8th APL 2023 - Evening Daily News by Radio NUG



၂၀၂၃ ဧပြီလ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ အကြမ်းဖက်စစ်တပ်ကို ဘက်ပေါင်းစုံကနေ အမြစ်ဖြတ်ဖို့ လုပ်ဆောင်နေကြတယ်လို့ ယာယီသမ္မတပြောကြား

📌 ၂။ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၁ လအရွယ် နှင့် အသက် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးသေဆုံး

📌 ၃။ မြိုင်မြို့နယ်မြေရင့်ရွာရှိ အရပ်သားနေအိမ်တစ်လုံးပေါ် ယနေ့မနက်စကစတပ်ကပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးငယ်တစ်ဦး ခေါင်းထိခိုက်ဒဏ်ရာရ

📌 ၄။ ဒီပဲယင်းမြို့မှထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အင်အား ၈၀ ခန့်ရေဦးမြို့နယ်က ကျေးရွာများမှာ သောင်းကျန်း ဖျက်ဆီး

📌 ၅။ ပုလဲနယ် ကန်ဒေါင့် ရဲစခန်းမှ ထွက်လာသော စကစတပ်များကို ကာကွယ်တပ်များကြားဖြတ်တိုက်ခိုက်

📌 ၆။ ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုလ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့်ထိုင်းနိူင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းသူ လူဦးရေ ကိုးထောင်နီးပါးရှိလာ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ အကြမ်းဖက်စစ်တပ်ကို ဘက်ပေါင်းစုံကနေ အမြစ်ဖြတ်ဖို့ လုပ်ဆောင်နေကြတယ်လို့ ယာယီသမ္မတပြောကြား


ဧပြီ၈ရက်


အမျိုးသားညီညွတ်ရေးအစိုးရ၏ ၁၃ / ၂၀၂၃ အစိုးရအဖွဲ့အစည်းအဝေးတွင်ယာယီသမ္မတ ဒူဝါလရှီးလကအကြမ်းဖက်စစ်တပ်ကို ဘက်ပေါင်းစုံကနေ အမြစ်ဖြတ်ဖို့ လုပ်ဆောင်နေကြတယ်လို့ ပြောကြားခဲ့ပါတယ်။


"ကျနော်တို့အားလုံးဟာ အကြမ်းဖက်စစ်တပ်ကို ဘက်ပေါင်းစုံကနေ အမြစ်ဖြတ်ဖို့ လုပ်ဆောင်ကြ တာဖြစ်တဲ့အတွက် အခုအစည်းအဝေးပွဲမှာလည်း ၀န်ကြီးဌာနတွေအားလုံး ပိုမိုလက်တွေ့ကြပြီး၊ ထိရောက်တဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ဖို့ လိုအပ်သလို၊ နိုင်ငံတကာက သတ်မှတ်ထားတဲ့ စည်းမျဥ်းတွေကို မြေပြင်အခြေအနေတွေနဲ့ ကိုက်ညီပြီး၊ အချိန်နဲ့တပြေးတည်း အကောင်အထည် ဖော်နိုင်ဖို့ ကြိုးစားကြဖို့လိုတယ်"လို့ယာယီသမ္မတကဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဟာ လက်ရှိမှာ တစ်နှစ်တာ မဟာဗျူဟာ စီမံချက်ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ၂၀၂၃ ခုနှစ်ကို တော်လှန်ရေး အဆုံးအဖြတ် နှစ်အဖြစ်သတ်မှတ်ကြေညာထားပါတယ်။


========================


📌📌 ၂။ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်တပ်ကလက်နက်ကြီးပစ်ခတ်မှုကြောင့် အသက် ၁၁ လအရွယ် နှင့် အသက် ၁၄ နှစ်အရွယ် ကလေးနှစ်ဦးသေဆုံး


ဧပြီ၈ရက်


ဧပြီ၇ရက်မှာ လတ်တလောဖြစ်ပျက်တဲ့အခြေအနေများနှင့်ပတ်သက်၍ AAPPကဖော်ပြအသိပေးထားပါတယ်။


"ဧပြီလ ရက်နေ့၊ ညနေ နာရီခန့်အချိန်၌ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နယ်၊ သံဘိုကျေးရွာအနီးတွင် အကြမ်းဖက်စစ်အုပ်စု၏တပ်နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်အုပ်စု၏တပ်မှ ပစ်ခတ်ခဲ့သော လက်နက်ကြီးကျည်သည် ကျေးရွာအတွင်းရှိ နေအိမ်တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့သောကြောင့် အသက် ၁၁ လအရွယ် စိုင်းဝါဝါထွန်းနှင့် အသက် ၁၄ နှစ်အရွယ် အမဖြစ်သူ နန်းမအေးတို့နှစ်ဦးမှာ ကျည်စထိမှန်သေဆုံးခဲ့ပါတယ်"လို့ဖော်ပြပါတယ်။


၎င်းတို့၏ မိဘနှစ်ဦးသည်လည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရရှိခဲ့သောကြောင့် ပြင်ဦးလွင်ဆေးရုံသို့ ပို့ဆောင်ကာ ဆေးကုသမှုခံယူနေကြောင်း သိရှိရပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ရက်နေ့ မတရားစစ်အာဏာလုမှုဖြစ်စဉ်ကို ဆန့်ကျင်ခဲ့ကြသော ဒီမိုကရေစီရေး လှုပ်ရှားသူများနှင့် ပြည်သူများ၏ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးခဲ့ရသူ စုစုပေါင်းမှာ (၃၂၂၅) ဦး ရှိခဲ့ပြီဖြစ်ပါတယ်။


========================


📌📌 ၃။ မြိုင်မြို့နယ်မြေရင့်ရွာရှိ အရပ်သားနေအိမ်တစ်လုံးပေါ် ယနေ့မနက်စကစတပ်ကပစ်လိုက်တဲ့ လက်နက်ကြီး ကျရောက်ပေါက်ကွဲ၍ အမျိုးသမီးတစ်ဦးငယ်တစ်ဦး ခေါင်းထိခိုက်ဒဏ်ရာရ


ဧပြီ၈ရက်


ဧပြီ()ရက်မှာ ဒေသခံ သတင်းအရင်းအမြစ်များက အခြလိုအတည်ပြုဆိုထားပါတယ်။


"ယနေ့မနက်ပိုင်း ခုနစ်နာရီခွဲခန့်အချိန်တွင် မြိုင်နယ်တောင်ပိုင်မြေရင့်ရွာပြည်သူ့နေအိမ်ပေါ်သို့ စခ လက်နက်ကြီးတစ်လုံးကျရောက်ပြီး အမျိုးသမီးငယ်တစ်ဦး၏ဦးခေါင်းထိမှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ပြီး အခြားထိခိုက်မှုမရှိပါ"လို့ဆိုပါတယ်။


မြိုင်နယ်တောင်ပိုင်းနှမ်းဆီကန်ရွာတွင်လည်း စကစတပ်နဲ့ပျူ အင်အားသုံးဆယ်ခန့်ရောက်ရှိနေကြာင်းသိရပြီး သရက်ကန်(ပျူရွာ) မှ ပျူများသည် ဖောကားဖြင့် သရက်ကန်ကနေ တောင်ဘက်သို့ထွက်သွားကြောင်းသိရပါတယ်။


========================


📌📌 ၄။ ဒီပဲယင်းမြို့မှထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အင်အား ၈၀ ခန့်ရေဦးမြို့နယ်က ကျေးရွာများမှာ သောင်းကျန်း ဖျက်ဆီး


ဧပြီ၈ရက်


ဧပြီ၈ရက် မနက်ပိုင်းမှာ စကစတပ်များဟာ ရေဦးနယ်ရှိ ရွာများကို ဝင်ရောက်မွှေနှောက်ခဲ့တာလို့ ဒီပဲယင်းမြိုနယ်စစ်ရှောင်ထောက်ပံ့ရေးအဖွဲ့ကအတည်ပြုဆိုပါတယ်။


"ယနေ့နံနက်အစောပိုင်း ဒီပဲယင်းမြို့မှထွက်လာသော အကြမ်းဖက်စစ်ကောင်စီတပ်အင်အား ၈၀ ခန့်သည် မစိုးရိမ်ရွာတစ်ဝိုက်ရောက်ရှိနေပြီး ရေဦးမြို့မှထွက်လာသော အကြမ်းဖက်စစ်သား ၃၀ ခန့်သည် မုတ်ဆီရွာထဲရောက်ရှိနေပြီး ပတ်ဝန်းကျင်သို့ လက်နက်ကြီးလက်နက်ငယ်များ ပစ်ခတ်နေပါတယ်။နီးစပ်ရာကျေးရွာများ သတိပြုကြပါ"လို့ဆိုထားပါတယ်။


စကစတပ်များဟာ ဒီပဲယင်းမြို့နယ်နဲ့ရေဦးမြို့နယ်ကို မကြာခဏစစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်လျက်ရှိပါတယ်။


========================


📌📌 ၅။ ပုလဲနယ် ကန်ဒေါင့် ရဲစခန်းမှ ထွက်လာသော စကစတပ်များကို ကာကွယ်တပ်များကြားဖြတ်တိုက်ခိုက်


ဧပြီ၈ရက်


စစ်ကိုင်းတိုင်း၊ပုလဲနယ် ကန်ဒေါင့် ရဲစခန်းမှ ထွက်လာသော စကစတပ်များကို ကာကွယ်တပ်များကြားဖြတ်တိုက်ခိုက်ခဲ့ကြေားကို ဧပြီ၈ရက် မှာ စစ်ရေးသတင်းကို ကျားသစ်နက်တပ်မတော်ကအတည်ပြုဆိုပါတယ်။


"ပုလဲမြို့နယ်အနှံ့ စ်ကြောင်းထိုးကာ ပြည်သူ့အသက်အိုးအိမ်စည်းစိမ်များကိုဖျက်ဆီးနေသော စကစတပ်အင်အား(၁၀၀) ခန့် သည် ဧပြီ၇ ရက်နေ့ နေ့လည် 2:30 pm ခန့်တွင် ကန်ဒေါင့် ရဲစခန်းမှ တောင်ဖက်စ စ်မျက်နှာ သို့ ပြည်သူ့အိုးအိမ်များ ဖျက်ဆီးရန် ထွက်လာချိန်တွင် ကျားသစ်နက်တပ်မတော်Black Leopard Army ယင်းမာပင်ခရိုင်အမှတ်(၁၁)တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်ကျားပေါက် ဦးဆောင်သော အင်အား ၇၀ ခန့်ဖြင့် စောင့်ကြို တိုက် ခိုက်ခဲ့ပါတယ်"လို့ဆိုပါတယ်။


ထိတွေ့တိုက်ပွဲတွင် စကစတပ်များအထိနာကာ တပ်ပြန်ဆုတ်ပြေး ခဲ့ကြတယ်လို့ဆိုပါတယ်။ စကစဖက်မှ အထိနာကာ ထိခိုက်မှုများနိုင်ပြီး မိမိတို့ဖက်မှ ထိခိုက်ခိုက်မှူမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လိုကျားသစ်နက်တပ်မတော်ကဆိုပါတယ်။


========================


📌📌 ၆။ ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုလ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့်ထိုင်းနိူင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းသူ လူဦးရေ ကိုးထောင်နီးပါးရှိလာ


ဧပြီ၈ရက်


ကရင်ပြည်နယ် မြ၀တီမြို့နယ် ရွှေကုက္ကိုလ်တွင် ဖြစ်ပွားနေသော တိုက်ပွဲများ ကြောင့်ထိုင်းနိူင်ငံဘက်သို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးတိမ်းသူ လူဦးရေ ကိုးထောင်နီးပါးရှိလာတယ်လို့သတင်းရရှိပါတယ်။ ဧပြီ၇ရက်မှာ ထိုင်းနိူင်ငံ မဲဆောက် လူမှုကူညီရေးအသင်းတွေဆီကသိရပါတယ်။


"ပြေးလာတဲ့လူတွေကို မြို့ထဲတော့ပေးဝင်တာမတွေ့ဘူး။ထိုင်း-မြန်မာ နယ်စပ်နားမှာဘဲ စိုက်ပျိုးရေးခြံတို့ ရော်ဘာခြံတို့အဲဒီနားတွေမှာထားတယ်။ပထမရက်တုန်းက အစားအစာတို့ရေတို့ မြို့ထဲကလှူချင်တဲ့သူသွားပို့လို့ရတယ်။အခုတော့ ထိုင်းဘက်ကတာဝန်ရှိသူကိုပို့ရမယ်လို့ ပြန်ညွှန်ကြားထားတယ်"လို့ မဲဆောက်ရှိ လူမှုကူညီရေးအသင်းတစ်ခုက ဆိုပါတယ်။


ဧပြီလ ရက်နေ့  မြ၀တီမြို့အနီးတွင် ရှိသည့် ရွှေကုက္ကိုလ်-ထီးကော်ထောရွာ တွင် BGF နဲ့ KNLA နှင့် ပြည်သူ့ကာကွယ်ရေး မဟာ မိတ် ပူးပေါင်း အဖွဲ့တွေတိုက်ပွဲ စတင်ဖြစ်ပွားခဲ့ပါတယ်။


ယခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment