆက်လက်လျှောက်လှမ်းရမည့် ခရီးပန်းတိုင်ကို အင်အားအပြည့်ဖြင့်ချီတက်ကြရန်တိုက်တွန်းလိုတယ်လို့ ဝန်ကြီးချုပ်ကဆိုပါတယ်။


========================


📌📌 ၂။ ငြိမ်းချမ်းတည်ငြိမ်စွာ ပညာသင်ကြားခွင့်နှင့်အတူ တိုးတက်မှုအရှိန်အဟုန်တို့ဟာအနာဂတ်ကာလရဲ့ ပုံရိပ်များဖြစ်လာမယ်လို့ပြောကြား


ဧပြီ၂၂ရက်


ဧပြီလ၂၁ရက်‌နေ့တွင် ကျင်းပပြုလုပ်သော နွေဦးတော်လှန်ရေးကာလ အဆင့်မြင့်ပညာရေးကဏ္ဍ ပထမအကြိမ်ညီလာခံ၌ ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ငြိမ်းချမ်းတည်ငြိမ်စွာ ပညာသင်ကြားခွင့်နှင့်အတူ တိုးတက်မှုအရှိန်အဟုန်တို့ဟာအနာဂတ်ကာလရဲ့ ပုံရိပ်များဖြစ်လာမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့် ကပြောကြားလိုက်ပါတယ်။


"လက်နက်နဲ့ ဖိနှိပ်အုပ်ချုပ်ဖို့ ကြိုးစားနေတဲ့ အကြမ်းဖက်စစ်အုပ်စုကို ခုခံတွန်းလှန်ရင်း ရနိုင်သမျှသော အရင်းအမြစ်များကို အခြေခံ၍ ကြုံတွေ့ရသော အခက်အခဲ၊ ဒုက္ခတရားများကို ကြံ့ကြံ့ခံရင်ဆိုင်နေရရင်းဖြင့်  ပြည်သူ့အင်အား၊ ပြည်သူ့အားဖြင့် ဆက်လက်လျှောက်လှမ်းနေသည့်အတွက်လည်း ပြည်ထောင်စုတစ်ဝှမ်းလုံးမှာ ငြိမ်းချမ်းတည်ငြိမ်စွာ ပညာသင်ကြားခွင့်အခွင့်အရေးများနှင့်အတူ တိုးတက်မှုအရှိန်အဟုန်တို့ဟာ မဝေးသော အနာဂတ်ကာလရဲ့ ပုံရိပ်များဖြစ်လာမှာ မလွဲဧကန်ဖြစ်တယ်လို့ ယုံကြည်ပါတယ်"လို့ဆိုပါတယ်။


ဒါ့အပြင်  ပညာသင်ယူခြင်းလုပ်ငန်းစဥ်ဟာ ရပ်တန့်နေသင့်တဲ့ လုပ်ငန်းမဟုတ်သလို အသက်အရွယ်၊ အဆင့်အတန်း၊ အပိုင်းအခြားမရွေး လွတ်လပ်စွာ ပညာသင်ယူခွင့်၊ သင်ကြားခွင့်တို့ဟာ တစ်ဦးချင်းစီတို့ရဲ့ ရပိုင်ခွင့်လူ့အခွင့်အရေးများပဲ ဖြစ်တယ်လို့  ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကဆိုပါတယ်။


========================


📌📌 ၃။ စစ်ကိုင်းမြို့နယ်အတွင်းမှာ အကြမ်းဖက်စစ်တပ်က အိမ်ခြေ ၃၀၀ ကျော်ကို မီးရှို့ဖျက်ဆီး


ဧပြီ၂၂ရက်


ဧပြီလ ၂၁ ရက်နေ့ နံနက်ပိုင်းမှာ စစ်ကိုင်းမြို့နယ်  အင်စရွာနဲ့တောင်ကြားရွာကို မီးရှို့ခဲ့တာလို့ ဒေသခံ သတင်းအရင်းအမြစ်တွေကအတည်ပြုပါတယ်။


ဧပြီလ ၂၁ ရက်နေ့ နံနက် နာရီအချိန်မှာ စစ်ကိုင်းမြို့နယ် တလိုင်းကျွန်းရွာကို စစ်ကောင်စီစစ်ကြောင်း အင်အား ၁၀၀ ကျော်ဖြင့် ဝင်ရောက်လာခဲ့ပြီး ဆက်ထွက်လာရာ နံနက် :၅၀ နာရီအချိန် အင်စရွာကို ရောက်ရှိလာခဲ့ပါတယ်။ နံနက် :၂၅ နာရီအချိန်ခန့်မှာ အင်းစရွာကို စစ်ကောင်စီစစ်ကြောင်းမှ မီးစတင်ရှို့ခဲ့ပါတယ်။ စစ်ကောင်စီစစ်ကြောင်းမှ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် အင်းစရွာ လူနေအိမ် ၃၀၀ ကျော်ခန့် လောင်ကျွမ်းပျက်ဆီးခဲ့ကာ နေအိမ်အနည်းငယ်သာကျန်ရှိခဲ့တယ်လို့ဆိုပါတယ်။


ဒါ့အပြင် အင်းစရွာနဲ့ကပ်လျက် တောင်ကြားရွာက နေအိမ် ၁၀ လုံးကိုလည်း စစ်ကောင်စီ စစ်ကြောင်းမှ မီးရှို့ခဲ့ကြပါတယ်။ အကြမ်းဖက် စစ်တပ်နဲ့၄င်းလက်အောက်ခံအဖွဲ့များဟာ တစ်နိူင်ငံလုံးမှာ အိုးအိမ်ပေါင်း ခြောက်သောင်းကျော်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။


========================


📌📌 ၄။ မြင်းခြံမြို့နယ် ကျောက်ကန်ရွာတွင်  ပြည်သူလူထုထံမှ ဆက်ကြေးတောင်းခံနေတဲ့ စကစတပ်များ မိုင်းခွဲခံရ၍ ၁၂ဦးသေဆုံး


ဧပြီ၂၂ရက်


"ဧပြီ၂၁ရက်မွန်းတည့်၁၂နာရီ  မြင်းခြံမြို့နယ်ကျောက်ကန်ရွာထိပ်တွင် ကင်းပုန်းများချပြီး ပြည်သူလူထုထံမှ ဆက်ကြေးတောင်းနေသော (စကစနှင်ပျူ) ၂၅ဦးခန့်ပါသော အဖွဲ့အား မြင်းခြံ .က.ဖနှင့်ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မြင်းခြံကအတည်ပြုဆိုထားပါတယ်။


မိုင်းထိ၍ စကစတပ်က၁၂ဦး သေဆုံးကာ ထိခိုက်သူအများအပြားရှိနိူင်တယ်လို့သိရပါတယ်။


========================


📌📌 ၅။ ကျားသစ်နက်စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေများသို့  ဂျက်ဖိုက်တာ လေယာဥ်များနဲ့ နှစ်ရက်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်


ဧပြီ၂၂ရက်


ကရင်ပြည်နယ်ရှိ ကျားသစ်နက်စစ်ကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့များ လုံခြုံရေးဆောင်ရွက်နေသည့် နယ်မြေများသို့ စကစတပ်က ဂျက်ဖိုက်တာ လေယာဥ်များနဲ့ ယနေ့မနက်အစောပိုင်းအပါအဝင် နှစ်ရက်ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။


"၂၀၂၃ခုနှစ် ဧပြီလ ၂၁ရက်နေ့ နေ့လည် အချိန်တွင်  အကြမ်းဖက်စစ်ကောင်စီတပ်မှ Yak-130 လေယာဉ်ဖြင့် လည်းကောင်း ဧပြီလ ၂၂ရက်နေ့ မနက် ၀၁:၀၀ နာရီခန့်တွင်လည်းကောင်း ဂျက်ဖိုက်တာလေယာဉ်ဖြင့် ထပ်မံလာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မိမိတို့ဘက်မှ ပြည်သူများပို့သသော မေတ္တာကြောင့် အထိခိုက်တစ်စုံတစ်ရာ မရှိခဲ့ပါ"လို့ဆိုပါတယ်။


အကြမ်းဖက်စစ်ကောင်စီနှင့် ၎င်းလက်အောက်ခံ BGF တပ်များ မှ နေ၍ လက်နက်ကြီးများ အတွဲလိုက်ပစ်ဒုံးများဖြင့် နေ့ရောညပါ ပစ်ခတ်လျက်ရှိပြီး  ကျားသစ်နက်စစ်ကြောင်းမှ ရဲဘော်တစ်ဦး လက်နက်ကြီးစ ထိမှန်ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့ပါတယ်။


ကျားသစ်နက်စစ်ကြောင်း  ရဲဘော်များအနေဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျန်ရစ်ခဲ့သော လက်နက်၊ ကျည်များ နှင့် အသုံးဆောင်ပစ္စည်းများသိမ်းဆည်းရရှိခဲ့တယ်လို့သတင်းရရှိပါတယ်။


========================


📌📌 ၆။ တောင်တွင်းဒေသ မအူပျူရွာ၊ စကစတပ်နဲ့ပျူရှေ့တန်းစခန်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ရာ စကစရဲ့ အရေးပေါ် ရဟတ်ယာဥ် ဆင်းကွင်း ၂ခုပါ အောင်မြင်စွာဖျက်စီးနိုင်ခဲ့


ဧပြီ၂၂ရက်


တောင်တွင်းဒေသ မအူပျူရွာ၊ စကစတပ်နဲ့ပျူရှေ့တန်းစခန်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်သိမ်းပိုက်ရာ စကစရဲ့ အရေးပေါ် ရဟတ်ယာဥ် ဆင်းကွင်း ၂ခုပါ အောင်မြင်စွာဖျက်စီးနိုင်ခဲ့ကြောင်းကို ဧပြီ၂၂ရက်မှာ အမှတ် ၁၁ တပ်ရင်း၊မင်းကင်းကအတည်ပြုဆိုပါတယ်။


"ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်းနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဟယ တောင်တွင်းဒေသ၊မအူပျူရွာ၊ စကစတပ်နဲ့ပျူရှေ့တန်းစခန်းအား ဧပြီလ ၁၀ရက်နေ့တွင် သိမ်းပိုက်ရရှိခဲ့ပါတယ်။လက်ရှိအချိန်တွင်လည်း အမှတ် ၁၁ တပ်ရင်းအနေဖြင့် နယ်မြေစိုးမိုးမှုများ ဆက်တိုက်ဆောင်ရွက်နေပြီး စစ်ကောင်စီ၏ အရေးပေါ် ရဟတ်ယာဥ် ဆင်းကွင်း ၂ခုအား အောင်မြင်စွာဖျက်စီးနိုင်ခဲ့ပါတယ်"လို့ဆိုပါတယ်။


စစ်ကောင်စီ၏ရှေ့တန်းစခန်း၊ ကတုတ်ကျင်း၊ဘန်ကာများအား ဖျက်စီးနိုင်ခဲ့ပြီးထပ်မံ၍ အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်သည့်နေရာများအားရှောင်ရှားကြရန်လည်း လူထုကိုအသိပေးကြေညာထားပါတယ်။


========================


📌📌 ၇။ နွေဦးအင်းလျား ကွန်ဒို လအတွင်း ကြိမ်ခွဲ၍လည်း ပေးသွင်းနိုင်


ဧပြီ၂၂ရက်


ဧပြီလအတွင်းမှာ endofdictatorshipကနွေဦးအင်းလျား ကွန်ဒိုနှင့်ပတ်သက်၍ အခုလိုအသိပေးဆိုပါတယ်။


"Spring Inya ကွန်ဒိုတိုက်ခန်းများကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၉ ရက် တွင် စတင်ရောင်းချမည် ဖြစ်၍ EOD ကိုယ်စားလှယ်များထံတွင် ဝယ်ယူလိုသည့် အခန်းအမျိုးအစား အလိုက် စာရင်းစတင် ပေးသွင်းနိုင်ပါပြီ။တော်လှန်ရေး ကာလအတွင်း ပေးသွင်းရမည့် ပမာဏကို တကြိမ်တည်း ပေးချေနိုင်သလို လအတွင်း ကြိမ်ခွဲ၍လည်း ပေးသွင်းနိုင်ပါတယ်"လို့ဆိုပါတယ်။


Spring Inya Condo ကိုပါရမီလမ်းမပေါ်ရှိ အကြမ်းဖက်တပ်ပိုင် မြေနေရာ ဧက ၃၀ အနက်မှ ဦးထွန်းငြိမ်းလမ်းဘက် နေရာတွင် ဆောက်လုပ်မှာဖြစ်ပါတယ်။ မြေတန်ဖိုးမြင့်မားသည့် အင်းလျားကန်စောင်းတွင် ရှားပါးမြေနေရာကျယ် ဖြစ်ပြီးကွန်ဒိုအခန်းပေါင်း ၇၅၀ ရောင်းချပေးနိုင်မှာ ဖြစ်ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment