6th APL 2023 - Morning Daily News by Radio NUG



၂၀၂၃ ဧပြီလ ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ

သတင်းခေါင်းစဉ်များ -


📌 ၁။ တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးကြဖို့ ယာယီသမ္မတပြောကြား

📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး

📌 ၃။ စကစဟာ ကျောင်းသူ ကျောင်းသားတွေကို လွတ်လပ်တဲ့ တွေးခေါ်ခွင့်မပေးဘဲ ကျွန်ပညာရေးကို ဖော်ဆောင်နေတာ ဖြစ်တယ်လို့ဆို

📌 ၄။ ကချင်ဒေသ၊ လွတ်မြောက်နယ်မြေ တစ်နေရာမှာပြည်သူ့ရင်ခွင်လုပ်ငန်းအဖွဲ့နှင့် ပြည်သူ့သားကောင်းများ တွေ့ဆုံဆွေးနွေးခဲ့ 

📌 ၅။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်

📌 ၆။ ရွှေကူမြို့စီသာကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်ခြေများ မီးလောင်ပျက်စီးခဲ့

📌 ၇။ ပုလဲနယ်မှာ စကစတပ်များက PDF တပ်စခန်းတစ်ခုကိုစီးနင်း 

📌 ၈။ မြိုင်Well-2 ရေနံမြေမှ တာဝန်ချိန်းပြီးပြန်လာတဲ့ စကစတပ်နဲ့ပျူများမိုင်းထိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားပြီပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးကြဖို့ ယာယီသမ္မတပြောကြား


တိုင်းရင်းသားခေါင်းဆောင်များအနေနဲ့ ပြည်သူတွေရဲ့မျက်နှာကို ထောက်ထားပြီး ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးကြဖို့ ယာယီသမ္မတ ဒူဝါလရှီးလက အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင် ပြောကြားခဲ့ပါတယ်။


"တိုင်းရင်းသားခေါင်းဆောင်တွေကိုလည်း ကျနော် ထပ်မံပြီး မေတ္တာရပ်ခံချင်ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ သူတို့ရဲ့ အာဏာတည်မြဲဖို့အတွက် ကျနော်တို့ တိုင်းရင်းသား ခေါင်းဆောင်တွေကြားထဲက နဂိုရှိပြီးသားနားလည်မှုတွေကိုပါ ဖျက်ဆီးပြီး၊ အမျိုးမျိုးသော နည်းလမ်းတွေနဲ့ သွေးခွဲသပ်လျှိုဖို့ကြိုးစားနေပါတယ်။ ဒါကိုကျနော်တို့အားလုံး သတိကြီးကြီး ထားကြဖို့လိုပါတယ်။ ကိုယ့်ကို ခေါင်းဆောင်အဖြစ် တင်မြှောက်ထားတဲ့ ကိုယ့်ဒေသက ပြည်သူတွေခံစားနေရ၊ ခံစားခဲ့ရတဲ့ စစ်တပ်ရဲ့ ရက်စက်ယုတ်မာမှုတွေကို အမြဲသတိရကြပါ။ ပြည်သူတွေရဲ့ မျက်နှာကို ထောက်ထားကြပါ။ ကိုယ့်အာဏာ၊ ကိုယ့်ကိုယ်ကျိုးထက် နိုင်ငံရေးဂုဏ်သိက္ခာရှိရှိနဲ့ ကိုယ့်ဒေသက ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးကြပါလို့ ထပ်မံ မေတ္တာရပ်ခံလိုပါတယ်"လို့ဆိုပါတယ်။


လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးနဲ့ KNU KIAအပါအဝင် တိုင်းရင်းသားတော်လှန်ရေးအင်အားစုတို့ဟာ တော်လှန်ရေးအတွက် ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။


========================


📌📌 ၂။ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်း မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေး


ဧပြီ ၅ရက်မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် မန္တလေးတိုင်း၊ မကွေးတိုင်းမှ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (/၂၀၂၃)ကို ကျင်းပခဲ့ပါတယ်။


အစည်းအဝေးမှာ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအဖွဲ့ဝင်၊ ပညာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပါတယ်။


ဆက်လက်ပြီး ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ရဲတပ်ဖွဲ့မှ လုပ်ငန်းဆောင်ရွက်ချက်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီးနောက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ မူဝါဒ၊ လမ်းညွှန်ချက်များ၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ မြေပြင်အခက်အခဲများနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းခဲ့ကာ ဝန်ကြီးဌာနမှာ တာဝန်ရှိသူများမှ ပြန်လည်ဆွေးနွေးခဲ့ကြပါတယ်။


========================


📌📌 ၃။ စကစဟာ ကျောင်းသူ ကျောင်းသားတွေကို လွတ်လပ်တဲ့ တွေးခေါ်ခွင့်မပေးဘဲ ကျွန်ပညာရေးကို ဖော်ဆောင်နေတာ ဖြစ်တယ်လို့ဆို


စကစဟာ ကျောင်းသူ ကျောင်းသားတွေကို လွတ်လပ်တဲ့ တွေးခေါ်ခွင့်မပေးဘဲ ကျွန်ပညာရေးကို ဖော်ဆောင်နေတာဖြစ်တယ်လို့ ဧပြီလအတွင်း တွေ့ဆုံမေးမြန်းခန်းတစ်ခုမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက ပြောပါတယ်။


"ကျောင်းသူ ကျောင်းသားတွေကို လွတ်လပ်တဲ့ တွေးခေါ်ခွင့်မပေးဘဲ ကျွန်ပညာရေးကို ဖော်ဆောင်တာပဲဖြစ်တယ်။ ကျောင်းသူ ကျောင်းသားတွေကို ကျွန်လိုပဲသဘောထားတာ ဖြစ်တယ်။ တစ်ယောက်ချင်းရဲ့ အတွေးအခေါ်ကို ချိုးနှိမ်ထားတာဖြစ်တဲ့အတွက် နောင်အနာဂတ် အတွေးအခေါ်၊ အယူအဆတွေနဲ့ ခေါင်းဆောင်မှုတွေကို ချိုးနှိမ်ထားတဲ့ ကျွန်ပညာရေးကို ဖော်ဆောင်ထားတဲ့ စစ်အာဏာရှင်ရဲ့ လူငယ်တွေအပေါ် အညွန့်ချိုးဆက်ဆံတာ ဖြစ်တယ်။ ကျွန်ပဲမွေးချင်တာ၊ သခင်တွေပေါ်လာမှာ ကြောက်တယ်။ ကျနော်တို့ ကျောင်းသားလူငယ်တွေကို သူတို့ထားရာနေ စေရာသွားဖို့ ကျွန်ပြုဖို့ပဲ လုပ်တာပါပဲ။ ကျွန်ပညာရေးကို ဖန်တီးတာပါပဲ"လို့ဝန်ကြီးက ဆိုပါတယ်။


လက်ရှိမှာ အကြမ်းဖက် စစ်ကောင်စီဟာ စာသင်ခန်းများမှာ ပညာသင်ကြားခွင့်များကို ကန့်သတ် တားမြစ်ချက်တို့ မကြာခဏရှိနေပါတယ်။


========================


📌📌 ၄။ ကချင်ဒေသ၊ လွတ်မြောက်နယ်မြေ တစ်နေရာမှာပြည်သူ့ရင်ခွင်လုပ်ငန်းအဖွဲ့နှင့် ပြည်သူ့သားကောင်းများ တွေ့ဆုံဆွေးနွေးခဲ့ 


ကချင်ဒေသ၊ လွတ်မြောက်နယ်မြေတနေရာမှာ ပြည်သူ့ရင်ခွင်လုပ်ငန်းအဖွဲ့နှင့် ပြည်သူ့သားကောင်းများ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဧပြီ ၅ရက်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။


"မတ်လ(၁၉)ရက်နေ့တွင် ကချင်ဒေသ၊ လွတ်မြောက်နယ်မြေတစ်နေရာ၌ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ရင်ခွင် ခိုလှုံရေးအစီအစဉ် အကောင်အထည် ဖော်ဆောင်မှုကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းအဖွဲ့ဝင်များနှင့် ပြည်သူ့သားကောင်းများ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးပွဲများ ကျင်းပခဲ့ပါတယ်"လို့ဆိုပါတယ်။


တွေ့ဆုံဆွေးနွေးပွဲများတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ယာယီသမ္မတ ဒူဝါလရှီးလမှ ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊ ကာကွယ်ရေးဝန်ကြီးမှ ပေးပို့သော သဝဏ်လွှာဖတ်ကြားခြင်း၊ ကချင်ဒေသပြည်သူ့ရင်ခွင်ခိုလှုံရေး အစီအစဥ် အကောင်အထည် ဖော်ဆောင်ရေးဗဟိုကော်မတီ ဥက္ကဌ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) မှ ဦးဝင်းနိုင်နှင့် ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးတို့မှ ခွန်အားဖြည့်စကားများပြောကြားခဲ့ပါတယ်။


တွေ့ဆုံပွဲများတွင် ပြည်သူ့ရင်ခွင်သို့ လက်နက်နှင့်တကွ ဝင်ရောက်လာသည့် ပြည်သူ့သားကောင်းများအား ဂုဏ်ပြုဆုငွေချီးမြှင့်ခြင်း၊ အလှုရှင်များမှ လှုဒါန်းသည့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်ခြင်း၊ ဂုဏ်ပြုညစာ စားပွဲကျင်းပခြင်း၊ အနုပညာရှင် မိုင်းမိုင်ဆိုင်းမှ ခွန်အားဖြည့်တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေခြင်း၊ ခြင်းလုံးပြိုင်ပွဲနှင့် စစ်တုရင်ပြိုင်ပွဲများ ကျင်းပခဲ့ပါတယ်။


ထို့နောက် ရှေ့တန်းစစ်မျက်နှာပြင်များသို့ သွားရောက်ကာ တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့သားကောင်းများကို ၄င်းတို့၏ စခန်းများတွင် သွားရောက်တွေ့ဆုံခဲ့ပြီး တပ်ရင်းအသုံးစားရိတ်များ ပေးအပ်ခြင်း၊ မြန်မာ့နွေဦးတော်လှန်ရေးအခင်းအကျင်းများနှင့် ပညာရေးအခွင့်အလမ်းများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။


========================


📌📌 ၅။ မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်


မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်တယ်လို့ ဧပြီ ၅ရက်မှာ Unicef Myanmarက အသိပေးဖော်ပြပါတယ်။


"မြန်မာနိုင်ငံတွင် မြေမြှုပ်မိုင်းနဲ့ အခြားပေါက်ကွဲစေတတ်တဲ့ ပစ္စည်းတွေကြောင့် သေဆုံးဒဏ်ရာရသူ သုံးပုံတစ်ပုံကျော်မှာ ကလေးငယ်များဖြစ်ကြပါတယ်။ မြန်မာနိုင်ငံမှာဖြစ်စေ၊ အခြားမည်သည့်နေရာမှာဖြစ်စေ ကလေးသူငယ်တွေဟာ ဘယ်သောအခါမှ မြေမြှုပ်မိုင်းတွေကြောင့် ထိခိုက်နစ်နာရတဲ့သူတွေ မဖြစ်သင့်ပါဘူး။ မြေမြှုပ်မိုင်းအသုံးပြုမှုကို အခုပဲ ရပ်တန့်ဖို့လိုပါတယ်"လို့ဆိုထားပါတယ်။


လက်ရှိမှာ စကစတပ်များဟာ မြေမြုပ်မိုင်းများကို ကျေးရွာများအနီးနဲ့ အရပ်သားများ နေထိုင်ရာတို့မှာ အသုံးပြုထောင်ထားတတ်ခဲ့ကြပါတယ်။


========================


📌📌 ၆။ ရွှေကူမြို့စီသာကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်ခြေများ မီးလောင်ပျက်စီးခဲ့


ရွှေကူမြို့စီသာကျေးရွာသို့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်ခြေများ မီးလောင်ပျက်စီးခဲ့တယ်လို့သတင်းရရှိပါတယ်။ ဧပြီ ၅ရက် မှာ စကစတပ်ရဲ့ တိုက်ခိုက်မှုများကို ရွှေကူKPDFက အတည်ပြုဆိုပါတယ်။


"ဧပြီ ၅ရက်မွန်းတည့် ၁၂၀၀အချိန်မှစ၍ အကြမ်းဖက်စစ်ကြောင်းများဖြစ်သည့် တပ်မ ၈၈ လက်အောက်ခံ ခလရ ၁၀၊ ခလရ ၇၇၊ ခလရ ၈၈ နှင့် ထပ်မံဖြည့်တင်းထားသည့် စစ်ကြောင်းများမှ စီသာကျေးရွာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်ခြေများ မီးလောင်ပျက်စီးခဲ့ပြီး တိုက်လေယာဉ်များဖြင့် ထပ်မံ၍ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူနေအိမ်များစွာ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ပါတယ်"လို့ဆိုပါတယ်။


တော်လှန်ရေးအင်အားစုများအနေဖြင့်လည်း ပိုမိုကြိုးစား၍ ခုခံတော်လှန်နေဆဲဖြစ်တယ်လို့ Shwegu KPDFက ဖော်ပြပါတယ်။


========================


📌📌 ၇။ ပုလဲနယ်မှာ စကစတပ်များက PDF တပ်စခန်းတစ်ခုကိုစီးနင်း 


စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ စကစတပ်များက PDF တပ်စခန်းတစ်ခုကိုစီးနင်း ခံလိုက်ရတယ်လို့ ဧပြီ၅ရက်မှာ ယင်းမာပင်ခရိုင် တပ်ရင်း - ၁၉က အသိပေးဆိုပါတယ်။


"မနေ့က ဇီးဖြူကုန်း ပျူရွာတွင် အထိုင်ချခဲ့သော ပျူနဲ့စကစတပ်များသည် အနောက်မြောက်ဖက်ကို ထွက်သွားပြီး ချောင်းဦးတောတိုက်ကို မီးရှို့သွားခဲ့ပါတယ်။ ပန်းရွာနှင့်တနယ်ရွာဘက်ကို mi35ဖြင့် ပစ်ခတ်ပြီး M17ဖြင့် စစ်ခွေး60ဝန်းကျင် ချသွားခဲ့ကာ ယင်းနယ်မြေရှိ PDF တပ်စခန်းတစ်ခုစီးနင်းခံလိုက်ရပါတယ်"လို့ဆိုပါတယ်။


စကစတပ်များဟာ စစ်ကိုင်းတိုင်းမှာ အင်အားအလွန်အကျွံ အသုံးပြု၍ တိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၈။ မြိုင်Well-2 ရေနံမြေမှ တာဝန်ချိန်းပြီးပြန်လာတဲ့ စကစတပ်နဲ့ပျူများမိုင်းထိ


မကွေးတိုင်း၊ မြိုင်Well-2 ရေနံမြေမှ တာဝန်ချိန်းပြီးပြန်လာတဲ့ စကစတပ်နဲ့ပျူများ မိုင်းထိခဲ့တယ်လို့သိရပါတယ်။ ဧပြီ ၅ရက်နေ့မှာ စစ်ရေးသတင်းကို မြိုင် ပကဖက အတည်ပြုဆိုပါတယ်။


"ဧပြီ ၅ရက်နေ့ နံနက် ၀၆:၀၀ အချိန်ခန့်တွင် Well-2 ရေနံမြေမှ Duty ချိန်းပြီး အင်အား ၇၀ ကျော်ခန့် ပြန်လည်ထွက်လာသော စကစတပ်နဲ့ ရဲ၊ ပျူ များအား မိုင်း လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာတွင် ပျူ ဦး စကစတပ်က ဦးသေဆုံး၍ ရဲ၂ ဦး၊ ပျူ၂ ဦး ပြင်းထန်ဒဏ်ရာရရှိသွားခဲ့ပါတယ်"လို့ဆိုပါတယ်။


တိုက်ခိုက်မှုအား ကျွဲတွင်းရွာနှင့် ဝါးရင်းချိုင်ရွာ ကြားတွင် မိုင်းဆွဲခိုက်ခဲ့ခြင်း ဖြစ်ပြီး ပူးပေါင်းအဖွဲ့များအနေဖြင့် MUGDF |ဇာမဏီပြောက်ကြားတပ်ဖွဲ့ နှင့် မြိုင် ပကဖ ရင်း ( ) ခွဲ ( )စိတ် ( )တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သတင်းရရှိပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment