24th MAY 2023 - Evening Daily News by Radio NUG



၂၀၂၃ မေလ ၂၄ ရက်နေ့  ညနေခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌  ၁။အမျိုးသားညီညွတ်ရေး အစိုးရဟာ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန် အပြည့်ရှိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား

📌 ၂။ အမေရိကန်ခရီးစဥ်တွင် ပညာရေးတိုးတက်ဖို့ လုပ်ငန်းများဆောင်ရွက်ရန် ပါရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးပြောကြား

📌 ၃။ ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ဆောင်ရွက်ရန် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ ၁၇သန်းနီးပါးကို မြန်မာနိူင်ငံအတွက်အမေရိကန်က ထပ်တိုးကူညီမည်

📌 ၄။ မြင်းခြံမြို့နယ် မန်ကျည်းစုရွာအရှေ့ပိုင်းမှ နေအိမ်များကို စကစတပ်များက ယနေ့မနက် မီးရှို့ဖျက်ဆီးခဲ့ရာ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးမီးလောင်သေဆုံး

📌 ၅။ အင်းတော်မြို့နယ် ရွာသာယာကျေးရွာအနီးမှာ ABSDF PDFနှင့် စစ်ကောင်စီတပ်များ သုံးရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေပြီး စကစဘက်ကလေယာဥ်နဲ့ဗုံးများကြဲချ

📌 ၆။ "တန့်ဆည်နယ်တွင် ပျူအထိုင်ချစခန်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်ရာစကစနဲ့ ပျူနှစ်ဦးသေ၍ နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရ

📌 ၇။ ရွှေဘိုမြို့နယ်ထဲက မီးဖြတ်ခံထားရတဲ့ အိမ်တွေကို S&C က Solar power station တွေကိုစတင်တပ်ဆင်ပေး


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။အမျိုးသားညီညွတ်ရေး အစိုးရဟာ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန် အပြည့်ရှိတယ်လို့ ယာယီသမ္မတ ဒူဝါလရှီးလပြောကြား


မေလ၂၃ရက်


မေလ၂၃‌ရက်နေ့တွင်ကျင်းပသော နိုင်ငံတကာကူညီထောက်ပံ့မှုများဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းမှုကော်မရှင် အစည်းအဝေးမှာ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက အခုလိုထည့်သွင်းပြောကြားခဲ့ပါတယ်။


"ကျွန်တော်တို့ ပြည်တွင်းက နိုင်ငံရေးပဋိပက္ခနဲ့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့် တိုင်းရင်းသား ပြည်သူလူထုဟာ နေ့စဉ်နဲ့အမျှ အတိဒုက္ခရောက်နေကြရပါတယ်။ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေး အစိုးရဟာ ပြည်သူလူထုရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ပေးရမယ့် တာဝန် အပြည့်ရှိပါတယ်။ ဒါကို တတ်နိုင်သမျှ ကျွန်တော်တို့ အမျိုးသားညီညွတ်ရေးအစိုးရက လူထုရဲ့ ရှင်သန်ရပ်တည်မှုအတွက် ဖေးမကူညီနေတာတွေ ရှိပါတယ်"လို့ဆိုပါတယ်။


အမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းပြီး ()နှစ်အတွင်း အကြမ်းဖက်စစ်ကောင်စီကြောင့် ဘေးဒုက္ခရောက်နေကြရသော ပြည်သူများအတွက် ငွေကျပ် (.)ဘီလီယံခန့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်နိုင်ခဲ့ပြီး တစ်လလျှင်ပျမ်းမျှ စစ်ဘေးရှောင်ပြည်သူ ()သိန်းကျော်ခန့်ကို စားနပ်ရိက္ခာထောက်ပံ့ပေးနိုင်ခဲ့ပါတယ်။


========================


📌📌 ၂။ အမေရိကန်ခရီးစဥ်တွင် ပညာရေးတိုးတက်ဖို့ လုပ်ငန်းများဆောင်ရွက်ရန် ပါရှိတယ်လို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးအသိပေးပြောကြား


မေလ၂၄


မေလ၂၂ရက်နေ့တွင် အမေရိကန်နိူင်ငံ ဆန်ဖရန်စစ္စကိုမြို့မှာ ကျင်းပတဲ့ နွေဦးတော်လှန်ရေးထောက်ပို့ မိသားစုဝင်တွေနဲ့ ပြည်ထောင်စုဝန်ကြီးများ တွေ့ဆုံပွဲမှာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက အခုလိုအသိပေးပြောကြားခဲ့ပါတယ်။


"ကျနော် အမေရိကားကိုလာတဲ့အကြောင်းအရင်းက ပညာရေး အဲဒီတစ်ခုလည်းပါပါတယ်။ ကျနော်တို့ပညာရေးကို ဘယ်လိုအကောင်အထည်ဖော်မလဲ။ နိူင်ငံတကာ တက္ကသိုလ်တွေဆီကအားကို ဘယ်လိုယူမလဲ။တကယ်တော့ပညာရေးဟာ တော်လှန်ရေးလုပ်ရတဲ့ အကြောင်းအရင်းထဲမှာ ဒါလည်းပါပါတယ်"လို့ဝန်ကြီးကဆိုပါတယ်။


တွေ့ဆုံပွဲမှာ ပညာရေးဝန်ကြီးဌာန နဲ့ ကျန်းမာရေးဝန်ကြီးဌာနက ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ နွေဦးတော်လှန်ရေးထောက်ပို့ မြန်မာမိသားစုဝင်တွေ တွေ့ဆုံခဲ့ကြပါတယ်။


တွေ့ဆုံပွဲသို့ မြန်မာမိသားစုဝင် ၅၀၀  တက်ရောက်ခဲ့ပြီး အလှူငွေ နှစ်သောင်းခန့်ရရှိခဲ့ ပါတယ်။


========================


📌📌 ၃။ ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ဆောင်ရွက်ရန် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ ၁၇သန်းနီးပါးကို မြန်မာနိူင်ငံအတွက်အမေရိကန်က ထပ်တိုးကူညီမည်


မေလ၂၄


မြန်မာနိူင်ငံအတွက် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို အမေရိကန်က ထပ်တိုးကူညီမယ်လို့ မေလ၂၄ရက်မှာ အမေရိကန်သံရုံးရန်ကုန်က တရားဝင်သတင်းထုတ်ပြန်ပါတယ်။


"မြန်မာနိုင်ငံတွင် ဆိုင်ကလုန်းမိုခါကြောင့် ပျက်စီးဆုံးရှုံးမှုများကို တုံ့ပြန်ဆောင်ရွက်ရန် လူသားချင်းစာနာမှုဆိုင်ရာအကူအညီ အမေရိကန် ဒေါ်လာ ၁၇သန်းနီးပါးကို  ထပ်တိုးကူညီသွားရန် အမေရိကန်ပြည်ထောင်စုကထုတ်ပြန်ခဲ့ပါတယ်။  အဆိုပါအကူအညီကို အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီ (USAID) မှတဆင့် မုန်တိုင်းသင့်ဒေသများတွင် ဆောင်ရွက်လျက်ရှိသည့် မိတ်ဖက်အဖွဲ့အစည်းများကို ပေးအပ်သွားမည်ဖြစ်ပြီး အရေးပေါ် နားခိုစရာ၊ သန့်ရှင်းသောရေရရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးနှင့် ကယ်ဆယ်ရေးပစ္စည်းများပေးအပ်ရာတွင် အကူအညီဖြစ်စေနိုင်မှာဖြစ်တယ်"လို့ဖော်ပြပါတယ်။


ထောက်ပံ့မှုအများဆုံးလိုအပ်လျက်ရှိသည့် လူ့အသိုက်အဝန်းများသို့ အကူအညီပေးသည့်အဖွဲ့အစည်းများ အလွယ်တကူရောက်ရှိနိုင်ရန်နှင့် အကူအညီများပေးအပ်နိုင်ရန် အလွန် အရေးကြီးတယ်လို့လည်းဆိုထားပါတယ်။


========================


📌📌 ၄။ မြင်းခြံမြို့နယ် မန်ကျည်းစုရွာအရှေ့ပိုင်းမှ နေအိမ်များကို စကစတပ်များက ယနေ့မနက် မီးရှို့ဖျက်ဆီးခဲ့ရာ သက်ကြီးရွယ်အိုအမျိုးသမီးတစ်ဦးမီးလောင်သေဆုံး


မေ၂၄ရက်


မေလ၂၄ရက် မနက်၂နာရီအချိန် မန်ကျည်းစုရွာအရှေ့ပိုင်းမှ နေအိမ်များကိုစကစတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ မြင်းခြံလူထုလှုပ်ရှားမှုကော်မတီကအတည်ပြုဆိုထားပါတယ်။


မေလ၂၄ရက်နံနက်၂နာရီ ကျောက်ကန်ရွာမှပျူနှင့်ကျောက်ကန်ရွာရောက်နေတဲ့စကစတပ်တွေဟာ မန်ကျည်းစုရွာအရှေ့ပိုင်းမှ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ရာ အသက်၆၅နှစ်အရွယ်ဒေါ်အေးကြိုင်တို့ မီးလောင်သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။


ဖြစ်စဥ်မှာ အိမ်ခြေ၂၅၀ခန့်ရှိတဲ့ မန်းကျည်းစုရွာမှအနည်းဆုံးအိမ်ခြေ၅၀ကျော် မီးလောင်ဆုံးရှုံးခဲ့ကြောင်း သိရပါတယ်။


========================


📌📌 ၅။ အင်းတော်မြို့နယ် ရွာသာယာကျေးရွာအနီးမှာ ABSDF PDFနှင့် စစ်ကောင်စီတပ်များ သုံးရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေပြီး စကစဘက်ကလေယာဥ်နဲ့ဗုံးများကြဲချ


မေလ၂၄


စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် ရွာသာယာကျေးရွာအနီးမှာ ABSDF PDFနှင့် စစ်ကောင်စီတပ်များ သုံးရက်ဆက်တိုက် တိုက်ပွဲများဖြစ်ပွားနေပြီး စကစဘက်ကလေယာဥ်နဲ့ဗုံးများကြဲချခဲ့တယ်လို့သတင်းရရှိပါတယ်။ မေလ၂၄ရက်မှာ စစ်ရေးသတင်းကို ကျောင်းသားတပ်မတော် ( ABSDF ) စစ်ကြောင်းကအတည်ပြုဆိုထားပါတယ်။


"မေလ၂၂ရက် နေ့တွင် အင်းတော်မြို့ အနောက်မြောက်ဘက် ၁၂ မိုင်ခန့်အကွာရှိ ရွာသာယာကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အားကျောင်းသားတပ်မတော် ( ABSDF ) မှ ပိတ်ဆို့ တိုက်ခိုက်ခဲ့ပါတယ် တိုက်ပွဲမှာ ABSDF ရဲဘော် ဦး ဒါဏ်ရာ ရခဲ့ပါတယ်"လို့ဆိုပါတယ်။


အလားတူမေလ၂၃ရက်နံနက် ၇နာရီ ဝန်းကျင်မှာ ရွာသာယာ မှ ဗန်မောက်သို့ ဦးတည်ထွက်ခွာနေသည့်  ရန်သူစစ်ကောင်စီ၏ တပ်မ ၇၇ ခမရ ၄၁၆ တို့မှ အင်အား ၂၀၀ ဝန်းကျင်ကို   ABSDF PDF တပ်များက ထပ်မံကြားဖြတ်တိုက်ခိုက်ခဲ့ပြီးရန်သူစစ်ကောင်စီမှ နံနက် ၁၁ နာရီ အချိန်မှာ လေကြောင်းပစ်ကူ ဂျက်ဖိုက်တာ စီးဖြင့် ဗုံးကြဲတိုက်ခိုက် ခဲ့တယ်လို့သိရပါတယ်။


အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကသာခရိုင် PDF တပ်ရင်း ( ) မှ ရဲဘော် ဦး ထိခိုက်ခဲ့တယ်လို့သတင်းရရှိပါတယ်။


"ရန်သူ စစ်ကောင်စီဘက်မှ အင်းတော်လက်နက်ကြီးကုန်းမှနေ၍ လက်နက်ကြီး ဖြင့် ပစ်ခတ်မှုများရှိနေပါတယ်။လက်ရှိအချိန်အထိလည်း တိုက်ပွဲဖြစ်ပွားနေဆဲ ဖြစ်ပါတယ်"လို့ ABSDFကဆိုထားပါတယ်။


========================


📌📌 ၆။ "တန့်ဆည်နယ်တွင် ပျူအထိုင်ချစခန်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်ရာစကစနဲ့ ပျူနှစ်ဦးသေ၍ နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရ


မေလ၂၄


စစ်ကိုင်းတိုင်း၊."တန့်ဆည်နယ်တွင် ပျူအထိုင်ချစခန်းအား ကာကွယ်ရေးတပ်များတိုက်ခိုက်ရာ စကစနဲ့ပျူနှစ်ဦးသေ၍ နှစ်ဆယ်ကျော် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မေလ၂၃ရက်မှာ တန့်ဆည်မြို့နယ် (.က.)က စစ်ရေးသတင်းကိုအတည်ပြုဆိုပါတယ်။


"တန့်ဆည်မြို့နယ်တွင်ပျူအထိုင်ချစခန်းတစ်ခုအား မေလ၁၃ရက်တွင်တစ်ကြိမ်၊ ၂၁ရက်ညတွင်တစ်ကြိမ် ဝင်ရောက်ပစ်ခတ်ခဲ့ရာ စကစနဲ့ပျူ()ဦးသေဆုံးပြီး (၂၀)ကျော် ဒါဏ်ရာရရှိခဲ့တယ်"လို့ဆိုပါတယ်။


၎င်းတိုက်ပွဲအား ရွှေဘိုခရိုင်တပ်ရင်း(၂၅)နှင့် တန့်ဆည်မြို့နယ် (.က.)တို့ပူးပေါင်းတိုက်ခိုက်ခဲ့ပြီးတိုက်ပွဲတွင်ပကဖဖက်မှ ရဲဘော်တစ်ဦးဒါဏ်ရာ(မစိုးရိမ်)ရရှိခဲ့ပြီး အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ပါတယ်။


========================


📌📌 ၇။ ရွှေဘိုမြို့နယ်ထဲက မီးဖြတ်ခံထားရတဲ့ အိမ်တွေကို S&C က Solar power station တွေကိုစတင်တပ်ဆင်ပေး


မေလ။၂၄


စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်းက မီးဖြတ်ခံထားရတဲ့ အိမ်တွေကို S&C က Solar power station တွေကိုစတင်တပ်ဆင်ပေးခဲ့တယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ က ထုတ်ပြန်ပါတယ်။


မီးဖြတ်ခံထားရတဲ့ အညာဒေသက ကျေးရွာတွေမှာ ရှိတဲ့ ကျောင်းသားကျောင်းသူတွေရဲ့ အိမ်တွေမှာ စာကြည့်ရန်အဆင်ပြေစေဖို့ ကနဦး Solar power station အစုံ ၂၀ကို မဲစနစ်နဲ့ ရွေးချယ်ပြီး  တပ်ဆင်ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။


S&C Solar Power Station တွေ တပ်ဆင်ပေးရာမှာ စည်းကမ်းချက်တွေ ထားပြီးတပ်ဆင်ပေးနေတယ်လို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ က သိရပါတယ်။


ကနဦး နေရပ်စွန်ခွာစစ်ဘေးရှောင်များ နာမကျမ်းဖြစ်နေတဲ့ အိမ်တွေ၊ သက်ကြီးရွယ်အိုဖိုးဖွားအိမ်တွေကို ဦးစားပေးစနစ်နဲ့တပ်ဆင်ပေးနေတယ်လို့ ဖော်ပြထားပါတယ်။


လက်ရှိအချိန်ထိ  S&C solar power station အလုံး ၃၂လုံးအထိ တပ်ဆင်ပေးနိုင်ခဲ့ပြီး ထပ်မံပြီး Solar power stationတွေ တပ်ဆင်ဖို့ လိုအပ်နေတာကြောင့် ပြည်သူတွေ ပါ၀င် ပေးကြပါဖို့ S&C မီးဘေး စစ်ဘေး ပညာရေး ကူညီစောင့်ရှောက်ရေး အဖွဲ့ က တိုက်တွန်းတားပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။






#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment