29th APR 2023 - Morning Daily News by Radio NUG



၂၀၂၃ ဧပြီလ ၂၉ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ ယနေ့အချိန်သည် နိူင်ငံရေး၊ စစ်ရေး ကဏ္ဍာပေါင်းစုံတွင် ခြေလှမ်းညီညီနဲ့ လက်တွဲမဖြုတ်စတမ်း ရှေ့ဆက်တိုးလုပ်ကိုင်ရမယ့်ကာလဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဆို

📌 ၂။ အကျဥ်းထောင်အသီးသီးတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၇၇၂၆  ဦးရှိပြီး (၅၇၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ

📌 ၃။ မေလမှ စတင်ကာ ဘတ်ငွေ သောင်းနှင့်အထက် အသွင်းအထုတ် အလွှဲအပြောင်းလုပ်သူများကို ထိုင်းဘဏ်များက ဘဏ်အသုံးပြုသူရဲ့ မျက်နှာကို ဓါတ်ပုံရိုက်ယူ မှတ်တမ်းတင်ထားမယ်

📌 ၄။ ၂နှစ်တာ ကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့တွင် တိုက်ပွဲ ၈၁ကြိမ် ဖြစ်ပွားခဲ့ပြီး စကစတပ်ဘက်က ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)အသိပေး

📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ်ပူးပေါင်းတပ်က ကျောက်ထု အမြှောက်တပ်နှင့်လေတပ်ကို Rocket များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့

📌 ၆။ အဆိုတော် လင်းလင်းရဲ့စမှတ်နဲ့The Way ဇာတ်လမ်းနှစ်ပုဒ်စလုံးပြင်သစ်နိုင်ငံ၊ Cannes World Film Festival နဲ့ ကိုရီးယားနိုင်ငံ International Short Film Festival 2023တို့ရဲ့ လအလိုက်ဆုပေးပွဲမှာWinner ရရှိခဲ့

📌 ၇။ အကြမ်းဖက်စစ်ကောင်စီက ကျင်းပမယ့် အကယ်ဒမီပေးပွဲ ပြည်သူလူထုကသပိတ်မှောက်ရန်တိုက်တွန်း

📌 ၈။ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားသပိတ် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ကျင်းပ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ ယနေ့အချိန်သည် နိူင်ငံရေး၊ စစ်ရေး ကဏ္ဍာပေါင်းစုံတွင် ခြေလှမ်းညီညီနဲ့ လက်တွဲမဖြုတ်စတမ်း ရှေ့ဆက်တိုးလုပ်ကိုင်ရမယ့်ကာလဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးဆို


ယနေ့အချိန်သည် နိူင်ငံရေး၊ စစ်ရေး ကဏ္ဍာပေါင်းစုံတွင် ခြေလှမ်းညီညီနဲ့ လက်တွဲမဖြုတ်စတမ်း ရှေ့ဆက်တိုးလုပ်ကိုင်ရမယ့်ကာလဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကပြောပါတယ်။ ဧပြီ၂၇ရက် ကျောင်းသားလက်ရုံးတပ်တော်(SAF) ()နှစ်ပြည့် အခမ်းအနားသို့ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ပေးပို့သော သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီးဦးရည်မွန်ကပြောပါတယ်။


"ယနေ့အချိန်သည် နိုင်ငံရေး၊ စစ်ရေး ကဏ္ဍာပေါင်းစုံတွင် ခြေလှမ်းညီညီနဲ့ လက်တွဲမဖြုတ်စတမ်းရှေ့ဆက်တိုးလုပ်ကိုင်ရမယ့်ကာလဖြစ်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ပြီးဆုံးချိန်အထိ ကျောင်းသားလက်ရုံးတပ်တော်(SAF)အပါအဝင် အင်အားစုများအားလုံးနဲ့ လက်တွဲ ညီညီ ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကတိပြုအပ်ပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရဟာ ၂၀၂၃ ခုနှစ် အတွင်း တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ကို ရေးဆွဲအကောင်အထည် ဖော်ဆောင်လျက်ရှိပြီးတော့ နွေဦးတော်လှန်ရေးအောင်မြင်ဖို့ တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ အကျဥ်းထောင်အသီးသီးတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၇၇၂၆  ဦးရှိပြီး (၅၇၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရ


အကျဥ်းထောင်အသီးသီးတွင် ဖမ်းဆီးချုပ်နှောင်ခံထားရသူ၁၇၇၂၆  ဦးရှိပြီး (၅၇၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်း ခံထားရပါတယ်။ ဧပြီ၂၈ရက်မှာ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPPက အသိပေးဖော်ပြပါတယ်။


"၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၈ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၁၆၃၂) ဦးရှိပြီး ထိုအထဲမှ  (၁၇၇၂၆) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၅၇၂၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်"လို့ ဖော်ပြပါတယ်။


မတရားဖမ်းဆီးထိန်းသိမ်းခံနေရသူ တစ်ဦးမှာ မတ်လ ၃၁ ရက်နေ့၊ ၂၀၂၃ ခုနှစ်တွင် သေဒဏ်ချမှတ်ခံခဲ့ရသည်ကို အတည်ပြုနိုင်ခဲ့သည့်အတွက် ဧပြီလ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်အထိ နွေဦးတော်လှန်ရေးနှင့်ဆက်စပ်၍ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်များတွင် ထိန်းသိမ်းခံနေရသူ စုစုပေါင်း (၁၁၁) ဦးရှိပြီဖြစ်ကာ မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ (၄၂) ဦး အပါအဝင် (၁၂၁) ဦးမှာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခြင်းခံထားရ၍သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၅၃) ဦးရှိပြီဖြစ်ပါတယ်။


========================


📌📌 ၃။ မေလမှ စတင်ကာ ဘတ်ငွေ သောင်းနှင့်အထက် အသွင်းအထုတ် အလွှဲအပြောင်းလုပ်သူများကို ထိုင်းဘဏ်များက ဘဏ်အသုံးပြုသူရဲ့ မျက်နှာကို ဓါတ်ပုံရိုက်ယူ မှတ်တမ်းတင်ထားမယ်


မေလမှ စတင်ကာ ဘတ်ငွေ သောင်းနှင့်အထက် အသွင်းအထုတ် အလွှဲအပြောင်းလုပ်သူများကို ထိုင်းဘဏ်များက ဘဏ်အသုံးပြုသူရဲ့ မျက်နှာကို ဓါတ်ပုံရိုက်ယူ မှတ်တမ်းတင်ထားမယ်လို့သတင်းရရှိပါတယ်။ ဧပြီလနောက်ဆုံးပတ်မှာ ထိုင်းနိုင်ငံရေး ကျွမ်းကျင်သူ စတီဗင်စန်းယုက သုံးသပ်ပြောကြားထားပါတယ်။


"မေလမှစတင်ပြီး ငွေကြေးလိမ်လည်မှုနှင့် အလွှဲသုံးစားလုပ်ခံရခြင်းမှ ကာကွယ်ရန်အတွက်ဆိုကာ ဘတ်ငွေ သောင်းနှင့်အထက် အသွင်းအထုတ် အလွှဲအပြောင်းလုပ်သူများအနေနဲ့ ဘဏ်စာရင်းပိုင်ရှင်အစစ်အမှန် ဟုတ် မဟုတ် သေချာစေရန်အတွက် ဘဏ်အသုံးပြုသူရဲ့မျက်နှာကို ဓါတ်ပုံရိုက်ယူ မှတ်တမ်းတင်ထားရမှာဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်ကနေ ညွှန်ကြားချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်"လို့ဆိုပါတယ်။


ကရုန်ထိုင်းဘဏ်ကတော့ သူ့ရဲ့ဘဏ်ဌာနခွဲအသီးသီးနှင့် အေတီအမ်အချို့ကနေ ဝန်ဆောင်မှုပေးမှာဖြစ်ပြီး၊ ကစီကွန်ထိုင်းနှင့် ထိုင်ဖါနိ စတဲ့ဘဏ်ကြီးတွေကတော့ မူဘိုင်းအဲ့ပ်ကို အသုံးပြုနိုင်မှာဖြစ်ပါတယ်။


နိုင်ငံတော်အဆင့် ဘဏ်ကြီးတွေအနေနဲ့ မေလမှစတင်ပြီး အရင်ဆုံးစတင်လုပ်ဆောင်ရမှာဖြစ်ပေမယ့်၊ အလတ်စားနှင့် အသေးစားဘဏ်တွေကလည်း ဇွန်လနောက်ဆုံးထားပြီး လိုက်နာလုပ်ဆောင်ရမှာဖြစ်တယ်လို့သိရပါတယ်။


"ထိုင်းနိုင်ငံဘဏ်ကိုအသုံးပြုပြီး ငွေအသွင်းအထုတ် အလွှဲအပြောင်းလုပ်နေသူများ၊အထူးသဖြင့် တော်လှန်ရေးအတွက် ထောက်ပို့လုပ်နေသူများ အဖွဲ့အစည်းများအနေဖြင့် ပြည်သူများထည့်ဝင်လှူဒါန်းထားသည့်ငွေများကို မလေလွှင့် မဆုံးရှုံးရအောင် တနည်းအားဖြင့် အကြောင်းအမျိုးမျိုးပြတာ မခံရအောင် အထူးသတိထားဖို့လိုအပ်ပါတယ်"လို့ ထိုင်းနိူင်ငံရေး ကျွမ်းကျင်သူ စတီဗင်စန်းယုကဆိုထားပါတယ်။


========================


📌📌 ၄။ ၂နှစ်တာ ကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့တွင် တိုက်ပွဲ ၈၁ကြိမ် ဖြစ်ပွားခဲ့ပြီး စကစတပ်ဘက်က ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)အသိပေး


၂နှစ်တာ ကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့တွင် တိုက်ပွဲ ၈၁ကြိမ် ဖြစ်ပွားခဲ့ပြီး စကစတပ်ဘက်က ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)အသိပေးဆိုပါတယ်။


ဧပြီ၂၈ရက်မှာ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)ကဖော်ပြပါတယ်။


" ဒီကနေ့ဟာဆိုရင်ဖြင့် ကျွန်ုပ်တို့အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA) ဖွဲ့စည်းတည်ထောင်၍ ရရာလက်နက် စွဲကိုင်တော်လှန်ခဲ့သည်မှာ ၂နှစ်တင်းတင်းပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ကျွန်ုပ်တို့၏ အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်(DRPA)သည် ၂၀၂၁ ခုနှစ် ဧပြီလ၂၈ရက်နေ့မှ စတင်ကာ အာဏာရှင်ပြုတ်ကျရေးတိုက်ပွဲအတွင်း ရရာနေရာ ကျရာတာဝန်များကို ထမ်းဆောင်ခဲ့ပြီပဲဖြစ်ပါတယ် ၂နှစ်အတွင်း ကျွန်ုပ်တို့၏ တိုက်ပွဲဖော်ဆောင်မှုများကို ယခုလိုအနှစ်ချုပ်၍ မိဘပြည်သူများအား ဖော်ပြအပ်ပါတယ်"လို့ဆိုပါတယ်။


အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော် DPRAဟာ ၂နှစ်တာ ကာလအတွင်း စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့တွင် ရေပြင်၊ မြေပြင်တိုက်ပွဲ ၈၁ကြိမ်ဖြစ်ပွားခဲ့ပြီး စကစဘက်က ၃၂၀ ကျော်သေဆုံးကာ ၂၆၀ ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။


========================


📌📌 ၅။ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့်မဟာမိတ်ပူးပေါင်းတပ်က ကျောက်ထု အမြှောက်တပ်နှင့်လေတပ်ကို Rocket များဖြင့်ပစ်ခတ် တိုက်ခိုက်ခဲ့


ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ်ပူးပေါင်းတပ်က ကျောက်ထုအမြှောက်တပ်နှင့် လေတပ်ကို Rocket များဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ ဧပြီ၂၈ရက်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ရုံးချုပ်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။


ဧပြီလ(၂၃)ရက်နေ့၊ ညနေ()နာရီခန့်တွင် မကွေးတိုင်း၊ ဆောမြို့နယ်၊ ကျောက်ထုဒေသ၊ ကျောက်ထု အမြှောက်တပ် (၃၆၈)မှ ထွက်လာသော ရန်သူ့အင်အား (၁၃၀) ဦးခန့်ကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် တပ်ရင်းအမှတ် (၁၃) နှင့် CDF မင်းတပ်တို့ပူးပေါင်း တိုက်ခိုက်ခဲ့ရာ ရန်သူ့ဘက်မှ ထိခိုက်ကျဆုံးမှုရှိခဲ့ပြီး ရန်သူ့ဘက်မှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်သဖြင့် CDF မင်းတပ်မှ ရဲဘော်တစ်ဦး ဒဏ်ရာ အနည်းငယ်ရရှိခဲ့ပါတယ်။


(:၀၆)နာရီတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဂန့်ဂေါခရိုင် တပ်ရင်း အမှတ်()က ကျောက်ထု အမြှောက်တပ်(၃၆၈)နှင့် ကျောက်ထုလေတပ်ကို Rocket များဖြင့် ထပ်မံပစ်ခတ် တိုက်ခိုက်ခဲ့ပြီး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။ 


ဧပြီလ(၂၄)ရက်နေ့၊နေ့လည်(၁၂:၁၅)နာရီခန့်တွင် မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပင်တောင်ကျေးရွာ (ပျူစောထီးရွာ)မှ နယ်မြေခံ ပျူစောထီးများက လုံခြုံရေး ကင်းယူလျက် ယောချောင်းအတွင်း ငါးဖမ်းနေစဥ် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပခုက္ကူခရိုင်တပ်ရင်းအမှတ် (၁၈) - တပ်ခွဲ () - နဂါးမျိုးအဖွဲ့၊ ပေါက် မြို့နယ် အခြေပြု ဗိုလ်တစ္ဆေအဖွဲ့၊ ပေါက်ကျေးရွာကာကွယ်ရေး အဖွဲ့များ နှင့် မြိုင်မြို့နယ် ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့ - မြိုင် ပကဖ တပ်ရင်း () - တပ်ခွဲ() - တပ်စိတ် (၂၊ ) တို့က ပြောက်ကျားစနစ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် ရန်သူ့တပ်ဖွဲ့ဝင် () ဦး နေရာ၌ပင် သေဆုံးခဲ့ပြီး () ဦး ပြင်းထန်ဒဏ်ရာဖြင့် ထွက်ပြေး လွတ်မြောက်သွားခဲ့ပါတယ်။ 


ဧပြီလ(၂၄)ရက်နေ့၊နေ့လည်(:၃၅)နာရီခန့်တွင်  သေဆုံးသွားသော ရန်သူ့တပ်ဖွဲ့ဝင် ရုပ်အလောင်းများကို ရန်သူ့တပ်နှင့် ပင်တောင်ကျေးရွာ၊ သစ်ချိုကုန်းကျေးရွာ နှင့် ဝန်ခြုံးကျေးရွာများမှ နယ်မြေခံ ပျူစောထီးများက လာရောက်သယ်ဆောင်ခဲ့ကြပြီး  သပြေအေးကျေးရွာသို့ ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့သောကြောင့် ပြည်သူပိုင်နေအိမ်များ မီးလောင်ပြာကျခဲ့ပါတယ်။


ရန်သူ့တပ်နှင့် ပျုစောထီးများက ဒေသခံပြည်သူများ၏ စားနပ်ရိက္ခာများကို အကြမ်းဖက်ခိုးယူသယ်ဆောင် သွားခဲ့တယ်လို့ သိရပါတယ်။


========================


📌📌 ၆။ အဆိုတော် လင်းလင်းရဲ့စမှတ်နဲ့The Way ဇာတ်လမ်းနှစ်ပုဒ်စလုံးပြင်သစ်နိုင်ငံ၊ Cannes World Film Festival နဲ့ ကိုရီးယားနိုင်ငံ International Short Film Festival 2023တို့ရဲ့ လအလိုက်ဆုပေးပွဲမှာWinner ရရှိခဲ့


အဆိုတော် လင်းလင်းရဲ့စမှတ်နဲ့The Way ဇာတ်လမ်းနှစ်ပုဒ်စလုံးပြင်သစ်နိုင်ငံ၊ Cannes World Film Festival နဲ့ ကိုရီးယားနိုင်ငံ International Short Film Festival 2023တို့ရဲ့ လအလိုက်ဆုပေးပွဲမှာWinner ရရှိခဲ့ပါတယ်။ဧပြီ၂၈ရက်မှာ မြန်မာရုပ်မြင်သံကြားမှ CDMအရာထမ်းဦးကျော်သက်လင်းက အသိပေးဆိုပါတယ်။


"ဒီနေ့မှာပဲအဆိုတော် လင်းလင်း( Htwe Lynn Ko )ရဲ့စမှတ်နဲ့The Way ဇာတ်လမ်းနှစ်ပုဒ်စလုံးဟာပြင်သစ်နိုင်ငံ၊ Cannes World Film Festival နဲ့ ကိုရီးယားနိုင်ငံ International Short Film Festival 2023တို့ရဲ့ လအလိုက်ဆုပေးပွဲမှာ Winner ဖြစ်ခဲ့ပါတယ်။ ခေတ်ပျက်ကြီးထဲမှာ ရနိုင်သမျှနဲ့ ကမ္ဘာ့အဆင့်ကို အကောင်းဆုံး ထိုးဖောက်နိုင်ခဲ့တယ်။ ဒါဟာဇာတ်လမ်းတို တစ်ပုဒ်လဲမက...ဒါဟာရုပ်ရှင်တစ်ကားထက်သာ...ပြည်သူတွေကိုယ်စား သူတို့နှလုံးသားတွေကို ကိုယ်စားပြုတဲ့အရာ...ဒီဆယ်စုနှစ် နှစ်ခုစလုံးမှာပြည်သူတွေဟာ သူရေးတဲ့ သူဆိုတဲ့ သူပုံဖော်ဖန်တီးမှုတွေနဲ့ထပ်တူကျခဲ့တယ်။ ဂုဏ်ယူပါတယ်ဆိုတာထက် ပိုပါတယ်ညီလေး။ ပါဝင်ခဲ့ကြတဲ့အဖွဲ့သားတွေ အားလုံးအတွက်ရောပေါ့"လို့ဆိုထားပါတယ်။


ဒီဇာတ်ကား နှစ်ကားစလုံးဟာ ကြိုးစားအားထုတ်မှုတွေနဲ့အတူ လုပ်ဆောင်ခဲ့တာလို့ သရုပ်ဆောင်ချစ်သုဝေကလည်း အသိပေးဆိုထားပါတယ်။


"ဒီနွေဦးမှာ ၈နှစ်အကြာမှရုပ်ရှင်ပြန်ရိုက်ဖြစ်တယ်ပြောရမှာပေါ့ ..နိုင်ရာဝန်နဲ့ ငါတို့အသံတွေ တိတ်မနေဖို့ ကြိုးစားခဲ့ကြတာ။Cannes World Film Festival မှာ official selectedဖြစ်ပြီး semifinal..final..nominessထိဖြတ်ကျော်ပြီး ခုလို ၂ကားလုံး award winning ဖြစ်တော့ စိတ်ထဲ ဘယ်လိုပျော်မှန်းမသိဘူး။ မပြည့်စုံမှုတွေမှာ တို့တွေမှာ စိတ်ဓါတ်ရယ် အနုပညာရယ်ပဲရှိခဲ့တာ.'စမှတ်' က ကိုလင်း ရဲ့ပထမဆုံးကား...ဒီကားမှာ ကိုယ်ကနေရာ၁ခုမှာ ဝင်စီးမျောခဲ့ရတာ.."The Way" ကတော့ ခုထိ တလရ မျက်နှာစာပေါ် ဘာမှ မလှုပ်ရှားရသေးတဲ့ကားတစ်ခုပဲ.."The Way" musicalရိုက်မယ်ပြောတော့ တကယ့်ကို မဖြစ်နိုင်တာကို ငါ့ယောကျာ်းတော့ လုပ်ပြီလို့တွေးမိတယ်(မဖြစ်နိုင်တယ်ဆိုတာ အချိန်ရယ် ,securityရယ်, resource​တွေရယ် ဘာဆို ဘာမှမပြည့်စုံ မလုံလောက်ဘူး)..ဒါပေမယ့် တော်လှန်ရေးမောင်နှမ အားလုံး တော်ပင်ပမ်း ဝိုင်းဝန်းကြိုးစားခဲ့ကြတယ်"လို့ သရုပ်ဆောင် ချစ်သုဝေကဆိုထားပါတယ်။


========================


📌📌 ၇။ အကြမ်းဖက်စစ်ကောင်စီက ကျင်းပမယ့် အကယ်ဒမီပေးပွဲ ပြည်သူလူထုကသပိတ်မှောက်ရန်တိုက်တွန်း


အကြမ်းဖက်စစ်ကောင်စီက ကျင်းပမယ့် အကယ်ဒမီပေးပွဲ ပြည်သူလူထုကသပိတ်မှောက်ရန်တိုက်တွန်းလိုက်ပါတယ်။ ဧပြီလ ၂၈ရက် စစ်ကောင်စီ၏ သွေးစွန်းအကယ်ဒမီပွဲနှင့် စပ်လျဉ်း၍ ထုတ်ပြန်ကြေညာကို စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန် အင်အားစုကကြေညာခဲ့ပါတယ်။


"လာမည့်အချိန်ကာလအတွင်း အကြမ်းဖက်စစ်ကောင်စီက ကျင်းပတော့မယ့် အကယ်ဒမီပေးပွဲသည် ပြည်သူများ၏ တော်လှန်လိုစိတ်ကို ပွဲလမ်းသဘင်များဖြင့် အားလျော့စေသောအကြံဖြင့် ရည်ရွယ်လာသည့်အပြင်၊ ၄င်းတို့ကျူးလွန်လျက်ရှိသော စစ်ရာဇဝတ်များ၏ ဖြစ်ရပ်များကို ဖုံးလွှမ်းကာ တိုင်းပြည်အတွင်း ပျော်ပွဲ ရွှင်ပွဲများဖြင့် စည်ကားသယောင်ပြလိုသော ဥာဥ်ဆိုးဖြင့်မျက်နှာပြောင်တိုက်၍ စီစဥ်နေခြင်းဖြစ်သည်မှာ ထင်ရှားလွန်းလှပါတယ်"လို့ဆိုပါတယ်။


သို့ဖြစ်၍ ပြည်သူလူထုတစ်ရပ်လုံးအနေဖြင့် စစ်ကောင်စီက ကျင်းပမည့် အကယ်ဒမီပေးပွဲကို ကြည့်ရှုခြင်း၊ မျှဝေခြင်းနှင့် ဓာတ်ပုံမှတ်တမ်းများကို ဖြန့်ဝေခြင်းမပြုဘဲ သပိတ်မှောက်ရန် တိုက်တွန်းထားပါတယ်။


========================


📌📌 ၈။ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားသပိတ် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ကျင်းပ


စစ်အာဏာရှင် ဆန့်ကျင်ရေး လူထုလှုပ်ရှားသပိတ် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ကျင်းပခဲ့ပါတယ်။ ဧပြီ၂၈ရက်မှာ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)ကအသိပေးဖော်ပြပါတယ်။


" ဧပြီလ ၂၈ ရက်နေ့ နေ့လည်တွင် ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်၍ စစ်အာဏာရှင်စနစ်‌ဆန့်ကျင်ရေး လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ယင်းလှုပ်ရှားမှုကို စစ်ကောင်စီမှ လေကြောင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍  "အာဏာရှင်ကို မကြောက်ကြနဲ့၊ ပဇီကြီးက မကြောက်ခဲ့ဘူး"ဘန်နာကိုင်ဆွဲ၍ လူငယ်များနှင့် အမျိုးသမီးများအပါအဝင် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်မှုနှင့်အတူ ချီတက်လှုပ်ရှားခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။


စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို ဧပြီ၁၁ရက်နေ့ စကစတပ်ကလေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့ရာ ၁၆၈ဦးသေဆုံးခဲ့ရပြီးအများစုမှာ ကလေးငယ်နဲ့အမျိုးသမီးများဖြစ်ကြပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။







#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment