27th MAY 2023 - Morning Daily News by Radio NUG


၂၀၂၃ မေလ ၂၇ရက်နေ့ မနက်ခင်း နောက်ဆုံးရပြည်တွင်းသတင်းများ


သတင်းခေါင်းစဉ်များ -


📌 ၁။ စိုးမိုးထိန်းချုပ်သည့်နေရာများတွင် အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များမှ စစ်ကြောင်း၊ လေကြောင်း သတင်းများကို ရပ်ရွာအဆင့်အထိ အချိန်မီပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ဆို

📌 ၂။ နေပြည်တော်ဟာ အရေးကြီးတဲ့ စစ်မဟာဗျူဟာ ပစ်မှတ်နေရာဖြစ်ပြီး ရန်သူ့တပ်ရဲ့ မဟာဗျူဟာကျတဲ့နေရာတွေကို ထိချက်မိမိတိုက်ခိုက်ကြဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တိုက်တွန်းပြောကြား

📌 ၃။ အမှတ်() စစ်ဒေသနယ်မြေအတွင်း တိုက်ပွဲပေါင်း (၄၃၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူစကစတပ် (၆၁၂) ဦး သေဆုံး၍ (၇၀၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့

📌 ၄။ ဗန်းမောက်မြို့နယ် နောင်ကန်ရွာထဲသို့ စကစက လေယာဉ်နှစ်စီးဖြင့် ဗုံးကျဲချသွားရာ နေအိမ်၆ လုံးပျက်စီးပြီး လူနှစ်ဦးသေဆုံး

📌 ၅။ ပဲခူးတိုင်း ဇီးကုန်းနဲ့ ပေါင်းတည်မှ အမျိုးသားနှစ်ဦးအား  PDF သင်တန်းတက်ထားသည်ဟု စွပ်စွဲကာ စစ်အုပ်စုက ထောင်ဒဏ်နှစ် ၅၀ ချမှတ်

📌 ၆။ သံတောင်မြို့နယ်ရဲစခန်းလက်နက်ကြီး ထိမှန်ကာ  လက်နက်တိုက်နှင့်အချုပ်ခန်းပျက်စီးမှုရှိခဲ့ပြီး မတရားဖမ်းဆီးခံထားရသော လူငယ်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်အပြင် ရဲ ဦးသေဆုံး

📌 ၇။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းရဲကင်းဂိတ် တိုက်ခိုက်ခံရ၍ ဂိတ်စောင့်ရဲ ၃ဦးသေဆုံးပြီး ဦး ပြင်းထန်စွာဒဏ်ရာရရှိ


ဤသတင်းများကို ရေဒီယိုအန်ယူဂျီသတင်းတာဝန်ခံများနှင့် ခိုင်လုံသော မိတ်ဖက်သတင်းရင်းမြစ်များဆီမှ အခြေခံတင်ပြထားခြင်း ဖြစ်ပါတယ်


========================


📌📌 ၁။ စိုးမိုးထိန်းချုပ်သည့်နေရာများတွင် အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များမှ စစ်ကြောင်း၊ လေကြောင်း သတင်းများကို ရပ်ရွာအဆင့်အထိ အချိန်မီပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးချုပ်ဆို


စိုးမိုးထိန်း ချုပ်သည့်နေရာများတွင် အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များမှ  စစ်ကြောင်း၊ လေကြောင်း သတင်းများကို ရပ်ရွာအဆင့်အထိ အချိန်မီပေးနိုင်ရန် ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

မေလအတွင်း ကျင်းပတဲ့ ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီအစည်းအဝေး အမှတ်စဉ်(၂၁/၂၀၂၃)ကျင်းပရာမှာ ဝန်ကြီးချုပ်က ဆိုပါတယ်။

"ယခုလက်ရှိ စိုးမိုးထိန်းချုပ်သည့်နေရာများတွင် အုပ်ချုပ်ရေး၊ ကာကွယ်ရေးအဖွဲ့များမှ ဆက်သွယ်ရေး မပြတ် အချိတ်အဆက်မိရန် အားထုတ်ကြရမည်ဖြစ်သလို၊ စစ်ကြောင်း၊ လေကြောင်း သတင်းများကို ရပ်ရွာအဆင့်အထိ အချိန်မီပေးနိုင်ရန်၊ ပြည်သူတွေ စိတ်ချအားကိုးသည့် အချက်အလက် ထုတ်ပြန်ရေးစနစ်များ ရှိနေရန်၊ သတင်းအချက်အလက် မှန်မှန်ကန်ကန် စီးဆင်းနိုင်ရေး မျှဝေကြရန် စီမံဆောင်ရွက်ပေးရန် လမ်းညွှန်တိုက်တွန်းလိုကြောင်း"ပြောကြားခဲ့ပါတယ်။

၂၀၂၃ ခုနှစ် ဧပြီ၁၀ရက်နေ့ ချင်းပြည်နယ် ဝေဘူလ မြို့သစ်ကို စကစက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ရာ CDM ကျောင်းအုပ်မိသားစုအပါအဝင် ၉ဦးသေဆုံးခဲ့ပါတယ်။

ဧပြီ ၁၁ရက်နေ့လည်း အလားတူ စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးရွာကို လေကြောင်းက ဗုံးကြဲချရာ လူဦးရေ ၁၇၄ဦးသေဆုံးခဲ့ရပါတယ်။


========================


📌📌 ၂။ နေပြည်တော်ဟာ အရေးကြီးတဲ့ စစ်မဟာဗျူဟာ ပစ်မှတ်နေရာဖြစ်ပြီး ရန်သူ့တပ်ရဲ့ မဟာဗျူဟာကျတဲ့နေရာတွေကို ထိချက်မိမိတိုက်ခိုက်ကြဖို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တိုက်တွန်းပြောကြား


အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) - နေပြည်တော်  "ကွန်မန်ဒိုအခြေပြု အပတ်စဥ် () သင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့တယ်လို့ မေလ၂၆ရက်မှာ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) - နေပြည်တော်က တရားဝင်သတင်းထုတ်ပြန်ပါတယ်။

"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) - နေပြည်တော်၏ "ကွန်မန်ဒိုအခြေပြု အပတ်စဥ် () သင်တန်းဆင်းပွဲ"  ပုံရိပ်များ ဖြစ်ပါတယ်။ သင်တန်းဆင်းပွဲသို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မြင့်ဦး နှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) - နေပြည်တော် တာဝန်ခံ ကိုဟိန်းတို့မှ  သဝဏ်လွှာအသီးသီး ပေးပို့ခဲ့ကြပါတယ်"လို့ဖော်ပြပါတယ်။

သင်တန်းဆင်းပွဲကို ပေးပို့တဲ့သဝဏ်လွှာမှာ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က "ရဲဘော်တို့ နေပြည်တော်ဟာ ငါတို့အတွက် အရေးကြီးတဲ့ စစ်မဟာဗျူဟာ ပစ်မှတ်နေရာဖြစ်တယ်။ ရန်သူ့တပ်ရဲ့ မဟာဗျူဟာကျတဲ့နေရာတွေကို ထိချက်မိမိတိုက်ခိုက်ကြပါ။ ဖက်ဆစ် စစ်တပ်ဟာ ငါတို့ကိုလုံးဝအုပ်ချုပ်ခွင့်မရှိစေရဘူးဆိုတာကို သိအောင်ပြသကြပါလို့ မှာကြားလိုပါတယ်"လို့ ဆိုပါတယ်။

ဒါ့အပြင် တရားသောခုခံတွန်းလှန်စစ်ကို ဆင်နွှဲနေ၍တိုက်ရဲ၊ သေရဲကြသော်လည်း ရဲဘော်များအသက်မဆုံးရှုံးရရေးဟာ အဓိကဖြစ်ကြောင်းကို ခေါင်းဆောင်များသိရှိနားလည်ဖို့လိုအပ်တယ်လို့ ကာကွယ်ရေးဝန်ကြီးက ဆိုပါတယ်။

ထို့နောက်ဗိုလ်​​တေဇ ဒု-တာဝန်ခံ ()(စစ်ရေးတာဝန်ခံ ) မှ "နေပြည်တော်ဟာ ရန်သူ့ရဲ့ နှလုံးသားနေရာ ဖြစ်တဲ့ အတွက် တော်လှန်ရေးအတွက် အရေးကြီးကြောင်း ရဲဘော်များ အနေနဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း အကောင်းဆုံးပြင်ဆင်ထားကြပြီး နေပြည်တော်ကို အမြန်ဆုံးတိုက်ခိုက်သိမ်းပိုက်နိုင်ရန် အစွမ်းကုန်ကြိုးစား တည်ဆောက်ကြဖို့"သင်တန်းဆင်းပွဲ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားခဲ့ပါတယ်။

ထို့နောက်ခရိုင်တာဝန်ခံ မြို့နယ်တာဝန်ခံများမှ သင်တန်းဆင်းပွဲသို့ တက်ရောက်ခဲ့ကြပြီး သင်တန်းဆင်းပွဲ ဂုဏ်ပြုမှတ်တမ်းလွှာ များအား ပေးအပ်ခဲ့ပါတယ်။


========================


📌📌 ၃။ အမှတ်() စစ်ဒေသနယ်မြေအတွင်း တိုက်ပွဲပေါင်း (၄၃၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူစကစတပ် (၆၁၂) ဦး သေဆုံး၍ (၇၀၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့


အမှတ်() စစ်ဒေသနယ်မြေအတွင်း တိုက်ပွဲပေါင်း (၄၃၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူစကစတပ် (၆၁၂) ဦး သေဆုံး၍ (၇၀၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမှတ်() စစ်ဒေသ စစ်ရေးသတင်းကို ကာကွယ်ရေးဝန်ကြီးဌာနက  မေလ၂၆ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

"အမှတ်() စစ်ဒေသ၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ၂၀၂၃ ခုနှစ်၊ မတ်လအတွင်း တိုက်ပွဲပေါင်း (၄၃၇) ကြိမ် ဖြစ်ပွားခဲ့ပြီး ရန်သူ (၆၁၂) ဦး သေဆုံး၍ (၇၀၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်"လို့ဆိုပါတယ်။

တော်လှန်ရေးရဲဘော်များဘက်မှ (၆၀) ဦး တော်လှန်ရေးအတွက် အသက်ပေးလှူခဲ့ရပြီး (၉၄) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

တိုက်ပွဲအတွင်း ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၇)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့ပြီး တိုက်ပွဲများကို အမှတ်() စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF ပကဖနှင့် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။


========================


📌📌 ၄။ ဗန်းမောက်မြို့နယ် နောင်ကန်ရွာထဲသို့ စကစက လေယာဉ်နှစ်စီးဖြင့် ဗုံးကျဲချသွားရာ နေအိမ်၆ လုံးပျက်စီးပြီး လူနှစ်ဦးသေဆုံး


ဗန်းမောက်မြို့နယ် နောင်ကန်ရွာထဲသို့ စကစက လေယာဉ်နှစ်စီးဖြင့် ဗုံးကျဲချသွားရာ နေအိမ် လုံးပျက်စီးပြီး လူနှစ်ဦးသေဆုံးခဲ့တယ်လို့ ဗန်းမောက်တော်လှန်ရေးအင်အားစုက မေလ၂၆ ရက်မှာ အသိပေးဆိုပါတယ်။

မေလ၂၅ရက် ည၉နာရီ၁၇အချိန် ဗန်းမောက်မြို့နယ် နောင်ကန်ရွာထဲသို့ လေယာဉ်နှစ်စီးဖြင့် ဗုံးကျဲချသွားရာ နေအိမ် လုံးပျက်စီးပြီး အသက် 66နှစ်အရွယ် အမျိုးသားတစ်ဦးနှင့် အသက် 33နှစ်အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပါတယ်"လို့ဆိုပါတယ်။

အဆိုပါနောင်ကန်ရွာမှာ လက်ရှိတိုက်ပွဲဖြစ်ပွားနေသော နေရာနှင့် သီးခြားစီဖြစ်ပြီး အကြောင်းမဲ့သက်သက်ဗုံးကျဲချသွားခြင်းဖြစ်ကြောင်းသိရှိရပါတယ်။


========================


📌📌 ၅။ ပဲခူးတိုင်း ဇီးကုန်းနဲ့ ပေါင်းတည်မှ အမျိုးသားနှစ်ဦးအား  PDF သင်တန်းတက်ထားသည်ဟု စွပ်စွဲကာ စစ်အုပ်စုက ထောင်ဒဏ်နှစ် ၅၀ ချမှတ်


ပဲခူးတိုင်း ဇီးကုန်းနဲ့ပေါင်းတည်မှ အမျိုးသားနှစ်ဦးအား  PDF သင်တန်းတက်ထားသည်ဟု စွပ်စွဲကာ စစ်အုပ်စုကထောင်ဒဏ်နှစ် ၅၀ ချမှတ်ခဲ့ပါတယ်။

မေလ ၂၆ ရက်မှာ လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့်ပတ်သက်၍ AAPP က အသိပေးဖော်ပြပါတယ်။

 မေလ ၂၄ ရက်နေ့တွင် ပေါင်းတည်ထောင်တွင်းအထူးတရားရုံးက အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မများဖြင့် ပဲခူးတိုင်း၊ ဇီးကုန်းမြို့နှင့် ပေါင်းတည်မြို့မှ ကိုဗညားမျိုးသန့်နှင့် ကိုဇင်မြင့်ထွန်း () ပိတ်ကြီးကို PDF သင်တန်းတက်ထားသည်ဟု စွပ်စွဲပြီး ထောင်ဒဏ် ၅၀ နှစ်ချမှတ်ခဲ့ပါတယ်။

အလားတူ ဇီးကုန်းမြို့မှ လျှပ်စစ်ဝန်ထမ်းသုံးဦးဖြစ်သော ကိုသော်ဇင်ထက်၊ ကိုရဲနိုင်နှင့် ကိုထင်လင်းဦးတို့ကို လျှပ်စစ်ရုံး ဗုံးပေါက်ကွဲမှု၌ ပါဝင်ပတ်သက်သည်ဟု စွပ်စွဲ၍ ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့တယ်လို့သိရပါတယ်။

၂၀၂၁ ခုနှစ် အာဏာသိမ်းချိန်မှ ၂၀၂၃ ခုနှစ်၊ မေလ ၂၆ ရက်နေ့ထိတိုင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၂၇၂၆) ဦးရှိပြီး ထိုအထဲမှ  (၁၈၄၀၇) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ  (၆၁၀၆) ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရပါတယ်။


========================


📌📌 ၆။ သံတောင်မြို့နယ်ရဲစခန်းလက်နက်ကြီး ထိမှန်ကာ  လက်နက်တိုက်နှင့်အချုပ်ခန်းပျက်စီးမှုရှိခဲ့ပြီး မတရားဖမ်းဆီးခံထားရသော လူငယ်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်အပြင် ရဲ ဦးသေဆုံး


သံတောင်မြို့နယ်ရဲစခန်းလက်နက်ကြီးထိမှန်ကာ  လက်နက်တိုက်နှင့် အချုပ်ခန်းပျက်စီးမှုရှိခဲ့ပြီး မတရားဖမ်းဆီးခံထားရသော လူငယ်တစ်ဦး ထွက်ပြေးလွတ်မြောက်သွားခဲ့သည့်အပြင် ရဲ ဦးသေဆုံးခဲ့ပါတယ်။

မေလ၂၆ရက်မှာ စစ်ရေးသတင်းကို People Defence Force Thandaung အဖွဲ့ကအသိပေးဆိုပါတယ်။

"မေလ၂၄ရက် ည၆နာရီ၅၀မိနစ်တွင်ပြုလုပ်ခဲ့သော ရဲစခန်းmissionနှင့်ပတ်သက်၍ထပ်မံသိရှိရသောနောက်ဆက်တွဲသတင်းအရလက်နက်တိုက်နှင့်အချုပ်ခန်းထိမှန်၍ပျက်စီးမှုရှိခဲ့ပါတယ်"လို့ဆိုပါတယ်။

မေလ၂၄ရက်ည၆နာရီ၅၀မိနစ်တွင်People Defence Force Thandaung အဖွဲ့သည် သံတောင်မြို့နယ်ရဲစခန်းအားလက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ  မတရားဖမ်းဆီးခံထားရသော လူငယ်တစ်ဦးထွက်ပြေးလွတ်မြောက်သွားခဲ့သည့်အပြင် ရဲ ယောက်သေဆုံးပြီး ထိခိုက်ဒဏ်ရာရသူများရှိခဲ့တယ်လို့ဆိုပါတယ်။


========================


📌📌 ၇။ ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းရဲကင်းဂိတ် တိုက်ခိုက်ခံရ၍ ဂိတ်စောင့်ရဲ ၃ဦးသေဆုံးပြီး ဦး ပြင်းထန်စွာဒဏ်ရာရရှိ


မေလ ၂၅ရက်နေ့ ညနေ၄နာရီ ၁၅မိနစ်အချိန်တွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအစောင့် ရဲကင်းဂိတ်ကို ပစ်ခတ်တိုက်ခဲ့ကြောင်း ယင်းမာပင်ခရိုင်အမှတ်(၂၈) တပ်ရင်းဓားမဆိုင်းတပ်မတော်D.M.S.Aကအတည်ပြုပါတယ်။

"မေလ ၂၅ရက်နေ့ ညနေ၄နာရီ ၁၅မိနစ်အချိန်တွင် ဆားလင်းကြီးမြို့နယ်အတွင်းရှိ တရုတ်ဝမ်ပေါင်ကြေးနီစီမံကိန်းအစောင့် ရဲကင်းဂိတ်ကို  ယင်းမာပင်ခရိုင်အမှတ်(၂၈) တပ်ရင်း ဓားမဆိုင်းတပ်မတော်D.M.S.A အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဦးဆောင်၍ ဓားမဆိုင်းတပ်ခွဲ၂ Naitonal Revolution Army တို့ ပူးပေါင်းကာ အလစ်ငိုက်တိုက်ခိုက်ခဲ့ပြီး ဂိတ်စောင့်ရဲ ၃ဦးသေဆုံးပြီး ၂ဦးဒဏ်ရာပြင်းထန်စွာရရှိသွားပါတယ်"လို့ဆိုပါတယ်။

တိုက်ခိုက်မှုကိုယင်းမာပင်ခရိုင်တပ်ရင်း (၂၈) ဓားမဆိုင်းတပ်မတော်D.M.S.Aအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ဓားမဆိုင်းတပ်ခွဲ Naitonal Revolution Army ပူးပေါင်းတိုက်ခိုက်ခဲ့ပါတယ်။


အခု တင်ပြခဲ့တဲ့ သတင်းတွေကို Radio NUG သတင်းထောက် မင်းသီဟန်က ပေးပို့ထားတာ ဖြစ်ပါတယ်။





#RadioNUGLocalNews

#SpringRevolution

Share:

No comments:

Post a Comment