ဟန်ပြ သီတင်းကျွတ်ပွဲတော်နောက်ကွယ်မှ ပြည်သူတို့၏ အယ်လ်နီညို အပူနှင့် စားအုန်းဆီ တန်းစီပွဲ

863511415_1476183994363068_664903774385570603_n.jpeg
863369374_2338215210270221_4585082149238024857_n.jpeg

870854642_1426648319626267_5646424766658988435_n.jpeg
 ဟန်ပြ သီတင်းကျွတ်ပွဲတော်နောက်ကွယ်မှ ပြည်သူတို့၏ အယ်လ်နီညို အပူနှင့် စားအုန်းဆီ တန်းစီပွဲ
m.CDM ၊ အောက်တိုဘာ (၂၇) ရက်
အာဏာသိမ်း စစ်ကော်မရှင်က ရန်ကုန်မြို့တွင် သီတင်းကျွတ် ပွဲဈေးတော်များကို စည်ကားသိုက်မြိုက်စွာ ကျင်းပနေကြောင်း ပုံဖော်နေသော်လည်း၊ ပြီးခဲ့သည့် သီတင်းကျွတ်လပြည့်နေ့တွင် ပြည်သူအများအပြားမှာ ဘုရားဖူး ပွဲလည်နိုင်ခြင်း မရှိဘဲ စားဝတ်နေရေး အကျပ်အတည်းကြောင့် ပြည်သူ့ရင်ပြင်တွင် စားအုန်းဆီ တန်းစီရင်း နေ့ရက်များကို ဖြတ်သန်းခဲ့ကြရကြောင်း သိရှိရပါသည်။
အာဏာသိမ်းပြီး (၂) နှစ်အကြာမှစ၍ ရန်ကုန်မြို့အနှံ့တွင် ပွဲဈေးများကို ပြန်လည် ဖော်ဆောင်လာခဲ့သည့် စစ်ကော်မရှင်သည် ယခုနှစ် သီတင်းကျွတ်ကာလတွင်လည်း ဗြောက်အိုးနှင့် မီးရှူးမီးပန်းများကို ပေါ်ပေါ်ထင်ထင် ရောင်းချခွင့်ပြုကာ ပွဲတော်ကို ခြိမ့်ခြိမ့်သဲ ဖြစ်အောင် ဖန်တီးခဲ့ပါသည်။ ပြည်သူ့ရင်ပြင်တွင် (၃) နှစ်ဆက်တိုက် ကျင်းပလာသည့် အဖိတ်နေ့မှ လပြည့်ကျော် (၁) ရက်အထိ (၃) ရက်တာ သီတင်းကျွတ် ဈေးရောင်းပွဲတော်နှင့် စတိတ်ရှိုးပွဲတွင် ဆိုင်ခန်းပေါင်း (၇၀၀) နီးပါး ခင်းကျင်းပြသထားသော်လည်း လာရောက်သူအများစုမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှုကြောင့် ဈေးဝယ်ယူနိုင်ခြင်း မရှိကြပေ။
ထိုသို့ ပျော်ရွှင်စရာ မရှိသည့် ဟန်ပြ ပွဲတော်ကြီးအတွင်း အစည်ကားဆုံးနေရာမှာ ဘယ်မှာ ဆုံးမှန်းမသိအောင် ရှည်လျားလှသည့် စားအုန်းဆီ တိုးသည့် လူတန်းကြီး ဖြစ်နေကြောင်း သိရပါသည်။ ပြင်ပ မှောင်ခို ဈေးကွက်တွင် စားအုန်းဆီ တစ်ပိသာလျှင် ကျပ် (၂၀,၀၀၀) ကျော်အထိ မြင့်တက်နေချိန်တွင် အဆိုပါပွဲ၌ တစ်ပိသာလျှင် ကျပ် (၉,၀၀၀) ဖြင့် ကန့်သတ် ရောင်းချပေးခြင်းကြောင့် အခြေခံ ပြည်သူများမှာ အလုအယက် တန်းစီခဲ့ကြရခြင်း ဖြစ်ပါသည်။
ပြည်သူများသည် လက်နက်ကိုင် ရဲတပ်ဖွဲ့ဝင်များ၏ စောင့်ကြည့် ဖိအားပေးမှုများကြားတွင် စိုးရိမ်စိတ်ဖြင့် တန်းစီခဲ့ကြရပြီး ဆီတန်းစီနေသူများထဲတွင် နေရပ်ပြန်စရာ အိမ်ခြေမဲ့သွားသည့် စစ်ရှောင်များနှင့် အချိန်မီ အလုပ်မဝင်ပါက အလုပ်ပြုတ်မည့်အရေးကြောင့် မိဘရပ်ထံ မပြန်နိုင်တော့သည့် ရွှေ့ပြောင်း အလုပ်သမား အများအပြား ပါဝင်နေကာ ၎င်းတို့သည် ရွေးချယ်စရာ မရှိဘဲ ရွှေတိဂုံစေတီတော်မှတစ်ဆင့် အနောက်ဘက်မုခ်အတိုင်း ပြည်သူ့ရင်ပြင်သို့ ဆင်းလာကာ ဆီတန်းစီခဲ့ကြခြင်း ဖြစ်ပါသည်။
ထို့ပြင် ပြည်သူများသည် ရာသီဥတု ဖောက်ပြန်မှုကြောင့် အယ်လ်နီညို (El Niño) ၏ ပြင်းထန်လှသော နေ့ခင်းဘက် အပူဒဏ်ကိုလည်း တစ်ပြိုင်နက်တည်း အလူးအလဲ ခံစားနေကြရပါသည်။ လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ အပူချိန် မြင့်တက်မှုကြောင့် လူပေါင်း (၂၅) ဦးအထိ သေဆုံးခဲ့ပြီးဖြစ်ကာ လာမည့် (၆) လအတွင်း အပူရှိန်ကြောင့် သေဆုံးသူ စုစုပေါင်း (၁,၂၀၀) အထိ မြင့်တက်သွားနိုင်ကြောင်း ကမ္ဘာ့ရာသီဥတု သုတေသန အဖွဲ့အစည်း (Climate Impact Lab) က သတိပေး ထုတ်ပြန်ထားပါသည်။
စစ်ကော်မရှင်က ၎င်းတို့၏ အုပ်ချုပ်မှုအောက်တွင် တိုင်းပြည် အေးချမ်းသာယာနေသယောင် စည်ကားလှသော သီတင်းကျွတ် ပွဲတော်ကြီးအဖြစ် ဝါဒဖြန့် ပုံဖော်နေသော်လည်း မြေပြင်တွင်မူ ပြည်သူများသည် ပြင်းထန်သည့် ရာသီဥတု အပူဒဏ်နှင့် လက်နက်ကိုင်များ၏ စောင့်ကြည့်မှုအောက်တွင် ဟင်းချက်ဆီ တစ်ပိသာ ရရှိရေးအတွက် ဘဝကို ရုန်းကန်နေကြဆဲ ဖြစ်ပါသည်။
(သတင်း - ကိုမြင့်သူ)
TuneIn Radio Platform မှာလည်း m.CDM ရောက်နေပါပြီ။

m.CDM Internet Radio - https://moemaka.net/radio
#mCDM

Send email to - editors@moemaka.net to contact and contribute with us!

MoeMaKa on the Facebook Page from here  (For Burma / Myanmar User)

MoeMaKa News & Media covering Burmese Community
http://www.MoeMaKa.Com - Burmese Language
http://eng.MoeMaKa.net - English Edition
http://moemaka.net/omeka2/ - Audio & Video Archives


https://www.paypal.com/donate?hosted_button_id=CTZLJSNKYX28Q     

Moemaka Multimedia is a tax-exempt organization in Richmond, California. Donations to Moemaka Multimedia are tax deductible.  This organization has been in operation for more than 20 years.  EIN - 26-1387654

Share:

No comments:

Post a Comment