27th APR 2023 - Morning Daily News by Radio NUG



၂၀၂၃ ဧပြီလ ၂၇ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အီတလီနိုင်ငံ ကာဆာချယ်ဗီ ပြတိုက်မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲမှာ စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် ပြောကြား

📌 ၂။ အကြမ်းဖက် စစ်အုပ်စုဟာ တပ်မတော်ဆိုတဲ့ စကားလုံးနဲ့လုံးဝမထိုက်တန်ဘဲ ဓားပြဂိုဏ်းအကြီးစားဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ပြောကြားလိုက်

📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၄။ ဖယ်ခုံမြို့နယ်၊ စလောင်းကျေးရွာနှင့် စလင်းမိုးငံကျေးရွာကြားရှိ ဆောင်းဖွေးဆေးရုံအား ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး ()လုံးနှင့် (၁၂၀) မမဗုံးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်

📌 ၅။ တရားဥပဒေစိုးမိုးမှုရှိရန် ကျရာကဏ္ဍမှ အစွမ်းကုန် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ တရားရေးအတွင်းဝန်ဆို

📌 ၆။ကင်မ်နှင့်ပြည်သူအတူတူရန်ပုံငွေကမ်ပိန်းအား  ဆောင်ရွက်ခဲ့ရာ  ပန်းချီကား မဲပေါက်သူအား ပန်းချီကား ပေးအပ်

📌 ၇။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီး

📌 ၈။ မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ နှင့် CDF-Mindat တို့ တိုက်ပွဲများဖြစ်ပွားပြီး စကစဘက်ကခုနစ်ဦးသေဆုံး

📌 ၉။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူရွာသို့  စစ်ကြောင်းထိုးလာသော အကြမ်းစကစတပ်ရဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်

📌 ၁၀။ ရွှေဘိုမြို့နယ် စည်ပင်သာယာရေးရုံးက အကြမ်းဖက်စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက်ဒေသခံ၁၆ဦးရိုက်နှက်ဖမ်းဆီးခံရ

၁၁။ ပခုက္ကူမြို့နယ် တဲကုန်းပျူရွာအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ပျူ ၁၃ဦးနေရာတွင် ပွဲခြင်းပြီးသေဆုံးပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အီတလီနိုင်ငံ ကာဆာချယ်ဗီ ပြတိုက်မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲမှာ စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် ပြောကြား


အီတလီနိုင်ငံ ကာဆာချယ်ဗီ ပြတိုက်မှာ ကျင်းပတဲ့ အထိမ်းအမှတ်ပွဲမှာ စစ်ကောင်စီရဲ့ ရက်စက်မှုတွေကို ပြည်ထောင်စုဝန်ကြီးဒေါ်ဇင်မာအောင် ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။


ဧပြီ ၂၆ရက်Twitterမှာ နိုင်ငံရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က ရေးသားဆိုထားပါတယ်။


"မနေ့က CasaCervi မှာရှိစဉ်တုန်း စစ်ကောင်စီရဲ့ လက်ရှိဖြစ်ပေါ်နေတဲ့ ရက်စက်မှုတွေကို မီးမောင်းထိုးပြခဲ့တယ်။ မြန်မာပြည်သူတွေက စစ်အာဏာရှင်ကို မကြိုက်ဘူးလို့ ပြောကြတယ်။ စစ်အာဏာရှင်ရဲ့စစ်ပွဲအတွက် ရန်ပုံငွေရှာပေးတဲ့ ၀င်ငွေအားလုံးကို ဖြတ်တောက်ရမယ်"လို့ဆိုခဲ့ပါတယ်။


ဧပြီ၂၅ရက်မှာ အီတလီနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင် တက်ရောက် မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ ကာဆာချယ်ဗီ ပြတိုက်မှာ နိုင်ငံအတွင်းက လူပေါင်း ၁၅၀၀၀ လောက်တက်ရောက်ပြီး လွတ်မြောက်မှု အထိမ်းအမှတ်ပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်။


========================


📌📌 ၂။ အကြမ်းဖက် စစ်အုပ်စုဟာ တပ်မတော်ဆိုတဲ့ စကားလုံးနဲ့လုံးဝမထိုက်တန်ဘဲ ဓားပြဂိုဏ်းအကြီးစားဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ပြောကြားလိုက်


အကြမ်းဖက်စစ်အုပ်စုဟာ တပ်မတော်ဆိုတဲ့ စကားလုံးနဲ့လုံးဝမထိုက်တန်ဘဲ ဓားပြဂိုဏ်းအကြီးစားဖြစ်တယ်လို့ ကာကွယ်ရေး ဝန်ကြီးဦးရည်မွန်က ပြောကြားလိုက်ပါတယ်။ ဧပြီလအတွင်း PDFရဲဘော်များသို့ ပေးပို့တဲ့ တော်လှန်နှစ်သစ် သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီးက ဆိုထားပါတယ်။


"PDF တပ်မတော်ဟာ ပြည်သူက အားကိုးတဲ့၊ ပြည်သူက ချစ်မြတ်နိုးတဲ့ ပြည်သူ့အချစ်တော် PDF တပ်မတော်အဖြစ် အမြဲတမ်း ဆက်လက်ရပ်တည်နိုင်ရမှာ ဖြစ်တယ်။ တစ်ဖက်က အကြမ်းဖက်စစ်အုပ်စု ကတော့ အားလုံးသိကြတဲ့အတိုင်း ပြည်သူ့ချဉ်ဖတ်၊ပြည်သူ့အော့နှလုံးနာရတဲ့ လက်နက်ကိုင်လူသတ်ဂိုဏ်း၊ ဓားပြဂိုဏ်းအကြီးစားကြီးပဲ ဖြစ်တယ်။ တပ်မတော်ဆိုတဲ့ စကားလုံးနဲ့ အဲ့ဒီအကြမ်းဖက်အဖွဲ့နဲ့လုံးဝ မထိုက်တန်ဘူး။ အခုချိန်မှာ လက်နက်စွဲကိုင်ကြတာချင်း တူပေမယ့် ငါတို့ PDF တပ်မတော်ရဲ့ လက်နက်က ပြည်သူကို ကာကွယ်ဖို့၊ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်ကို စောင့်ရှောက်ဖို့ ဖြစ်တယ်"လို့ဝန်ကြီးကဆိုပါတယ်။


အကြမ်းဖက် စစ်အုပ်စုဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ရက်နေ့ နိုင်ငံတော်အာဏာကို လုယူပြီးနောက်ပိုင်း လူပေါင်း သုံးထောင်ကျော်ကို သတ်ဖြတ်ခဲ့ပြီး လူပေါင်း နှစ်သောင်းကျော်ကို ဖမ်းဆီးချုပ်နှောင်ခဲ့ပါတယ်။


========================


📌📌 ၃။ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဧပြီ၂၆ရက် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၁/၂၀၂၃)ကိုကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီ၊ အဖွဲ့ဝင်၊ အလုပ်သမားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး နိုင်ထွန်းဖေ()နိုင်သုဝဏ္ဏမှ အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး  တက်ရောက်လာကြသော ဝန်ကြီးဌာနများ၏ တာဝန်ရှိသူများမှ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး၊ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍  သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်များ၊ တွဲဖက်အတွင်းဝန်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၄။ ဖယ်ခုံမြို့နယ်၊ စလောင်းကျေးရွာနှင့် စလင်းမိုးငံကျေးရွာကြားရှိ ဆောင်းဖွေးဆေးရုံအား ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး ()လုံးနှင့် (၁၂၀) မမဗုံးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်


ဖယ်ခုံမြို့နယ်၊ စလောင်းကျေးရွာနှင့် စလင်းမိုးငံကျေးရွာကြားရှိ ဆောင်းဖွေးဆေးရုံအား ဂျက်ဖိုက်တာဖြင့် ပေါင်(၅၀၀)ဗုံး ()လုံးနှင့် (၁၂၀) မမဗုံးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာန ထုတ်ပြန်ပါတယ်။ ဧပြီ၂၆ရက်မှာ NUG လူ့အခွင့်ရေးဆိုင်ရာဝန်ကြီးဌာနက အသေးစိတ်အချက်အလက်ကိုထုတ်ပြန်ပါတယ်။


၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၅)ရက်နေ့တွင် အကြမ်းဖက်စစ်အုပ်စု၏ တောင်ငူဘက်မှပျံသန်းလာသော  ဂျက်ဖိုက်တာသည် ရှမ်းပြည်နယ် (တောင်ပိုင်း) ဖယ်ခုံမြို့နယ်၊ စလောင်းကျေးရွာနှင့် စလင်းမိုးငံကျေးရွာကြားရှိ ကယန်းပြည်သစ်၊ ကယန်းအမျိုးသားကျန်းမာရေးကော်မတီ၏ လူထုအခြေပြု ကိုယ်ထူကိုယ်ထအဖြစ်ဖွင့်လှစ်ထားပြီး ကယန်းဒေသခံများ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာမကျန်းဖြစ်သည့် စစ်ဘေးရှောင်အရပ်သားများကို ဆေးကုသမှု ပေးနေသော ဆောင်းဖွေးဆေးရုံကို တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ အရပ်သား ပြည်သူများကို ရည်ရွယ်ချက်ရှိရှိ ဂျက်ဖိုက်တာဖြင့် ()ကြိမ် ပေါင်(၅၀၀)ဗုံး ()လုံးနှင့် (၁၂၀) မမဗုံးများ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ဖော်ပြပါတယ်။


 ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးဝန်ထမ်း()ဦးတွင် ဒူးခေါင်းထိခိုက်ဒဏ်ရာ၊ အသက်()နှစ်အရွယ်ကလေးငယ်အပါအဝင် အရပ်သားပြည်သူ()ဦးတွင်လည်း မျက်လုံးအပြင် ထွက်ကျသည့်ဒဏ်ရာ၊ ဝမ်းဗိုက်ထိခိုက်ဒဏ်ရာ၊ ခါးထိခိုက်ဒဏ်ရာနှင့် ခေါင်းထိခိုက်ဒဏ်ရာရှိခဲ့ပါတယ်။


လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ပြည်သူတစ်ရပ်လုံး တန်းတူညီမျှမှုရရှိရေး၊ ငြိမ်းချမ်းရေးနှင့်တရားမျှတမှုရရှိရေးတည်းဟူသော ဦးတည်ချက်များကို ခိုင်ခိုင်မာမာလက်ကိုင်ဆွဲထား၍ အကြမ်းဖက်စစ်တပ်၏ ကျုးလွန်မှုများကို အပြစ်ပေးအရေးယူနိုင်ရေး အစွမ်းကုန်တာဝန်ယူ ဆောင်ရွက်သွားပါမယ်လို့ဆိုပါတယ်။


========================


📌📌 ၅။ တရားဥပဒေစိုးမိုးမှုရှိရန် ကျရာကဏ္ဍမှ အစွမ်းကုန် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ တရားရေးအတွင်းဝန်ဆို


တရားဥပဒေစိုးမိုးမှုရှိရန် ကျရာကဏ္ဍမှ အစွမ်းကုန် ဆောင်ရွက်ကြရမှာ ဖြစ်တယ်လို့ တရားရေးအတွင်းဝန်ဦးမင်းနောင်ခိုင်ကပြောပါတယ်။ ဧပြီလအတွင်းကျင်းပတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနနှင့် မြို့နယ်ဥပဒေတာဝန်ခံများ တွေ့ဆုံဆွေးနွေးခြင်း အစည်းအဝေး (အမှတ်စဥ် /၂၀၂၃)မှာ အတွင်းဝန်ကပြောကြားခဲ့ပါတယ်။


"၂၀၂၃ ခုနှစ်အတွင်းတွင် တရားစွဲနှင့်အမှုလိုက်လုပ်ငန်းများကို ပိုမိုအရှိန်အဟုန်မြှင့်တင်ရန်၊ ပိုမိုကောင်းမွန်သောစနစ် တစ်ရပ်ကို ဖော်ဆောင်ရန် ဖက်ဒရယ်စနစ်များနှင့် ကိုက်ညီသည့် ရှေ့ပြေးပုံစံ တစ်ခုဖြစ်သည့်အပြင် တော်လှန်ရေးကာလတွင်လည်း အသုံးဝင်မည့်စနစ်တစ်ခု ရရှိရန် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊  အမျိုးသားညီညွတ်ရေးအစိုးရသည် တရားဥပဒေစိုးမိုးရေး မည်သို့ ဖော်ဆောင်နေသည်ကို နိုင်ငံတကာမှ အမြဲတမ်း စောင့်ကြည့်နေကြောင်းနှင့် မိမိတို့ တရားရေးဝန်ကြီးဌာန၏ ဆောင်ရွက်ချက်တိုင်းသည် တော်လှန်ရေး ကာလတွင် တရားဥပ‌ဒေ စိုးမိုးမှုကို မည်မျှအထိဖော်ဆောင်နိုင်သည်ဆိုသော ပြယုဂ်မျိုး ဖြစ်သင့်ကြောင်း၊ တရားဥပဒေစိုးမိုးမှုရှိရန် မိမိတို့အနေဖြင့် ကျရာကဏ္ဍမှ အစွမ်းကုန် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း"ဆိုပါတယ်။


အခမ်းအနားသို့ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး ကိုယ်စား  အမြဲတမ်းအတွင်းဝန် ဦးမင်းနောင်ခိုင်၊ တွဲဖက်အမြဲတမ်းအတွင်းဝန် ဦးမျိုးအောင်၊၊ ညွှန်ကြားရေးမှူးချုပ်များတက်ရောက်ခဲ့ကြပါတယ်။


========================


📌📌 ၆။ကင်မ်နှင့်ပြည်သူအတူတူရန်ပုံငွေကမ်ပိန်းအား  ဆောင်ရွက်ခဲ့ရာ  ပန်းချီကား မဲပေါက်သူအား ပန်းချီကား ပေးအပ်


ကင်မ်နှင့်ပြည်သူအတူတူရန်ပုံငွေကမ်ပိန်းအား  ဆောင်ရွက်ခဲ့ရာ  ပန်းချီကား မဲပေါက်သူအား ပန်းချီကား ပေးအပ်ခဲ့ပါတယ်။ ဧပြီ၂၆ရက်မှာအမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကအသိပေးဖော်ပြပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နွေဦးနှင်းဆီအင်တာပရိုက်မှ စစ်ရှောင်ပြည်သူ ဖေးမကူတွဲကာ ကြည်ဖြူဝိုင်းလို့လှူကင်မ်နှင့်ပြည်သူအတူတူရန်ပုံငွေကမ်ပိန်းအား  ဆောင်ရွက်ခဲ့ရာ  ပန်းချီကား မဲပေါက်သူအား ပန်းချီကား ပေးအပ်ခြင်း  အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ (၁၀)ရက်နေ့တွင်  ယူကေနိုင်ငံ၊ လန်ဒန်မြို့၊ Grand Royale Hotel ကျင်းပဆောင်ရွက်ပြီး ဖြစ်တယ်လို့ဆိုပါတယ်။


အဆိုပါ ပန်းချီကားပေးအပ်ခြင်း အခမ်းအနား၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုးက  ကင်မ်နှင့်ပြည်သူအတူတူရန်ပုံငွေကမ်ပိန်း၌ ပါဝင်အားဖြည့်ကူညီဆောင်ရွက်ပေးပါသော အမေဒေါ်အောင်ဆန်းစုကြည်၏ သားဖြစ်သူ ကင်မ်၊ ပန်းချီဆရာမနုယဉ်၊ ဒါရိုက်တာ ကိုပေါက်၊ ဆရာမဝိုင်း၊ နွေဦးနှင်းဆီအင်တာပရိုက်အဖွဲ့သားများ၊ OFP Fundraiser များ၊ ပြည်သူလူထုများ၊ ကင်မ်နှင့်ပြည်သူအတူတူ ကမ်ပိန်း၌ ပါဝင်ခဲ့သူအားလုံး တစ်ဦးတစ်ယောက်ချင်းစီ ကျေးဇူးအထူးတင်ရှိပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပါတယ်။


ကင်မ်နှင့်ပြည်သူအတူတူပန်းချီကား မဲပေါက်သွားသည့် ပစ်တိုင်းထောင်(ယူကေ) အား ကင်မ်မှ ပန်းချီကား ပေးအပ်ခဲ့ပြီး ကင်မ်အား အမှတ်တရလက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ခြင်း၊ အမေ့နှင့်သား မေတ္တာဖွဲ့ သီချင်းများဖြင့် ဖျော်ဖြေခြင်း၊ အမှတ်တရ စကားများ ပြောကြားခြင်း၊ မှတ်တမ်းတင်စုပေါင်းဓါတ်ပုံရိုက်ကူးခြင်း အစီအစဉ်များဖြင့်  ကင်မ်နှင့်ပြည်သူအတူတူပန်ချီးကား ပေးအပ်ပွဲ အခမ်းအနား အောင်မြင်စွာ ကျင်းပခဲ့ပါတယ်။


========================


📌📌 ၇။ ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီး


ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီမြို့နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို စစ်အုပ်စုက ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ၂၆ရက်မှာ သာယာဝတီ ဒေသခံသတင်းအရင်းအမြစ်များကဆိုပါတယ်။


"ဧပြီလ ၂၅ ရက် နာရီဝန်းကျင်မှာ စစ်သားနဲ့ရဲရယ် အရပ်ဝတ်လူတွေရယ် ဝင်ဖျက်ဆီးတယ်လို့သိရပါတယ်။ ရုံးထဲက ပါတီ ပစ္စည်းတွေအကုန် ဖျက်ဆီးပစ်တယ်ဗျ။ ပါတီရဲ့အကြီးအကဲ ဓာတ်ပုံတွေပါ ဖျက်ဆီးပစ်တယ်လို့လည်းသိရတယ်"လို့ ဒေသခံတစ်ဦးကပြောပါတယ်။


လက်ရှိမှာ ပါတီအနီးနားဝန်းကျင်တွင် စကစတပ်များ ကင်းပုန်းဝပ်စောင့်ဆိုင်းနေတယ်လို့လည်းသိရပါတယ်။


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဗဟိုအလုပ်ကော်မတီက၂၀၂၃ ခုနှစ်၊ မတ်လ ၂၉ ရက် သတင်းထုတ်ပြန်ချက်အရ အကြမ်းဖက်စစ်ကောင်စီဟာ NLDလွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးတို့၏ နေအိမ်ပိုင်ဆိုင်မှုများ ချိပ်ပိတ်သိမ်းဆည်းခဲ့ပြီး ၄၇ ဦးတို့၏ နေအိမ်များကိုလည်း ဝရမ်းကပ်ကာ ပါတီဗဟိုရုံးချုပ်အပါအဝင် တိုင်း၊ ခရိုင်၊ မြို့နယ်ရုံးများကို အကြိမ် ၁၂၀ ကျူးကျော်ဝင်ရောက်ဖျက်ဆီးခဲ့တယ်လို့ဆိုထားပါတယ်။


========================


📌📌 ၈။ မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ နှင့် CDF-Mindat တို့ တိုက်ပွဲများဖြစ်ပွားပြီး စကစဘက်ကခုနစ်ဦးသေဆုံး


မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ နှင့် CDF-Mindat တို့ တိုက်ပွဲများဖြစ်ပွားပြီး စကစဘက်ကခုနစ်ဦးသေဆုံးခဲ့ပါတယ်။ ဧပြီ၂၆ရက်မှာ စစ်ရေးသတင်းကို CDFမင်းတပ်ကအတည်ပြုဆိုပါတယ်။


"ကျောက်ထုမြို့မှတက်လာသော အကြမ်းဖက်စစ်ကောင်စီအင်အား ၈၀ ခန့်ဟာဧပြီ ၂၃ရက်နေ့ ညနေ :၀၀ အချိန်တွင် မင်းတပ်မြို့နယ်စပ်ရှိ ရေရှင်ဖက်၌စစ်ကြောင်းထိုးလာကြသည့်အတွက် CDF-Mindat/CDF-Kanpetlet/ယောTYF ပူးပေါင်းတပ်ဖွဲ့နှင့် မိနစ်၃၀ကြာပြင်းထန်စွာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ပွဲအတွင်းတွင် အကြမ်းဖက် စစ်ကောင်စီ ()ဦးသေဆုံးပြီး၊ဒဏ်ရာရ ()ဦးရရှိခဲ့ပြီး ၆၀ မမဗုံးသီး တစ်လုံး၊ ၄၀ မမတစ်လုံး၊MA1ကျည်ပေါက် ()ခု ၊အီနာဂါပို့ကျည် ()ခုသိမ်းဆည်း ရမိခဲ့ပြီး CDF-Mindat ရဲဘော်တစ်ဦးထိခိုဒဏ်ရာရရှိခဲ့ပါတယ်။


မင်းတပ်မြို့ရှိ အကြမ်းဖက်စစ်ကောင်စီ နှင့် CDF-Mindat တို့ဟာ ၂၄ ရက်နေ့ ညနေ :၀၀ အချိန်တွင်လည်း ခလရ ၂၇၄ အနီး ၄မိုင်နှင့် ဧပြီ၂၆ရက်နံနက် :၀၀ အချိန်တွင် ကန်ပက်လက်လမ်းခွဲ၌ လည်းကောင်း တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့Chin Defence Force -Mindatကဆိုပါတယ်။


========================


📌📌 ၉။ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူရွာသို့  စစ်ကြောင်းထိုးလာသော အကြမ်းစကစတပ်ရဲ့ စစ်ကြောင်းကို ကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်


တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်၊ သိန်ခွန်းကျေးရွာအုပ်စု၊ သဲဖြူရွာသို့  စစ်ကြောင်းထိုးလာသော အကြမ်းစကစတပ်ရဲ့ စစ်ကြောင်းကိုကာကွယ်ရေးတပ်များ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ ဧပြီ၂၆ရက်မှာ စစ်ရေးသတင်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တနင်္သာရီတိုင်းကအသိပေးဆိုပါတယ်။


"တနင်္သာရီတိုင်း၊တနင်္သာရီမြို့နယ်၊သိန်ခွန်းကျေးရွာအုပ်စု၊သဲဖြူရွာသို့ မတ်လ(၂၈)ရက်နေ့မှစ၍ စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်ကောင်စီ၏ စစ်ကြောင်းသည် သိန်ခွန်းရွာဖက်သို့ ပြန်လည်ဆုတ်ခွါလာခဲ့ရာဧပြီ၂၆ရက် နံနက်ပိုင်းတွင် မိမိတို့ မဟာမိတ်တပ်ပေါင်းစု နှင့် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဆက်လက်ဆုတ်ခွာလာကြရာ သိန်ခွန်းရွာ နှင့် ချောင်းနှစ်ပေါက်ရွာအနီးတွင် မဟာမိတ် တပ်ပေါင်းစုမှ ဗိုလ်စူပါအဖွဲ့၏ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်"လို့ဆိုပါတယ်။


မိုင်းဆွဲတိုက်ခိုက်မှုကြောင့် အထိအခိုက် သေဆုံးများပြားကြောင်း သိရပါတယ်။ တိုက်ပွဲဖြစ်ရာနေရာဟာ တော်လှန်ရေးအင်အားစုများမှ သွားလာခွင့် ယာယီတားမြစ်ထားသည့် ထုံခါ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းပေါ်တွင် တည်ရှိပြီး မြိတ်-တနင်္သာရီ-ဘုတ်ပြင်းလမ်းအပိုင်းကိုလည်း ယခင်တားမြစ်ထားသည့်အတိုင်း ခရီးသွား ပြည်သူများ အန္တရာယ်မဖြစ်ပေါ်စေရေးအတွက် အသုံးပြုခွင့် မပြုသေးဘူးလို့ဆိုပါတယ်။


========================


📌📌 ၁၀။ ရွှေဘိုမြို့နယ် စည်ပင်သာယာရေးရုံးက အကြမ်းဖက်စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက်ဒေသခံ၁၆ဦးရိုက်နှက်ဖမ်းဆီးခံရ


ရွှေဘိုမြို့နယ် စည်ပင်သာယာရေးရုံးက အကြမ်းဖက်စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက်ဒေသခံ၁၆ဦး ရိုက်နှက်ဖမ်းဆီးခံခဲ့ရပါတယ်။ ဧပြီ၂၆ရက်မှာ လတ်တလောအခြေအနေများနဲ့ပတ်သက်၍ AAPPကအသိပေးဖော်ပြပါတယ်။


ဧပြီလ ၂၂ ရက်နေ့ နံနက်ပိုင်းအချိန်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ် စည်ပင်သာယာရေးရုံး၌ တပ်စွဲထားသော အကြမ်းဖက်စစ်အုပ်စု ဗုံးပစ်တိုက်ခိုက်ခံရပြီးနောက် အမျိုးသမီး သုံးဦးနှင့် အသက်မပြည့်သေးသည့် ယောင်္ကျားလေးများ အပါအဝင် ဒေသခံ ၁၆ ဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် အားပေးထောက်ခံသူများဟု စွပ်စွဲ၍ အကြမ်းဖက်စစ်အုပ်စု၏တပ်က ရိုက်နှက်ဖမ်းဆီးခဲ့ပါတယ်လို့ဆိုပါတယ်။


အေအေပီပီအနေဖြင့် ဖမ်းဆီးခံရသူများ မည်သူမည်ဝါဆိုသည်ကို အတည်ပြုရန်ကြိုးစားနေဆဲဖြစ်တယ်လို့ဆိုပါတယ်။


========================


📌📌 ၁၁။ ပခုက္ကူမြို့နယ် တဲကုန်းပျူရွာအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ပျူ ၁၃ဦးနေရာတွင် ပွဲခြင်းပြီးသေဆုံးပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိ


မကွေးတိုင်း၊ ပခုက္ကူမြို့နယ် တဲကုန်းပျူရွာအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ပျူ ၁၃ဦးနေရာတွင် ပွဲခြင်းပြီးသေဆုံးပြီးလက်နက်ခဲယမ်းအချို့သိမ်းဆည်းရရှိခဲ့ပါတယ်။ ဧပြီ၂၆ရက်မှာ စစ်ရေးသတင်းကို မြိုင်ပကဖကအတည်ပြုဆိုပါတယ်။


"ဧပြီ ၂၅ရက် ည၉နာရီ ၃၀မိနစ်အချိန်တွင် ပခုက္ကူမြို့နယ် တဲကုန်းပျူရွာအား အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာတွင် ပျူ ၁၃ဦးမှာ နေရာတွင် ပွဲခြင်းပြီးသေဆုံးပြီး မိမိအဖွဲ့မှာလည်း ရဲဘော်တစ်ဦး ကျည်ထိမှန်၍ လမ်းခုလပ်အရောက်တွင် မြင့်မြတ်စွာကျဆုံးခဲ့ရပါတယ်"လို့ဆိုပါတယ်။


အဆိုပါ တိုက်ပွဲတွင် မြိုင်ပကဖ ရင်း() ခွဲ() စု()မှ စိတ်(/)နှင့် မြိုင်ပကဖ IO အဖွဲ့ Black Cobra ပူးပေါင်းအဖွဲ့ တို့ဖြင့် တိုက်ခိုက်ခဲ့ရာတွင် တဲကုန်းရွာမှ ပျူခေါင်းဆောင် တင်ဝင်း ပွဲခြင်းပြီးသေဆုံး၍ တင်အေးမှာ ပခုက္ကူ ဆေးရုံတွင် ပြင်းထန် ဒဏ်ရာဖြင့် ဆေးကသလျက်ရှိတယ်လို့ဆိုပါတယ်။


ယခုတိုက်ပွဲတွင် ကာဘိုင် သေနတ်၁လက် ၊ကျည် ၃၅ တောင့်၊ကျည်ဘောက် ၂ခု လက်ပစ်ဗုံး ၃လုံး ၊တစ်တောင့်ထိုးမောင်းချိုး ၄လက်၊၄င်းကျည် ၂၂ တောင့် လက်ကိုင်ဖုန်း ၃လုံး ၊ကျည်ကာ ၂ထည် ရရှိခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။








#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment